PDA

View Full Version : Local wireless မှာ Run နိုင်မယ့် Offline Website အကြောင်းသိချင်လို့ပါခင်ဗျာ



yamimoto
12-30-2015, 04:54 PM
ကျနော်က နည်းပညာ နဲ့ အလှမ်းဝေးတဲ့မြို့ ငယ်လေးတစ်မြို့ကပါ။ ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကပါခင်ဗျာ။
ရန်ကုန်မှာ အခုတစ်လော sinphyutaw ဆိုတဲ့ အဖွဲ့အစည်းကနေပြီး fastdown wifi ဆိုတဲ့ ၀န်ဆောင်မှု
တစ်ခုကို ရန်ကုန်မြို့ လူစည်ကားရာနေရာမှာ ၀န်ဆောင်မှု အခမဲ့ပေးနေတယ်လို့ကြားသိရပါတယ်ခင်ဗျာ။
Fastdown wifi ဧရိယာအတွင်း wifi ချိတ်ဆက်မိနေသော wifi supported device (phone/tablet/laptop/
etc..) စသည်တို့ဖြင့် fastdown wifi မှ ၀န်ဆောင်မှုပေးနေသော www.sinphyutaw.com ဆိုတဲ့ Offline
Website ကိုဝင်ပြီး Movies/MP3/PDF/Application များကို အခမဲ့ download လုပ်ခွင့်ပေးထားတယ်လို့သိ
ရပါသည်။ (လေဆိပ်တွေမှာ ၀န်ဆောင်မှုပေးတဲ့ Mini E-library လိုပုံစံမျိုးထင်ပါတယ်။ E-library ထက်ပို
ကောင်းတာက PDF အပြင် Movies/Mp3/application အစုံကိုshare ပေးနိုင်တာပါ)
sinphyutaw မှ fastdown wifi ကို Xiaomi ရဲ့ ထုတ်ကုန် တစ်ခုဖြစ်တဲ့ Xiaomi Mi router (builtin 1TB storage)
ကိုအသုံးပြုထားတယ်လို့လည်းသိရပါတယ်။ (သူတို့က PC မလိုပဲ Xiaomi Mi router နဲ့ပဲ offline website www.sinphyutaw.com ကို run ထားပါတယ်။ Xiaomi mi router ကOpenWrt တင်လို့ရတယ်လို့လည်းဖတ်
ရပါတယ်)
ကျနော် အဲ့လိုမျိုး ၀န်ဆောင်မှုကို ကျနော့်မြို့ငယ်လေးမှာ လည်း အခမဲ့ ပေးချင်သည့် အတွက် sinphyutaw သို့
ဖုန်းဆက်ပြီး မေးမြန်းရာတွင် ၄င်းတို့မှ ကျနော်တို့မြို့ မှာ အလှမ်းဝေးသည့်အတွက် ၄င်းတို့ဝန်ဆောင်မှု မရောက်
နိုင်ကြောင်း ပြန်လည်း ပြောပါသည်။ ကျနော်မှ နောက်တစ်ဆင့်အနေဖြင့် Xiaomi router ကိုဝယ်ယူပြီး ၄င်းတို့
တို့ပြုလုပ်သလို ပြုလုပ်ချင်သည့်အတွက် ပြုလုပ်နည်းအားပြောပြပေးနိုင်မလားဟု အကူအညီတောင်းမေတ္တာရပ်ခံ
ရာတွင်လည်း ၄င်းတို့မှ ပြောပြလို့မရနိုင်ကြောင်း ပြန်ပြောပြပါသည်ခင်ဗျာ။ (** ၄င်းတို့ အခက်အခဲကို ကျနော်နား
လည်ပါသည်။ ကျနော်ကိုယ်တိုင်ကိုမှ ကျနော့်မြို့ လေးတွင် ပြုလုပ်ချင်သည့် စိတ်အားထက်သန်နေသည့်အတွက်
မမေးသင့်သည်ကို မေးမိချင်ဖြစ်ပါသည်**)

Myanmarengineer forum မှ ဆရာများ ကျနော့် အခက်အခဲကို ကူညီသင်ကြားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်
ခင်ဗျာ။ ကျနော့်မှာ လောလောဆယ် xiaomi Mi mini router တစ်လုံးလက်ဝယ်ရှိပါသည်။ ဆရာများအားလုံးကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

William Paul
01-13-2016, 06:02 PM
MEF ရဲ့ facebook group https://www.facebook.com/groups/myanmarengineerforum/ မှာ မေးကြည့်ပါခင်ဗျာ
အဲ့ဒီမှာ Member လေးသောင်းကျော်ရှိတော့ ကူညီနိုင်မယ့်သူရှိပါလိမ့်မယ်
စေတနာကောင်းနဲ့လုပ်တာဖြစ်တဲ့အတွက် အဆင်ပြေမှာပါ
ကူညီနိုင်မယ့်ပညာရှင်တွေနဲ့ တွေ့ပါစေဗျာ