PDA

View Full Version : MS SQL 2005 နဲ့ ပတ်သတ်လို့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်.



IT Kaung Gyi
10-23-2008, 12:16 PM
Microsoft Database & Relational Database ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကိုယ့်မှာရှိတဲ့အခက်အခဲတွေ, knowledge တွေကို share လုပ်ကြရအောင်။

cthuaye
12-18-2009, 08:41 PM
ကောင်ပါတယ် အကိုရေ ကျနော်က အခုမှ စပြီးလေ.လာတာပါ။အကိုတို.ဆွေးနွေးကြပါ
ကျနော် မရှင်းတာရှိရင် မေးမယ်နော်

အေး
02-26-2010, 07:36 PM
ရေးကြဦးလေ..

ဘာမှ Deep မဖြစ်သေးဘူး..။..ဆက်ပြောကြဦးလေ..။..တို့သိတာ နည်းနည်းတော့ရှိတယ်..။..

ဘာကိုပြောရမလဲ ကြည့်လိုက်ဦးမယ်..။

အေး

ကျော်ဇင်ထွန်း
10-06-2010, 11:26 AM
ဒေတာဘေ့နဲ့ ပတ်သက်လို့ကတော့ သိပ်တော့ မသိပါဘူး. ဒါပေမယ့်  နည်းနည်းဆွေးနွေးကြည့်ပါမယ်ဗျာ... ဒေတာဘေ့ဆိုတာ အချက်အလက်တွေကို သိုလှောင်တဲ့ ဘဏ်လိုပြောရမယ်ထင်ပါတယ်... ဒေတာဘေ့ကို ကျွန်တော်တို့က application software တွေနဲ့ manage လုပ်ကြတာပါ.. အခုပြောနေကတဲ့ MS SQL 2005 ဆိုတာလဲ Database Engine
တစ်ခုပါ..။ သူက ဒေတာဘေ့မြောက်များစွာကို သူ့ထဲမှာ တည်ဆောက်ပြီးသုံးလို့ရပါတယ်..။ လက်ရှိသုံးနေကျတဲ့ appliaction software တွေရဲအသက်ဟာ ဒေတာဘေ့လို့တောင်ပြောလို့ရပါတယ်..။ SQL 2005 မှာတော့ သူကserver base ပေါ့ centralized system ဖြစ်ပါတယ်..။ သူမှာလဲ user right တွေသက်မှတ်ပေးလို့ရပါတယ်...။ လုပ်ပိုင်ခွင့်တွေကိုလည်း ဒေတာဘေ့တစ်ခုချင်းအလိုက်သက်မှတ်လို့ရပါတယ်.။ နောက်ထပ် အားရင်း ဆက်ပြောပြပါ့မယ်.. ။ အမှားပါရင်လဲ ပြင်ပေးကြပါဗျာ...

sanda87
04-03-2011, 06:41 PM
အစ်ကို....စိတ်ဝင်စာတယ်ကျွန်တော်လည်း စောင့်နေမယ်
ဆက်ပေးပါနော်

ကျော်ဇင်ထွန်း
06-13-2011, 04:28 PM
ဒေတာဘေ့ တစ်ခုမှာ လုပ်ပိုင်ခွင်အများဆုံးရတာကတော့ sa ဆိုတဲ့ user ပါပဲ.. သူက system admin ပေါ့... sa နဲ့သာ ၀င်ရင်database engine တစ်ခုလုံးကို လိုသလို ပြင်ဆင်လို့ရပါတယ်.. MS SQL 2005 မှာ နမူနအနေနဲ့ Master တို့ NSDB စသ ဖြင့်ဆောက်လုပ်ပေးထားပါတယ်... SQL 2005 မှာ..သူက System Database နဲ့. User database ဆိုပြီး နှစ်ပိုင်းပါပါတယ်. .System database ကတော့ အလိုအလျောက် install လုပ်လိုက်ရင်ပါလာတဲ့ဟာတွေပါ... user database ကတော့ .. user တွေ create လုပ်ထားတဲ့ ဒေတာဘေ့ တွေကို ပြောတာပါ... database တစ်ခုကို Query ရေးပြီးဆောက်လို့ရပါတယ် SQL နဲ့ပေါ့. SQL ဆိုတာကတော့ Structure Query Language ကိုပြောတာပါ.. SQL ရဲ့ အရှည်ပေါ့... database တစ်ခုကို ဆောက်မယ်ဆိုရင်....
Create Database ဆိုတဲ့ ကွန်မန်းကို သုံးပြီးဆောက်လို့ရပါတယ်
ဥပမာ CREATE DATABASE TEST
ဆိုမျိုးပေါ့.. ပြီးရင် သူ့ထဲမှာ Table ဆောက်မယ်ဆိုရင်
create table ကွန်မန်းကို သုံးလို့ရပါတယ်..
CREATE TABLE BOOK ဆိုတာမျိုး ပေါ့.... နောက်ထပ်ဆက်ရေးပေးပါ့မယ်ဗျာ........ မှားတာရှိရင်လဲပြောကျပါ....

ကျော်ဇင်ထွန်း
06-15-2011, 09:56 AM
ဒေတာဘေ့ တစ်ခုကို တည်ဆောက်ပြီးတွေကို သိမ်ဆည်းမယ်ဆိုရင် တော့ ဒေတာဘေ့ အင်ဂျင်တစ်ခုတော့ အရင်ရှိရမှာပေါ့ဗျာ... ဥပမာ MSSQL , My SQL, Oracle စသည့်ဖြင့်ပေါ့ဗျာ.. သုံးတဲ့ Query တွေကတော့ သိပ်မခြားနားပါဘူး.. ကျွန်တော်တို့ အပေါ်မှာပြောခဲ့သလိုပဲ ဒေတာဘေ့ တစ်ခုကို တည်ဆောက်ပြီး Table တွေ View တွေ မတည်ဆောက်သေးခင် ကျွန်တော်တို့က ဘယ်လိုဆောက်မယ် ဘယ်လိုလုပ်မယ်ဆိုတဲ့ DATA DESIGN ကိုအရင်စဉ်းစားရပါတယ်ဗျာ..

ပုံမှာပြထားသလိုပေါ့.. အဲလိုမျိုးဒေတာဒီဇိုင်းကိုရပြီးမှ ကျွန်တော်တို့က ဒေတာဘေ့ဆောက်တာတွေ table ဆောက်တာတွေ primary key တပ်တာတွေ ကျန်တာတွေကိုဆက်လုပ်ပါတယ်ဗျာ.... ဆက်ပြီးရေးပေးပါဦးမယ်

ကျော်ဇင်ထွန်း
06-17-2011, 02:10 PM
ဘယ်သူမှလဲ လာပြီးမဆွေးနွေးကျပါလားဗျာ.... မမြင်လို့လားမသိဘူးဗျာ.... တစ်ယောက်တည်းကျတော့ ပျင်းစရာကြီးဗျ ဘာရေးလို့ရေးပေးရမှန်းမသိဘူး လုပ်ကျပါဦးဗျာ.. လာကြပါဗျ.........................

အေး
06-17-2011, 10:23 PM
ဘယ်သူမှလဲ လာပြီးမဆွေးနွေးကျပါလားဗျာ.... မမြင်လို့လားမသိဘူးဗျာ.... တစ်ယောက်တည်းကျတော့ ပျင်းစရာကြီးဗျ ဘာရေးလို့ရေးပေးရမှန်းမသိဘူး လုပ်ကျပါဦးဗျာ.. လာကြပါဗျ.........................

ရေးပါ..။ အစ်မရောဝင်ဆွေးနွေးမယ်..။ ERP Diagram က စရေးရင်ကောင်းမယ်ထင်တယ်..။ သူက database အခြေခံမို့လား..။

ဥပမာတစ်ပုဒ်နဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ရေးပြသွားကြရင် ကောင်းမယ်နော..။ အစ်မလည်း ဒေတာဗေ့စ်ဆွေးနွေးချင်နေတာ..။

ကဲ..။ ဒီလိုလုပ်ရအောင်လေ..။ ဒေတာဗေ့စ်အကြောင်းကို သဘောတရားအခြေခံကနေစပြီး ဆော့ဝဲနဲ့ run တာတွေ..၊

.Net ဘက်ကနေ ဆွဲသုံးတာတာတွေပါ ရေးပြပြီးဆွေးနွေးကြရအောင်လေ နော်..။ အဲဒီတော့ ဒီပို့စ်လေးကို

ကျော်ဇင်ထွန်းနဲ့အစ်မနဲ့ပေါင်းပြီးအသက်သွင်းမယ်လေ..။ အစ်မလည်းအချိန်ရသလိုဝင်ရေးသွားမယ်လေ..။



ခင်မင်စွာဖြင့်

အစ်မအေး

ကျော်ဇင်ထွန်း
06-18-2011, 09:53 AM
ကောင်းပါတယ်အစ်မရယ်.. ကျွန်တော်တို့ပူးပေါင်းပြီး မဟုတ်ကဟုတ်ကလုပ် အဲ အသက်သွင်းကျတာပေါ့.. အဲဒါဆို ဘယ်ကနေစပြီး ဘာကိုရေးပေးရမလဲဆိုတာကိုပြောပါ့လားအစ်မ.... ဆောရီးမေ့တွားလို့ ERP ကနေစမယ်ဆိုလဲး ERP ကနေစကြတာပေါ့ဗျာ. ERP ဆိုတာ ကတော့ ( Enterprise resource planning) ကိုခေါ်တာပါတဲ့.. ERP ဆိုတာကိုတော့
Enterprise resource planning (ERP) integrates internal and external management information across an entire organization, embracing finance/accounting, manufacturing, sales and service, CRM, etc. ERP systems automate this activity with an integrated software application. Its purpose is to facilitate the flow of information between all business functions inside the boundaries of the organization and manage the connections to outside stakeholders.[1]

ERP systems can run on a variety of hardware and network configurations, typically employing a database as a repository for information.[2]

ERP systems typically include the following characteristics:

* An integrated system that operates in real time (or next to real time), without relying on periodic updates.[citation needed]
* A common database, which supports all applications.
* A consistent look and feel throughout each module.
* Installation of the system without elaborate application/data integration by the Information Technology (IT) department.

wikipedia ကအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်.....

ကျော်ဇင်ထွန်း
06-18-2011, 10:24 AM
ဒီပုံလေးကတော့.. ERP System ကို Integrated လုပ်ထားတာကိုပြတာပါ.. ရှင်းရှင်းပြောရရင် ERP ဆိုလိုချင်တာက Application ထက်ပိုပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်သုံးလို့ အဆင်ပြေအောင်ဆွဲတဲ့ Model တစ်ခုပါဗျာ... နမူနာ ERP DATABASE Diagram တစ်ကိုလည်းဆွဲပြထားပါတယ်ဗျာ.. ကြည့်ကြည့်ကျပါဦး အဆင်မပြေရင်လည်း ပြောကျပါ... နောက်ပိုင်း .net ကခေါ်သုံးတာတွေ ဘာတွေညာတွေ ခက်ခဲတဲ့ အပိုင်းတွေ ရောက်ရင်မအေးတို့ ကိုရေခါးတို့ဆွေးနွေးပါလိမ့်မယ်ဗျာ.. ကျွန်တော်ကတော့ လွယ်တဲ့ introduction လေးပဲ ပေါ့နော်....

အေ၇ာ
06-18-2011, 11:16 AM
ဒီအကြောင်းအရာပိုင်းမှာ
စတင်ရေး ဆွေးနွေးပေးမယ့် ကိုယ်တော်လေးက အမေးမရှိလို့ ပျင်း လေးလေး ဖြစ်နေချိန်မှာ အေး အစ်မကလည်း တွေးဆရေးပေးမယ် ဆိုတော့ အတော်ပဲပေါ့။ အေ၇ာတို့လည်း ၀င်ရောက်ဖတ်ရှုလေ့လာပါမယ်နော့။

အမေးအမြန်းမထူမှာကိုလည်း တွေးတောကာလှမ်းပူမနေပါနဲ့ ဆိုင်မဆိုင်သာ သေခြာမသိရှိရမယ် မေးမယ်ဆိုတာချည်းပဲလေ ဒီက။
အေ၇ာကြားဖူးသလောက်က ဒေတာဘေ့စ်ဆိုတာ အချက်အလက်တွေကို စုပေါင်းစပ်ပေါင်းတစ်နေရာမှာ အကုန်စုပြုံ သိမ်းထားတာတဲ့။
သိုမှီးသိမ်းဆည်းပေးရတဲ့ အချက်အလက်က မတန်တဆများနေတတ်တော့ စည်းမရှိစနစ်မရှိရင် အသစ်ထပ်ပေါင်းထည့်ရတာပဲဖြစ်ဖြစ်၊ ရှိပြီးသားအချက်အလက်ထဲက ထုတ်နှုတ်ရှာဖွေယူချင်တာပဲဖြစ်ဖြစ် အခက်အခဲတွေ့နိုင်မှာမို့ အသွင်းအထုတ် လွယ်ကူအဆင်ပြေစေမယ့် စနစ်တစ်ခုခုဖန်တီး သုံးစွဲရမယ်လို့လည်း သဘောပေါက်မိပါတယ်။
ဒီအတွက်ကို ကွန်ပျူတာရယ် ဘာရယ်မရှိလျှင်တောင် သိနားလည်ကျွမ်းကျင်သူတွေက စာရင်းဇယားလေးတွေသုံးပြီး လယ်ဂျာ ဘာညာ စတာတွေမှာ မှတ်ပုံတင်စာရင်းသွင်းကာ ကက်တလောက်တို့ဘာတို့ မွန်းမံဖြည့်စွက်ပြီး တူရာတူရာအုပ်စုတွေခွဲလို့ စနစ်တကျသိမ်းဆည်းပေးတတ်ကြပါတယ်တဲ့ရှင်။ ဥပမာ စာကြည့်တိုက်ရဲ့ စာအုပ်စာရင်းလို ဘာဘာညာညာတွေမှာလို့ နားလည်မိပါတယ်။
အဲဒီအခြေခံတွေကိုမှီးပြီး ကွန်ပျူတာနှင့်အချက်အလက်သိုမှီးသိမ်းဆည်းလာကြတော့လည်း ဒေတာတွေကို တစ်ချို့က ဇယားကြီးတစ်ခုပြုလုပ်တည်ဆောက်သိမ်းကြတာဆိုပဲ။ သူတို့ဇယားမှာ အကြောင်းအရာတစ်ခုစီရဲ့ ဆက်စပ်ပတ်သက်တဲ့အချက်တွေကို ကော်လံတွေထပ်ခွဲပြီး အသေးစိတ်ခွဲခြားမှတ်တမ်းတင်နိုင်အောင် လုပ်ထားလေ့ရှိတယ်လို့လဲ သိရပါတယ်။
ဒီတော့ကာ ဇယား မနိုင်တဲ့သူတွေ အဲဒီဇယားကိုဝင်လုပ်လျှင် ဇယားရှုတ်ကုန်မှာစိုးရလို့လားမသိပါဘူး။ ကိုင်တွယ်အသုံးချမယ့်သူတွေ အဆင်ပြေလွယ်ကူချောမွေ့စေဖို့ Form ဆိုလားထင်ပါရဲ့ အဲဒါမျိုးလည်း ပူးတွဲဆက်စပ်ပေးထားတယ်ရယ်လို့ကြားဖူးပါတယ်။
ရုံးပြင်ကနား ကိစ္စတွေမှာ ဖေါင်ဖြည့်တယ်ဆိုတာမျိုး ရေးတတ်ချွတ်တတ် အတွေ့အကြုံရှိလျှင်ပဲ အဲဒီ ပုံစံဖေါင် ဆိုတာကို မှန်ကန်ပြည့်စုံအောင်ဖြည့်စွက်ရေးသွင်းတတ်ဖို့က လွယ်ကူတယ်ဆိုကြတာကိုး။
ဖေါင်ဖြည့်ပြီးခလုပ်နှိပ်လိုက်တာနဲ့ အချက်အလက်တွေက ဇယားကြီးထဲမှာ သူ့နေရာနဲ့သူ တန်းစီပြီး နေရာတကျ ၀င်သွားရောတဲ့ ကောင်းလိုက်တာနော်။ ဖေါင်ပုံစံတွေက အချက်အလက် အသေးစိတ်ပါရတာလည်းရှိသလို၊ အဓိကအရေးကြီးတာပဲ ရွေးပြီးသွင်းမယ့် ပုံစံရယ်လို့ အမျိုးမျိုးရှိနေမယ်ထင်ပါတယ်။
စုဆောင်းရေးသွင်းထားပြီးသမျှအထဲက အကြောင်းအရာအခြေအနေတစ်ခုခုကို ရွေးခြယ်ထုတ်နှုတ်သိချင်ပြီဆိုလျှင်လည်း အစအနတစ်ခုခုက တစ်ဆင့် ပြန်လည်ရှာဖွေရွေးထုတ်ပေးနိုင်သလို၊ အစီအစဉ်တစ်ခုခုအောက်မှာဘောင်ဝင်အောင်စီတန်းရေးထားတဲ့အထဲမှာ ခြေရာခံရှာဖွေနိုင်ကြတယ်လို့ထင်ပါတယ်။
တစ်ချို့ပြောကြတာများ ကိုသိချင်တဲ့အချက်တွေကို သီးသန့်ကောက်နုတ်ရွေးထုတ်ကာ ရီပို့ တောင်ထုတ်ပေးနိုင်ရဲ့လို့ကြားသိရပါတယ်။
အော် အသုံးပြုမည့်သူတွေ အစစအရာရာ အဆင်ပြေ အဆင်သင့်ဖြစ်ကာလွယ်ကူနေအောင်ရယ်၊ အဲဒီလိုဖြစ်အောင်ကြိုတင်ဖန်တီးလိုသူတွေအတွက် စနစ်တည်ထွင်ပြုလုပ်ရောင်းချသူတွေကလုပ်ပိုင်ခွင့်ရှိအောင် အားထုတ်ပေးထားတဲ့ အကျိုးကျေးဇူးတွေပါလားလို့ တစ်ခါတစ်ရံတွေးတောမိကာ လေးစားမိပါတယ်။
နမူနာလေးတွေအတွက်ဆိုလျှင် အေ၇ာတို့မှာ အနယ်နယ်အရပ်ရပ်က မိတ်ဆွေတွေ အများကြီးရှိနေပါတယ်။
သူတို့ရဲ့ အမည်ရင်း၊ နေရပ်လိပ်စာ အဆက်အသွယ်လုပ်လို့ရမည့် နံပါတ်တွေနဲ့ အီးမေးလ်လိပ်စာ စတာတွေ အများကြီးမှတ်သားထားတာရှိနေပါတယ်။ တချို့ဆို နှုတ်ကျိုးနေတဲ့နာမည်ကိုပဲ မှတ်မိနေပြီး အမည်ရင်းမေ့နေတာစတဲ့ အဆင်မပြေမှုလေးတွေ၊ တစ်မြို့တစ်ရွာသွားမယ်ဟဲ့ဆိုလျှင် အဲဒီမြို့က ၀ယ်နေကျဖေါက်သယ်တွေရဲ့ ကွန်တက်နံပါတ်တွေ လွယ်ကူစွာ ရှာဖွေချင်တာမျိုးတွေရှိတာပေါ့။ ဒါမျိုးလေးတွေအတွက် ဒေတာဘေ့စ်တစ်ခုတည်ဆောက်က စိတ်ကူးထဲမှာသုံးကြည့်ဖူးပါတယ်။
တစ်ချို့ အရစ်ကျရောင်းထားတဲ့ ပစ္စည်းလေးတွေအတွက် ဓါတ်ပုံတို့ဘာတို့ အသေးစိတ်အချက်အလက်လေးတွေကိုလည်း ဖေါက်သည်တွေရဲ့နောက်ဆက်တွဲအချက်အလက်တွေထဲမှာ ရောနှောသိမ်းထားပေးလို့ပေါ့။
စိတ်ကူးသာ အနည်းအကျဉ်းရှိပြီး လက်တွေ့လုပ်ဖို့ပျင်းတတ်တဲ့ အေ၇ာအဖို့ အစ်မအေးတို့ရဲ့ သင်ကြားပြသလမ်းညွှန်ချက်တွေလေ့လာခွင့်ရပြီးလျှင်တော့ လက်တွေ့လုပ်လျှင်လည်း လုပ်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။
အခု ကိုကျော်ဇင်တို့ ဆွေးနွေးမယ့် MS SQL ဆိုတာက Microsoft Access နှင့်နိုင်းစာလျှင် ဘယ်လိုနေရာတွေမှာ အားသာကာ စီမံခန့်ခွဲဖန်တီးနိုင်တာတွေပိုရှိတာလည်း စတာတွေသိအောင်လေ့လာချင်ပါတယ်ရှင်။
လိပ်စာစာရင်းသိမ်းဆည်းတာတို့၊ ၀န်ထမ်းကိုယ်ရေးမှတ်တမ်းနဲ့၊ ခွင့်လက်ကျန်/ လစာစာရင်း စတဲ့အချက်အလက်တွေ သိမ်းတာမျိုးကို နမူနာပေးကာ ရှင်းပြပေးမယ်ဆိုလျှင်ဖြင့် အေ၇ာတို့လို ကွန်ပျူတာကြီး ထုတ်ထုတ်ကိုင်နေပြီး မနူးမနပ် နှင့် မအူမလည် သုံးစွဲနေရသူတွေ ပိုမိုအဆင်ပြေ အဆင့်မြင့်လာစေမယ်လို့ ယူဆတိုက်တွန်းပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ

အေး
06-19-2011, 12:42 AM
ရေးပါ..။ အစ်မရောဝင်ဆွေးနွေးမယ်..။ ERP Diagram က စရေးရင်ကောင်းမယ်ထင်တယ်..။ သူက database အခြေခံမို့လား..။



မေးကလောင်ရေ

ဟိုနေ့ကမှစာမေးပွဲပြီးသွားကာရှိသေးတယ်.။ အခုစာလုံးပေါင်းအတိုကို အဓိပ္ပာယ်အရှည် မသိတော့ဘူး..။ ERP မဟုတ်ဘူး မောင်လေးရေ..။
ER Diagram....။ Entity Relationship Diagram လေ..။ ဒါကနေစစဉ်းစားရင် နောက်တော့ Table တွေရဲ့အချိတ်အဆက်တွေ..၊ မှားစရာမလိုတော့ဘူးပေါ့..။
အစ်မကတော့ ဒီအပိုင်းကို ဒေတာဗေ့စ်ရဲ့အခြေခံအုတ်မြစ်လို့မြင်တယ်..။ သူခိုင်အောင်ချမှ နောက်ပိုင်းဒေတာဆွဲထုတ်ရတဲ့အပိုင်းတွေက မှန်ကန်တိကျကျစ်လျစ်မှာ..။
သူ့ကိုခိုင်အောင်ချမထားရင် ပန္နက်မခိုင်တဲ့အိမ်တစ်အိမ်လိုဖြစ်နေလိမ့်မယ်..။ ဒီတော့ ER Diagram ကို စစဉ်းစားရအောင်..။

အခုလောလောဆယ် စက်ထဲမှာရှိနေတဲ့ Table တွေနဲ့ နမူနာဆွဲပြပါမယ်..။ အွန်လိုင်းစာအုပ်အရောင်းဆိုင်အတွက် နမူနာဆောက်ထားတဲ့ဒေတာဗေ့စ်ပါ..။
အခုTable တွေက Web Page ခုနစ်မျက်နှာ ရှစ်မျက်နှာအတွက်သာဆွဲထားတဲ့ Table ပါ..။ တကယ့်ပရောဂျက်အကြီးတွေမှာ Table တစ်ရာကျော်ရှိတတ်ပါတယ်တဲ့..။
Table အရေအတွက်နည်းပေမယ့် တာကတော့တော်တော်သွားပါတယ်..။ ကျွန်တော့ဆရာရေးတဲ့ မင်္ဂလာဆောင်လက်ဖွဲ့ဆော့ဝဲမှာဆို Table ၄ ခုပဲပါပါတယ်..။
အသုံးချဆော့ဝဲတစ်ခုဖြစ်သွားတာပါပဲ..။ Table များတိုင်းပရောဂျက်ကြီးမယ်လို့ မှန်းလို့မရပါဘူး..။ တကယ်အလုပ်လုပ်ဖို့လိုအပ်တဲ့ Table နှစ်ခုသုံးခုပဲသုံးပြီး
လည်ပတ်နေကြတာပါ..။ တစ်ချို့Table တွေက အရံအတား Table တွေပါ..။ ဒါတွေကို Database သဘောနဲ့ တစ်ခါတည်းသတ်မှတ်ခဲ့လို့ရပါတယ်..။ နောက်ပိုင်း
ဆက်ဆွေးနွေးမှာတွေမှာ ဆက်ကြည့်ကြည့်ပါ..။

အခုကတော့ စာအုပ်ဆိုင်လေးရဲ့ Table တွေကို MS SQL 2005 မှာသွင်းထားတာတွေကို screen shot ဖမ်းပြထားပါမယ်..။ ပြီးတော့မှ ER Diagram ဘယ်လိုဆွဲမလဲဆိုတာ
စဉ်းစားပြပါမယ်...။

[IMG]http://img7.imageshack.us/img7/333/bookko.png (http://imageshack.us/photo/my-images/7/bookko.png/)

စာအုပ်Table ဆိုတော့ စာအုပ်ကို ID သတ်မှတ်ပေးထားပြီး စာအုပ်တွေinput သွင်းပေးဖို့ပါ..။ စာအုပ်Title ပါမယ်..။ စာအုပ်မျက်နှာဖုံးထည့်ပြမှာမို့
ImageUrl ထည့်ထားတာပါ..။ ဈေးနှူန်းပြချင်လို့ Price ကော်လံထည့်ထားတာပါ..။ BookID, CategoryID က integer တွေထားရပါမယ်..။
ဂဏန်းတွေဝင်မှာမို့ပါ..။ BookTitle, ImageUrl, Price တွေက ဂဏန်းတွေလာနိုင်သလို စာသားတွေပါလာနိုင်လို့ nvarchar ထားထားတာပါ...။ ဒီနေရာမှာ
အနော်လေ့လာမှူအားနည်းတာလေးတစ်ခုပြောချင်ပါတယ်ခင်ဗျာ..။ အနော်က int, varchar, nvarchar ဆိုပြီး ဂဏန်းဆို int, စာသားဆို nvarchar ဆိုပြီးပဲအပေါ်ယံလောက်ပဲ သိတာပါ..။ အနော့်သူငယ်ချင်းကမေးပါတယ်..။ varchar နဲ့ nvarchar ဘာကွာသလဲတဲ့..။ အနော်သိဘူးခဗျ..။ n လေးတစ်လုံးပိုတာပဲသိတယ်ခဗျ..။ မတော်လားခဗျာ..။ n ကယူနီကုဒ်ကို support လုပ်ပေးထားတာပါတဲ့..။ ဒီ n လေးထည့်လိုက်ခြင်းအားဖြင့် အနော်တို့ Database ထဲကိုမြန်မာလိုသွင်းလို့ရသွားပါတယ်တဲ့ခဗျာ..။ သဘောကတော့ English လိုဆို nvarchar မထားလည်းရမယ်ဆိုတဲ့သဘောပေါ့ခင်ဗျာ..။ ဒီ Table မှာ CategoryID က Foreign Key ပါ..။ တစ်ခြားTable ရဲ့ Primary Key က တစ်ခြားTable မှာထပ်ပါနေရင် အဲဒီ Key ကို Foreign Key လို့ခေါ်ပါတယ်..။ Table တစ်ခုနဲ့တစ်ခုကို Foreign Key တွေနဲ့ချိတ်ဆက်ရပါတယ်..။ ဒါပေမယ့် ထည့်ချင်တိုင်းလည်းထည့်လို့မရပါဘူး..။

[IMG]http://img219.imageshack.us/img219/3883/categoryc.png (http://imageshack.us/photo/my-images/219/categoryc.png/)

ဒါက Category Table ပါ..။ စာအုပ်တွေ အုပ်စုခွဲမှာမို့ပါ..။ ဟာသ၊ ဘာသာရေး၊ အတ္ထုပ္ပတ္တိ၊ ဘ၀သရုပ်ဖော် အစရှိသဖြင့်ခွဲမှာမို့ပါ..။ သူ့မှာ သူ့ ID သတ်သတ်မှတ်မှတ်ရှိပါတယ်..။ ဒါပေမယ့် စာအုပ်တွေကို အုပ်စုခွဲမှာမို့ စာအုပ် Table မှာ Foreign Key အနေနဲ့သွားဝင်နေတာပါ..။

[IMG]http://img98.imageshack.us/img98/3157/customer.png (http://imageshack.us/photo/my-images/98/customer.png/)

Customer Table က Customer ရဲ့ ဒေတာအသေးစိတ်ကိုထည့်မှာပါ..။ Customer တွေမှာ ID ရှိပါတယ်..။ UserName, Psw က member ၀င်ခိုင်းထားဖို့ပါ..။ member ၀င်မှ စာအုပ်ဝယ်လို့ မှာလို့ရမှာပါ..။

[IMG]http://img535.imageshack.us/img535/6176/orderdt.png (http://imageshack.us/photo/my-images/535/orderdt.png/)

Order Detail Table က ကိုယ်မှာတဲ့ အော်ဒါအသေးစိတ်ကိုပြောဖို့ပါ..။ သူ့ကိုID နဲ့ပဲသတ်မှတ်ထားတယ်..။ စာအုပ်ကို ID ပဲမှာတယ်..။ Customer ကတော့ စာအုပ်နာမည်ပဲ
မှာလိုက်မှာပါ..။ ဒါပေမယ့် OrderDetail Table မှာ OrderID နဲ့ပဲမှတ်ထားပါတယ်..။ နောက် အရေအတွက်ပေါ့..။ ဘယ်နှစ်အုပ်မှာတာလဲဆိုတာပေါ့..။

[IMG]http://img857.imageshack.us/img857/371/ordert.png (http://imageshack.us/photo/my-images/857/ordert.png/)

Order Table က Order ID ပဲယူထားမှာ..။ သူ့ထဲက Order ID နဲ့ Order Detail Table ထဲက Order ID က အတူတူပဲ..။ Order Table က အော်ဒါအသေးစိပ်ကို
Order Detail Table မှာ သွားကြည့်မှာ..။ ဘယ် Customer က ဘာတာလဲဆိုတာလည်း Customer ID ကိုပဲမှတ်ထားမှာ..။ ID ကိုမှတ်ထားပြီး Customer Table မှာ Customer အကြောင်းအသေးစိပ်ကို သွားတိုက်ကြည့်မှာ..။ Check Out က ပိုက်ဆံရှင်းဖို့ပါ..။

P.S။ ။ အပြင်ခဏသွားလိုက်ဦးမယ်..။ ဟဲ ဟဲ..။

အေး
06-19-2011, 09:37 PM
MS SQL ဆိုတာက Microsoft Access နှင့်နိုင်းစာလျှင် ဘယ်လိုနေရာတွေမှာ အားသာကာ စီမံခန့်ခွဲဖန်တီးနိုင်တာတွေပိုရှိတာလည်း စတာတွေသိအောင်လေ့လာချင်ပါတယ်

အစ်မလည်းသေချာမသိလို့ အေရာ့မေးခွန်းလေးကို ဂူဂဲကနေရှာဖတ်လိုက်ပါတယ်..။ ပထမအဖြေတစ်ခုကတော့ သိပ်ရှင်းပါတယ်..။ ဒေတာဗေ့စ်တစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီရှဲပေးလိုက်လို့ရှိရင် သူ့စက်ထဲမှာ Sql Server Software ရှိဖို့ဆိုတာ မသေချာဘူးတဲ့..။ Access ကတော့ MicroSoft Office တင်ထားကတည်းကပါတာမို့ သေချာပေါက်ရှိတယ်တဲ့..။ ဒါကြောင့်မို့ Access ကိုပိုသုံးကြတယ်တဲ့..။ အဲဒါလည်းဟုတ်တယ်..။ အစ်မလည်းအဲဒီပြဿနာကြုံခဲ့သေးတယ်..။ Assignment ရေးတော့ အစ်မက ဒေတာဗေ့စ်နဲ့ကုဒ်ရေးတာ..။(အစ်မအကုန်မရေးတတ်ပါဘူး..။ အစ်မအခင်ဆုံးသူငယ်ချင်းက လက်စသတ်ပေးတာပါ..။ အစ်မကအိုက်ဒီယာပေးတာ ပိုများပါတယ်..။) အဲဒီကုဒ်ကို Assignment အတူလုပ်ရတဲ့ ဒီနိုင်ငံသူကိုပို့တာ သူလက်ခံလို့မရဘူး..။သူက Documentry ရေးဖို့ပေါ့..။ သူ့စက်မှာ Sql Software မရှိလို့လေ..။ အစ်မတို့နိုင်ငံလို CD တစ်ချပ် ၁၀၀၀ ပေးပြီးဝယ်လို့လည်းမရ..။ Trail Version လည်းဒေါင်းမရနဲ့ သူ့ကိုတော်တော်နဲ့မပြနိုင်ပါဘူး..။ သူလည်းပိုက်ဆံပေးရမယ်ဆိုတော့ ဘယ်ပေးချင်မလဲ..။ Assignment တစ်ခုအတွက် ဒေါ်လာ၂၀၀ ကျော်ဆိုတော့ ဘယ်အကုန်ခံချင်မလဲ..။ ဒါနဲ့ အစ်မစက်ပဲသယ်သယ်သွားပြီး သူ့ကိုပြ..၊ Screen Shot ဖမ်းပြီး သူ့ကိုပို့..၊ သူကအဲဒါကိုကြည့်ပြီး စာပြန်ရေး..၊ ကွေ့ဝိုက်ပြီး အချိန်လင့်ခဲ့ရတယ်..။

ဒါပေမယ့် Access နဲ့ရေးထားတဲ့ ဒေတာဗေ့စ်တစ်ခုဟာ တစ်ပြိုင်နက် တစ်ကြိမ်နက်တည်းမှာ user 5 ယောက်ထက်ပိုပြီး ဒေတာဗေ့စ်ထဲဝင်တာကိုလက်မခံနိုင်ပါဘူးတဲ့..။ ဒါကြောင့်မို့ Sql Server ကိုသုံးကြတာပါ..။ ဒါကြောင့်မို့ website တွေကလည်း အများအားဖြင့် Sql Driven Website တွေပဲဖြစ်ကြပါတယ်တဲ့..။ Sql Database မှာ အသင်းအဖွဲ့တစ်ခုရဲ့ Schedule ခွဲတာတို့..၊ alert လက်ခံတာတို့..၊ Security Role ကိုသတ်မှတ်ပေးတဲ့ Configure လုပ်တာတို့..၊ Source မတူတဲ့ဆီကို Data တွေ Transfer လုပ်တာတို့လို ပိုပြီးအဆင့်မြင့်တဲ့ Administrative tool တွေပါပါတယ်တဲ့..။

Access မှာ Front End GUI(Graphic User Interface) လည်းပါတယ်တဲ့..။ Front End GUI ပါတော့ သူ့ထဲမှာပဲ ဒီဇိုင်းဆွဲလို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့..။ Sql ကတော့ မရဘူး..။ ဒါကြောင့်မို့ VB တို့ C# တို့နဲ့ တွဲသုံးပေးရမယ်..။ ကိုယ်ကတော့ အစပိုင်းမှာ ကိုယ့်ဒေတာဗေ့စ်က Access နဲ့လုပ်ရင်လုံလောက်တယ်လို့တွေးပြီးလုပ်လိုက်ပေမယ့် နောက်ပိုင်းမှာဆို မလုံလောက်တာတွေကြုံလာနိုင်ပါတယ်တဲ့..။ နောက်ပိုင်းမှာ Upgarde လုပ်ဖို့ ခဲယဉ်းပါတယ်တဲ့..။ ဒါကြောင့်မို့ Access ရဲ့ GUI နဲ့ SQL server ရဲ့ Backend ကိုသုံးပါတဲ့..။

အစ်မလည်းအစကမသိဘူး..။ အေရာမေးလို့ရှာကြည့်လိုက်မှ သိတာ..။ ကျေးဇူးပဲ အေရာ..။



ခင်မင်စွာဖြင့်

အစ်မအေး

အေ၇ာ
06-20-2011, 12:08 AM
ဒါပေမယ့် Access နဲ့ရေးထားတဲ့ ဒေတာဗေ့စ်တစ်ခုဟာ တစ်ပြိုင်နက် တစ်ကြိမ်နက်တည်းမှာ user 5 ယောက်ထက်ပိုပြီး ဒေတာဗေ့စ်ထဲဝင်တာကိုလက်မခံနိုင်ပါဘူးတဲ့..။ ဒါကြောင့်မို့ Sql Server ကိုသုံးကြတာပါ..။
ဒါကြောင့်မို့ website တွေကလည်း အများအားဖြင့် Sql Driven Website တွေပဲဖြစ်ကြပါတယ်တဲ့..။

အခုတော့ အေ၇ာသိပြီ၊ မမအေးရဲ့ ကျေးဇူးကြောင့်ပါ။ အွန်လိုင်းကစာအုပ်အရောင်းဆိုင်ဖွင့်ချင်တာမျိုး သုံးလို့ကောင်းမယ်ဆိုတာမျိုးလည်းအထက်မှာပြောသွားတော့ ပိုနားလည်လွယ်သွားတာပါရှင့်။
(အေ၇ာက ရံဖန်ရံခါ foreverspace.com.mm ကို ၀င်လည်ရင်း စာအုပ်တွေလဲ ၀ယ်ဖတ်ဖူးတော့ သူတို့လုပ်ထားတာလေးတွေ ပြန်စဉ်းစားကြည့်မိပါတယ်။)
ကိုယ့်မှာရှိတဲ့ရောင်းကုန်တွေရဲ့အချက်အလက်တွေကို အမျိုးမျိုးသောဖေါက်သည်တွေက သူတို့သန်ရာသန်ရာနည်းတွေနဲ့ အလွယ်တကူရှာဖွေတွေ့ရှိစေဖို့နဲ့ လှတပတစိတ်ဝင်စားဖွယ် သတင်းပေးနိုင်အောင် ကြံဆောင်အသုံးချရမယ်လို့ နားလည်မိပါတယ်။


Sql Database မှာ အသင်းအဖွဲ့တစ်ခုရဲ့ Schedule ခွဲတာတို့..၊ alert လက်ခံတာတို့..၊ Security Role ကိုသတ်မှတ်ပေးတဲ့ Configure လုပ်တာတို့..၊ Source မတူတဲ့ဆီကို Data တွေ Transfer လုပ်တာတို့လို ပိုပြီးအဆင့်မြင့်တဲ့ Administrative tool တွေပါပါတယ်တဲ့..။
အဆင့်မြင့်တဲ့ tools တွေ အသုံးဝင်အောင် အသုံးချဖို့ အခုထိတော့ စိတ်မကူးတတ်သေးဖူးမမရယ်၊ သူများတွေ လုပ်ထားတာနဲ့ ရှင်းလင်းပြသတာကို ဆက်လက် စောင့်ကြည့်ကာ ကြိုးစားလေ့လာပါဦးမယ်နော်။


Access မှာ Front End GUI(Graphic User Interface) လည်းပါတယ်တဲ့..။ Front End GUI ပါတော့ သူ့ထဲမှာပဲ ဒီဇိုင်းဆွဲလို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့..။
Sql ကတော့ မရဘူး..။ ဒါကြောင့်မို့ VB တို့ C# တို့နဲ့ တွဲသုံးပေးရမယ်..။
အော် ဒီလို VB မှာဖြစ်ဖြစ် စီရှပ်နဲ့ဖြစ်ဖြစ် ရေးပြီးတွဲသုံးလို့ရတယ်ဆိုတော့လည်း အဆင်ပြေအောင်သုံးလို့ရတဲ့သဘောပါပဲနော်။


ကိုယ်ကတော့ အစပိုင်းမှာ ကိုယ့်ဒေတာဗေ့စ်က Access လုပ်ရုံနဲ့လုံလောက်တယ်လို့တွေးပြီးလုပ်လိုက်ပေမယ့် နောက်ပိုင်းမှာဆို မလုံလောက်တာတွေကြုံလာနိုင်ပါတယ်တဲ့..။ နောက်ပိုင်းမှာ Upgarde လုပ်ဖို့ ခဲယဉ်းပါတယ်တဲ့..။ ဒါကြောင့်မို့ Access ရဲ့ GUI နဲ့ SQL server ရဲ့ Backend ကိုသုံးပါတဲ့..။
ခင်မင်စွာဖြင့်
အစ်မအေး

ဟုတ်တယ်နော် မမ၊ နောက်နောင်မှာ ကိုယ်က ဘယ်အထိတိုးချဲ့လာမယ် မသိထားဘူးဆိုတော့၊ ရည်မှန်းချက်လဲရှိထားတယ်၊ အလားအလာလည်းကောင်းတယ်ဆိုတဲ့အလုပ်တွေအတွက်ဆို အလွယ်တစ်ကူ ပြင်ဆင်တိုးချဲ့လို့ရတာ ရွေးသုံးသင့်တာပေါ့။
(ဟိ ... ဆိုင်လားမဆိုင်လားတော့ မသိဘူး "ဗူးကောင်တော့ စင်ခံ" တဲ့ )

လေးစားစွာဖြင့်
အေ၇ာမေ

ကျော်ဇင်ထွန်း
06-20-2011, 09:50 AM
မေးကလောင်ရေ

ဟိုနေ့ကမှစာမေးပွဲပြီးသွားကာရှိသေးတယ်.။ အခုစာလုံးပေါင်းအတိုကို အဓိပ္ပာယ်အရှည် မသိတော့ဘူး..။ ERP မဟုတ်ဘူး မောင်လေးရေ..။
ER Diagram....။ Entity Relationship Diagram လေ..။ ဒါကနေစစဉ်းစားရင် နောက်တော့ Table တွေရဲ့အချိတ်အဆက်တွေ..၊ မှားစရာမလိုတော့ဘူးပေါ့..။
အစ်မကတော့ ဒီအပိုင်းကို ဒေတာဗေ့စ်ရဲ့အခြေခံအုတ်မြစ်လို့မြင်တယ်..။ သူခိုင်အောင်ချမှ နောက်ပိုင်းဒေတာဆွဲထုတ်ရတဲ့အပိုင်းတွေက မှန်ကန်တိကျကျစ်လျစ်မှာ..။


ထင်တော့ထင်ပါတယ်..ကျွန်တော်လည်း အစ်မက ERP ဆိုတော့ လိုက်ပီလိုက်တာ အခုလိုဆိုတော့လဲ ER ပေါ့ဗျာ ဆက်ပြီးဆွေးနွေးကျတာပေါ့ အစ်မကြီးအေရာမေ မေးတာကို အစ်မကြီးအေးကပြန်ဖြေပြီးပေမယ်.. ကျွန်တော်က အခုလို Diagram လေးနဲ့ ပြပြိး အားဖြည့်လိုက်ပါတယ်ခင်ဗျာ...

ကျော်ဇင်ထွန်း
06-20-2011, 10:12 AM
အခုကျွန်တော် ER Diagram နဲ့ပတ်သက်ပြီး နည်းနည်း ဆက်ဖောကြည့် အဲ ဆက်ပြောကြည့်ပါ့မယ်ဗျာ...
ER Models မှာ အခြေခံ element သုံးခုရှိပါတယ် . အဲဒါတွေကတော့.

Entities are the "things" about which we seek information
Attributes are the data we collect about the entities.
Relationships provide the structure needed to draw information from multiple entities.

တို့ဖြစ်ပါတယ် မြန်မာလို့ ပြန်ပြချင်ပါတယ် သူတို့ရဲ့ အဓိပ္ပာယ်ကို မြန်မာလို့ ရှင်းရှင်းလင်းလင်း မြင်သာအောင် ရေးမပြနိုင်လို့ပါ... (အစ်မအေးတို့လာမှ မေးကြဗျာ သူတို့ပြန်ပြလိမ့်မယ်...ဟိဟိ အချွန်နဲ့မလိုက်ပြီ)

ကျော်ဇင်ထွန်း
06-20-2011, 01:14 PM
အစ်မအေးရေ... ဒေတာဘေ့ တစ်ခုတည်းကိုပဲ ကျွန်တော်တို့ အခြေခံပြီးဆွေးနွေးကျရင်ပိုကောင်းမယ်ထင်တယ် အစ်မ ဒီတော့ အစ်မရဲ့ ဒေတာ ဒီဇိုင်းလေးကို EXCEL ဖိုင်နဲ့ဖြစ်ဖြစ် ကျွန်တော်ဆီကို ပို့ပေးပါ့လားဗျာ ကျွန်တော်လည်းကျွန်တော်စက်မှာ အဲဒီအတိုင်းလေး Create လုပ်ပြီးဆက်ဆွေးနွေးပါမယ်.. အစ်မက ဘယ်အပိုင်းကျွန်တော်ကဘယ်အပိုင်းဆိုတာမျိုးပေါ့ဗျာ... ကျွန်တော်အီးမေလ်းကတော့ kyawzinhtun.88@gmail.com ပါဗျာ....

ကျော်ဇင်ထွန်း
06-21-2011, 09:44 AM
အစ်မအေးလည်း ပေါ်မလာပါလားဗျာ... ဘယ်တွေများရောက်နေပါလိမ့်.. အစ်မအေး ကိုတွေ့သူများ ပြောပေးကျပါ.. ကျွန်တော်မျော်နေပါသည်လို့.. ဆွေးနွေးချက်လေး ရှေ့ကိုဆက်ဆက်ရအောင်ပါလို့ပြောပေးကျပါဗျာ.......

အေး
06-29-2011, 12:25 AM
အော်..။ ရှိပါတယ် မေးကလောင်ရေ..။ Access နဲ့ ERP ဆွဲတာ ဆွဲနည်းမေ့နေလို့ မဆွဲရသေးလို့ ဆက်မဆွေးနွေးနိုင်ဖြစ်နေတာပါ..။ အစ်မရဲ့မေးလ်ကနေ မေးကလောင်ကိုဆက်သွယ်လိုက်ပါမယ်..။ တစ်ခြားအစ်မအတွက်လွယ်ကူတဲ့ ERP ဆွဲတဲ့ Smart Software က ၅ရက်ပဲပေးလို့ ခုသူနဲ့ဆွဲမရတော့လို့ Access နဲ့ဆွဲနေတာ ဆွဲမရဖြစ်နေသေးလို့ပါ..။ ဒါလေးရရင် ကျန်တာလျှောလျှောရှူရှူ ဆက်ဆွေးနွေးလို့ရပါတယ်..။ ဒါလေးဆက်မလုပ်ဖြစ်သေးတာက ခက်နေတာ..။ အစ်မနောက်တစ်ခါ ပြန်လုပ်ကြည့်ထားပါဦးမယ်..။ မေးကလောင်ကို ဘာတွေဘယ်လိုပို့ရမလဲဆိုတာလည်း စဉ်းစားလိုက်ပါဦးမယ်..။



ခင်မင်စွာဖြင့်

အစ်မအေး

ကျော်ဇင်ထွန်း
06-29-2011, 01:29 PM
ကျွန်တော်အစ်မအေးပြောသလိုပဲ ဆက်ဆွေးနွေးပါမယ်ဗျာ... ကျွန်တော်နဲ့ အစ်မအေးတို့ ရဲ့ဆွေးနွေးချက်တွေဟာ တူကောင်းမှ တူနိုင်ပါမယ်.. ဆွေးနွေးချက်တွေ တော်တော်များလာရင်တော့ ကျွန်တော် pdf လုပ်ပြီး ပြန်တင်ပေးပါ့မယ်ဗျာ..
entity-relationship diagram
လွယ်လွယ်ပဲ ဥပမာပြကြည့်တာပေါ့.. ဒေတာဘေ့တစ်ခုလုပ်မယ်... ပထမဆုံးအဆင့် ဘာမှ မလုပ်ဘူး ဒီဇိုင်းပုံအရင်ဆွဲတာ ပြီးရင်ဘာတွေ ပါမယ် ညာတွေပါမယ်ပေါ့.. အဲဒါကို ပုံအရင်ဆွဲပြီး relationship လုပ်ကြည့်တာ အဲဒါပဲ ဗျ ကျွန်တော်တို့ ပြောပြောနေတဲ့ ER Diagram ဆိုတာ
ဥပမာ . မြို့တစ်မြို့အတွက် ဒေတာဘေ့စ် တစ်ခုလုပ်ကြည့်မယ်ဆိုပါတော့... အိုကေ အဲဒါဆိုရင် သူမှာ entity နှစ်ခုရှိလိမ့်မယ်.. City ။ Person ဆိုပြီးတော့ပေါ့ အိုကေနော်.. အဲဒီနှစ်ခုကို Live ဆိုတဲ့ relationship လေးနဲ့ ဆက်သွယ်လိုက်မယ်
နည်းနည်းပဲ စဉ်းစားကြည့်မယ်ဗျာ... လူဆိုရင် နာမည်ရှိမယ်... မြို့မှာတော့ လူဦးရေ ရှိမယ် အဲဒီတော့ သူတို့ တစ်ခုဆီမှာ City>population. Person > name ဆိုပြီးရှီမယ်.. အဲဒါကို ကျွန်တော်တို့က ER Model နဲ့ ပုံလေးဆွဲကြည့်မယ်ဆိုရင်.....
ဒီလိုလေးထွက်လာမှာပေါ့ဗျာ...
အဲဒါပဲဗျာ ER Model ဆိုတာပါ..

ကျော်ဇင်ထွန်း
06-29-2011, 01:41 PM
ဒီလောက်ဆိုရင် ER Diagram ကိုပြောပြီးသလောက်ရှိပါပြီ နောက်ထပ်ဆက်ပြီး normalizing database . Securing database တို့ကို ဆက်လက်ပြီးဆွေးနွေးပါမယ်.. ပါဝင်ဆွေးနွေးကျပါလို့လဲ ဖိတ်ခေါ်ပါတယ်ခင်ဗျာ

ကျော်ဇင်ထွန်း
06-29-2011, 03:53 PM
DATABASE NORMALIZATION.. တဲ့ ကျွန်တော်တို့ ဘာလို့ ဒေတာဘေ့ကို normalization လုပ်တာလဲ ဆိုတော့ ပထမဆုံးအချက် မြန်ချင်လို့ပါ.. ဒေတာတွေကို ဆွဲထုတ်အသုံးပြုရာမှာ မြန်ချင်လို့ပါ Speed Improve ပေါ့ဗျာ... ပြီးတော့ data size လည်း သိပ်မများတော့ အောင်လို့ပါ data integrity လည်းဖြစ်ပါတယ်..။ဒါကြောင့် ကျွန်တော်တို့က normalization လုပ်တာပါ...ဒါကဒီလိုရှိပါတယ် ဟိုဟာက ဟိုလိုရှိပါတယ် ပြောရင်းပြောရင်းကို ရှင်းအောင်မပြောနိုင်ဘူးဖြစ်နေတယ်.. ။ အဲဒါကြောင့် normalization မှားအဆင့်သုံးဆင့်ရှိပါတယ်ဗျာ...
– First normal form
– Second normal form
– Third normal form တဲ့.. အဲလိုအဆင့်သုံးဆင့်ရှိပါတယ်....

normalization လုပ်တယ်ဆိုတာလဲ အခေါ်အဝေါ်အရသာ ခေါ်နေတာ အမှန်တော့ Table structure တွေကို optimized လုပ်တာတွေ double entry ၀င်နေတဲ့ record တွေကို delete လုပ်ပစ်တာတွေ အဲဒါတွေကို ခေါ်တာပါဗျာ... နောက်ထပ်ဆက်လက်ဆွေးနွေးပါဦးမယ် အမှားပါရင်လည်း ပြောကျပါဗျာ

ကျော်ဇင်ထွန်း
07-03-2011, 05:13 PM
ဆက်ဆွေးနွေးမလို့ကို အစ်မကြီးအေးပျောက်ချက်သားကောင်းနေပါလား.. ပြီးတော့ စိတ်ဝင်စားတဲ့ လူလည်းမရှိဘူးထင်တယ်နော်.. အဟင့် အားတောင်ငယ်လာပြီ...ကြာရင် ငိုတော့မှာနော်..

ကျော်ဇင်ထွန်း
07-12-2011, 01:48 PM
အစ်မကြီးအေး မလာလဲ ကျွန်တော်ကတော့ ဆက်ဖော.... အဲလေ ဆက်ဆွေးနွေးပေးပါမယ်... ကျွန်တော်ပြောတဲ့ database normalized ကို attch file အဖြစ်တွဲပေးလိုက်ပါတယ်ခင်ဗျာ လေ့လာကြည့်ပါ နားမလည်ရင်လည်း မေးနိုင်ပါတယ်...

GHOST
10-05-2011, 10:37 AM
ညီလေးကျော်နဲ့ မအေးတို့ ခင်ဗျာ

အလုပ်တွေမအားလို့ လား ဝင်ဆွေးနွေပေးတဲ့ သူမရှိလို့ လားမသိ ဒီနေရာမှာရပ်နေတာကြာပြီ
သိတဲ့ သူများဝင်ပြောပေးကြပါဦး SQL အကြောင်းသေသေချာချာသိချင်လို့ ပါ
လေ့လာနိုင်မယ့် လင့်လေးများရှိရင်လဲ ညွှန်ပေးကြပါ

အေး
11-08-2011, 01:33 PM
ဒေတာဗေ့စ် မြန်မာလိုစာအုပ် တွေ့လို့ ရှဲလိုက်ပါတယ်..။
http://www.mediafire.com/?acab10czc84kxxe

http://fileape.com/index.php?act=download&id=HzO5z56CQOcCdR8e

http://ifile.it/sgwro2h

credit to http://www.sbsangpi.com/search/label/Tutorials