PDA

View Full Version : Draftman တစ်ယောက်ရဲ့ တာဝန်



KPZ
10-23-2008, 10:16 PM
ခုတစ်လော ကြားကြားနေရတာ၊ ပြောပြောနေကြတာက.. လူတွေဆုံလိုက်တိုင်း နင်ကဘာ Position နဲ့ လုပ်လုပ်နေတာလဲ၊ ဘယ်နေရာမှာလဲ ဆိုတဲ့ မေးခွန်းတွေပါ။ Draftman လို့ အလွယ်တကူ ပြောလိုက်တာနဲ့ တွန့်သွားတဲ့ နှုတ်ခမ်းတွေ၊ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတဲ့ အရိပ်တွေက တစ်ခါ နှစ်ခါထက်ပိုလာတော့ ခံစားချက်တွေ ဖြစ်ဖြစ်လာရတယ်။ အော်အဲဒါလုပ်နေတာလားလို့ပါ ပြောခံလိုက်ရရင်တော့ ရင်ဘတ်ထဲမှာ အောင့်ပါသွားတော့တာပါပဲ။ဒီလို ခံစားချက်က ကျွန်မတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ကျွန်မလိုပဲ ခံစားနေရတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ အင်င်္ဂျင်နီယာ ဘွဲ့ရတစ်ယောက်ဟာ Draftman မလုပ်သင့်ဘူးဆိုတဲ့ အပြောမျိုးတွေ အပြောခံရတာလည်း ရှိပါတယ်။ ဒီလိုမျိုးပြောတဲ့ သူတွေက Draftmanတစ်ယောက်ရဲ့ အလုပ်တာဝန် အခက်အခဲတွေကို သေသေချာချာ နားမလည်လို့ ပြောတာလို့ ထင်မြင်မိပါတယ်။ Draftmanတစ်ယောက်ရဲ့ တာဝန်ဟာ သူတာဝန်ယူထားရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အခက်အခဲ အမျိုးမျိုး ရှိပါတယ်။ ။
အော်တိုကဒ် ဆော့ဝဲလ်ကို အသုံးပြုပြီး ပုံဆွဲတတ်တိုင်း Draftmanတာဝန်ကျေပြီလို့ မယူဆသင့်တာ အမှန်ပါ။Draftmanတစ်ယောက်ရဲ့ ခေါင်းစဉ်အောက်မှာ တာဝန် ၀တ္တရား တွေက အများကြီးရှိနေသလို Draftman တစ်ယောက် မဖြစ်မနေ သိရမယ့် Drawing Method, Drawing Symbol တွေကို သေချာ သိရမှာဖြစ်ပြီး Drawing နဲ့ ပတ်သတ်တဲ့ အတွေးအခေါ် အယူအဆတွေလည်း ရှိကို ရှိရပါမယ်။ အလုပ်ခွင်နေရာတိုင်းမှာ ဘယ်အလုပ်ကိုမဆို တစ်ဦးတစ်ယောက်ထဲ လုပ်တဲ့ အလုပ်ထက် စုပေါင်းလုပ်ရတဲ့ အလုပ်တွေက ပိုပြီးလျှင်မြန် ကောင်းမွန်ပါတယ်။ ဥပမာအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပရောဂျက်ဒါရိုက်တာမှ အစ၊ အခြေခံလုပ်သားအဆုံး အားလုံးသောသူတွေဟာ မိမိရဲ့ လုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်မှသာ သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လုပ်ငန်းခွင်ဟာ အောင်မြင်စွာ ပြီးဆုံးမှာပါ။ Draftman တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေဟာ လုပ်ငန်းပတ်ဝန်းကျင်အပေါ် မူတည်ပြီး မတူညီမှုတွေ ရှိနိုင်ပေမယ့် အခြေခံသဘောတရားတွေ အားလုံးက အတူတူပါပဲ။ Draftman တစ်ယောက်ဟာ အင်င်္ဂျင်နီယာ တစ်ယောက်ရဲ့ ညွန်ကြားမှု လက်အောက်မှာ ရှိနေတာ မှန်ပါသော်လည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ရမှာ အားလုံးရဲ့ တာဝန်ပါ။ Draftmanတစ်ယောက်ရဲ့ တာဝန်တွေကို အကြမ်းအားဖြင့် သုံးသပ်မယ်ဆို၇င် ပထမဦးစွာ လုပ်ငန်းခွင် မစခင်မှာ Consultant က တွက်ချက် ခန့်မှန်းပေးလိုက်တဲ့ ပုံတွေကို မိမိသက်ဆိုင်ရာ အပိုင်းတွေအတွက် Shop Drawing တွေပြင်ဆင်ရပါတယ်။ တစ်ခါတစ်ရံ Consultant Drawing တွေဟာ ယေဘုယျပုံတွေသာ ပါဝင်ပြီး အသေးစိတ် အချက်အလက် တွေ မပါဝင်တာကြောင့် Draftmanတွေက မိမိလုပ်ငန်းခွင်ရဲ့ အသေးစိတ်လိုအပ်ချက်တွေကို ( Side View, Plan View, Level View, Connection Detail စတာတွေကို )တာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းပြီး ပြင်ဆင်ဆွဲသားရပါတယ်။ ဒီလို ဆွဲသားတဲ့ အခါမှာ အင်င်္ဂျင်နီယာအမြင် မရှိဘူးဆိုရင် ဘယ်လိုမှ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ပြင်ဆင်ပြီးပြီဆိုရင် မိမိတို့ ဘယ်လိုဘယ်ပုံ လုပ်ကိုင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ပုံတွေကို Consultant ဆီကို ပြန်လည်တင်ပြရပါတယ်။ ရှိပြီးသား အဆေက်အဦးကို ထပ်မံ တိုးချဲ့ တည်ဆောက်မယ် ဆိုရင်လည်း ရှိပြီးသား အဆောက်အဦးရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာမှတ်သားပြီး ထပ်မံတိုးချဲ့တဲ့ အဆောက်အဦးပုံကို ပြင်ဆင်ရေးဆွဲ ရပါတယ်.။ သူတို့က လက်ခံတယ်ဆိုရင် လုပ်ငန်းစတင်ဖို့ ဆိုက်အင်္ဂျင်နီယာတွေကို ပုံတွေ လွှဲပြောင်းပေးရပါမယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ အဲဒီ့အခါ ပုံတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဆွဲဖို့လိုအပ်ပါတယ်။ပုံကိုသေချာမဆွဲတာ ရှင်းလင်းမှုမရှိတဲ့အခါ အားလုံး အဆင့်ဆင့် နားလည်မှုတွေ လွဲမှားပြီး ပြဿနာတွေ တက်နိုင်ပါတယ်။ လုပ်ငန်းတွေ အားလုံးပြီးခါနီရင်လည်း As Built Drawing ကို ပြင်ဆင်ဖို့ ဆိုက်ထဲကို ကိုယ်တိုင် သွားရောက် စစ်ဆေးရပါတယ်။ လုပ်ငန်းအစကနေ အဆုံးအထိ Draftman တစ်ယောက်ဟာ မိမိတာဝန်ကို ကျေပြွန်ဖို့ လိုအပ်သလို တစ်ခြားသော ၀န်ထမ်းတွေကလည်း မိမိတာဝန်ကိုကျေပြွန်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ရမှာပါ။ ဒီလိုမျိုးတွေ လုပ်နိုင်ဖို့လည်း လုပ်ငန်းအတွေ့အကြုံတွေ လိုအပ်ပါတယ်။ သင်တန်းဆင်းကာစ၊ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခါစ Draftman တစ်ယောက်ဟာ ဒီလိုလုပ်ငန်းတွေကို ချက်ချင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Draftman တစ်ယောက်တာဝန်တွေကို ယူထားပြီးပြီ ဆိုရင်တော့ Draftmanကောင်းတစ်ယောက် ဖြစ်ဖို့ အမြဲတမ်းကြိုးစား နေသင့်ပါတယ်။ လုပ်ငန်းခွင်ထဲက ကျွန်မတို့ ကိုယ်တိုင်လည်း ခုထိကြိုးစားနေရတုန်းပါပဲ။
အင်္ဂျင်နီယာ တစ်ယောက်ဟာ Draftmanမလုပ်သင့်ဘူးလို့ တစ်ချို့က ဆိုကြပါတယ်။ ကျွန်မအနေနဲ့ဆိုရင် အဲလို မမြင်မိပါဘူး။ အင်္ဂျင်နီယာ တစ်ယောက်မှာလဲ တာဝန်ဝတ္တရား ရှိသလို Draftman တစ်ယောက်မှာလည်း ရှိသင့်ရှိအပ်တဲ့ ၀တ္တရား ၇ှိပါတယ်။ အင်္ဂျနီယာဘွဲ့ရ Draftman တစ်ယောက်ဟာ သူသင်ကြားခဲ့တဲ့ အခြေခံ နည်းပညာ အချက်အလက်တွေကို ပြန်လည် အသုံးချနိုင်တာကြောင့် သင်ခဲ့ရတဲ့ ပညာတွေ နှမြောစရာ ကောင်းတယ်လို့ မထင်မြင်မိပါဘူး။ Draftman အလုပ်ဟာ ဆူလွယ်နပ်လွယ် လုပ်စားသင့်တဲ့ ပညာရပ်တစ်ခုလည်း မဟုတ်ပါဘူး။ တစ်ချို့လုပ်ငန်းခွင်တွေမှာDraftman တွေဟာ အော်တိုကဒ် ဆော့ဝဲလ်အပြင် အခြားသော အသုံးချ ဆော့ဝဲလ်တွေပါ ထပ်ပေါင်းပြီး လုပ်ငန်းတွေကို ပိုမိုလျှင်မြန် တိကျအောင် ဆောင်ရွက်နေပါတယ်။ အရည်အချင်း ပြည့်ဝသော Draftmanတစ်ယောက်ရဲ့ လစာဟာ အင်္ဂျင်နီယာ တစ်ယောက်ရဲ့ လစာနဲ့ တန်းတူ အခွင့်အရေး ရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ Draftman တစ်ယောက် အနေနဲ့ မိမိရဲ့ အရည်အသွေးကို ပိုမိုတိုးတက်အောင် အစဉ်ကြိုးစားနေသင့်တယ်လို့ ထင်မြင်မိပါတယ်။

papagyi
10-24-2008, 11:08 AM
KP..ေ၇ သဘောတူပါတယ်။Professtional Draftman တစ်ယောက်၇ဲ. အ၇ည်အချင်း တွေအများကြီးပါ။ ...

kayinlay
10-31-2008, 03:25 PM
ကိုchan25ရေမလိုအပ်ပဲ Quoteမလုပ်ပါနဲ့လားဗျာ။သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေပါ။အောက်ကဖြေကြားမဲ့ကိုpapagyiလဲမျက်စိလည်နေပြီး
ဆိုလိုရင်းကိုမသိဘူးဖြစ်နေတယ်....


လေးစားစွာဖြင့်
ကရင်လေး

KPZ
11-03-2008, 09:02 AM
အကိုဇော်

ခုလိုထပ်မံဖြည့်စွက် ဆွေးနွေးပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။ Draftman တစ်ယောက်ရဲ့ တာဝန်က ပိုပြီးပေါ်လွင်လာသလို ခံစားရတယ်။ ကွန်ပျူတာ ရှေ့မှာပဲ ထိုင်ပြီး ပုံဆွဲနေရတာ ဆိုပေမယ့် စိတ်ကြီးတစ်ခုလုံး နှစ်ထားရတာ လုပ်နေရတဲ့ သူတွေပဲ သိပါတယ်။

papagyi
11-05-2008, 07:51 PM
မျက်လုံးလေးတွေသာစကားပြောတတ်၇င် Draftman တွေ
စိတ်မကောင်းလွန်းလို. နှလုံးရောဂါဖြစ်နိုင်တယ်။ကျွန်တော်လည်း ဘယ်အချိန် မျက်လုံးတွေစကားပြောလာမလဲ..ကြောက်နေ၇တယ်။

phyo
11-25-2008, 01:56 PM
ဟုတ်တယ်ဗျာ..Meeting တစ်ခုမှာ ဟို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်း က စလုံးမှာ အလုပ်လုပ်နေတဲ့ ကျောင်းနေဘက်တစ်ယောက်နဲ့တွေ့တဲ့အခါ ကျနော် Draft man လုပ်နေတယ်ဆိုတော့ လူကြားထဲမှာ မင်းကွာ Engineer တစ်ယောက်ဖြစ်နေပြီး Draftman လုပ်နေရလားဆိုတဲ့ စကားကို ပြောတယ်ဗျာ..သူများတွေက မျက်လုံးလေးနဲ့ ကြည့်ခံရတာပဲ ရှိမယ်ထင်တယ်.. ( ထင်တာပြောတာပါဗျာ... )
ကျနော်က အူကြောင်ကြောင်နဲ့ .. ဟ ဘာဖြစ်လဲကွ.. Engineer က Draftman လုပ်တော့ ပိုပြီးကောင်းတာပေါ့ဗျ..လို့
နောက်တော့ ဘယ်ဟုတ်မလဲ.. အပြောခံရတာ တော်တော်များတာဗျ..
အမှန်တကယ်တော့ဗျာ.. ကျနော်မှာ ဒီအလုပ်ကို လက်ခံသဘောကျပြီး လုပ်ကတည်းက.. သူတို့ပြောသလိုမျိုး တစ်ခါမှ မတွေးခဲ့မိပါဘူး..
Engineer မဟုတ်ဘဲ.. Draftman..Draftwoman တွေကို တွေ့မှသာ.. ဟ တော်တော်ဟုတ်ပါလားဟ..လို့..
ုKPZ ပြောသလို တာဝန်တွေ အများကြီးပါဗျာ.. ကိုယ်လုပ်နေရတဲ့ company အခြေအနေပေါ်မှာ မူတည်ပြီး
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး.. တစ်ချို့က Draftman တွေကို... စာရွက်ပေါ်မှာ ရှိနေတဲ့ပုံတွေ.. အသင့်ရှိပြီးသား
Drawing တွေကို. Copy လုပ်ရုံ.. နှမ်းဖြူးပြီး ဟိုပြင် သည်ပြင် လုပ်ရယုံ ထင်ပြီးပြောတာက ရှိပါသေးတယ်..
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.. အခုလို ရေးထားတာတွေ ဖတ်ရ..လေ့လာရတော့ တကယ်အားရှိပါတယ်..
ဆက်လက်ပြီး.. လုပ်ကြဖို့.. တိုက်တွန်း တောင်းဆိုချင်ပါတယ်..အတွေ့အကြုံတွေ .. ပညာတွေဖြန့်ဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..
သူများတွေရေးထားတာ အားကျပြီး.. ရေးမိတာာ.. အမှားပါရင် ခွင့်လွတ်ပါ..

လေးစားစွာဖြင့်

aye kyawt
12-17-2008, 08:47 AM
သာမာန်အားဖြင့် လူတွေက draft man နဲ့အလုပ်လုပ်နေတယ်ဆိုရင် မျက်လုံးတွေက တစ်မျိုးဖြစ်ဖြစ်သွားတတ်တယ်. တကယ်တော့ သူတို့ကိုယ်တိုင်တောင် Drawing တစ်ခုကိုကြည့်ပြီး ဘယ်လို inspection ၀င်ရမယ်မှန်းမသိတဲ့သူတွေက site Engineer ဆိုပြီးလုပ်နေကြတယ်. တကယ်တမ်း draft man တစ်ယောက်က အရာအားလုံးရဲ့ concept ကို သိထားမှ ပုံတစ်ပုံကို ကောင်းကောင်း ဆွဲနိုင်တယ်ဆိုတာကို သူတို့တွေနားမလည်ဘူး. M&E Design Drawing တွေကို ဆွဲနေရတဲ့ ကျွန်တော့်အနေနဲ့က တော်တော်ကို ခေါင်းကိုက်ပါတယ်ဗျာ.. construction project တစ်ခုမှာ Archi, Structure ပြီးရင် ကျန်တာတွေအားလုံးက M&E တစ်ယောက်ရဲ့ တာဝန်တွေဖြစ်သွားပြီလေဗျာ.. ဒါကြောင့် ဘယ်လို company ရဲ့ draft man ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ တာဝန်တွေကြီးတတ်ပါတယ်လို့ ပြောပါရစေဗျာ..

komyat
02-21-2009, 03:50 PM
မနေနိုင်လို့နည်းနည်းလောက်ရေးပါရစေ။Draftman အလုပ်ကိုEngineer တိုင်းမလုပ်နိုင်ပါဘူး။Drawing ကိုဇောက်ထိုးကြည့်တဲ့Engineer တွေကိုတွေ့ဘူးပါတယ်။Draftman ရဲ့အရေးပါပုံကိုလုပ်ဖူးတဲ့ပညာရှင်တွေပဲနားလည်မှာပါ။နားလည်ပေးလိုက်ပါ။
Thanks

Aung Hsu Myat (ကို​အောင်​)
02-21-2009, 08:23 PM
အေးဗျာ AutoCAD တတ်တိုင်း Drafter လုပ်လို့ရမယ် ထင်ရင်တော့ ကျောက်သင်ပုန်းဂယ်တိုင်း စာတတ်မလို ဖြစ်နေပြီ
စုတ်တံနဲ့ ဆေးရှိတိုင်း ပန်းချီဆရာကောင်း ဖြစ်တာမှမဟုတ်တာ
Engineer Knowledge မရှိဘဲ drafter ကောင်းဖြစ်ဖို့ဆိုတာကတော့ဗျာ (စဉ်းစားလို့မရသေးဘူးဗျာ)
ကျွန်တော် Design Engineer တစ်ယောက်ပါ Drafter တွေရဲ့ တာဝန်နဲ့ ဒုက္ခကို ကောင်းကောင်း နားလည်ပါတယ်
Drafter ကောင်းတစ်ယောက်ဟာ အနည်းဆိုး Engineer knowledge ရှိဖို့လိုပါတယ်
Engineering ရဲ့အသက်ဟာ Drawing ပါ။ တိကျမှန်ကန်တဲ့ Drawing တွေကို Drafter ကောင်းတွေကသာ ဖန်တီးနိုင်ပါတယ်
Engineering Knowledge အပြင် စိတ်ရှည်မှု၊ စနစ်ကျမှုနဲ့ တိကျမှုတို့ပေါင်းစပ်ပြီးမှသာ Drafter ကောင်းဆိုပြီး ဖြစ်လာတာပါ
Drafter တွေ မကောင်းလို့တော့ဗျာ ကျွန်တော်တို့လို Design Engineer တွေလည်း သေ သေ သေ........

Pho Nanda
09-30-2009, 04:44 PM
KPZ ရေ http://myanmaritpros.com/forum/topics/auto-cad-3ds-max
မှာ Draftman တစ်ယောက်ရဲ့ တာဝန်တွေကို ဝေေ၀၀ါးဝါးဖြစ်နေသူတွေ တွေ့ရပါတယ်
KPZ ရဲ့ post ကိုကူးယူဖော်ပြခွင့်ပြုနိုင်မလားဗျာ။ ဒါမှမဟုတ် ဒီ discussion ရှိတဲ့ link
ကို ဘဲညွှန်းလိုက်ရမလားဆိုတာ သိပါရစေ။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို
တိကျသေချာစွာနားမလည်သေးသူကို ကူညီချင်ရုံသက်သက်ပါ။ KPZ ရဲ့ post က
Draftman တစ်ယောက်ရဲ့တာဝန်တွေကို ခြုံငုံနားလည်စေနိုင်လို့ပါ။

zinmaung
11-01-2009, 09:29 PM
Draftman တစ်ယောက်ရဲ့ တာဝန် ထဲမှာ DRAWING SENSE အပြင် အနုပညာ ခံစားမှုကော အရေးပါမှု ရှိလား ခင်ဗျာ။


လေးစားလျက်

လိပ်ကြီး
11-01-2009, 09:49 PM
အကို ရေ ဒီအောက်က link မှာ သွားကြည့်ပါ
http://www.chasthornhill.com/

အောက်က ပုံတွေရဲ့ Direct Link ပါ။

http://www.chasthornhill.com/

ဒါကတော့် ပုံ အဆင့်အဆင့်ပါ။

http://www.chasthornhill.com/IMAGES/ART/TheKing600.png

http://www.chasthornhill.com/IMAGES/ART/TheKingDetail1SM.png

http://www.chasthornhill.com/IMAGES/ART/TheKingDetail2SM.png

နောက်တခု

http://www.chasthornhill.com/IMAGES/ART/TheLadySM.png

http://www.chasthornhill.com/IMAGES/ART/TheLadyDetail1SM.png

http://www.chasthornhill.com/IMAGES/ART/TheLadyDetail2SM.png

လေးစားခင်မင်လျှက်
လိပ်ကြီး

KPZ
11-02-2009, 06:54 AM
ကို Pho Nanda ရေ

ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဝေမျှနိုင်ပါတယ်နော်

ခင်မင်လေးစားလျှက်
ကေပီဇက်

Pho Nanda
11-02-2009, 01:35 PM
ကျေးဇူးပါ မKPZ ရေ...
မူရင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရမချင်း ဘယ်နေရာမှာမှ ကူးယူဖော်ပြခြင်းမရှိသေးပါဘူး။
အခုလိုခွင့်ပြုတာ ကျေးဇူးပါဗျာ။

kopholone
11-14-2009, 08:15 PM
ကျွန်တော် အင်ဂျင်နီယာတစ်ယောက် မဟုတ်ပါဘူး... အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီးလည်း လက်မှတ် အတွေ့အကြုံဘာမှ မရှိပါဘူး... အရင်က ဂရပ်ဖစ်ဒီဇိုင်းလုပ်ပါတယ်... အခုလောလောဆယ်တော့ Asst Draftsman လုပ်နေပါတယ်... သုံးနှစ်ကျော်ပါပြီ... မလေးမှာပါ... ကျွန်တော်ပြောချင်တာက အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတော့ ကိုယ့်ကိုကိုယ် တစ်ချို့အပိုင်းတွေမှာ တော်တော်အားမရပါဘူုး... လိုအပ်ချက်တွေ တော်တော်များများရှိပါတယ်... တော်တော်များများကို လေ့လာရပါအုံးမယ်... တစ်ခါတစ်လေကျတော့ စဉ်းစားမိတယ် လိုင်းပြောင်းရင်ကောင်းမလားလို့... အကြံညဏ်လေးဘာလေး ပေးကြပါအုံး သူငယ်ချင်းတို့... ကျေးဇူးတင်ပါတယ်...

လိပ်ကြီး
11-14-2009, 10:51 PM
ကျွန်တော် အင်ဂျင်နီယာတစ်ယောက် မဟုတ်ပါဘူး... အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီးလည်း လက်မှတ် အတွေ့အကြုံဘာမှ မရှိပါဘူး... အရင်က ဂရပ်ဖစ်ဒီဇိုင်းလုပ်ပါတယ်... အခုလောလောဆယ်တော့ Asst Draftsman လုပ်နေပါတယ်... သုံးနှစ်ကျော်ပါပြီ... မလေးမှာပါ... ကျွန်တော်ပြောချင်တာက အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတော့ ကိုယ့်ကိုကိုယ် တစ်ချို့အပိုင်းတွေမှာ တော်တော်အားမရပါဘူုး... လိုအပ်ချက်တွေ တော်တော်များများရှိပါတယ်... တော်တော်များများကို လေ့လာရပါအုံးမယ်... တစ်ခါတစ်လေကျတော့ စဉ်းစားမိတယ် လိုင်းပြောင်းရင်ကောင်းမလားလို့... အကြံညဏ်လေးဘာလေး ပေးကြပါအုံး သူငယ်ချင်းတို့... ကျေးဇူးတင်ပါတယ်...


အကိုရေ လိုင်းမပြောင်းလိုက် ပါနဲ့ ဗျာ အကိုခု လုပ်နေတဲ့ Autocad ကိုပဲ နှိုက်၂ချွတ်၂ လေ့လာပြီး ဆက်လက်အောင်ပွဲ ခံသွားစေချင်တယ်ဗျာ
Autocad က Engineering Seance တော့ လိုပါတယ် ဒါ ပေမယ့် အကို ကျွန်တော်ကို ဒီ Draftman လောကကို ရောက်အောင် လုပ်ပေးခဲ့တဲ့ နော့် ဆရာ က B.A(History) ပါ။
သူခု Engineer Position နဲ့ Team တခုကို Lead လုပ်နေပါတယ်။
အကို ရဲ့ စိတ်ဝင်စားမှု နဲ့ ကြိုးစားသင်ယူချင်စိတ်ကတာ အရေးကြီးပါတယ်။

Pho Nanda
11-25-2009, 11:22 AM
ကိုkopholone ရေ ကျွန်တော်လဲ engineer မဟုတ်ပါဘူး ဒါပေမယ့် AutoCAD Section တစ်ခုကို ဦးဆောင်ပြီး အလုပ်တွေကို engineer တွေနဲ့ တွဲပြီး လုပ်နေပါတယ်။
အခက်အခဲတော့ရှိပါတယ် အောင်မြင်သွားရင် အဲဒီအခက်အခဲဆိုတာ ပြန်စဉ်းစားကြည့်ရင် အရမ်းကြည်နူးဘို့ကောင်းတာကိုတွေ့ရပါတယ်။ စိတ်မ၀င်စားရင်တော့ ဘယ်အလုပ်မဆို မအောင်မြင်နိုင်ပါဘူး ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပေါ့ဗျာ။

kopholone
11-28-2009, 12:00 AM
အကိုရေ လိုင်းမပြောင်းလိုက် ပါနဲ့ ဗျာ အကိုခု လုပ်နေတဲ့ Autocad ကိုပဲ နှိုက်၂ချွတ်၂ လေ့လာပြီး ဆက်လက်အောင်ပွဲ ခံသွားစေချင်တယ်ဗျာ
Autocad က Engineering Seance တော့ လိုပါတယ် ဒါ ပေမယ့် အကို ကျွန်တော်ကို ဒီ Draftman လောကကို ရောက်အောင် လုပ်ပေးခဲ့တဲ့ နော့် ဆရာ က B.A(History) ပါ။
သူခု Engineer Position နဲ့ Team တခုကို Lead လုပ်နေပါတယ်။
အကို ရဲ့ စိတ်ဝင်စားမှု နဲ့ ကြိုးစားသင်ယူချင်စိတ်ကတာ အရေးကြီးပါတယ်။

ကျေးဇူးတင်ပါတယ် အကိုရေ အခုလိုအားပေးတဲ့အတွက် ကျွန်တော်လည်း ဒီလိုင်းကို စိတ်ဝင်စားပါတယ်... မသိတာတွေကတော့ အများကြီးပါ... ဆက်လက်လေ့လာစရာတွေကတော့ ဘယ်တော့မှ ကုန်နိုင်မှာ မဟုတ်ပါဘူးဗျာ...

ကိုkopholone ရေ ကျွန်တော်လဲ engineer မဟုတ်ပါဘူး ဒါပေမယ့် AutoCAD Section တစ်ခုကို ဦးဆောင်ပြီး အလုပ်တွေကို engineer တွေနဲ့ တွဲပြီး လုပ်နေပါတယ်။
အခက်အခဲတော့ရှိပါတယ် အောင်မြင်သွားရင် အဲဒီအခက်အခဲဆိုတာ ပြန်စဉ်းစားကြည့်ရင် အရမ်းကြည်နူးဘို့ကောင်းတာကိုတွေ့ရပါတယ်။ စိတ်မ၀င်စားရင်တော့ ဘယ်အလုပ်မဆို မအောင်မြင်နိုင်ပါဘူး ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပေါ့ဗျာ။

ဟုတ်ကဲ့ ကိုဖိုးနန္ဒရေ ကျေးဇူးပါဗျာ အခုလို ဆွေးနွေးအားပေးတာ တွေ့ရတော့ ကျွန်တော်အားတက်မိပါတယ်ဗျာ... ကျွန်တော်ဆက်လက်ကြိုးစားမှာပါဗျာ...

Hulk
01-12-2010, 11:39 AM
shop drawing ဆိုတာ ဘာပါလဲ။ပြီးတော့ နမူနာပုံစံလေးတွေလဲ ကြည့်ချင်ပါတယ်။

zinmaung
01-12-2010, 12:03 PM
shop drawing ဆိုတာ ဘာပါလဲ။ပြီးတော့ နမူနာပုံစံလေးတွေလဲ ကြည့်ချင်ပါတယ်။


WORK SHOP DRAWING လားမသိဘူး။ M; :4:

DETAIL INFORMATION လေး ပေးပါဦးဗျာ။

phyo
01-12-2010, 12:54 PM
shop drawing ဆိုတာ ဘာပါလဲ။ပြီးတော့ နမူနာပုံစံလေးတွေလဲ ကြည့်ချင်ပါတယ်။


ဒီနေရာလေး (http://www.myanmarengineer.org/forum/index.php/topic,100.30.html)ကို အရင်သွားဖတ်ကြည့်ပါခင်ဗျာ.. အဲဒီမှာ Shop Drawing ဆိုတဲ့အကြောင်း( ပိုစ့် နံပါတ် #31 ) နဲ့  အားလုံးရဲ့ လုပ်ငန်းပိုင်းဆိုင်အရာအတွေ့ အကြုံအချက်အလက်တွေကိုပါ.
ရှင်းလင်းပြထားတာကို ဖတ်ရပါလိမ့်မယ်.. နမူနာပုံစံကို ကြည့်ချင်ရင်တော့ ( ပိုစ့် နံပါတ် #40 မှာ printing အလွယ်လုပ်တဲ့ ဖိုင်လေး တင်ထားပေးပါတယ် ဒေါင်းလုဒ်ချပြီး ကြည့်လို့ ရပါတယ်.. shop drawing ကို printing လုပ်ထားတဲ့ အကြောင်းလေး ပါ ) အဲဒီ တော့ပစ်တွေကို ကြည့်ပြီး .. ကိုယ်သေချာသိလိုတဲ့ အပိုင်းကို ပြန်မေးနိုင်ပါတယ်ခင်ဗျာ..
ပထမဆုံး အဲဒီနေရာလေးကို အရင်သွားဖတ်ကြည့်ပါဦးနော်

လေးစားစွာဖြင့်

zinmaung
01-12-2010, 01:25 PM
ကိုဖြိုးရေ

ကျွန်တော်က AVIATION FIELD ကဆိုတော့ ကိုယ်သိတာကို အဓိက တည်ပြီး မေးချင်ပါတယ်။
DESIGN DRAWING ရဖို. အတွက် -

( ၁ ) PRELIMINARY DESIGN
( ၂ ) CONCEPTUAL DESIGN
( ၃ ) DETAIL DESIGN

အဆင့် ( ၃ ) ထားပါတယ်။

DETAIL DRAWING ကတော့ DETAIL DESIGN ရဲ့ FINAL RESULT ပါ။

အဲဒီ SHOP DRAWING နဲ. DETAIL DRAWING ဘယ်လို ကွာ ခြားနိုင်လဲ ရှင်းပေး ပါဦးဗျာ........

ပုံစံချင်းတော့ ခပ်ဆင်ဆင်ပါ
ကျေးဇူးပါ

phyo
01-12-2010, 01:54 PM
ကိုဖြိုးရေ

ကျွန်တော်က AVIATION FIELD ကဆိုတော့ ကိုယ်သိတာကို အဓိက တည်ပြီး မေးချင်ပါတယ်။
DESIGN DRAWING ရဖို. အတွက် -

( ၁ ) PRELIMINARY DESIGN
( ၂ ) CONCEPTUAL DESIGN
( ၃ ) DETAIL DESIGN

အဆင့် ( ၃ ) ထားပါတယ်။

DETAIL DRAWING ကတော့ DETAIL DESIGN ရဲ့ FINAL RESULT ပါ။

အဲဒီ SHOP DRAWING နဲ. DETAIL DRAWING ဘယ်လို ကွာ ခြားနိုင်လဲ ရှင်းပေး ပါဦးဗျာ........

ပုံစံချင်းတော့ ခပ်ဆင်ဆင်ပါ
ကျေးဇူးပါ



ဒီ Aviation Field ကိုတော့ ကျနော် မသိပါဘူး.. :4:
ကိုဇင်မောင်ထွန်းမေးတာကို နားလည်သလို ဖြေရရင်..
လုပ်ငန်းတစ်ခုအနေနဲ့ သာ Shop Drawing ဆိုပြီး ခွဲခြားပြောပေမယ့်... ဒီ Shop Drawing ဟာ သက်ဆိုင်ရာလုပ်ငန်းအတွက် Detail အလွန်ကျတဲ့ Drawing တွေပါ...
အများအားဖြင့် လုပ်ငန်းစတင်ဖို့  အဆင်သင့်ဖြစ်ပြီးသား Project တစ်ခုမှာ လိုအပ်တဲ့ Drawing အမျိုးအစားတွေအများကြီးကို သက်ဆိုင်ရာ Field အလိုက် ( M & E, Archi, Civil , Landscape & Interior Design,Structure.. အစရှိသဖြင့် ) Design လုပ်ထားပြီးသား Drawing တွေရှိပါတယ်..အဲဒီအထဲကမှ သက်ဆိုင်ရာ လုပ်ငန်းအလိုက် Special List Company တွေ Sub Con တွေက ပိုပြီး တိကျ အသေးစိပ်တဲ့ လုပ်ငန်းလည်ပတ်ဖို့  အဆင်ပြေတဲ့ ( အဆင်ပြေတယ်ဆိုတဲ့ နေရာမှာ ပစ္စည်း ၊ ငွေကြေး ၊ အချိန် အားလုံးပါဝင်ပါတယ် ) ပုံတွေကို ဖြတ်တောက် တည်းဖြတ် ညိနှိုင်းပြီး ပထမအဆင့် အနေနဲ့ Archi တွေဆီကို ( အကြိမ်ကြိမ် )approve ဖြစ်တဲ့အထိ လျှောက်ထားရတာပါ...အဲဒီ Shop Drawing တွေကိုပဲ Approved ဖြစ်တဲ့အခါ PE calculation တွေ Material Test Result တွေနဲ့  အတူ BCA က Approved ဖြစ်အောင် ထပ်တင်ရတာမို့  လုပ်ငန်းတစ်ခုချင်းစီအတွက် ကိုဇင်မောင်ထွန်း ပြောသလို Final Result ဖြစ်ပါတယ်..ဒီတော့ အတူတူပဲလို့  ပြောရင် ရမလားမသိဘူး..
ပြီးတော့မှ အဲဒီ Drawing တွေကို As Built Drawing တစ်ခုအနေနဲ့  ပြန်ပေါင်းပြီး သက်ဆိုင်ရာ Main Com ..Archi ရဲ့  Designer တွေ Draft person တွေက စနစ်တကျ သူ့ နေရာသူ စိစစ်ပြီး အချောသပ်ပုံတွေ Layout တွေ ပြန်လုပ်ပေမယ့်... Detail တွေအားလုံးကိုတော့ Shop Drawing မှာ Approved ဖြစ်ပြီးသား သက်ဆိုင်ရာ PE နဲ့  BCA Approved ဖြစ်ပြီးသား Drawing အတိုင်း ပါပဲ..
နားလည်မှု လွှဲနေရင်လည်း ထပ်မေးပါဗျာ..အဲ ကျနော်မှားနေရင်လည်း ပြောကြပါဗျာ..

KPZ
01-13-2010, 08:28 AM
ကိုဇင်မောင်ထွန်းရေ ...

Shop Drawing ဆိုတာ workshop drawing လားလို့ဆိုလာရင်လည်း တစ်နည်းအားဖြင့် ဟုတ်တယ်လို့ ဆိုနိုင်ပါတယ်။
တစ်ကယ်အလုပ်လုပ်မယ့် လုပ်ငန်းခွင်က လုပ်ကိုင်ဖို့ အဆင်ပြေလွယ်ကူ မှန်ကန်မယ့်နည်းလမ်းတစ်ခုကို တင်ပြတဲ့ Drawing လို့ ဆိုနိုင်ပါတယ်။
ကျမတို့ စတင်ဆွေးနွေးထားတဲ့ ဒီတော့ပစ်ဟာ Construction Drafting ကိုအခြေခံထားတဲ့ Topic ပါ။
ဒါ့ကြောင့် ကိုဇင်မောင်ထွန်းပြောတဲ့ AVIATION FIELD ဆိုတာကို ကျမသေချာနားမလည်တာ ၀န်ခံပါတယ်။

ကျမတို့ Construction Field မှာ Drawing တွေကို သူ့အမျိုးအစားအလိုက် ခေါ်ဝေါ်သုံးစွဲပါတယ်။
Tender Drawing ( လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ဖို့ တွဲဖက်လုပ်ကိုင်လိုတဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရန် အကြမ်းဖျင်း drawing )
Construction Drawing ( လုပ်ငန်းစတင်ရန် Consultant မှ လုပ်ကိုင်မည့်သူများကို ချပေးလိုက်သည့် Drawing )
Shop Drawing ( Construction Drawing များကို အခြေခံ၍ Sub-Con များမှ မိမိတို့ လုပ်ကိုင်မယ့် အလုပ်၏ အသေးစိတ် အားလုံးကို ဖော်ပြထားသော Drawing )
Fabrication Drawing ( မိမိတို့ တပ်ဆင် လုပ်ကိုင်မယ့် ပစ္စည်းတွေရဲ့ အသေးစိတ် တစ်ခုချင်းစီရဲ့ အတိုင်းအတာ, တစ်နည်းအားဖြင့် အလုပ် လုပ်ကိုင်မယ့် သူတွေကို information ပေးသော drawing )
ဒါတွေက ကျမတို့ ရင်းနှီး နားလည်နေတဲ့ အခေါ်အဝေါ်တွေပါ။
အကိုပြောတဲ့ PRELIMINARY DESIGN , CONCEPTUAL DESIGN , DETAIL DESIGN ဆိုတဲ့ အကြောင်းတွေကိုလည်း သိချင်မိပါတယ်။

ခင်မင်လေးစားလျှက်
ကေပီဇက်

zinmaung
01-13-2010, 12:13 PM
PHASE OF AIRCRAFT DESIGN
CONCEPTUAL DESIGN

ဒီ...DESIGN ကတော့ FLUID PROCESS လို.လဲ ဆိုနိုင်ပါတယ်။ အသေးစိတ်လိုက်လေ အကြံဥာဏ်သစ်တွေ နဲ. ပြသနာအသစ်တွေ အားကြီးတွေ.ကြုံ ရပါတယ်။ LATEST DESIGN ရခဲ့ရင်တောင် NEW GROSS WEIGHT ၊ FUEL WEIGHT ၊ WING SIZING ၊ ENGINE SIZING နှင့် အခြားလိုအပ်ချက်တွေ က နောက်ပြန်ဆွဲစေပါတယ်ဗျာ။ ပုံစံ ပြောင်းလဲမှု ပေါ် မူတည်ပြီး INITIAL WIND TUNNEL TEST လည်း လိုပါသေးတယ်။

PRELIMINARY DESIGN

အထက်ဖေါ်ပြပါ CONFIGURATION တွေ FINAL SIZING လုပ်ပြီး တဲ့အခါ ယခု အဆင့် ကိုလုပ်ဆောင်ပါတယ်။ အဓိက ကတော့ TO FREEZE THE CONFIGURATION အတွက် DECISION ချမှတ်ဖို.ပါပဲ။
STRUCTURE ၊ LANDING GEAR & CONTROL SYSTEMS တွေရဲ့ ဒီဇိုင်း နဲ. တည်နေရာ တွေကို ANALYZE လုပ်ပါတယ်။ AERODYNAMIC ၊
PROPULSION ၊ STRUCTURE ၊ STABILITY & CONTROL တို. အတွက် လိုတဲ့ အပိုင်းလိုက် INITIAL TESTING လုပ်ရပါတယ်။
နောက်ပြီး LOFTING လို.ခေါ်တဲ့ MATHEMATICAL MODELING တွက်ရပါတယ်။ အဲဒါ တော်တော် ခက်တယ် ။ DESIGNER REQUIREMENT အလိုက် တွက်ပေးရတယ်။
DETAIL DESIGN အဖွဲ. အတွက် အဆင်သင့်ဖြစ်အောင် FULL SCALE DEVELOPMENT လုပ်ပေးရပါတယ်။လေယာဉ် တစ်စီးရဲ့ လိုအပ်တဲ့ အချိန် နှင့် ငွေပမာဏ ကိုပါ သေချာအောင် ပြုလုပ် ပေးရပါတယ်။

DETAIL DESIGN

PRELIMINARY & CONCEPTUAL DESIGN တို.မှာ WING BOX ပဲ တွက်ပေးထားပါတယ်။ အသေးစိတ်လို အပ်ချက်တွေ အကုန် ဖြည့်စွက်ရပါတယ်။ WING ရဲ့ INTERNAL STRUCTURES ဖြစ်တဲ့ RIB ၊ SPAR & SKIN DETAIL SIZING လုပ်ပးရပါတယ်။ လေယာဉ် တစ်စီး လုံး အတွက်ပေါ့ဗျာ။ AIRFRAME တစ်ခုလုံး ရဲ့ လိုအပ်ချက် အားလုံး ပါ ပါတယ်။ ဒါကြောင့် လဲ ဒီအဆင့်ကို PRODUCTION DESIGN လို.ခေါ်သေးတယ်။


အထက်ဖေါ် ပြပါ ဆွေးနွေး ချက်တွေ ထဲမှာ AVIONICS EQUIPMENTS ဘယ်လိုသုံး မယ် ဘာ..ညာ မပါသေးဘူး။

သိတယ်တော့ ဟုတ်ပါဘူး ။ အပြုသဘော ဆွေးနွေးတာပါ။

kk2koko
01-22-2010, 11:47 PM
CAD Manager ရဲ့ တာဝန်လေးတွေရော သိသားခင်ဗျာ၊ ကျွန်တော်က စိတ်ဝင်စားလို့ပါ။ ကျေးဇူးတင်ပါတယ်

zero248
02-24-2010, 09:11 PM
CAD Manager ရဲ့ တာဝန်လေးတွေရော သိသားခင်ဗျာ၊ ကျွန်တော်က စိတ်ဝင်စားလို့ပါ။ ကျေးဇူးတင်ပါတယ်

သူများဆီကရှာထားတာ။ English လိုပဲရခဲ့တယ်။ ကျွန်တော်လည်း နည်းနည်းချင်း နာလည်ကြည့်နေတာ။
CAD Manager Position and Duties
CADDManager on April 28th, 2005
Here is a brief overview of a CAD Manager position and the duties involved:
1. Provide production CAD support
2. Develop, implement and enforce CAD Standards
3. Organize the CAD environment
4. Supply technical support for all CAD software
5. Provide support for plotting and electronic file submissions
6. Interact on project standards coordination with clients
7. Insure CAD vendor management
8. Provide training and supervision of in-house CAD users
9. Generate written technology evaluations for future software adoption
10. Provide a budget for all CAD technology items
11. Maintain CAD document archive and retrieval for projects
12. Provide leadership and vision to the firm in the area of CAD
13. Train in-house support staff
14. Develop training budget and overall scope
15. Customization of CAD Programs
16. Maintain CAD Software inventory
17. Strategic Planning
အောက်က Site ကကူးထားတာ။
http://www.caddmanager.com/CMB/2005/04/cad-manager-position-and-duties/

zero248
:? :? :?