PDA

View Full Version : 1200 VA UPS



htinkyaw
07-01-2013, 11:03 AM
1200 VA UPS အကြောင်းမေးချင်လို့ ပါ။ သူ့  spec မှာ က output ကို 200-255 ပေးထားပေမဲ့  ဘေးက 650 vA ကဘာကိုပြောချင်တာလဲမသိဘူး....ကျွန်တော်ပြသနာက 1200 VA UPS ၀ယ်တာ output voltage က 150 ပဲပြနေတယ်....၃ ။ ၄ လုံးစမ်းတာအဲဒီအတိုင်းပဲ။ ဒါနဲ့ နောက် Brand တခု ပြောင်းလဲလိုက်တယ်...Power BenZ လေ။
သူကတော့ အားကို 12 နာရီသွင်းခိုင်းတယ်။ ၆ နာရီလောက်သွင်းပြီးဘာ load မှမချိတ်ပဲစမ်းတာ 150V ပဲရတယ်..အခုတော့အားဆက်သွင်းထားတယ်..650VA UPS တွေက output ကို 220V ပြတယ်..ကူညီပြီး စဉ်းစားပေးကြပါဦး...

အေ၇ာ
07-01-2013, 06:12 PM
1200 VA UPS အကြောင်းမေးချင်လို့ ပါ။ သူ့  spec မှာ က output ကို 200-255 ပေးထားပေမဲ့  ဘေးက 650 vA ကဘာကိုပြောချင်တာလဲမသိဘူး....ကျွန်တော်ပြသနာက 1200 VA UPS ၀ယ်တာ output voltage က 150 ပဲပြနေတယ်....၃ ။ ၄ လုံးစမ်းတာအဲဒီအတိုင်းပဲ။ ဒါနဲ့ နောက် Brand တခု ပြောင်းလဲလိုက်တယ်...Power BenZ လေ။
သူကတော့ အားကို 12 နာရီသွင်းခိုင်းတယ်။ ၆ နာရီလောက်သွင်းပြီးဘာ load မှမချိတ်ပဲစမ်းတာ 150V ပဲရတယ်..အခုတော့အားဆက်သွင်းထားတယ်..650VA UPS တွေက output ကို 220V ပြတယ်..ကူညီပြီး စဉ်းစားပေးကြပါဦး...\

ပူးတွဲပါရှိသောပုံက ပုံရိပ်မပြတ်သားသဖြင့် ကောင်းစွာဖတ်မရပါ။
အွန်လိုင်းမှ ရှာဖွေဖတ်ရှုနိုင်သော လင့်အသင့်ရှိပါကဖ်ါပြပေး ပေးစေလိုပါသည်။
Output Volt နှင့် Frequency တန်ဖိုးများကို သုံးစွဲသူအတွက်လိုအပ်သော တန်ဖိုးရနိုင်ရန် Setting ချိန်ညှိပေးဖို့လိုနေတာဖြစ်နိုင်ပါသည်။
၁၂၀၀ ဗီအေ ၀ယ်ယူရာ ၆၅၀ ဗီအေ ဟူသော ဖေါ်ပြချက်ပါနေခြင်းမှာ အချိန်ကန့်သတ်ချက်ဘောင်တစ်ခုအထိသုံးစွဲနိုင်ရန် ထမ်းဆောင်သင့်သည့်ဝန်ကိုဖေါ်ပြတာမျိုးဖြစ်နိုင်ပါသည်။
(များသာအားဖြင့်ကတော့ ၀န်ပြည့်သုံးလျှင် အချိန်မည်မျှသုံးနိုင်မည်ဖြစ်ကြောင်း ညွှန်းဆိုလေ့ရှိပါသည်။)
အွန်လိုင်း ယူပီအက် သုံးလို့ရမရကိုလည်း သိလိုပါသည်။

လေးစားစွာဖြင့်
အေ၇ာမေ

htinkyaw
07-03-2013, 09:55 AM
ပြန်လည်ဖြေကြားတဲ့ အတွက်ကျေးဇူးပါ။ offline UPS ပါ။ online မရပါ၊ အခုအားသွင်းတာ 12 နာရီကျော်လည်း 150V ပဲပြပါသည်။1200 VA UPS ကို 500W load အတွက်သုံးချင်ပါသည်။ 3 min ဆိုလုံလောက်ပါပြီ။ရလောက်မလားသိချင်လို့ပါ။

zeroff
07-08-2013, 03:05 PM
Is 150V on inverter mode or bypass mode? If bypass mode, your input voltage is only 150V and that supply will by pass to output without boost and buck. If 150V in inverter mode (no power input to UPS), your UPS is malfunctioned because of out of specs. (I may wrong, just thinking base on your info).

Pyae Sone
07-25-2013, 04:48 PM
UPS တွေကို သင့်တော်တဲ့ load တစ်ခုသုံးပြီး output voltage ကို ပြန်တိုင်းကြည့်သင့်တယ် ထင်ပါတယ်။ UPS တော်တော်များများက PWM နဲ့ အလုပ်လုပ်တဲ့အတွက် No Load မှာ Square Wave Pulse ကလေးတွေပဲ ထွက်မှာပါ။ အဲဒီ အချိန်မှာ rms voltmeter နဲ့ တိုင်းလိုက်တဲ့အခါ 220V အောက် လျော့ပြနေတာ ဖြစ်နိုင်ပါတယ်။ No Load မှာ Oscilloscope နဲ့ output wave form ကိုတိုင်းကြည့်မယ်ဆိုရင် peak voltge က 220V ဝန်းကျင်မှာ ရှိပါလိမ့်မယ်။ ဝန် တစ်ခုခု ဆွဲလိုက်တဲ့အချိန်မှာ Output Wave Form က တစ်ဖြည်းဖြည်း ကျယ်လာပြီး Square Wave နီးပါး ဖြစ်လာမှာပါ။ အဲဒီအချိန်မှာ rms Voltmeter နဲ့ တိုင်းကြည့်မယ်ဆိုရင် 220V ဝန်းကျင်မှာ ပြနေပါလိမ့်မယ်။

htinkyaw
08-09-2013, 12:51 PM
Thank...alot...