PDA

View Full Version : Four-stroke and Two-Stroke Engine



seaman
06-22-2013, 07:42 AM
3857Four-stroke cycle engine ဆိုသည်မှာ ပင်စတင်(Piston) အတက် ၊အဆင်း လေးကြိမ်း သိုမဟုတ် ကရိန်ရှပ် (Crankshaft) ၂ ပတ် ပြည့်မှ အလုပ်တစ်ခါပြီးမြောက်တယ်။ တနည်းအားဖြင့် Stroke တစ်ခု ဖြစ်တိုင်းဖြစ်တိုင်း ကရိန်ရှပ် ၁၈၀ဒီဂရီ လည်ပေးရပါတယ်။ အဲဒီတော့ Four-stroke ဖြစ်ဖို့အတွက် ကရိန်ရှပ် ၁၈၀ ဒီဂရီ ကို လေး နဲ့ မြှောက် ၊ စုစုပေါင်း ၇၂၀ ဒီဂရီ ဖြစ်ပါတယ်။ Typical Four-Stroke Engine ကို ပုံမှာ ဖော်ပြထားပါတယ်။ First Stroke ဆိုလို့ခေါ်တဲ့ intake or suction (Air in , inlet valve open) , Second Stroke ဆိုလို့ခေါ်တဲ့ Compression Stroke ( inlet and exhaust valve both are close) , Third Stroke လို့ခေါ်တဲ့ combustion and Power Stroke (inlet and exhaust valve both are close) , Fourth Stroke ဆိုလို့ခေါ်တဲ့ Exhaust Stroke (exhaust gas out , exhaust valve open )တို့ဖြစ်ပါတယ်။
Two-stroke cycle engine ကတော့ ပင်စတင် အတက်၊ အဆင်း နှစ်ကြိမ် ဖြစ်ရုံနဲ့ အလုပ် တစ်ခါပြီးမြောက်ပါတယ်။ တစ်နည်းအားဖြင့် ကရိန်းရှပ် ၃၆၀ဒီဂရီ တစ်ပတ်လည်တိုင်း ၊ ပါဝါတစ်ခါ ရပါတယ်။ အဲဒါကြောင့် Two-stroke အင်ဂျင် ဟာ Four-stroke အင်ဂျင်ထက် Efficiency ပိုကောင်းတယ်။ Mechnical losses ပိုနည်းတယ်။ Life cycle လိုခေါ်တဲ့ အင်ဂျင်သက်တမ်း ပိုခံတယ်။ ပင်လယ်ကူးသဘောင်္များဖြစ်ကြတဲ့ Big Tanker တော်တော်မျာများဟာ Two-stroke engine (Low speed engine 75 - 250 RPM) ကို အသုံးများပြီး၊ မြစ်တွင်းသွားသဘောင်္များဖြစ်ကြတဲ့ small and medium tanker ၊ Dry cargo ship ၊ခရီးသည်တင် သဘောင်္ နှင့် စစ်သဘောင်္တော်တော်များမျာကတော့ Four-stroke engine (Medium speed engine 350-750 RPM )ကို အသုံးပြုကြပါတယ်။