PDA

View Full Version : စလုံးမှာ Structural Design ပိုင်းနဲ.လုပ်ချင်လို.ပါ.........



Nyi Phyo
08-14-2013, 05:39 PM
ကိုချစ်တီးရယ်......
အပြင်မှာမမြင်ဖူးပေမယ့် အရမ်းကိုလေးစားရပါတယ်....
ကျနော်က စလုံးကို Designs ပိုင်းနဲ.ထွက်ဖို. စိတ်ကူးထားပါတယ်....
ကျနော်သုံးတတ် လုပ်ဖူးတာက AutoCAD တခုတည်းပါ....
နောက်ထပ်ပြီး ဘာတွေပြင်ဆင်ဖို.လိုမလဲ....ဘာတွေထပ်လေ့လာရမလဲ သိချင်လို.ပါ.....
ကူညီပါအုံးနော်...

chit tee
08-14-2013, 10:20 PM
ကိုချစ်တီးရယ်......
အပြင်မှာမမြင်ဖူးပေမယ့် အရမ်းကိုလေးစားရပါတယ်....
ကျနော်က စလုံးကို Designs ပိုင်းနဲ.ထွက်ဖို. စိတ်ကူးထားပါတယ်....
ကျနော်သုံးတတ် လုပ်ဖူးတာက AutoCAD တခုတည်းပါ....
နောက်ထပ်ပြီး ဘာတွေပြင်ဆင်ဖို.လိုမလဲ....ဘာတွေထပ်လေ့လာရမလဲ သိချင်လို.ပါ.....
ကူညီပါအုံးနော်...

structural design ကောင်းကောင်းတွက်တတ်ဖို့လိုပါမည်။
မြန်မာပြည်မှာ စနစ်တကျ တကယ် လုပ်ဖူးရင် စလုံးမှာ လဲ easy going ဖြစ်မှာပါ။

စလုံးကို မသွားခင် ...
- ETABS software ကို မှန်ကန်စွာ သင်ကြားပေးသော နေရာများတွင် သေသေချာချာ လေ့လာသင်ယူပြီး၊
- str.design အတွေ့အကြုံ စနစ်တကျ သင်ယူခွင့်ရမယ့် design group တစ်ခုခုမှာ အနည်းဆုံး တစ်နှစ်လောက်လုပ်ကြည့်ပြီး

မိမိ ကိုယ်တိုင် str.design concept ကိုလဲ ပိုင်နိုင်ပြီး၊ မည်သည့် design ကိုမဆို မိမိကိုယ်တိုင် ဆုံးဖြတ်တွက်ချက် နိုင်ပြီ ဆိုမှ စလုံးမှာ ရင်ကော့ ခေါင်းမော့ လို ရဲရဲ တင်းတင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
စလုံးမှာက လက်တင် အသုံးပြုနိုင်သူများသာ လစာကောင်းကောင်းပေးပြီး လိုချင်ကြပြီး၊ အများကြီး သင်ပေးရမည့်သူများကိုတော့ မလွှဲသာမှသာ ခေါ်ယူချင်ကြပြီး ၄င်းတို့အား နှိမ်လဲ နှိမ်တတ်ကြသည်။

AutoCAD ဆိုတာ str.design အတွက် အနည်းငယ် မျှသာ အထောက်အကူပေးသော software ဖြစ်ပါသည်။ autoCAD ကျွမ်းကျင်ရုံဖြင့် str.designer ကောင်း တစ်ယောက် မဖြစ်နိုင်ပါ။