PDA

View Full Version : အင်ယာနဲ့လက်တွေ့



zayzay681
05-19-2014, 10:51 PM
ခုအပြောများတဲ့ ကျောင်းတွေမှာလက်တွေ့အားနည်းသွားလို့ ကျောင်းဆင်းတွေညံ့လာတယ် လက်တွေ့တွေ ပြန်ပြီးအားပေးရမယ်....ဆိုတာအလွန်မှန်တဲ့ အရာပါ.....ဒါပေမယ့် တချို့ ကျောင်းသားတွေနဲ့အလုပ်ရှင်တွေ ၀က်ရှေ့ဆရာတွေထင်သလိုလက်တွေ့မျိုးတော့မဟုတ်ဘူးဆိုတာကို ပြောချင်လို့ပါ.......အွန်လိုင်းမှာတင်ထားတဲ့ကျောင်းတွေကလက်တွေ့သင်ခန်းစာတွေလိုက်ကြည့်ရင်းနဲ့ fluid သင်ခန်းစာတခုရဲ့လက်တွေ့က ဂေါ်လီလုံးကို hair dryer နဲ့မှုတ်ပြတာ.....နောက် သာမိုရဲ့ ပရောဂျက်တခု က gas မီးချစ်တွေ သံတိုသံစ ဘီယာဗူးခွံ့နဲ့ စတာလင်အင်ဂျင်လုပ်ပြတာ (ကျတော်ကျောင်းသားဘ၀တုန်းက စတာလင်အင်ဂျင်ဆိုတာဘာမှန်းမသိ)......အဲဒါတွေလုပ်ချင်းအားဖြင့် ဒီသင်ခန်းစာတွေကိုကျောင်းသားတွေက သေသေချာချာနားလည်နိုင်မယ်.....ကျောင်းမှာသင်တဲ့လက်တွေ့ဆိုတာ ကျောင်းသင်ခန်းစာသီအိုရီတွေကိုပိုပြီးနားလည်ဖို့ပါ.....အဲလိုလက်တွေ့တွေလုပ်လို့ အင်ဂျင်ပြင်တတ်မသွားပါဘူး....ဘုရင့်နောင်ဈေားမှာ စက်ပစ္စည်းမ၀ယ်တတ်သွားပါဘူး.........ဒါကြောင့်လက်တွေ့မလုပ်ရလို့ ညံ့လာတယ်ဆိုတာ သီအိုရီပိုင်းမှာပါ(အဲဒီသီအိုရီကိုအပြင်အလုပ်မှာအသုံးချလို့ရမယ့်အလုပ်မရှိသလောက်ရှား)..........အင်ဂျင်မကိုင်တတ်တာ ဈေးမ၀ယ်တတ်တာ...ကျောင်းလက်တွေ့ကိုလက်ညိုးထိုးစရာမလိုပါဘူး.................မက်ကယ်နီကယ်အင်ယာတယောက်က အင်ဂျင်လေးတခုလောက်တော့လက်တွေ့ကိုင်ဖူးသင့်တာပေါ့လို့ပြောတဲ့လူတွေ့ဖူးပါတယ်........သူ့ကိုပြန်မေးကြည့်တယ် ခင်ဗျားပြောတဲ့အင်ဂျင်ဆိုတာ ကားအင်ဂျင်လား သဘောအင်ဂျင်လား လေယာဉ် အင်ဂျင်လား ဂျက်လား....ဘယ်လိုအင်ဂျင်မျိုးကိုင်ဖူးစေချင်တာလဲ ကားအင်ဂျင်ကိုင်ဖူးတဲ့လူက လေယာဉ်အင်ဂျင်ကိုကိုင်နိုင်မလား။။။။။ဒါပေမယ့်တကယ်သီအိုရီပိုင်တဲ့အင်ယာက ဘာအင်ဂျင်ဖြစ်ဖြစ် troubleshoot တော့လုပ်နိုင်တယ် ဖြုတ်တာတတ်တာကတော့ ခင်ဗျားတို့မက်ကင်းနစ်တွေလုပ်လေ.....အင်ယာက အင်ဂျင်ဂျီးဆေးနေရဦးမှာလားလို့....................တကယ်တော့အင်ယာလဲဆေးသင့်ဆေးရမှာပါဘဲ ကျတော်ပြောတဲ့သဘောက ကျောင်းမှာအင်ဂျင်ဂျီးမဆေးခဲ့ရတာဟာမှားယွင်းမှုမဟုတ်တာကိုပြောချင်တာပါ

Deepblue
05-20-2014, 10:08 AM
ခုအပြောများတဲ့ ကျောင်းတွေမှာလက်တွေ့အားနည်းသွားလို့ ကျောင်းဆင်းတွေညံ့လာတယ် လက်တွေ့တွေ ပြန်ပြီးအားပေးရမယ်....ဆိုတာအလွန်မှန်တဲ့ အရာပါ.....ဒါပေမယ့် တချို့ ကျောင်းသားတွေနဲ့အလုပ်ရှင်တွေ ၀က်ရှေ့ဆရာတွေထင်သလိုလက်တွေ့မျိုးတော့မဟုတ်ဘူးဆိုတာကို ပြောချင်လို့ပါ.......


......အဲဒါတွေလုပ်ချင်းအားဖြင့် ဒီသင်ခန်းစာတွေကိုကျောင်းသားတွေက သေသေချာချာနားလည်နိုင်မယ်.....ကျောင်းမှာသင်တဲ့လက်တွေ့ဆိုတာ ကျောင်းသင်ခန်းစာသီအိုရီတွေကိုပိုပြီးနားလည်ဖို့ပါ.....အဲလိုလက်တွေ့တွေလုပ်လို့ အင်ဂျင်ပြင်တတ်မသွားပါဘူး....ဘုရင့်နောင်ဈေားမှာ စက်ပစ္စည်းမ၀ယ်တတ်သွားပါဘူး.........ဒါကြောင့်လက်တွေ့မလုပ်ရလို့ ညံ့လာတယ်ဆိုတာ သီအိုရီပိုင်းမှာပါ(အဲဒီသီအိုရီကိုအပြင်အလုပ်မှာအသုံးချလို့ရမယ့်အလုပ်မရှိသလောက်ရှား)


..........အင်ဂျင်မကိုင်တတ်တာ ဈေးမ၀ယ်တတ်တာ...ကျောင်းလက်တွေ့ကိုလက်ညိုးထိုးစရာမလိုပါဘူး.................
......................
ဒါပေမယ့်တကယ်သီအိုရီပိုင်တဲ့အင်ယာက ဘာအင်ဂျင်ဖြစ်ဖြစ် troubleshoot တော့လုပ်နိုင်တယ်
........
ကျောင်းမှာအင်ဂျင်ဂျီးမဆေးခဲ့ရတာဟာမှားယွင်းမှုမဟုတ်တာကိုပြောချင်တာပါ

ကိုဇေဇေဆွေးနွေးတင်ပြတာစိတ်ဝင်စားဖို့ကောင်းသလို မှန်လည်းမှန်ပါတယ်။
ဘယ်လိုလက်တွေ့မျိုးတွေက သီအိုရီအတွက် ကောင်းစွာအထောက်အကူပေးနိုင်ကြောင်းနဲ့ ဘာတွေ ထုတ်နှုတ်ယူတတ်ရမယ်ဆိုတဲ့အပိုင်းတွေမှာ ကျွန်တော်တို့ ၀ိုင်းဝန်းစုပေါင်းကာ အဖြေရှာ ဆွေးနွေးကြသင့်တယ်လို့မြင်ပါတယ်။

ဦးကြီးနက်ပြာ