PDA

View Full Version : Car service centre ဖွင့်ရန် အကြံညန်နှင့်အကူအညီများတောင်းခံခြင်း



pyaephyo3110
08-10-2013, 01:21 AM
မင်္ဂလာပါ
ညီအကိုမောင် နှမများများခင်ဗျား
ကျွန်တော် အကူအညီ နဲ့ အကြံ ညန်လေးများ တောင်းခံချင်ပါတယ်.
ကျွန်တော် mechanical သမားတွေနဲ့ နည်းနည်းပိုဆိုင်လို့ .ဒီနေရာလေးမှာတင်ထားတာပါ..ခင်ဗျာ..
အမှားအယွင်းများရှီခဲ့သော်ရွေ့ပေးစေချင်ပါတယ်ခင်ဗျာ..
အားလုံးသော မေဂျာ အရပ်ရပ်မှ ညီအကိုမောင်နှမများရဲ့ အကြံကောင်းများကို လက်ခံပါတယ်ခင်ဗျာ....
ကျွန်တော်..ရန်ကုန်မှာ motorcar service centre တခု ဝပ်ရှော့တခုလောက်ဖွင့်ချင်ပါတယ်...
အဲဒါ ညီအကိုမောင်နှမတွေအနေနဲ့
1) မြေနေရာ
2) ဝပ်ရှော့တခုဖွင့်ရန်လိုအပ်သော အချက်များ
3) လိုအပ်သော ပစ္စည်း များ
4) အဆင့်မှီ ပစ္စည်းများ
5) ပညာရှင်များ နှင့်ဝန်ထမ်းများ
6) အားလုံးပေါင်း ကုန်ကျန်နိုင်သော ခန့်မှန်းကုန်ကျစရိတ်
7) ပူးပေါင်းဆောင်ရွက်နိင်သောလုပ်ငန်းများ ( ပြည်ပ ကား company များ.. ပြည်တွင်း ကား ပစ္စည်းအရောင်းဆိုင်များ)
8) ဝပ်ရှော့တခုရဲ့ လုပ်ဆောင်နိုင်ရမဲ့.services များ
9)ကြော်ငြာခြင်း
10) အဆောင်အဦး နှင့် မြေနေရာ plan
ညီအကိုများ အားလုံးရဲ့ အကြံကောင်းများ... အကူအညီကောင်းများကို ....တောင်းခံပါတယ်ခင်ဗျာ...
ညီအကိုမောင်နှမများ... တတ်စွမ်းသလောက်လေးကူညီပေးကြပါဦး...ခင်ဗျာ
လေးစားလျက်
ပြည့်ဖြိုး

zayzay681
08-10-2013, 09:45 AM
တကယ်စိတ်ဝင်စားစရာကောင်းတယ်ဗျာ...ကိုယ်တိုင်တော့အကြံမပေးတတ်ပေမယ့် ပေးလာမယ့်အကြံဥာဏ်တွေကိုစိတ်ဝင်စားတယ်.....ယေဘူယျအားဖြင့်တော့ စီးပွားရေးတခုလုပ်တော့မယ်ဆိုအပေါင်းအသင်းကအဓိကအရေးကြီးတယ်လို့ထင်ပါတယ် တက်ကနီကယ်ဘယ်လောက်တတ်တတ် လူအများစုကအသစ်ကိုအားပေးဖို့တွန့်ပြီးအဟောင်းမှာတလည်လည်ဖြစ်နေတတ်ကြတယ်ဗျာ....ဒါကြောင့်စီးပွားရေးအရတောင့်ခံနိုင်မယ့်နောက်ခံအင်အား (အကျိုးအမြတ်မရှိဘဲ အချိန်တခုထိတောင့်ခံနိုင်မယ့်)လဲ အရေးတကြီးလိုအပ်တယ်.....အကြံဥာဏ်တွေကိုစိတ်ဝင်တစားစောင့်ဖတ်နေပါတယ်ဗျာ

အေ၇ာ
08-11-2013, 02:28 PM
တစ်ချို့ကိစ္စတွေက ကြိုတင်ဆွေးနွေးအကြံဥာဏ်တောင်းခံပြီးမှ စနစ်တကျစတင် ဆောင်ရွက်ဖို့ စိတ်ကူးရှိတာ ကောင်းမွန်လျော်ကန်ပါတယ်။
လက်ငင်းအသုံးဝင်မည့် အဖိုးတန်တဲ့ အကြံဥာဏ် စိတ်ကူးစိတ်သန်းတွေ ရရှိလာနိုင်သလို ချက်ခြင်းအကောင်အထည်ဖေါ်အသုံးမချနိုင်သေးပေမယ့် လေ့လာမှတ်သားထားပြီး အကောင်အထည်ဖေါ်နိုင်အောင်ကြိုးပမ်းရမည့် အချက်တွေလည်း ဗဟုသုတအဖြစ် သိရှိတိုးပွါးလာစေမှာဖြစ်ပါတယ်။
အခုဦးတည် ဆွေးနွေးကြမည့်လုပ်ငန်းအတွက်ဆိုလျှင်
အမှတ်စဉ် (၁) ဖြစ်တဲ့ မြေနေရာကိစ္စမှာပဲ အနေအထားကွာဟချက် အမျိုးမျိုးကြောင့် အသုံးပြုရမည့် ငွေရင်းပမာဏက အတော်ကြီးကွာခြားသွားမှာဖြစ်တာ စဉ်းစားမိပါတယ်။ (ဒါကြောင့် မိမိဖက်က ကြိုတင်လျာထားချက် မူကြမ်းသဘောမျိုး ဦးစွာထားရှိ ချပြ ထားပြီး ၀ိုင်းဝန်းဆွေးနွေးကြရင်းနဲ့မှ လိုအပ်သလို အပြောင်းအလဲလေးတွေ လုပ်သွားသင့်ကြောင်း အကြံပြုလိုပါတယ်။)
ဥပမာအနေနှင့်
မတည်ငွေရင်း အသုံးရနည်းတာကို ဦးစားပေးရွေးချယ်မှာလား၊ နေရာအကွက်အကွင်းကျတာကို ဦးစားပေးချင်သလား၊ ဒါမှမဟုတ် ကျယ်ကျယ်ဝန်းဝန်းရှိပြီး နောင်အခါ လုပ်ငန်းတိုးချဲ့နိုင်ဖို့ အလားအလာကောင်းတာစတဲ့ အနေအထားမျိုးကို မှန်းသလား မူကြမ်းစိတ်ကူးတစ်ခုခုရှိသင့်ပါသည်။ (အခြေအနေတစ်ခုကိုဦးစားပေးလျှင် ကျန်အချက်များလိုအပ်ချက်များအတွက် အဆင်ပြေရန် အားနည်းနိုင်ပါသည်။)

အမှတ်စဉ် (၆) အတွက် လိုအပ်ချက်များကိုက်ညီအဆင်ပြေနေသည်ဆိုပါက မိမိဘက်က အလွယ်တစ်ကူ စိုက်ထုတ်ရင်းနှီးနိုင်မည့် (ထုတ်နှုတ်သုံးစွဲမည့်) လျာထားငွေပမာဏတစ်ခု သတ်မှတ်ထားသင့်ပါသည်။
ဈေးကွက်အတွင်းမှ တန်ဘိုးသတ်မှတ်ထားသည့် ကုန်ပစ္စည်းတစ်ခုကို ၀ယ်ယူချင်သလို သုံးစွဲရမည့်ငွေ သေခြာပေါက်မှန်းဆရန်လွယ်ကူမည်မဟုတ်သဖြင့် အခြေအနေအခွင့်အလမ်းပေါ်လျှင်ပေါ်လာသလို လုပ်ငန်းကျယ်ပြန့်ကြီးမားနိုင်သည်ဖြစ်ရာ ဘယ်လောက်ပမာဏကျော်နေလျှင် မတည်ငွေအတွက် မည်သို့ရှာဖွေဖန်တီးရယူပေးနိုင်မည် စသည်ဖြင့် အရန်ပမာဏကိုလည်း ခန့်မှန်းထားရှိသင့်ပါသည်။

အလျင်းသင့်သလို နည်းပညာပိုင်းဆိုင်ရာမှအစ တွေးတောမိသလောက် ပူးပေါင်းပါဝင်ဆွေးနွေးပါဦးမည်။
မှာယွင်းစွာ အကြံပြုမိသည်များပါရှိခဲ့ပါကလည်း ယခုဆွေးနွေးကြသည့်အကြောင်းချင်းရာတို့မှာ စိတ်ပါဝင်စားခြင်းသာရှိပြီး မိမိတို့မကျွမ်းကျင်သော ကိစ္စများဖြစ်ကြောင်း နားလည်ခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။
လေးစားစွာဖြင့်
အေ၇ာမေ

htinlin
08-15-2013, 11:31 PM
* Service Center ကို ဘယ်လောက် အဆင့် မှန်းထားသလဲ
* ငွေကြေး ဘယ်လောက်ထိ အကုန်ခံနိုင်မလဲ
* ဘယ်အပိုင်းကို ပြင်ဆင်ဖို့ မှန်းထားသလဲ... ဘော်ဒီလား၊ အင်ဂျင်ပိုင်းလား၊ အဲကွန်းလား၊ ၀ိုင်ယာရင်းလား၊ ရေဆေးဆီလိုက်လား၊ အထွေထွေလား စသည်ဖြင့်ပေါ့
* မြေနေရာ အကျယ် ဘယ်လောက်ရှိလဲ

စသည်ဖြင့်ပေါ့ ...။ ပေးထားချက် ပေါ်မူတည်တာပေါ့နော်။
ကောင်းတာကတော့ ကားဝပ်ရှော့တွေ၊ ဆားဗစ်စင်တာတွေကို ကိုယ်တိုင်သွားပြီး နဲနဲပါးပါး တီးခေါက်၊ စနည်းနာကြည့်ပေါ့။ ကိုယ်တိုင်ဝင်လုပ်မှာလား/ ပညာရှင်ကို ဆိုင်ခန်းငှားတဲ့ သဘောလား?

Special Tools တွေ Test Equipment တွေကတော့ ဈေးကြီးမယ်ထင်တယ်။ ကျနော်လည်း ကျွမ်းကျင်တဲ့ နယ်ပယ်တော့ မဟုတ်ဘူးဗျ။ စိတ်တော့ စိတ်ဝင်စားသားပဲ။
ငွေအားတတ်နိုင်ရင် တတ်နိုင်သလောက် ချဲ့လို့တော့ ရသဗျို့။
ချဗျာ...။
အားကျပါတယ်။

htinlin
08-15-2013, 11:37 PM
လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေဗျို့ ...။ နဲနဲ ရှာကြည့်တာပါ။
http://www.alibaba.com/showroom/car-service-station-equipment.html
http://www.eskayhydrauliclifts.com/service-station-equipments.html
http://hubpages.com/topics/autos/do-it-yourself-auto-repair/automotive-workshop-equipment-and-machinery/6259

http://www.scribd.com/doc/29397483/Automobile-Workshop-Design

အေ၇ာ
08-16-2013, 11:18 AM
(နောက်တာဟုတ်ဘူးနော်)
အနီးစပ်ဆုံးအဖြေတွေပေါ်ထွက်လာအောင် အစောပိုင်းမှာ ရမ်းသမ်းမှန်းသမ်း အချက်အလက်ကလေးတွေနှင့် အစပျိုးကြည့်လျှင် အလုပ်ဖြစ်အကောင်အထည်ပေါ်လာဖို့အထောက်ကူဖြစ်စေမယ်ထင်ပါတယ်။ (စနစ်တကျ အကြံမပြုတတ်တော့ တွေးမိတာ တင်ပြကြည့်ရတာမို့ သဘောမတူပဲ ဝေဖန်အပြစ်ပြောကြလျှင်လည်း လက်သင့်ခံနိုင်ပါတယ်။)
မြေနေရာကိစ္စမှာပဲ ကားရပ်နိုင်ဖို့ကတင် အကွက်ကျယ်ကျယ်လိုမယ်လို့မြင်ပါတယ်။
အဲဒီလိုအပ်ချက်မီတဲ့မြေကို ၀ယ်မလား/ငှားရမ်းမလား စဉ်းစားကြပြီဆိုပါတော့၊ ဒီခေတ်မှာ မြေဈေးက သိတဲ့အတိုင်းပဲ လိုချင်တဲ့ဈေးတွေက အရမ်းမြောက်နေတော့ ကိုယ့်မှာငွေရင်းရှိသည့်တိုင် တစ်ကယ်ဝယ်ဖို့က စွန့်စားမှုမကင်းလှဘူး။

ငှားသုံးပြန်လျှင်လည်း နှစ်ရည်ငှားခွင့်ရဖို့လွယ်မယ်မထင်ဘူး၊ အလုပ်ဖြစ်လာတာနဲ့ ငွေပိုတောင်းလို့ရအောင် တစ်ခြားလူပြောင်းငှားမှာလိုလို သူတို့ကိုယ်တိုင်ပဲ ဒီအလုပ်မျိုး လုပ်တော့မှာလိုလိုနဲ့ နှင်ထုတ်မှာသေခြာတယ်လေ။

အချို့ အထောက်အကူပစ္စည်းတွေ အတွက်ကတော့ အသင့်ရောင်းတာဝယ်သုံးမလား၊ ကက်တလောက်တွေလေ့လာကြည့်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတုယူ ထွင်ယူမလား ဆုံဖြတ်ရပါမယ်။
(ခေတ်မီကားတွေတောင်ပြင်ဆင် ဆားဗစ်ပေးမယ့်လုပ်ငန်းရှင်ဖြစ်ဖို့စိတ်ကူးထားလျှင် ဟိုက်ဒြရောလစ်သုံး/ စက်သီးချိန်းကြိုးစသည်တို့သုံးစွဲပြီး ပင့်မြှောက် ချီမတဲ့ စက်ကရိယာတွေ ထွင်ယူသုံးစွဲဖို့က မခက်ခဲပါဘူး။)
လျှပ်စစ်ပါဝါ ရရှိဖို့ အပိုင်းမှာ ရေရှည်ကို မျှော်ကြည့်ဖို့လိုလိမ့်မယ်၊ ပုဂ္ဂလိက ဓါတ်အားရောင်းချတာတွေဘာတွေကလည်း ၀င်လာတော့မှာလိုလို ကြားနေရတာဆိုတော့လေ၊ ၀ပ်ရှော့လည်ပတ်နိုင်ဖို့ ဓါတ်အားအများကြီးလိုအပ်မှာမဟုတ်ပေမယ့်၊ လျှပ်စစ်မီးနဲ့ဆို ပိုပြီးအဆင်ပြေပြေဆောင်ရွက်နိုင်စရာတွေရှိလေတော့ (ဥပမာ ကွန်ပရက်ဆာလေအိုးကို လေဖြည့်ထားပြီး လိုအပ်ချက်အချို့အတွက် သုံးစွဲရတာ) လျှပ်စစ်အလွယ်တစ်ကူနဲ့ အချိန်ပြည့်ရလျှင်ပိုကောင်းမှာပါ။

နောက်ပြီးတစ်ခုတွေးမိတာက မိမိတို့လက်ထဲရှိတဲ့ ငွေရင်းနဲ့ အလှမ်းမမီတဲ့ကိစ္စမျိုးရှိလာလျှင် ဝေဠုကျော်နဲ့ဆက်သွယ်ပြီး သင့်တင့်တဲ့ အတိုးနှုန်းနဲ့ ငွေချေးယူနိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ (ခိုင်မာတဲ့ အာမခံချက်ပေးနိုင်တဲ့ အနေအထား ဖန်တီးချပြနိုင်ဖို့တော့ လိုပါလိမ့်မယ်၊ လက်ရှိမှာသူက တစ်လကို တစ်ကျပ်တိုးမရှိတရှိ နှုန်းနဲ့ ကျပ်သိန်းပေါင်းတစ်သိန်းခွဲလောက်ကိုတောင် ပရဟိတလုပ်ငန်းအတွက် အတိုးရဖို့ရည်ရွယ်ပြီး အပ်ထားလိုက်ပြီးပြီဆိုကြတာကိုး။)

ဆက်ပါဦးမယ်

zinmaung
08-16-2013, 11:44 AM
တစ်ခုလောက်သိချင်လို့ပါ.......

အခု အသေးစားနဲ့ အလတ်စားချေးငွေပိုင်းဆိုင်ရာတွေကို တွင်တွင်ကျယ်ကျယ်လေး လုပ်လာတယ်။

အဲဒါတွေတင်မကဘဲ လယ်ယာလုပ်ငန်း နဲ့တခြားလုပ်ငန်းပိုင်းဆိုင်ရာချေးငွေတွေလဲ တွေ့နေရပါတယ်။

ဘဏ်လုပ်ငန်းနဲ့ ပတ်သတ်တာတွေ သိထားတာရှိရင်လဲ ရှယ်ပေးကြပါဦးနော်။

အတိုးနှုန်းရော ကာလရော အာမခံလုပ်ငန်းပိုင်းရော ပါရင် ပိုကောင်းပါတယ်။

ကျွန်တော်လဲလေ့လာထားတာတွေ ပြန်ရှယ်ပါ့မယ်။ Promise

htinlin
08-17-2013, 09:27 PM
သွားချေးအုံးမှပါပဲ အမ အေ၇ာ ရေ ... :peace:

အေ၇ာ
08-18-2013, 04:58 PM
ရေငုတ်သင်္ဘောတည်ဆောက်မည့် ပရောဂျက်အတွက်ပါလို့ တင်ပြပြီး ချေးလျှင် အဆင်ပြေမယ်ထင်ပါတယ်။
မတော်တဆ အဖုအထစ် အခက်အခဲလေးများ ကြုံတွေ့ ကျန့်ကြာနေလျှင်
မီဒီယာတွေကိုဖိတ်ခေါ်ပြီး မြန်မာအင်ဂျင်နီယာဖိုရမ် ရေကြောင်းပညာရှင်များအဖွဲ့မှ "စူဠလိပ်" ဟု အမည်ပေးအပ်မည့် နယူကလီယာ ရေငုပ်သင်္ဘော တည်ဆောက်ရန် စတင်အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း၊ Production Engineer များကြီးကြပ်တည်ဆောက်ဆဲဖြစ်သော တိုက်ရေယာဉ်အမှတ် HULL No.110 နှင့် အပျော်စီးသင်္ဘော BUMI NAGA 109 စသည်တို့မှာလည်း မကြာမီ Launching ပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည် ဘာညာဆိုပြီးဇာတ်လမ်းလေးလုပ်လိုက်ပေါ့ကွယ်။