PDA

View Full Version :်Fundamental of Engineering (ကျွန်တော်လေ့လာနေသော subject)



theint thinza
07-16-2013, 09:10 AM
ကျွန်တော် အခု FE လို့အတိုကောက်ခေါ်တဲ့ fundamental of engineering ကို လေ့လာသင်ယူနေပါတယ်။ကျောင်းကဆရာဆီကပါ။ share ပေးလိုက်ပါတယ်။ သိပြီးတဲ့သူတွေကျော်သွားကြပါခင်မျာ။
FE က 1G to BE က engineering subject တွေကို ပြန်လည် အနှစ်ချုပ်ထားတာဖြစ်ပါတယ်။

theint thinza
07-16-2013, 10:06 AM
အရာဝတ္ထုတွေ အားလုံးကို atom နဲ့ဖွဲစည်းထားတယ်။အဲဒီ အမှုန်လေးတွေဟာလည်း ငြိမ်မနေဘူး။ လှည့်ပတ်သွားလာနေတယ်။ ကြယ်တွေရော ကမ္ဘာကြီးရောဒီ အတိုင်းပါပဲ။
ဒီ theory ကို အခုလူတိုင်းလက်ခံကြပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း လေးရာလောက်က ဘယ်သူမှ မယုံကြပါ။

atoms တွေကိုစုရင် molecule ၊molecule တွေကိုစုရင် သက်ရှိအမျိုးမျိုး၊ သက်မဲ့အမျိုးမျိုး၊ planets,star,galaxies တို့ဖြစ်လာတယ်။
stars တွေရဲ့အစုအဝေးကို galaxy၊ galaxiesတွေရဲ့အစုအဝေးကို cluster လို့ခေါ်ပါတယ်။
]ရှေးဂရိတို့ရဲ့ စကြဝဠာ[/U]
အနောက်တိုင်း cosmoslogy ကိုစတင်ခဲ့သူများမှာ အာရှတိုက်၏ အနောက်ဘက် ကျွန်းစွယ် (Asia Minos)ရှိ Miletus အမည်ရှိ ဂရိ ကိုလိုနီ မှ ဒ ဿန ပညာရှင်များဖြစ်သည်။ ၄င်းတို့ထဲတွင် Thales သည်အစောဆုံးဖြစ်သည်။
သင်္ချာပညာရှင် Thales သည် ရှေးက ပုံပြင်များ၏ အဆိုတို့ကိုပစ်ပယ် ၍ သိပ္ပံနည်းကျ cosmology ကို စတင်ခဲ့သည်။၎င်း၏ယူဆချက်မှာ_ ကမ္ဘာကြီးသည် ရေထဲ၌ မျောနေသော အဝိုင်းပြားကြီးဖြစ်ပြီး ကမ္ဘာပေါ်ရှိအရာအားလုံးသည် ရေမှဖြစ်သည်။ နေ၊လ နှင့်ကြယ်တွေသည် ပူပြင်းတောက်လောင်နေသော အငွေ့များဖြစ်သည် ။
၎င်း၏ယူဆချက် မှာ မှားယွင်းနေသောလည်း သူသည်သိပ္ပံနည်းကျ စတင်၍ စူးစမ်းသူဖြစ် သည်။

အနောက်နိုင်ငံမှ Anaxagoras
လမှာ ကိုယ်ပိုင် အလင်းမရှိဘူး။ နေဆီက အလင်းပြန်တာ ဟု ပထမဆုံးပြောခဲ့သူဖြစ်သည်။
နေကဖြူဖွေးပြီး အလွန်ပူလောင်နေတဲ့ ကျောက်တုံးကြီး ဖြစ်သည် ဟုပြောခဲ့ ခြင်းကြောင့် တရားစွဲဆို ခြင်းခံခဲ့ရသည် ။ဂရိနိုင်ငံရေးခေါင်းဆောင် Pericles က "ဒီ သူငယ်ကို အပြစ်ကြီးကြီးမပေးသင့် ပါဘူး၊ သူကစေတနာနဲ့ပြောတာပါ" ဟုကာကွယ်ပေး ခဲ့သည်အတွက် Anaxagoras သည် ပြည်နှင် ဒဏ်သာ ပေးခံ ရသည်။

theint thinza
07-16-2013, 10:18 AM
Atomic theory ကို စတင်ခဲ့သူမှာ Democritus ဖြစ်သည်။
Atomic theoryး atom ဆိုတာထပ်မံ ခွဲစိတ်လို့မရတဲ့ အရာဝတ္ထု တွေပါ။ ပုံသဏ္ဍာန် အမျိုးမျိုးရှိတယ်။သာမာန်မျက်စိနဲ့မမြင်နိုင်ဘူး။

ပလေတို၏အယူအဆမှာတစ်မျိုးဖြစ် သည်။
ကြယ်တွေဟာ ထာဝစဉ်ရှိနေပြီး မြင့်မြတ်တဲ့ သက်ရှိ သတ္တဝါ များဖြစ်သည်။ အာကာသထဲရှိ အရာများအားလုံးစက်ဝိုင်းပမာ လည်ပတ်နေသည် ဟု သူကယူဆသည်။
ထိုအယူအဆကို ၁၆ ရာစုအထိ လူများက လက်ခံ ခဲ့ကြသည်။

cy
07-22-2013, 10:35 AM
ကျွန်တော် အခု FE လို့အတိုကောက်ခေါ်တဲ့ fundamental of engineering ကို လေ့လာသင်ယူနေပါတယ်။ကျောင်းကဆရာဆီကပါ။ share ပေးလိုက်ပါတယ်။ သိပြီးတဲ့သူတွေကျော်သွားကြပါခင်မျာ။
FE က 1G to BE က engineering subject တွေကို ပြန်လည် အနှစ်ချုပ်ထားတာဖြစ်ပါတယ်။

ဆရာနာမည် ဘယ်သူလည်း ဦးကျော်မြတ်မိုး လား ၊ ကျနော်လည်းကြားတယ် ဆရာ FE သင်တန်းတွေ ဖွင့်နေတယ်လို့ ။