PDA

View Full Version :ှုImage Shack Username နဲ့ Password အသုံးလိုသူတွေ သုံးကြပါ..။



အေး
01-19-2013, 10:23 AM
imageshack.us မှာ အကောင့်တစ်နှစ်စာ ၀ယ်လိုက်မိပါတယ်..။ တစ်လ ၂.၈၃$ ကို တစ်နှစ်မှ ၂.၈၃$ ထင်ပြီးဝယ်လိုက်တာ တစ်နှစ်စာ ၁၂*၂.၈၃= ၃၄$ ဘောက်ချာရောက်လာမှ တစ်နှစ်စာဝယ်လိုက်မိပါလားလို့ သဘောပေါက်သွားပါတယ်..။

လက်ရှိလုပ်လက်စတစ်ခုမှာ ပုံများများတင်စရာရှိလို့ ပုံများလာရင် ပုံတွေမပေါ်အောင်လုပ်ပစ်တတ်လို့ ကြိုဝယ်ထားလိုက်တာပါ..။ ကျွန်တော်က တစ်ရက်ကို ၄၊ ၅၊ ၁၀ ပုံတင်တတ်ပါတယ်..။ တစ်ချို့ရက်တွေ မတင်ဖြစ်ပါဘူး..။ တစ်ချို့လတွေ သိပ်မအားရင် တင်ဖြစ်မှာ မဟုတ်ပါဘူး..။

ဒါကြောင့်မို့ Forum ထဲက Friends တွေ လိုအပ်တဲ့သူ တင်နိုင်အောင် အကောင့်နဲ့ password ပေးချင်ပါတယ်...။ ကျွန်တော်လည်းလက်ရှိသုံးနေလို့ မကောင်းတဲ့ပုံတွေ မတင်စေချင်ပါဘူး...။ username နဲ့ password လည်း မချိန်းစေချင်ပါဘူး..။ သုံးချင်တဲ့သူ လိုအပ်တဲ့သူ သုံးကြပါ..။ ဒါပေမယ့် သူများကို အနှောင့်အယှက်မဖြစ်အောင်တော့ သုံးပေးစေချင်ပါတယ်..။ လိုတဲ့သူယူသုံးဖို့ အလှူလို့ သဘောထားပြီး ပေးလိုက်တာပါ..။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိသုံးနေပါတယ်..။ ဆက်လည်း သုံးသွားရဦးမှာပါ..။

username= imageshack2013@gmail.com

password=imageshack2013

သုံးဖို့လိုအပ်သူတွေ သုံးကြပါ..။