+ Reply to Thread
Results 1 to 10 of 10
Thread: Engine Components
  1. #1
    Senior Member yeminhlaing
    Join Date
    Aug 2008
    Age
    37
    Posts
    43
    Thanks
    0
    Thanked 91 Times in 18 Posts
    Rep Power
    0
    Engine Components
    Diesel Engine Components
    Stationary Parts
    ဒီဇယ်အင်ဂျင် များတွင် အခြေခံကျပြီး တည်ငြိမ်စွာ တည်ရှိသော အစိတ်အပိုင်း (၃) ပိုင်းရှိသည်။ ၄င်းတို့မှာ Cylinder Block,Crank Case နှင့် Cylinder Head တို့ဖြစ်သည်။
    1.Cylinder Block
    Cylinder Block တွင် Piston များအထက်အောက် တက်ဆင်းသည့် ချော့မွေ့သော အဝိုင်းပေါက် Cylinder များပါရှိသည်။ထို့အပြင် Block များတွင် Valve များ ပွင့်နှိင်ရန် အပေါက် များပါရှိသည်။ အရည်အအေးပေးစနစ်သုံး Block တွင် Water Jackets ပါရှိသည်။ Block ၏ အပေါ်ဘက် မျက်နှာပြင် ကိုချောမွေ့ညီညာအောင် စက်ဖြင့် သ ထားသည်။Cylinder Block ကို Gray Cast Iron နှင့် ပြုလုပ်ပြီး တချို့တွင် ပေါ့ပါးစေရန် Aluminium ဖြင့်ပြုလုပ်ရ်ျ liner များကို Steel မျုားဖြင့်ပြုလုပ်ထားသည်။ Cylinder Block သည် Engine ၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး ကျန် အစိတ်အပိုင်း များ တပ်ဆင်ခြင်း ဖြင့် ပြည့်စုံသော Engine တစ်လုံးဖြစ်ပေါ်စေသည်။
    Head Gasket – Cylinder Block ပေါ်တွင် Cylinder Head တပ်ဆင်လိုက်သော် မီးလောင်ခန်း (Combustion Chamber) ဖြစ်ပေါ်သည်။၎င်း နှစ်ခုကြားနေရာသည် အပူချိန် နှင့် ဖိအား ဖြစ်ပေါ်သဖြင့် လုံခြုံရန် လိုအပ်သည်။ ထိုကြောင့် ထိုကြားနေရာ တွင် Sealing Gasket (Head Gasket) ကို ထည့်သွင်းအသုံးပြုရသည်။ ၄င်း သည် Cylinder Head မျက်နှာပြင် နှင့်တစ်ပုံစံ တည်း ဖြစ်သည်။ Gasket ကို (1) Cork Sheet (2) Copper Sheet (3) Rubber Sheet (4) Aluminium Sheet ပြုလုပ်နိုင် သည်။
    Cylinder Block များတွင် ဖြုတ်တပ် နှိင်သော Liner ကိုတပ်ဆင် ထားသည်။
    မီးလောင်ခန်း နံရံများအဖြစ် Liners များကို အသုံးပြုကြသည်။ထိုကြောင့် Liner များသည် အပူဒဏ် အများဆုံးခံရသည်။အပူဒဏ် သက်သာစေရန် အပြင်ဘက် မျက်နှာပြင်တဝိုက်ရှိ စီးဆင်းနေသော အအေးလိုင်းမှ တဆင့် liner များကို အေးစေပါသည်။Liner များတွင် လဲ Wet Liner နှင့် Dry Liner ဟူရ်ျ ရှိသည်။
    2.Crank Case
    Crank Case အောက်ပိုင်းတွင် Oil Pan ကို Screw တို့ဖြင့်တင်းကျပ်ထားသည်။ ၄င်းသည် ချောဆီများ သိုလောင်ရာဖြစ်ပြီး အင်ဂျင်အပေါ်ပိုင်းမှ ပြန်ကျလာသော ဆီများသည် ၄င်းအထဲသို့ ပြန်လည်စီးဝင်သည်။
    3.Cylinder Head
    Cylinder Head သည် သီးခြားပုံသွန်းလောင်းပြီး Block အပေါ်တွင် bolt & nut
    များဖြင့်ဖမ်းထားသည်။ ၄င်းတွင် မီးလောင်ခန်း (Combustion Chamber)များ
    ပါရှိသည်။Valve အထိုင်နေရာများနှင့် လေဝင်ပေါက်များပါဝင်သည်။၎င်းကို Cast
    Gray Iron (or) Aluminium တို့နှင့် ပုံသွန်းရ်ျ အသုံးပြုလေ့ရှိသည်။
    Moving Parts
    ဒီဇယ်အင်ဂျင် များတွင် အဓိကလှုပ်ရှားနေသော အစိတ်အပိုင်း များမှာ
    (1)Piston
    (2)Connecting Rod
    (3)Crank Shaft
    (4)Fly Wheel
    (5)Valve and Valve Mechanism
    (6)Camshaft
    (7)Bearing &
    (8)Gear Train Assembly တို့ဖြစ်ကြသည်။
    (1)Piston
    Cylinder ၏အချင်း ထက် အနည်းငယ် ငယ်သော Piston သည် Cylinderအတွင်း အထက်အောက် လှုပ်ရှားသည်။ Piston ၏ လုပ်ဆောင်ချက် မှာ မီးလောင်ခန်း အတွင်းမှဖြစ်ပေါ်သော ဓာတ်ငွေ့ကျယ်ပြန့်မှုကို Connecting Rod မှ တစ်ဆင့် Crank Shaft သို့ပို့ပေးပြီး အင်ဂျင်ကို လည်ပတ်မှု ဖြစ်ပေါ်စေသည်။ Piston သည် Connecting Rod ၏ small end တွင် Piston Pin (Wrist Pin) လျှိုရ်ျ ဆက်သွယ် ထားသည်။ Piston တွင် Piston Ring များ တပ်ဆင် ခြင်းဖြင့် Piston နှင့် Cylinder ကြား ဓာတ်ငွေ့များ ယိုစီးမှု့ကို ကာကွယ်ထားသည်။
    မီးလောင်မှု့ဖြစ်ပွှားသော Piston အထက်ပိုင်းကို Crown ဟုခေါ်သည်။ Compression Ring & Oil Ring တပ်ဆင်ရန် Ring Grooves များပါရှိသည်။ Rings များအကြားရှိ area ကို Ring Land ဟုခေါ်သည်။ Pin Bore သည် Piston နှင့် Connecting Rod ကို ဆက်သွယ်ပေးသော Piston Pin တပ်ရန်အပေါက် ဖြစ်သည်။ Retaining Ring သည် Pin Bore ထဲရှိ Piston Pin ကို ထိန်းပေးထားသည်။ Piston ၏ အောက်ပိုင်းကို Skirt ပိုင်းဟုခေါ်သည်။
    Piston Head ကို မီးလောင် ခန်းများပုံစံကိုလိုက်ရ်ျ အပြား၊ အခွက် နှင့် အခုံးတို့ကို ပုံအမျိုးမျိုး တည်ဆောက်ကြသည်။ Piston နှင့် Cylinder ကြားတွင်ရှိသော ကြားလွတ် တန်ဖိုးကို Piston Clearance ဟုခေါ်သည်။ Piston များကို Aluminium Alloy, Cast Steel,Cast Iron နှင့် Chrome Nickel များနှင့် ပြုလုပ်လေ့ရှိသည်။
    အင်ဂျင်လည်ပတ်သောအခါ Piston Ring များသည် မီးလောင်ခန်းအတွင်း ချောဆီ မရောက်ရှိစေရန် တားဆီးသည်။ Piston ထိပ်ဖျားရှိ Ring သည် Piston တွင်ဖြစ်ပေါ် လာသော အပူများကို သယ်ဆောင်ပြီး Cylinder နံရံသို့ ဆက်လက်ရောက်ရှိ စေသည်။ Piston Ring များမှာ Compression Ring နှင့် Oil Control Ring တို့ဖြစ်သည်။ Compression Ring သည် Compression Stroke တွင် Compression Pressure လေမယိုအောင် လုံခြုံစေပြီး Oil Control Ring သည် Cylinder နံရံတစ်လျှောက် တွင်ပိုလျှံနေသော ချောဆီများကိုခြစ်ချပြီး Piston ၏ အပေါက်များမှ တဆင့် ဆီခံခွက်ထဲသို့ ပြန်လည်ကျဆင်းစေသည်။
    ဆက်လက်ရေးသားပါမည်။
  2. #2
    Senior Member yeminhlaing
    Join Date
    Aug 2008
    Age
    37
    Posts
    43
    Thanks
    0
    Thanked 91 Times in 18 Posts
    Rep Power
    0
    ပြန်စာ -> Engine Components
    2. Connecting Rod
    Connecting Rod သည် Piston နှင့် Crank Shaft ကို ဆက်သွယ်ပေးထားသော Linkage ဖြစ်သည်။ Connecting Rod ၏ small end တွင် piston တပ်ဆင်ရန် အပေါက် ပါရှိသည်။ ၄င်းကို Rod Eye ဟုခေါ်သည်။ Rod Eye အတွင်းတွင် Piston Pin Bushing ပါ ဝင်သည်။Shank သည် small end နှင့် big end ကြားရှိ I – Beam shape ပုံသဏ္ဌန် ဖြစ်သည်။ Connecting rod ၏ big end တွင် Crank Pin ၌ တပ်ဆင်ရာတွင် လွယ်ကူစေ ရန် နှစ်ခြမ်း ပြုလုပ်ထားသည်။Bearing အပေါ်ပိုင်းကို Saddle ဟုခေါ်ရ်ျ အောက်ခြမ်း ကို Cap ဟုခေါ်သည်။ ၄င်း နှစ်ခြမ်း ကို bolt & Nut များ ဖြင့် ဖမ်းထားသည်။ Crank Pin မှ Piston Pin သို့ချောဆီတွန်းပွန်းနိုင်ရန် Connecting Rod တစ်လျှောက် ကိုဆီသွားလမ်းကြောင်း ဖောက်လုပ်ထားသည်။တချို့အင်ဂျင်များတွင် Cap အားတပ်ဆင်ရာတွင် လွယ်ကူစေရန် big end ကို ဒီဂရီ အနည်းငယ်စောင်းပြီး ဖြတ်ထားသည်။Connecting Rod သည် Piston ၏အား ကိုတဆင့် ခံရသဖြင့် ခိုင်ခန့်ရန် လိုအပ်သောကြောင့် များသောအားဖြင့် Alloyed Steel ဖြင့် ပြုလုပ်လေ့ရှိသည်။
    3.Crank Shaft
    Crank Shaft သည် Cylinder အတွင်းဖြစ်ပေါ်သော မီးလောင်ကျွမ်း မူ့မှရရှိသော အားကို rotating torque အဖြစ်ပြောင်းလဲ ပေးသည်။မီးလောင်ပေါက်ကွဲမူ့အားသည် piston ပေါ် သက်ရောက်ပြီး ၄င်း pistonသည် Cylinder အတွင်း အတက်အဆင်း ဖြစ်ပေါ်စေကာ Connecting Rod မှတဆင့် Crank Shaft ကို လည်ပတ်စေသည်။ Crank Shaft တွင် ပါဝင် သော အစိတ်အပိုင်းများမှာ Rod Bearing Journals , Counterweights , Main Bearing Journals နှင့် Web တို့ဖြစ်သည်။Bearing Journal အထိုင်များကို သထားသည်။
    Rod Bearing Journals ကို ကြည့်ခြင်းဖြင့် Piston ၏ နေရာကို သိနှိင်သည်။ Journal များအပေါ် ရောက်နေပါက Piston သည် Top Dead Center (TDC) သို့ရောက်နေပေမည်။ ထို့အတူ Journal များအပေါ် အောက်နေပါက Piston သည် Bottom Dead Center (BDC) သို့ရောက်နေပေမည်။ Counter Weight များသည် Crank Shaft တည်ငြိမ်မူ့ ရရှိအောင် ပြုလုပ်ပေးသည်။ Counter Weight များမှာ အရှင်ဖြစ်ပြီး ဖြုတ်၍ တပ်၍ရအောင် လုပ်ထားသည်။Crank Shaft ရှိ Bearing Journal များကို ချောဆီလိုင်းများဖောက် ထားပြီး Oil Pump မှတစ်ဆင့် ချောဆီ များပေးပို့သည်။
    Crank Shaft ၏နောက်ပိုင်းတွင် Fly Wheel တပ်ဆင်ရန် အထိုင်ပါပြီး ရှေ့ပိုင်းတွင် တုန်လှုပ်မှု ကို ထိန်းသိမ်းထားသော Vibration Damper ပါရှိသည်။
    4.Fly Wheel
    Fly Wheel ကို Crank Shaft နောက်ရှိ Fly Wheel Housing ထဲတွင် bolt များဖြင့် ဖမ်းထား သည်။ Engine ၏ power stroke တွင် Crank Shaft သည် Fly Wheel ကိုလည်ပတ်စေပြီး ၄င်း Fly Wheel ၏ အဟုန်သည် ကျန်ရှိသော exhaust stroke, intake stroke, compression stroke များတွင် Crank Shaft ပြန်လည် ချောမွေ့စွာ လည်ပတ်စေသည်။
    Fly Wheel ပတ်လည်တွင် ရှိသော Ring Gear သည် အင်ဂျင် စတင်ရန် အသုံးပြုစေသည်။
    Fly Wheel performs three functions.
    · Stores energy for momentum between power strokes.
    · Smooths out the speed of the crank shaft.
    · Transmits power to a machine,torque converter or other load.
    Cylinder အတွင်း မီးလောင်ကျွမ်းမှု့ကြောင့် ဖြစ်ပေါ်လာသော အား များသည် Crank Shaft ကို Torsional ( twisting) vibration ကိုဖြစ်ပေါ်စေသည်။အကယ် ၍ vibration များခဲ့ပါက Crank Shaft ကို ပျက်စီးစေသည်။ထိုသို့ ပျက်စီးမှု့ မဖြစ်စေရန် Vibration Damper က လက်ခံနိုင်သော torsional vibration ပမာဏ ကို ကန့်သတ်ပေးသည်။ Vibration Damper ကို Crank Shaft ရှေ့ပိုင်းတွင် တပ်ဆင်ထားသည်။အခြေခံ အားဖြင့် Viscous Vibration Damper နှင့် Rubber Vibration Damper ဟူ၍ရှိသည်။
    Viscous Vibration Damper သည် metal housing or case ထဲ့ရှိ Weight တုံး တခုသာဖြစ်သည်။Weight တုံး နှင့် housing ကြားရှိ နေရာလွတ်များတွင် စေးပျစ်ထူထဲ သော အရည်များ ဖြည့်ထားသည်။ Weight တုံးသည် အရည်များအကြား လှုပ်ရှားသွားလာခြင်းဖြင့် Crank Shaft ၏ torsional vibration ဒဏ် ကို စုပ်ယူပေးစေသည်။
    Rubber Vibration Damper တွင် hub နှင့် ring ပါရှိသည်။ ၄င်း နှစ်ခု ကို rubber ကွင်းဖြင့် ပိုင်းခြားထားသည်။ hub နှင့် ring ပေါ်တွင် ဖြောင့်တန်းသော အမှတ်မျဉ်းများ ပါရှိသည်။
    ထိုအမှတ်မျဉ်းများ သည် Rubber Vibration Damper ၏ အခြေအနေ ကိုဖော်ပြသည်။ အမှတ်မျဉ်းများ ဖြောင့်တန်းမှု့ မရှိတော့ပါက Damper ၏ rubber အပိုင်းသည် hub (or) ring မှ ကွာနေပေလိမ့်မည်။ အမှတ်မျဉ်းများ ဖြောင့်တန်းမှု့ မရှိတော့ပါက Damper ကို အသစ်လဲလှယ်ပေးရသည်။
  3. The Following 6 Users Say Thank You to yeminhlaing For This Useful Post:
  4. #3
    Newbie gonegone
    Join Date
    May 2008
    Posts
    2
    Thanks
    0
    Thanked 4 Times in 1 Post
    Rep Power
    0
    ပြန်စာ -> Engine Components
    ထပ်ရေးပါအုံး ကို crystal
    စောင့်ဖတ်နေတယ်
    ညီ
  5. The Following 4 Users Say Thank You to gonegone For This Useful Post:
  6. #4
    Senior Member yeminhlaing
    Join Date
    Aug 2008
    Age
    37
    Posts
    43
    Thanks
    0
    Thanked 91 Times in 18 Posts
    Rep Power
    0
    ပြန်စာ -> Engine Components
    5.Valve and Valve Mechanism
    Valve တချောင်းတွင် keeper grooves, valve stem, valve fillet, valve seat, valve face တို့ပါဝင်သည်။
    ·Keeper grooves – where keepers grip the valve stem to hold the spring on.
    ·Valve stem _ extends the length of the valve, rides in the valve guide.
    ·Valve fillet _ join head of valve to stem.
    ·Valve seat _ has a hard facing which reduces wear and seals the combustion chamber.
    Valve face _ flat portion of valve.
    များသောအားဖြင့် cylinder တခုတွင် inlet valve တချောင်းနှင့် exhaust valve တချောင်း စီ ပါဝင်သည်။တချို့အင်ဂျင်၏ cylinder တွင် inlet valve နှစ်ချောင်း နှင့် exhaust valve တချောင်း ရှိတတ်သည်။ 3 valve per cylinder မျိုးဖြစ်သည်။ valve ၏ လုပ်ဆောင်ချက် မှာ cylinder အတွင်း လေများ ဝင်ရောက်စေခြင်း ၊ ဝင်ရောက်လာသော လေများ လောင်ကျွမ်း မှု့အတွက် ဖိကျစ်စေရန် valve လုံအောင်ပိတ်ပေးခြင်း၊ လောင်ကျွမ်းပြီးသော လေများ မီးလောင်ခန်း မှ ပြန်ထွက်စေရန် valve ပြန်ဖွင့်ပေးခြင်း တို့ဖြစ်သည်။Valve များကို camshaft ပေါ်ရှိ cam lobe များနှင့် တွန်းဖွင့်စေပြီး valve spring အားဖြင့် ပြန်ပိတ်သည်။ လေသည် cylinder အတွင်း inlet valve ကိုဖြတ်၍ ဝင်ရောက်စေပြီး လောင်ကျွမ်းပြီးဓာတ်ငွေ့ များသည် exhaust valve ကိုဖြတ်၍အပြင်သို့ ထွက်သွားသည်။
    compression stroke တွင် valve များလုံနေစေရန် လိုအပ်သည်။ valve များမလုံပါက compression လျော့နည်း ကာ လိုအပ်သော power ကို ရရှိမည် မဟုတ်ပေ။
    Valve train assembly တွင် valve guide, valve spring, valve retainer, valve rotator, rocker arms,push rod,valve lifter နှင့် cam lobe စသဖြင့် ပါဝင်ကြသည်။
    ·Valve guide - valves moves up and down inside valve guides which are mounted in the cylinder head. Valve guide keep the valves travelling in a straight line.
    ·Valve spring – valve springs keep the valve closed.Valve spring fit over the valves.Valve spring are held in a place by a combination of keepers with either a valve retainer or valve rotator.
    ·Valve retainer – valve retainer lock the keeper into the grooves in the valve,and provide a seat for the valve spring to press against.
    ·Valve rotator – valve rotator turns the valve to prevent excessive wear in one spot.
    Valve lifter or cam follower rests on each lobe of the camshaft.As the camshaft turns,the valve lifter follows the shape of the lobe.The valve lifter transmits the motion of the camshaft to the push rod.The push rod transmits that motion to the rocker arm to open the valve.And then valve is closed by the tension of valve spring.
  7. The Following 5 Users Say Thank You to yeminhlaing For This Useful Post:
  8. #5
    Senior Member yeminhlaing
    Join Date
    Aug 2008
    Age
    37
    Posts
    43
    Thanks
    0
    Thanked 91 Times in 18 Posts
    Rep Power
    0
    ပြန်စာ -> Engine Components
    6.Camshaft
    Camshaft သည် crank shaft gear မှ မောင်းနှင်ခြင်းကို ခံရသည်။Camshaft အချောင်း ပေါ်တွင် bearing journals နှင့် cam lobes များပါတွင် သည်။၎င်း lobes များသည် valve များကို အဖွင့်အပိတ် လုပ်ပေးသော အစိတ်အပိုင်း ဖြစ်သည်။ Cam lift သည် base circle diameter နှင့် cam lobes ထိပ်စွန်းအမှတ် အကွာအဝေးဖြစ်သည်။Valve ပွင့်သော အမြင့်အကွာအဝေးသည် cam lift ပေါ်တွင် မှုတည်သည်။
    Camshaft gear အရေအတွက်သည် crank shaft gear အရေအတွက်ထက် နှစ်ဆ ရှိသောကြောင့် camshaft လည်ပတ်မှု့သည် crank shaft လည်ပတ်မှု၏ နှစ်ဆ ဖြစ်သည်။
    Camshaft နှင့် crank shaft ဆက်သွယ်၇ာတွင် camshaft gear နှင့် crank shaft gear များတွင် အမှတ်အသားများ မှတ်သားထားသည်။Valve timing ချိန်ခြင်း ဆိုသည် မှာ Camshaft မှ gear နှင့် crank shaft မှ gear များကို မှတ်သားထားသော အမှတ်အသားများ အတိုင်းပြန်လည်တပ်ဆင်ရခြင်းဖြစ်သည်။၎င်းအမှတ်အသား များအား မှန်ကန်စွာတပ်ဆင်ထားမှသာ piston အတက်အဆင်း နှင့် valve အဖွင့်အပိတ် မှန်ကန်မည်ဖြစ်သည်။ တချို့ camshaft များတွင် unit injector များကို အလုပ်လုပ်စေရန် fuel injection lobe များပါဝင်ကြသည်။
    7.Bearing
    Bearing ဆိုသည်မှာ တန်ဖိုးကြီးသော crank shaft , connecting rod နှင့် Block တို့ကဲ့သို့
    ပစ္စည်း များ ကို ကာကွယ်ရန် တန်ဖိုးနဲနဲ ဖြင့် ပြုလုပ်ထားသော ပွန်းစားခံ ပစ္စည်းမျိုး ဖြစ်သည်။
    Bearing ၏လုပ်ဆောင် ချက်များ မှာ-
    ·Bearings provide a soft,smooth surface with a high load (both radial and thrust) carrying capability.This protects the crank shaft journal surfaces during engine start-up and heavy loads.
    ·Bearings trap or embed small pieces of metal and debris in the soft bearing surface to prevent damage to the journals surfaces.
    ·The bearings direct oil flow and ensure the correct oil pressure is maintain to vital surfaces.
    Bearing အမျိုးအစား အမျိုးမျိုး ရှိသော် လဲ ယေဘူယျအားဖြင့် အုပ်စု ၂ မျိုး ခွဲခြားကာ လေ့လာနိုင်သည်။ Direct cast Bearing နှင့် Insert type bearing တို့ ဖြစ်သည်။ Direct cast bearing ဆိုသည် မှာ bearing အထိုင်များပေါ်တွင် bearing သတ္တုများ ကို တိုက်ရိုက် လောင်းပြီး လိုအပ်သော အရွယ်အစားရအောင် ပြန်သပြီး အသုံးပြုခြင်းဖြစ်သည်။ ၄င်း အမျိုးအစား ကို အသုံးပြုခြင်း နည်းသည်။
    Insert type bearing များတွင် sleeve bearing နှင့် split-half bearing တို့ပါဝင်သည်။
    Sleeve bearing များကို bushing များဟုလဲ ခေါ်ဆိုသည်။၎င်းတို့ကို camshaft bearing များ နှင့် balance shaft bearing များအဖြစ် အသုံးပြုလေ့ရှိကြသည်။Split-half bearing များကို connecting rod bearing နှင့် main bearing များအဖြစ် အသုံးပြုကြသည်။၎င်းကို ၂ ခြမ်းပြုလုပ်၍ saddle ပေါ်တွင် တခြမ်းနှင့် bearing cap ပေါ်တွင် တခြမ်းထပ်၍ အပိတ်တပ် ဆင်ထားခြင်း ဖြစ်သည်။Saddle နှင့် journal ကြားတွင် လိုက်မလည်စေရန် bearing ခြမ်း၏ တဖက်စွန်းတွင် Lip ခေါ်ကော်လာ ပါရှိပြီး saddle မြောင်းထဲတွင် အံဝင်ဂွင် ကျဖိ၍ တပ်ဆင် ထားသည်။ Bearing များကို ပွန်းစားမှု့ နည်းသော သတ္တုများ ဖုံးအုပ် ထားသည်။Bearing များ ကိုအလွှာ ၂ လွှာ၊ ၃လွှာ ဖြင့် ပြုလုပ်လေ့ ရှိသည်။အလွှာ ၃လွှာဖြင့် ပြုလုပ်ထားသော aluminum alloy bearing (with overlay) နှင့် copper/lead bearing တို့တွင် အပြင်ဘက် ဆုံးအလွှာသည် steel back အလွှာဖြစ်သည်။ Steel back အလွှာသည် အထူဆုံးဖြစ်သည်။ အလယ်လွှာတွင် ကွဲပြားသွားသည်။ Aluminum alloy bearing (with overlay) တွင် aluminum alloy ကို copper သတ္တုရည် သုတ်လိမ်းထားသည်။Copper/lead bearing တွင် မူ copper/lead alloy ကို nickel သတ္တုရည် သုတ်လိမ်းထားသည်။အတွင်းပိုင်း အလွှာ ကို lead (or) tin (or) copper တို့ဖြင့်ပြုလုပ် ထားသည်။
  9. The Following 6 Users Say Thank You to yeminhlaing For This Useful Post:
  10. #6
    Senior Member yeminhlaing
    Join Date
    Aug 2008
    Age
    37
    Posts
    43
    Thanks
    0
    Thanked 91 Times in 18 Posts
    Rep Power
    0
    ပြန်စာ -> Engine Components
    8.Gear Train Assembly
    Crank shaft မှတဆင့် အင်ဂျင်ထဲရှိ တခြား အစိတ်အပိုင်းများ သို့ စွမ်းအားကူးပြောင်းပေး သော gear အတွဲလိုက် ကို gear train assembly ဟုခေါ်သည်။၎င်းကို အင်ဂျင်၏ ရှေ့ နှင့် နောက် များတွင် တွေ့နှိင် ပေသည်။ ပုံတွင်ပြထားသည့် gear train assembly မှာ timing gear housing နှင့် backing plat ကြား၊ အင်ဂျင်၏ ရှေ့ ပိုင်းတွင် ရှိသောပုံဖြစ်သည်။Gear train သည် အင်ဂျင်ထဲရှိ component များ အားလုံးနဲ့ synchronizes လုပ်ထားသော ကြောင့် အင်ဂျင် ၏ stroke အသီးသီးတွင် ၄င်း component များ အားလုံး သည်အတူတကွ ချိပ်ဆက် အလုပ်လုပ်ကြသည်။
    Geatr train assembly တွင် ပါဝင်နှိင်သော gear များမှာ
    1.Crankshaft Gear
    2.Idler Gear
    3.Camshaft Gear
    4.Fuel Injection Pump Gear
    5.Oil Pump Gear
    6.Water Pump Gear
    7.Air Compressor gear တို့ ဖြစ်ကြသည်။
    Gear များချိပ်ဆက်ရာတွင် timing မှန်ကန်မူ့ရှိစေရန် gear ပေါ်ပါရှိသော timing marks ကိုအသုံးပြုကြသည်။
    မီးလောင်ပေါက်ကွဲမူ့အားသည် piston ပေါ် သက်ရောက်ပြီး ၄င်း pistonသည် Cylinder အတွင်း အတက်အဆင်း ဖြစ်ပေါ်စေကာ Connecting Rod မှတဆင့် Crank Shaft ကို လည်ပတ်စေသည်။ Crank Shaft လည်ပတ်သောကြောင့် crank shaft ပေါ် တပ်ဆင်ထား သော crank shaft gear လိုက်၍ လည်စေသည်။ထိုမှတဆင့် အင်ဂျင်၏ တခြားအစိတ် အပိုင်း များကို လည်ပတ်စေသည်။
    Idler gear သည် crank shaft gear နဲ့ချိပ်ဆက် ထားကြောင့် crank shaft gear လည်ပတ်သည် နဲ့ Idler gear စတင်လည်ပတ်စေသည်။ Camshaft gear သည် Idler gear နဲ့ ချိပ်ဆက် ထားသည်။ Camshaft gear လည်ပတ်သောကြောင့် camshaft လည်ပတ်စေပြီး valve များကို အချိန်ကိုက် ဖွင့် ပိတ်ပေးစေသည်။ Fuel pump gear ကို Camshaft gear မှ မောင်းနှင်သည်။ Fuel pump gear လည်ပတ်သောကြောင့် fuel system component များ သည် အင်ဂျင်ထဲသို့ ဆီ များ အချိန်ကိုက် ဝင်ရောက်စေရန် လုပ်ဆောင် ပေးသည်။ Oil pump gear ကို crank shaft gear မှမောင်းနှင်သည်။Water pump ကို မောင်းနှင်သော water pump gear ကို idler gear မှမောင်းနှင်သည်။တချို့အင်ဂျင်များတွင် Air Compressor gear များအသုံးပြုလေ့ရှိသည်။၎င်းကို gear train assembly တွင် ပါဝင်သော idler gear များနှင့် ပင် ချိတ်ဆက်မောင်းနှင်ပါသည်။
  11. The Following 5 Users Say Thank You to yeminhlaing For This Useful Post:
  12. #7
    Senior Member sawkyiiphyu is on a distinguished road sawkyiiphyu's Avatar
    Join Date
    Nov 2010
    Location
    Meikhtila
    Age
    36
    Posts
    107
    Thanks
    426
    Thanked 656 Times in 106 Posts
    Rep Power
    9
ိအင်ဂျင်မှာပါတဲ turbo charger နဲ super charger အကြောင်းလေးတွေကို ဆက်ပြီးဆွေးနွေးပါအုန်း
    စာကြည်ဖြူ
  13. The Following 4 Users Say Thank You to sawkyiiphyu For This Useful Post:
  14. #8
    Junior Member tinminhtoo is an unknown quantity at this point tinminhtoo's Avatar
    Join Date
    Jun 2010
    Location
    Pyay, myanmar
    Age
    40
    Posts
    74
    Thanks
    202
    Thanked 164 Times in 46 Posts
    Rep Power
    0
    ဒါပြီးရင်အင်ဂျင်ကိုင်ရာမှာတွေ့ ရတတ်တဲ့ပြသနာတွေကိုလည်းဆွေးနွေးပေးပါဦးခင်ဗျား...........
  15. The Following 3 Users Say Thank You to tinminhtoo For This Useful Post:
  16. #9
    Advanced Member dudugyi is on a distinguished road dudugyi's Avatar
    Join Date
    Apr 2010
    Posts
    253
    Thanks
    2,809
    Thanked 1,308 Times in 220 Posts
    Rep Power
    10
    Quote Originally Posted by tinminhtoo View Post
    အကိုရေ..ကျေးဇူးပြုပြီး.....Nissan PD 6 engine မှာ...အင်ဂျင်ဝိုင်နဲ့ရေနဲ့ရော.....တာအပြစ်ရှာမရလို့.....ဗျာ.....oil cooler လဲစစ်ပြီးပြဲိ..head လဲစစ်ပြီးပြိ........water pump လဲစစ်ပြီးပြီ......အဲဒါ ....လေများသိရင်...ရှာပေးပါဦး....လက်စနဲ့ PD 6 mannuals လေးရှိရင်.......ပေးပါဦးဗျ
    အကို ကိုတင်မင်းထူးရေ....
    http://myanmarengineer.org/forums/sh...Systems/page16 မှာရေးထားတဲ့ PE6 အင်ဂျင်မှာ၊ LO နဲ့ Cooling Water ရောတဲ့ကိစ္စအဆင်ပြေကာ၊ အဖြေရှာတွေ့သွားပြီလား ခင်ဗျ။ တကယ်လို့ အဖြေရှာတွေ့ခဲ့ရင် ဒူဒူ တို့တတွေ၊ နည်းယူရအောင် ညွှန်ပြပေးပါဦး အကိုရေ...
    Last edited by dudugyi; 04-16-2011 at 08:27 PM.
    ဒူဒူ ဟာ အူတူတူ လူ တယောက်ပါ။ http://dudugyi.blogspot.com
  17. The Following 2 Users Say Thank You to dudugyi For This Useful Post:
  18. #10
    Friendly Member ရန်နိုင် is on a distinguished road ရန်နိုင်'s Avatar
    Join Date
    Mar 2010
    Location
    အဝေး တစ်နေ ရာ
    Age
    31
    Posts
    46
    Thanks
    363
    Thanked 134 Times in 35 Posts
    Rep Power
    0
    ကို Sawkyiiphyu ပြောသွားတဲ့ turbo charger နဲ super charger အကြောင်းလေးလဲထပ်ပြီး တင်ပြပေးပါအုံးဗျို့  .
    စောင့်မျှော်အားပေးနေပါတယ် .
  19. The Following 3 Users Say Thank You to ရန်နိုင် For This Useful Post:
+ Reply to Thread
Thread Information
Users Browsing this Thread
There are currently 1 users browsing this thread. (0 members and 1 guests)
Similar Threads
  1. GAS TURBINE ENGINE
    By kokoyann in forum လေကြောင်းအင်ဂျင်နီယာပညာ
    Replies: 112
    Last Post: 10-02-2013, 03:29 PM
  2. EFI Engine
    By zeno in forum နည်းပညာဆိုင်ရာတွေ မေးမြန်းကြရအောင်
    Replies: 1
    Last Post: 04-25-2010, 09:14 PM
  3. D turbo engine
    By Moe Lone Hein Chone in forum နည်းပညာဆိုင်ရာတွေ မေးမြန်းကြရအောင်
    Replies: 0
    Last Post: 07-06-2009, 02:40 PM
  4. 10 Key Components for Success Using SolidWorks
    By ကိုဆန်း in forum Solid Work
    Replies: 0
    Last Post: 03-07-2009, 05:09 AM
Bookmarks
Posting Permissions
  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts