+ Reply to Thread
Results 1 to 10 of 10

Thread: အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

  1. #1
    Myo Min Oo Myo Min Oo Myo Min Oo's Avatar
    Join Date
    Feb 2009
    Location
    Singapore
    Age
    36
    Posts
    17
    Thanks
    2
    Thanked 9 Times in 1 Post
    Rep Power
    0

    အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    ကဲ ကျွန်တော်တော့စလိုက်ပြီ...
    ပြောပေးကြပါဦး။
    စောင့်နေပါတယ်။
    ကျေးဇူးပါနော်။
    ;D
    Myo Min Oo

  2. #2
    away! papagyi is an unknown quantity at this point papagyi's Avatar
    Join Date
    Jul 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    832
    Thanks
    106
    Thanked 523 Times in 270 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    သင်တန်းတက်မယ်ဆိုရင် ကိုယ်ကမသိလို့သင်တာပဲနော်။
    ထူးထူးခြားခြား လိုမယ်မထင်ပါဘူး။မတက်ခင် ဘာလုပ်ချင်လို့
    တက်သလဲဆိုတာ ၊ကိုယ်ဘယ်အထိရည်မှန်းပြီးတက်ချင်လဲဆိုတာပဲ
    ဆန်းစစ်ဖို့ လိုမှာပါ။
    Let share our knowledge!

  3. #3
    Special Member phyo
    Join Date
    Nov 2008
    Posts
    439
    Thanks
    1,521
    Thanked 209 Times in 92 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    အင်ဂျင်နီယာအလုပ်ခွင်နဲ့ ဆက်စပ်နေတဲ့ အလုပ်တွေမှာ ( ဥပမာ.ဆောက်လုပ်ရေးလုပ်ငန်းခွင်ပဲဖြစ်ဖြစ်.. စက်ရုံလုပ်ငန်း. ဒါမှ မဟုတ် ကိုယ်ကိုယ်တိုင်က အင်ဂျင်နီယာမဟုတ်သော်လည်းဘဲ. ကန်ထရိုက်တာလုပ်ငန်းမျိုးမှာ ၀င်ရောက်ပတ်သက်နေတာမျိုး..စသည်ဖြင့်ပေါ့ဗျာ) လုပ်ကိုင်နေရတဲ့သူ.. လုပ်ကိုင်ရတော့မယ်သူ.. ဖြစ်မယ်ဆိုရင်.. AutoCAD တော့ တတ်ထားသင့်တယ်... လုံးစေ့ပတ်စေ့ နားမလည်တောင်.. အထိုက်အသင့်တတ်ထား နားလည်ထားမယ်ဆိုရင်. ကောင်းတာပေါ့ဗျာ... တစ်ချို့  အင်ဂျင်နီယာဖြစ်ပေမယ့်... အမြင်နည်းတယ်ခေါ်ရမလား. မအပ်စပ်လို့ ပဲလားတော့ မသိဘူး.. နည်းနည်း အခြေအနေဆိုးတယ်.. တချို့ ကြတော့လည်း.. အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ သင်တန်းမျိုး မတက်ခဲ့ဘူးပေမဲ့.. ဆက်စပ်မူရှိလာတဲ့အခါ.. အတော်လေး အမြင်သန်တာကို တွေ့ ရတယ်.. အင်ဂျင်နီယာမဟုတ်ဘဲ AutoCAD သင်တန်းတက်မယ်ဆိုရင်တော့...မတက်ခင်တော့ .. ဘာမှ မလိုပါဘူး..( ပိုက်ဆံတော့ လိုမယ်.. ဟဲဟဲ ).. သင်တန်းတက်နေတုန်း
    အခြေခံမှာ.. သေသေချာချာနားလည်အောင် သေချာသဘောပေါက်အောင် အထပ်ထပ်..လေ့လာသင့်တယ်.. အမြန်တတ်ချင်ဇောနဲ့ တော့...
    Course ကို မြန်မြန်ပြီးအောင် မလေ့လာသင့်ဘူးထင်ပါတယ်... သင်တန်းတက်ရင်တော့ သင်ပေးတဲ့ ဆရာအပေါ်မှာ မူတည်ပြီး.. တတ်သင့်သလောက်တော့ တတ်သွားမှာပါပဲ... သင်တန်းတစ်ခုမှာဆိုရင် ( သင်တန်းအကုန်လုံးတော့ မသိပါဘူး... ကိုယ်သိသလောက်ပြောတာပါ).. သင်ပေးတဲ့ဆရာမတွေကိုယ်တိုင်က အင်ဂျင်နီယာ မဟုတ်ပါဘူး... ဆိုလိုရင်းက .. သင်ရင်တော့. ကြိုးစားမှုအပေါ်... ကိုယ်နားလည် သဘောပေါက်သလောက်. တတ်သွားမှာပါ... တကယ့်လုပ်ငန်းခွင်မှာက.. ( ကျနော်ကျင်လည်သလောက် နွားခြေရာအိုင် တစ်ခုစာလောက် လုပ်ငန်းခွင်မှာ)AutoCAD ကို သုံးရတာကမှန်တယ်..Command တွေ အများကြီးသုံးနေရတာကတော့ မဟုတ်ပါဘူး.. တစ်ချို့  Command တွေဆိုရင်..မေ့သွားမှာစိုးလို့  ပြန်ပြန်လေ့လာပြီး.. သုံးဖြစ်အောင်သုံးနေရတယ်.. Command တွေ အများကြီးကို နားလည်ရင်တော့.. မြန်မြန်ဆန်ဆန်ဆွဲနိုင်တာပေါ့..
    ဒါပေမယ့်..ဆက်စပ်တွေးခေါ်တတ်ဖို့ ... တီထွင်တတ်ဖို့ .. အမြင်သန်ဖို့ .. ကိုယ့်ရှိတဲ့ အတွေ့ အကြုံကို ဆက်စပ်အသုံးချနိုင်ဖို့ . ပိုပြီး အားထုတ်ရပါတယ်... ကျနော်တို့ ကံကောင်းခဲ့တာက HandDrawing ကို.. ကျောင်းမှာကတည်းက ၃နှစ်လောက် ဆက်တိုက်ဆွဲခဲ့ရတယ်..ကျောင်းပြီးတော့လည်း.. HandDrawing ကို ဆွဲနေရတုန်းပါပဲ.. ဒီတော့ AutoCAD ကို အသုံးချရတဲ့အခါတော့.. အဆင်မပြေမှု သိပ်မကြုံရဘူး.. ( SoftWare ကို အသုံးချမှုကတော့ အခက်အခဲတွေ ဖြစ်နေတုန်းပါပဲ.. လေ့လာလို့ လည်း ကုန်မှာမဟုတ်ပါဘူး..ဒီတစ်ခုကိုမှ ပိုင်ပိုင်နိုင်နိုင်မရှိသေးဘူး.. နောက်တစ်ခုက ထပ်ပေါ်လာပြီ.. ကိုယ်နဲ့ ကလည်း ဆက်စပ်နေတော့.. ထပ်လေ့လာရပြန်ပြီ. မဆုံးနိုင်တော့ဘူး.. ပိုပြီး ပိုပြီးလည်း စိတ်ဝင်စားစရာကောင်းလာတာကတော့ အမှန်ပါပဲ .)ရှေမှာက Papagyi ပြောသွားသလို
    မသင်ခင်မှာ.. ကိုယ့် ရဲ့  ရည်ရွယ်ချက်ကို ဆန်းစစ်ဖို့ တော့ လိုမယ်ထင်ပါတယ်... ဘာပဲပြောပြော ပညာရပ်တစ်ခု သင်ကြားမယ့် ရည်ရွယ်ချက်ကတော့ ကောင်းတဲ့ ရည်ရွယ်ချက်ဖြစ်လို့ .. အားပေးပါတယ်... အောင်မြင်ပါအောင်လုပ်ပါလို့  တိုက်တွန်းအားပေးပါတယ်...
    အရမ်းနားလည် တတ်ကျွမ်းလို့ တော့ မဟုတ်ပါ...ခုလို ၀င်ရောက်ရေးသားတာ.. အမှားပါရင်.. နားလည်ခွင့်လွှတ်မယ်လို့ .. ယုံကြည် မျှော်လင့်ပါတယ်..
    မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား

  4. #4
    Friendly Member thihazawwin
    Join Date
    Jul 2009
    Posts
    11
    Thanks
    0
    Thanked 1 Time in 1 Post
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    အင်ဂျီနီယာမဟုတ်ဘဲနဲ့ AutoCad သင်တန်း တက်မယ်ဆိုရင်လဲ တက်လို့ရပါတယ်၊ဒါပေမယ့် သင်တန်းတက်တော့မယ်ဆိုရင် သင်တန်းကောင်းကောင်းကို အရင်စုံ
    စမ်းဖို့တော့အရေးကြီးတယ်။၊လာသင်တဲ့ ကျောင်းသားတိုင်းကမတတ်လို့လာတတ်တာ။အဲဒါကို တချို့သင်တန်းတွေက Isometric ကို3D လိုလိုဘာလိုလိုနဲ့သင်တယ်။
    ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာဘဲ ပြန်အသုံချ ပြီးအလုပ်လုပ်မယ်ဆိုရင်တောင် Autocad Designer တစ်ယောက်အနေနဲ့ 3D လောက်တော့ အနဲဆုံးဆွဲနိုင်သင့်တယ်လေ။
    နိုင်ငံခြားသွားဖို့ရည်ရွယ်ချက်ရှိရင်တော့ ICDL လက်မှတ်ရအောင်မယူနိုင်ရင်တောင် လက်တွေ့ လုပ်ငန်းခွင်နဲ့တွဲဖက်ပြီးသင်တဲ့ သင်တန်းမျိုးကိုတော့ရွေးချယ်သင့်ပါ
    တယ်။နောက်ပြီးသင်တန်းစတက်တဲ့ အချိန်ကစပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အင်ဂျီနီယာလုပ်ငန်းလက်တွေ့လုပ်ကိုင်နေသူတွေဆီမှာ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့
    သီအိုရီတွေ အမြင်အယူအဆတွေကိုအတူခိုးပြီး သင်ယူသင့်ပါတယ်။အင်ဂျင်နီယာမဟုတ်လို့ Autocad သင်တန်းတက်ရင် တကယ်မတတ်နိုင်ဘူးဆိုတဲ့ သူများပြောစ
    ကားတွေကို လည်းနားမယောင်ဘဲ သင်တန်းစတတ်တဲ့အချိန်ကစပြီး ကိုယ့်ကိုယ်ကို ပုံဆွဲ အင်ဂျင်နီယာလောင်းတစ်ယောက်လို့ စိတ်ထဲမှာ ထားနိုင်ရင်တော့ အကောင်း
    ဆုံးပေါ့။ကျွန်တော်လည်းလေ့လာနေတဲ့ သူတစ်ယောက်ပါဘဲ။မသိတာတွေရှိရင် ကျွန်တော့်ဆီ မေးနိုင်ပါတယ်၊ကျွန်တော်သိသလောက်တော့ မျှဝေပေးပါမယ်။
    Thihazawwin

  5. #5
    Junior Member Pho Nanda
    Join Date
    Sep 2009
    Location
    ဇာတိကတော့ Mandalay, အခုတော့ YGN မှာ
    Age
    37
    Posts
    56
    Thanks
    8
    Thanked 10 Times in 6 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    အနဲဆုံး computer အသုံးပြု အခြေခံသင်တန်းလေးတော့ တတ်ထားသင့်တယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ computer နဲ့ရင်းနှီးနေရင်(window OS ရဲ့ သဘောတရားလေးတွေအတော်အသင့် သိထားရင်) လဲ ရပါတယ်။ mouse ကိုင်တာကအစ လိုက်သင်ပေးနေရရင်တော့ သင်ပေးတဲ့ဆရာ စိတ်ရှည်မယ်မထင်ပါဘူး။ ဒါပေမယ့် အခုမှစသင်မယ့်သူတွေဆိုရင်တော့ သင်ပြီးရင် ဘာလုပ်မယ်ဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ်။ engineer ဖြစ်ခဲ့ရင်တော့ ကိုယ်သိထားတဲ့ ပုံဆွဲပညာကို computer အသုံးပြုပြီး ဖန်တီးနိုင်ပေမယ့် engineer မဟုတ်ခဲ့ရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ engineer drawing တွေရှာပြီး ဆက်ပြီးတော့ လေ့လာရပါမယ်။ လေ့လာရာမှလဲ engineer ဝေါဟာရတွေ အခေါ်အဝေါ်တွေမသိရင် အခက်အခဲဖြစ်နိုင်လို့ သက်ဆိုင်ရာ engineer တွေရဲ့ အကူအညီိကိုလဲယူရပါတယ်။ သူငယ်ချင်းထဲမှာ engineer ရှိရင် သူဆီက drawing တွေကို လေ့လာဘို့ အကူအညီတောင်းကြည့်ပါ။ အရေးအကြီးဆုံးက အလုပ်အမြန်ရအောင်ကြိုးစားသင့်ပါတယ်။ အလုပ်ထဲကအခက်အခဲတွေက ကိုယ့်ကို ပိုပြီးသင်ကြားနိုင်ပါတယ်။

  6. #6
    Friendly Member Amoine
    Join Date
    Jan 2009
    Location
    Taunggyi, Bahtoo.
    Age
    36
    Posts
    10
    Thanks
    0
    Thanked 1 Time in 1 Post
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။


    အင်ဂျင်နီယာ မဟုတ်ပေမယ့် autocad ကိုတက်ထားရင်ပိုကောင်းပါတယ်။
    အဲဒီမှာ သင်တန်းတက်ရင်းမိမိ ၀ါသနာပါတဲ့ အင်ဂျင်နီယာစာအုပ်တွေလည်းရှိပါတယ်။
    ပိုကောင်းတာက အတွေ့အကြုံများများရှိတဲ့ ခင်မင်တဲ့ အင်ဂျင်နီယာ အကိုကြီး တွေကို မေးမြန်းနိုင်ရင်ပိုကောင်းပါတယ်။
    အင်ဂျင်နီယာပဲဖြစ်ဖြစ် အင်ဂျင်နီယာမဟုတ်တာပဲဖြစ်ဖြစ် အလုပ်ကပဲသင်ပေးသွားတာ ။
    အဓိက မိမိရဲ့လေ့လာကြိုးစားမှုအားတစ်ခုတော့လိုမယ်ထင်တယ်။
    amoine

  7. #7
    Friendly Member MMO is on a distinguished road MMO's Avatar
    Join Date
    May 2009
    Age
    41
    Posts
    41
    Thanks
    46
    Thanked 189 Times in 36 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    အင်ဂျင်နီယာ မဟုတ်ပေမဲ့ တခြားဒီဇိုင်းလုပ်ငန်းနဲ့ စပ်ဆက်နေတဲ့သူတွေ ဆိုရင်လည်း AutoCAD ကို တတ်ထားလေ့လာထားရင် အဆင်ပြေနိုင်မယ် ထင်တယ်ဗျ... ဥပမာဗျာ... အ၀တ်အစား ချုပ်တဲ့သူတွေ... အခြားအသော လက်သုံး၊ စက်သုံးပစ္စည်းတွေ ကိုတိကျတဲ့ အတိုင်းအတာနဲ့ ပုံစံ ထုတ်မှတ်တမ်းတင်ထားလို့ ရနိုင်တယ်လို့ ထင်မိတယ်ဗျာ... အဲဒီတော့ အင်ဂျင်နီယာမဟုတ်တဲ့သူတစ်ယောက်က သူ့ရဲ့ အလုပ်ခွင်မှာ အသုံးချနိုင်ဖို့ စဉ်းစားနိုင်ပါတယ်...။ နောက် အဆောက်အဦ မဟုတ်ပေမဲ့ ကားဝပ်လျှော့တွေမှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်တဲ့သူတွေ အနေနဲ့လည်း လိုအပ်တဲ့ပုံတွေ ဆွဲနိုင်ဖို့ သင်ယူရင်ရမယ်ဗျ... မူရင်းခေါင်းစဉ်နှုင.်မဆိုင်ပေမဲ့ ကျနော်တွေးမိတာလေး ဆွေးနွေးမိတာပါ။ အရေးကြီးတဲ့ အခြေခံ ပုံဆွဲနည်း PLan, Elevation, Section စတဲ့ အမြင်တွေ သိထားရင် အဆင်ပြေမယ်ထင်ပါတယ်။ အင်ဂျင်နီယာလုပ်ငန်းခွင်မှာ လုပ်မဲ့သူတွေကတော့ အပေါ်က သူတွေရဲ့ ဆွေးနွေးချက်တွေက ပြည့်စုံပါတယ်ခင်ဗျာ။
    လုပ်နိုင်တာလေးတွေ လုပ်ကြည့်တာပါ...

  8. #8
    Junior Member Pho Nanda
    Join Date
    Sep 2009
    Location
    ဇာတိကတော့ Mandalay, အခုတော့ YGN မှာ
    Age
    37
    Posts
    56
    Thanks
    8
    Thanked 10 Times in 6 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    ဟုတ်တယ်ဗျို့ Geologist တွေလဲ Soil diagram, Soil Profile, Soil Borelog တွေဆွဲတဲ့နေရာမှာ အများကြီးအသုံးဝင်တယ်။
    3D နဲ့ Fence Diagram တွေလဲ ဆွဲလိုရတယ်။ သင်တန်းတွေမှာတော့ mechanical, Civil, electrical ပုံတွေဘဲ ဆွဲခိုင်းလိမ့်မယ်။
    ဒါပေမယ့် ကိုယ်သက်ဆိုင်ရာ fields မှာ အသုံးချနိုင်အောင်တော့ ကိုယ်ပိုင် idea ရှိရပါမယ်။

  9. #9
    Junior Member ပန်းလေပြေ ပန်းလေပြေ's Avatar
    Join Date
    Aug 2009
    Location
    ရန်ကုန်
    Posts
    54
    Thanks
    11
    Thanked 106 Times in 25 Posts
    Rep Power
    0

    ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    တကယ်တော့ AutoCAD တတ်ကျွမ်းဖို့ အဓိကလိုအပ်ချက်က Drawing အမြင်ဘဲ။ Iso ပုံကိုကြည့်ပြီး Front View လား Left View လားလွယ်လွယ်ကူကူခွဲခြားတတ်မှ။ မဟုတ်ရင်တော့ AutoCAD ကို သင်တာပဲရှိမှာ။ ကျွမ်းမှာမဟုတ်ဘူး။
    ဒီလိုဖြစ်ဖို့ကလည်း 2D မှာ အခြေခံပိုင်ဖို့တော့လိုတယ်... 2D ပုံတွေကို လွယ်လွယ်နဲ့ မြန်မြန်ဆွဲနိုင်ပြီဆိုမှ ISO ကိုဆက်သင်သင့်တယ်.... ပြီးမှ 3D ပေါ့....
    သင်တန်းမှာ အချိန်နဲ့သင်ရတာဆိုတော့ Self Study ကို အိမ်မှာပဲ လုပ်သင့်တယ်.....တွေ့သမျှ သင်တန်းက Ref: Drawing တွေကို လိုက်စုပြီး...ပြန်ဆွဲသင့်တယ်...
    ဒါမှ ဘယ်Command တွေပိုင်ပြီး ဘယ်ဟာတွေကတော့ လိုအပ်နေသေးတယ်ဆိုတာသိမှာ...
    တကယ်က Drawing တစ်ခုကို ဆွဲတဲ့ Step တွေဟာ ပုံသေနည်းမရှိဘူး... မိမိသုံးမယ့် Command တွေအပေါ်မူတည်ပြီး အနှေးအမြန်ကွဲသွားတာ။
    ကိုယ်က ဘယ်Command ကိုသုံးရင် တချက်ခုတ် နှစ်ချက်၊ သုံးချက်၊ လေးငါချက်ပြတ်မလဲ ဆိုတာက ဆွဲနေရင်းနဲ့ Drawing Exp: ပေါ်မှာမှ သိလာတာ။
    Lisp တွေကို စုထားပြီး Drawing ဆွဲတိုင်း သုံးစေချင်တယ်။
    ဒါမှ ဘယ်ဟာကတော့ဖြင့် ဘယ်နေရာမှာ အသုံးတည့်တယ်ဆိုတာ သိလိမ့်မယ်။

  10. #10
    Friendly Member zero248
    Join Date
    Dec 2009
    Posts
    30
    Thanks
    1
    Thanked 90 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> ပြန်စာ -> အင်ဂျင်နီယာမဟုတ်တဲ့သူငယ်ချင်းတွေ Auto CAD သင်တန်းတက်ရင်ဘာတွေလိုမလဲ။

    [quote author=pargyi link=topic=3234.msg21108#msg21108 date=1236278935]
    သင်တန်းတက်မယ်ဆိုရင် ကိုယ်ကမသိလို့သင်တာပဲနော်။
    ထူးထူးခြားခြား လိုမယ်မထင်ပါဘူး။မတက်ခင် ဘာလုပ်ချင်လို့
    တက်သလဲဆိုတာ ၊ကိုယ်ဘယ်အထိရည်မှန်းပြီးတက်ချင်လဲဆိုတာပဲ
    ဆန်းစစ်ဖို့ လိုမှာပါ။
    [/quote]
    ကျွန်တော့အမြင်ကတော့ ကိုpargyi ပြောတာ အမှန်ဆုံးပဲ။ ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် လိုချင်သိချင်တဲ့ ဇောကပ်လာရင် မတတ်မရှိပါဘူး။ လိုချင်သလောက် မရသေးဘူးဆိုရင်တော့ တကယ်လိုချင်တဲ့ဇော မကပ်သေးလို့ပေါ့။ ( :2: :2:i.e ကျွန်တော်)
    Auto CAD ဆိုတာ ကျွန်တော်တို့ ချစ်ချစ် မချစ်ချစ် ဖက်တွယ်ခဲ့ရတဲ့ T-Square တို့ Set Square တို့ Drawing Board တို့နေရာကို အစားထိုးဝင်ရောက်လာတဲ့ အထောက်အကူပြု Tool တခုပါပဲ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ရခဲ့တဲ့ Auto CAD Drafting Job တစ်ခုရဲ့ interview မှာတုန်းက interviewer (ကျွန်တော့်ရဲ့ ဆရာ) က Hand Draw ပဲစစ်တယ်။ ပြီးတော့ Drawing တစ်ခုကို ဘယ်လောက်အထိ ဖတ်တတ်သလဲ စစ်တယ်။ Computer ကိုတစ်ချက်မှ မကိုင်လိုက်ရပဲ CAD Drafter အလုပ်ခန့်လိုက်တယ်။ ဆရာအမြဲပြောတဲ့စကားကတော့ လက်နဲ့ဆွဲနိုင်ရင် ဆက်နဲ့ဆွဲတတ်ဖို့ မခက်ဖူးတဲ့
    Drafter တစ်ယောက်ဖြစ်ဖို့ကတော့ Drawing အမြင်ရှိဖို့ပဲ။
    Drafting လိုင်းကို တကယ်ဝါသနာပါတယ်ဆိုရင်တော့ ဘယ် Auto CAD သင်တန်းပဲဖြစ်ဖြစ် အရင်တက်ဖြစ်အောင်တက်လိုက်။ အရေးကြီးတာကတော့ Drafting နဲ့ပတ်သက်တဲ့ အလုပ်တစ်ခုကိုတော့ ရအောင်လုပ်ရမယ်။ မဟုတ်ရင် သင်တန်းသက်စေ့ တက်လဲ Useless ပဲ။ Software တစ်ခုကို ပိုင်နိုင်ကျွမ်းကျင်ဖိုကတော့ ကိုယ့်ရဲ့ လိုချင်တဲ့ ဇောအပေါ င်္မှပဲမူတည်မယ်။
    တကယ်တော့ Drafting လိုင်းမှကိုပဲ Level တွေကအများသား။ ဘာမှစဉ်းစားစရာမလိုပဲ Enginer/ Designer ပေးသမျှ Sketch အတိုင်းဆွဲတဲ့ ပြင်တဲ့ Junior Drafter ကစလို့ Enginer ရဲ့ Design တွေကိုပါ အပြစ်ရှာနိုင်၊ Rule/ Regulation တွေ Code တွေကို ကျေညက်ပိုင်နိုင်တဲ့ Senior/ Lead Drafter တွေအထိပေါ့။ ဒီ့ထက် လေ့လာအားကောင်းပြီး CAD Application တွေ အပေါ င်္မှာ Crazy ဖြစ်တဲ့အထိ လုပ်တဲ့သူတွေကတော့ CAD Manager/ CAD Principle အထိဖြစ်နိုင်တာပေါ့။

    First Step is very important for a whole journey. Step up bravely!

    ကျွန်တော့်အမြင်သက်သက်မျှသာဖြစ်လို့ အမှားပါခဲ့ရင် ခွင့်လ္ဗတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လျက် ....
    zero248
    :? :? :?

+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. TU(ပုသိမ်) ကသူငယ်ချင်းတွေ ဒီမှာတွေ.ကြရအောင်
    By မျိုးမြတ်ဝေ in forum နည်းပညာတက္ကသိုလ် ( ပုသိမ် )
    Replies: 13
    Last Post: 06-15-2011, 01:54 PM
  2. ဂျပန်သီချင်းတွေရှယ်ကြရအောင်လား
    By nyinyi27 in forum အာရှသီချင်းများ
    Replies: 4
    Last Post: 08-28-2010, 03:56 AM
  3. မိုဖာရုံးဝင်ရင်ဘာတွေလိုမလဲ
    By ချင်းတွင်းသား in forum ထွေရာလေးပါးပြောကြမယ်
    Replies: 0
    Last Post: 01-11-2010, 12:30 PM
  4. သူငယ်ချင်းတွေအတွက် ......
    By chit tee in forum ထွေရာလေးပါးပြောကြမယ်
    Replies: 0
    Last Post: 12-24-2009, 09:15 AM
  5. internet ပေါ်က သီချင်းတွေကို ကူးချင်လို့
    By Aung Thu Winn in forum အခြားအခက်အခဲများ
    Replies: 1
    Last Post: 11-29-2008, 01:55 PM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts