+ Reply to Thread
Results 1 to 9 of 9

Thread: လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

  1. #1
    ရေခါး yeakharr has disabled reputation
    Join Date
    May 2008
    Location
    ကနက်သီရိ(ထားဝယ်)
    Posts
    744
    Thanks
    1,106
    Thanked 1,717 Times in 396 Posts
    Rep Power
    10

    လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

    လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

    ဒီခေါင်းစဉ်လေးအောက်မှာ Microcontroller အမျိုးအစားတစ်ခုဖြစ်တဲ့ PIC အကြောင်းကို ဆွေးနွေးသွားပါ့မယ်။
    ရည်ရွယ်ချက်ကတော့ PIC ကို စလုပ်ချင်တဲ့ ကျောင်းသူကျောင်းသားတွေ ဝါသနာရှင်တွေ နဲ့ လေ့လာလိုက်စားသူတွေအတွက်
    ပထမခြေလှမ်းတစ်ခု ရသွားဖို့ပဲမျှော်လင့်ပါတယ်။ ကျနော်လည်း လေ့လာနေဆဲအဆင့်မှာပဲ ရှိတဲ့အတွက် အမှားအယွင်းများ ပါခဲ့ရင်
    ခွင့်လွှတ်ပေးပါလို့ ကြိုတင်ပြောပါရစေ။ ကျနော်စလေ့လာတော့ PIC နဲ့ ဆိုင်တဲ့ မြန်မာစာအုပ်တွေဖတ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့
    သေသေချချာရှင်းပြထားခြင်းမရှိပါဘူး။ English လိုနဲ့ရေးထားတဲ့ Ebook ကနေပြီး တည့်ကြီး ဘာသာပြန်ထည့်ထားတာကိုပဲတွေ့ခဲ့ရပါတယ်။ နောက်ပိုင်း Ebook တွေရလာလို့
    လိုက်ဖတ်ကြည့်တဲ့အခါ မူလ English စာအုပ်ကမှ ပိုပြီး ရှင်းပြထားတာ တွေ့ရပါတယ်။ ဘယ်ကဘယ်လိုစရမှန်းကိုတော့ မသိခဲ့သလိုဖြစ်ခဲ့ရပါတယ်။ ဒီတော့ဗျာ နောက်ပိုင်းလူတွေ
    အဲလိုမဖြစ်စေချင်ဘူးပေါ့ဗျာ။ သေချာတာကတော့ EC EP Mechatronic သမားတွေအတွက် Robotics , Control ,Computer interfacing အဲဒါတွေမှာ တစ်ကယ်သုံးကြပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ပရောဂျက်တွေမှာလည်း
    လိုအပ်ရင် ကျနော်ရဲ့ပို့စ်လေးက အထောက်အကူနဲနဲလေးများဖြစ်သွားခဲ့ရင်တောင် ကျေနပ်ပါပြီ.။ကျနော်ရေးနေတဲ့ ပို့စ်တော်တော်များများဟာ ကျနော်လေ့လာသမျှ။ အခက်အခဲတွေခဲ့သမျှကို
    အချိန်ပေးဆပ်ခဲ့ရသမျှကို နောက်ပိုင်းလူငယ်တွေ အချိန်အများကြီး ပေးစရာမလိုပဲနဲ့ လေ့လာလို့ ရသွားခဲ့ရင် ကောင်းမှာပဲဆိုပြီး ရည်၇ွယ်ချက်များပါတယ်။
    ကျနော်အတွက်က ဒီလိုရေးနေတာဟာ ဘာမှတော့ သိပ်မရပါဘူး။ ရေးဖို့အတွက် အချိန်နောက်ထပ် ထပ်ပေးရတာကတော့ သေချာပါတယ်။ ကျနော်ထက် ရတာသူတွေကလည်း
    သူတို့ပဲကွက်ပြီး ရပြီး ရှယ်ယာပြန်လုပ်လို့စိတ်မရှိကြတော့ လေ့လာသူလူငယ်တွေအတွက်က အသစ်သစ်တွေကို စကနေ အဆုံး လုပ်နေကြရတာ တကယ်တော့
    မကောင်းလှပါဘူး။ ဒီတော့ကာ တတ်သိပညာရှင်တွေကတော့ ဒီဘဲဗျာ ဘာမှမဟုတ်တဲ့ဟာလေးကို အကျယ်ချဲ့ နေပြန်ပြီဆိုပြီး တွေးစရာပါပဲ။ ဒါပေမယ့်ပေါ့ လူငယ်လေးတွေအတွက်တော့
    သဲတစ်ပွင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    PIC ဆိုတာ MicroChip ကထုတ်တဲ့ Chip တစ်ခုပါ။ အလူအများက လက်ခံနေတဲ့ အရှည်ကောက်စကားလုံးကတော့ အစမှာ "Programmable Intelligent Computer" ခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းကျတော့ “Programmable Interface Controller.” လို့ခေါ်ပြန်ရော။
    ရှိသေးတယ် နောက်တစ်ခု" Peripheral Interface Controller" လို့ခေါ်ကြပြန်ပါသေးတယ်။ PIC ဆိုတဲ့ နာမည်နဲ့ ဂျာမနီကုပ္မဏီတစ်ခုက Register လုပ်ပြီးသားဖြစ်လို့ Brand ကိုတော့ PICmicro လို့သုံးပါတယ်။ PIC ကို PIC လို့ပဲ သိလိုက်တာပဲ ကောင်းပါတယ်။
    Code name ကတော့ PIC16XXXX, PIC14XXXX, PIC18XXXX စသဖြင့် Family အလိုက်ခေါ်ပါတယ်။ အဲဒါလေးတွေကို ဘယ်မှာမြင်နိုင်လည်းဆိုတော့ကာ Chip တစ်ခုဝယ်လာရင် ကြည့်ကြည့်ပါ။ Microchip company နာမည်ရယ် PIC family အမျိုးအစားရယ်
    နံပါတ်ရယ်ပါပါတယ်။ ဥပမာ PIC16F84A လိုမျိုးပေါ့။ မြန်မာပြည်ဈေးကွက်မှာ တရုတ်ကဝင်တဲ့ PIC16F84A, PIC16F877, 877A, PIC18XXX တွေရနိုင်ပါတယ်။
    ပီအိုင်စီတွေကို အုပ်စုခွဲထားပါတယ်။ သူလုပ်နိုင်တဲ့ သူမှာပါတဲ့ Features အလိုက် သူ့ကို လုပ်ထားတဲ့ Architecture အလိုက် Family တွေခွဲထားတဲ့သဘောပါ။ အုပ်စုအလိုက် pin အရေအတွက်ကွာသွားပါတယ်။ သိမ်းထားနိုင်တဲ့ ROM memory size ကွာသွားပါတယ်။
    interfacing လုပ်ဖို့ ကွာသွားပါတယ်။ ပါဝါစားတာလည်း ကွာမှာပါ။ File Register memory address တွေနေရာချဖို့ Bank အရေအတွက်လည်းကွာမှာပါ။
    အုပ်စုတစ် -->> Baseline ( PIC10, PIC12, PIC14 Family)
    အုပ်စုနှစ် -- >> mid-range (PIC16 Family)
    အုပ်စုသုံး -->> high-range ( PIC18 Family)

    သူတို့ရဲ့ performance တွေ Features တွေကိုတော့ နောက်ပိုင်းလိုအပ်မှပဲ ဇယားတင်ပေးမှာပါ။ ဒါကလည်း မိမိကိုယ်တိုင် ဆိုင်ရာ DATA SHEET တွေကြည့်ရင်သိနိုင်ပါတယ်။ အခုလောလောဆယ်တော့ PIC16 နဲ့ PIC18 ကို တစ်ခုနှစ်ခုလောက် နှိုင်းယှဉ်ပြသွားပါ့မယ်။

    PIC16 family တော်တော်များများဟာ maximum freqeuncy 20 MHz ရပါတယ်။ 16C58 အမျိုးအစားဆိုရင် 40 MHz ရပါတယ်။ Memory က EEPROM ပါ။ Electronically Erasable Programmable ROM ပါ။
    ဆိုလိုတာက လျှပ်စစ်နဲ့ပြန်ဖျက်ပြန်နိုင် ပြန်ရေးနိုင်တဲ့ Read Only Type memory ဖြစ်ပါတယ်။ Programmable ဖြစ်တဲ့အတွက် Memory ကတော့ ရှိရမယ်လေ။ External memory module ကိုအသုံးချတာတွေလည်းရှိပါတယ်။
    Builtin ADC ပါပါတယ်။ computer နဲ့ ချိတ်ရင် ADC (Analog To Digital Converter ) လိုပါတယ်။ ကျနော်တို့ကိုင်တွယ်နေတဲ့ circuit တော်တော်များများက Analog တွေကိုး။ Computer ကကျတော့ သူဆီကို Digital ကိန်းဂဏန်း(1001) တွေ
    ဝင်လာမှ Processing လုပ်ပါတယ်။ computer မှမဟုတ်ပါဘူ။ အဲဒီလို Digital နဲ့မှ အလုပ်လုပ်တဲ့ ပစ္စည်းတိုင်းနဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင် ADC လိုပါတယ်။ အရင်က baseline ပီအိုင်စီအုပ်စုမှာဆိုရင် ADC မပါနိုင်သေးတဲ့အတွက် ပြင်ပ ADC တစ်ခုကို
    သုံးပြီး ချိတ်ဆက်ခဲ့ရပါတယ်။ mid-range group မှာ ပါလာတဲ့သဘောပါ။ဒါတောင် မစုံးသေးပါဘူး။ computer နဲ့ချိတ်ဆက်ရင် interfacing လုပ်တယ်လို့ခေါ်ပါတယ်။ interface ဆိုတာကို အလွယ်တကူသဘောက်ပေါက်အောင်
    ပြောရရင် mouse ဆိုတဲ့ hardware တစ်ခုဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ USB ကြိုးကိုသုံးပါတယ်။ PS/2 ကို သုံးပါတယ်။ USB နဲ့ သုံးရင် Mouse with USB interface ပေါ့။ PS/2 နဲ့သုံးရင် PS/2 Interface အသုံးပြုထားသော mouse ပေါ့ဗျာ။
    ဒီလိုပဲ Sound card ဆိုတဲ့ hardware ကို mother board မှာ တပ်ရင် PCI BUS Interface ကိုအသုံးများပါတယ်။ ကို့ motherboard မှာ PCI port ပါရင် PCI Interface ကိုအသုံးပြုထားတဲ့ LAN CARD တို့ ၊ Sound Card တွေကို သုံးပေါ့။
    အခုလည်း PIC chip တွေမှာ Interfacing အတွက် လုပ်ပေးထားပါတယ်။ PIC16 အုပ်စုမှာ တစ်ချို့ code number တွေမှာ ပါပြီး တစ်ချို့မှတော့ မပါဘူ။ PIC16C432 ဆို မပါပါဘူ။ PIC16F946 မှာဆိုရင် AUSART ဆိုတဲ့ interface နည်းပညာပါပါတယ်။
    သုံးတာကတော့ RS232 serial ကြိုးနဲ့ ကွန်ပူတာကို ချိတ်ပါတယ်။ PIC16F877A မှာဆိုရင်တော့ နောက်ထပ် comunication နည်းပညာတွေပါ ထည့်ပေးထားပါတယ်။ ဒါပေမယ့် USB interface နည်းပညာပါ မလာသေးပါဘူး။ package အနေနဲ့ 18 ပင်၊ 40 ပင် စရှိသဖြင့်ထုတ်ပါတယ်။
    ပင်များလေ I/O (input/output) အတွက်များများကိုင်တွယ်နိုင်လေပါပဲ။ PIC16F84A ဆိုရင် 18 ပင် ပါပါတယ်။ PIC16F877A ဆိုရင် 40 pin ဖြစ်ပါတယ်။

    PIC18 series တွေကျတော့ ခုနကတော့ ပိုမြင့်လာပါပြီ။ EEPROM မှာသိမ်းထားနိုင်တဲ့ memory space များလာပါမယ်။ pin လည်းများလာပါမယ်။ USB Interface ပါ လုပ်နိုင်တဲ့ အပိုပါလာပါတယ်။ max frequency ကလည်း 40 နဲ့ 48 အထိလက်ခံနိုင်လာပါတယ်။
    USB ကလည်း PIC18 ဆိုတာနဲ့ ပါပြီလို့ မယူဆနဲ့ဦး။ 18F222 မှာ မပါဘူ။ 18F2455 ဆိုပါတယ်။အဲလိုပေါ့။ ပါချင်ရင် ပါနိုင်တဲ့ဟာကို ရွေးဝယ်ပေါ့နော်။



    PIC ပုံ

    PIC မိတ်ဆက်လေးကတော့ တော်တော်ခရီးရောက်နေပြီ။ အခု PIC ဆိုတာ ဘယ်လိုကြီးတုန်းဆိုပြီး သိချင်ရင် ပုံကိုကြည့်လိုက်ပါ။ IC တစ်လုံးပါပဲ။ Program သွင်းလို့ရတဲ့ IC တစ်လုံးပေါ့ဗျာ။ ကိုယ့်ဟာကိုယ် Components တွေ သုံးပြီး IC တစ်လုံးကို အသုံးပြုမယ်ဆိုရင် တစ်ချို့နေရာတွေမှာ
    လိုအပ်သလောက်ပဲလုပ်ထားလို့ ကုန်ကျစရိတ်သက်သာနိုင်ပါတယ်။ ဥပမာ LED လေးတွေကို Flash ရိုးရိုးလုပ်ရုံပဲဆိုရင် 555 timers IC တစ်လုံးနဲ့ကောက်ဆင်လိုက်ရုံပါပဲလေ။ PIC ကိုသုံးတယ်ဆိုတာက Processing ပါရလို့။
    Interrupt လည်းအဆင်ပြေလို့။ Program တွေရေးပြီးထည့်ရုံနဲ့ ဥာဏ်ရှိရင် ရှိသလို Application တွေ ရနိုင်လို့ပါပဲ။ Toys ကားတစ်စင်းကို PIC နဲ့လုပ်နိုင်ပါတယ်။ Robits တွေကို PIC နဲ့ contorl လုပ်နိုင်ပါတယ်။ ရေပန်းတွေ လှလှပပ ထွက်အောင် PIC နဲ့လုပ်နိုင်ပါတယ်။
    မီးပွိုင့်တွေကို PIC နဲ့လုပ်နိုင်ပါတယ်။ Temperature sensor တွေသုံးပြီး အဲဒီ Temparature ဘယ်လောက်ရှိလည်းဆိုတာကို PIC သုံးပြီး LCD Display ပုံဖော်နိုင်ပါတယ်။ ဆိုင်းဘုတ်တွေလုပ်နိုင်ပါတယ်။ ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။
    နောက်ပို့စတွေကျရင် Program ဘယ်လိုသွင်းမှာလဲ ဘာနဲ့ရေးနိုင်လဲ ဘယ် Language သုံးနိုင်မလဲ။ ဘယ် Compiler ကို သုံးကြမလဲ၊ program သွင်းဖို့ ဘယ်လို Programmer Board ကိုသုံးနိုင်လဲစသဖြင့် ဆက်လက်ဆွေးနွေးပါ့မယ်။
    မီးပွိုင့်တစ်ခုကို လက်တွေ့တပ်ဆင်ခြင်းမျိုး။ motor တွေမောင်းမယ့် application တွေလိုမျိုး လက်တွေ့
    တပ်ဆင်တည်ဆောက်နိုင်ဖို့ ကြိုးစားပေးပါ့မယ်။ လက်တွေ့တပ်ဆင်ရမှာသုံးမယ့် ProjectBoard အသုံးပြုနည်း အခြေခံဆာ့ကစ်ဆင်နည်းတွေကိုတော့ ကျနော်ဆွေးနွေးနေတဲ့ Electronic forum board ပေါ်က လက်တွေ့အသုံးချဆာ့ကစ်ကလေးများမှာ
    ဖတ်ရှုနိုင်ပါတယ်။ တစ်ကယ်လို့ လက်တွေ့ပစ္စည်းတွေ မဝယ်နိုင်လို့ရှိရင် Simulator အသုံးပြုပြီး Simulation လုပ်မယ့်နည်းတွေကိုပါ ဆက်လက်ဆွေးနွေးပေးပါ့မယ်။ ဥပမာ LCD display module ဆိုရင် ဈေးကြီးတယ်လေ ။
    ဒီတော့ simulation ပဲလုပ်ကြည့်ကြတာပေါ့။ servo လည်း ဝယ်ရခက်ပါတယ်။


    ယနေ့ မြန်မာပြည်ဈေးကွက် PIC ဈေးနှုန်းကတော့ PIC1684A ပင်၁၈ ဆိုရင် 3000 ဝန်းကျင်ပါ။ PIC16F877A ပင်၄၀ ဆိုရင် 6000 ဝန်းကျင်ပါ။ PIC18 လည်း 6000 ဝန်းကျင်ပါပဲ။ တရုတ်လုပ်ဖြစ်ပြီး 6000 ဝန်းကျင်ထက် ကျော်နေရင်တော့
    ဈေးကြီးနေပါတယ်။ အဲဒီ ဝန်းကျင်နဲ့ရတဲ့ဆိုင်ကို လိုက်ရှာဝယ်ကြပါ။

    အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ

    စေတနာဖြင့်
    ရေခါး


    No Friends, No Keep in Touch! No Keep in Touch, No Disscussions! No Disscussions, No Forum! No Forum, No MEF!

  2. The Following 10 Users Say Thank You to yeakharr For This Useful Post:


  3. #2
    Newbie koaung123
    Join Date
    Jun 2009
    Posts
    4
    Thanks
    2
    Thanked 2 Times in 1 Post
    Rep Power
    0

    ပြန်စာ -> လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

    :PIC လက်တွေ့အသုံးပြုနိုင်ရန် ဘာအခြေခံတွေလိုအပ်ပါသလဲ။ဘယ်စာအုပ်တွေလေ့လာသင့်သလဲ။ကျွန်တော် က PIC စိတ်ဝင်စားသူ တစ်ယောက်ပါ။ အခုလိုPICအကြောင်းတွေ တင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့လဲ ဆွေးနွေးတင်ပြပေးပါ။ :haha:

  4. The Following 2 Users Say Thank You to koaung123 For This Useful Post:


  5. #3
    ရေခါး yeakharr has disabled reputation
    Join Date
    May 2008
    Location
    ကနက်သီရိ(ထားဝယ်)
    Posts
    744
    Thanks
    1,106
    Thanked 1,717 Times in 396 Posts
    Rep Power
    10

    ပြန်စာ -> လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

    အခုလိုစိတ်ဝင်စားလို့ ကျေးဇူးတင်ပါတယ်
    ကျနော် ဆက်ရေးပေးဖို့
    အားထည့်ပါဥိးမယ်


    No Friends, No Keep in Touch! No Keep in Touch, No Disscussions! No Disscussions, No Forum! No Forum, No MEF!

  6. The Following 2 Users Say Thank You to yeakharr For This Useful Post:


  7. #4
    Newbie kaungsan
    Join Date
    Oct 2008
    Posts
    1
    Thanks
    0
    Thanked 3 Times in 1 Post
    Rep Power
    0

    ပြန်စာ -> လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ [အခြေခံ]

    Thank you for your discussion.
    I am going to do a project that is intelligent wiper control system so i choose PIC 16F877A as an electronic control unit. I want to know about this PIC and data sheet.Please discuss this PIC.
    I want to know about this title and other equipments such that wiper motor, rain sensor, etc(data sheet).
    Help me
    Thank

  8. The Following 3 Users Say Thank You to kaungsan For This Useful Post:


  9. #5
    Newbie aungphyohtut is on a distinguished road
    Join Date
    Dec 2010
    Posts
    1
    Thanks
    15
    Thanked 3 Times in 1 Post
    Rep Power
    0
    pic အခြေခံအကြောင်းအရာလေးတွေ ဆက်လက်တင်ပြပေးပါဦးလို့ တောင်းဆိုပါရစေ
    အနော် က pic အကြောင်း စိတ်ဝင်စားသူပါ

  10. The Following 3 Users Say Thank You to aungphyohtut For This Useful Post:


  11. #6
    ရေခါး yeakharr has disabled reputation
    Join Date
    May 2008
    Location
    ကနက်သီရိ(ထားဝယ်)
    Posts
    744
    Thanks
    1,106
    Thanked 1,717 Times in 396 Posts
    Rep Power
    10
    လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ2 [အခြေခံ]
    ========================================

    အရင်တစ်ခါပို့စ်ထဲမှာ PICmicro အခြေခံအကြောင်းအရာလေး ပြောခဲ့ပါတယ်။ ဒီတစ်ခါတော့ PIC တစ်ခုကို

    ဝယ်တော့မယ်ဆိုရင် သူ့ကိုဘယ်နေရာမှာ သုံးမှာလဲ. ဘယ် Features တွေလိုရင် ဘယ်လို PIC မျိုးကိုရွေးမှာလဲ အခြေခံ DataSheet

    ဖတ်နည်းနှင့် programming လုပ်ဖို့ လိုအပ်သော environment နှင့် language များ PIC ချစ်ပ်ဆက်ထဲကိုထည့်ပေးမယ့် programmer

    board များကို ဆွေးနွေးပေးပါ့မယ်။
    PIC တစ်ခုကို ဝယ်တော့မယ်ဆိုရင် ကျနော်တို့ အသုံးပြုလိုတဲ့ နေရာကိုမူတည်ပြီး Chipset Range နှင့် Pin အနေအထားကို

    ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။ အရင် ပို့စ်မှာပြသွားတဲ့ DIP ပင်အနေအထားအသုံးပြုမယ့်နေရာရှိနိုင်သလို ကျနော်တို့ မြင်ဖူးနေကျ Intel processors တွေလို ပင်ရော ချစ်ပ်ရော အပေါ်မှာ မြင်နေရတဲ့ပုံစံတွေ အသုံးပြုရမယ့်နေရာတွေလည်း ရှိနိုင်ပါတယ်။ နောက်တစ်ခုက ကျနော်သုံးချင်သောနေရာသည် LED များကို driven လုပ်ချင်သလား သို့မဟုတ် မော်တာများကို မောင်းချင်သလား USB အင်တာဖေ့စ်များကို သုံးချင်သလားဆိုပြီးလည်း Datasheet များတွင် ပါဝင်သော features များကိုကြည့်လျက် ရွေးချယ်ရပါမယ်။
    ပြီးတော့ ကျနော်တို့ ရေးမယ့် program memory size သည် ကြီးသလား နဲသလားအပေါ်မူတည်၍လည်း memory နိုင်မနိုင်ကိုပါ ထပ်ကြည့်ဖို့လိုပါမယ်။

    PIC84A datasheet မှ အနည်းကျဉ်းကို တင်ပြပြီး ကောက်ချက်ဆွဲပြပါ့မယ်။ www.microchip.com တွင် PICmicro Chip များ၏

    Datasheet များကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

    အောက်မှာဖော်ပြထားတာကတော့ PIC84A ရဲ့ PINOUT ဖော်ပြချက်ဖြစ်ပါတယ်။
    (ပုံ)


    ၁၈ ပင်ပါပါတယ်။ ၁၈ပင်မှာ OSC1,OSC2 pin များကတော့ clock speed လိုအပ်သောကြောင့် အပြင်မှ crystal or

    oscilator ကိုတပ်ဆင်မယ့်ပင်ပါ။ ကျနော်တို့ အသုံးပြုလို့မရပါဘူး။
    ပီအိုင်စီ အလုပ်လုပ်ဖို့ clock speed ပေးခြင်းသာ ဖြစ်ပါတယ်။ clock speed ဆိုတာ ကျနော်တို့ PC computer တွေမှာ intel က

    Pentium4 2.3Ghz ပြထားသလိုမျိုးပါ။ PIC84A မှာတော့ 4Mhz ကိုအသုံးများပါတယ်။ ရိုးရိုးပီစီကွန်ပျူတာတွေနဲ့ယှဉ်ကြည့်လိုက်ရင်
    နှမ်းနှင့်ဆင်လို ကွာနေတာ သတိပြုမိမှပါ။ PIC84A မှာ 4Mhz အသုံးပြုပါက တစ်စက္ကန့်မှာ ၄သန်း instruction ကိုပဲ ပြုလုပ်နိုင်ပါတယ်။ဆိုလိုတာက PIC84A processing speed သည် instruction အား one by one , excute ပြုလုပ်ပါတယ်။ 1 အား registerA သို့ရွှေ့ပါဆိုလျင် one instruction သတ်မှတ်ပါက အဲလိုအမိန့်ပေးစေခိုင်းချက်ပေါင်း ၄ သန်းအား တစ်စက္ကန့်အတွင်းသူပြုလုပ်သွားမှာဖြစ်ပါတယ်။ တော်ရုံတန်ရုံဆိုလျှင်တော့ မြန်တယ်လို့ထင်ရပါတယ်။ တစ်ကယ်တမ်းက အဲလောက်မမြန်ပါဘူး။ 1+2=3 ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကိုတွက်ဖို့ သူ့အတွက် instruction တော်တော်များများလိုပါလိမ့်မယ်။ mili second အတွင်း ပြရမယ့်အနေအထားဆိုလျှင် ဒီထက်မြန်လေ ကောင်းလေပါပဲ။ ဒါပေမယ့် သာမန်ဆာ့ကစ်များအတွက်ကတော့ ဒီအမြန်နှုန်းသည် အဆင်ပြေစေပါတယ်။
    MCLR သည် Memory clear reset ဖြစ်ပါတယ်။ ၎င်းပင်သည် အသုံးဝင်သည့် သုံးရမယ့် ပင်ဖြစ်ပါတယ်။
    မိမိပြုလုပ်ခိုင်းထားသော ပရိုဂရမ်အား အစကနေ ပြန်လုပ်စေချင်လျှင်သုံးသော ပင်ဖြစ်သည်။ programသွင်းလျှင် ဗို့အဝင်အတွက် သုံးသော ပင်လည်းဖြစ်ပါတယ်။
    RA0 to RA4 အထိပင်များသည် ကျနော်အသုံးပြုနိုင်သောပင်များဖြစ်ပါတယ်။ Bi Directional pin များဖြစ်သည်။ ဆိုလိုသည်မှာ input အဖြစ် အသုံးပြုနိုင်သလို output အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ RA0 နှင့် RA1 သည် analog အဝင်များတွင် အသုံးပြုနိုင်သည်။ နောက်ပိုင်းတွင် analog အဝင်များအား မည်သို့ အသုံးပြုရမည်ကို ရှင်းလင်းသွားပါလိမ့်မယ်။
    RB0 to RB4 သည်လည်း in/out ပင်များဖြစ်ပါတယ်။ RB6 နှင့် RB7 သည် serial programming enable device (ဥပမာ ဆင်ဆာများ) များနှင့် ဆက်သွယ်အသုးံပြုပါက clock နှင့် data ပင်များအဖြစ် အသုံးပြုနိုင်ပါတယ်။Vss, Vdd ပင်များသည် ကျနော်တို့ မသုံးနိုင်သော ပင်များဖြစ်သည်။ PIC အလုပ်လုပ်နိုင်ရန် Voltage ကျွေးရမယ့် ပင်များဖြစ်နေလို့ပါ။ Vss မြင်တိုင်း ground ကျွေးပါ။ Vdd သည် +5 V ကျွေးပေးရမယ့် ပင်ဖြစ်သည်။ ၎င်းသင်ကေတများသည် PIC တော်တော်များတွင် မြင်ရပါမယ်။ အတူတူပဲဖြစ်တယ်။ Pin နံပါတ်ကွာသွားတာရယ် Vdd ,Vss များ ပိုလာတာရယ်ပဲ ကွာပါတယ်။ ဥပမာ Pin1 သည် Vdd ဆိုပါက တစ်ခြား PIC model တွင် pin13 တွင်လည်း Vdd ကို ထပ်မြင်ရနိုင်ပါတယ်။
    ကျနော်ပို့စ်သည် လက်တွေ့အသုံးချလို့နာမည်တပ်ထားသောကြောင့် PIC ချစ်ပ်တစ်ခုချင်းစီရဲ့ OPCode များ။ instruction set များကို ပြောသွားလိမ့်မယ် မဟုတ်ပါ။ ကျော်သွားပါမယ်။ တစ်ချို့ Features များကို ဆက်ကြည့်ရအောင်။ Interrupts များ ဘယ်လောက်ပါလဲ ဖတ်ဖို့လိုပါမယ်။ ADC ပါခဲ့ရင် 8bits လား 16 bits conversion လားကြည့်ထားဖို့လိုပါမယ်။ CCP features ပါရင် ccp1 ccp2 စသည်ဖြင့် ဘယ်နှစ်ခုပါလဲ ကြည့်ထားရပါမယ်။ မော်တာတွေမောင်းရင် အဆင်ပြေတဲ့ ပင်တွေဖြစ်ပါတယ်။

    မိမိအသုံးလိုသည့် circuit သည် USB ဆိုလျင် pic18 များထဲက USB ရသော Range ကိုရွေးပါ။ PWM သုံးမော်တာများကို မောင်းပါက pic1684A အားသုံးပြုနိုင်ပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်အသုံးပြုလိုပါက pic16877A (with serial port ) ကိုအသုံးနိုင်ပါသည်။



    ဘာlanguage တွေသုံးပြီး program ရေးနိုင်သလဲ
    =============================
    PIC Chip တွေကို program သွင်းဖို့ ရေးမည့် ဘာသာစကားကတော့ Assembly language ကတော့ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင် C,PicBasic, PicBasicPro စသသည်ဖြင့် သုံးပြုနိုင်ပါတယ်။ PIC chip အတွင်းသို့ ရိုက်သွင်းမယ့် Hex code ပြောင်းပေးမယ့် compiler တွေကတော့ MPASM assembler(http://www.microchip.com) ရှိတယ်။ Microchip PICmicro C Compiler (www.ccsinfo.com) ရှိတယ်။ PICC, HITECH C compiler (www.htsoft.com) ရှိတယ်။ CC5X compiler (www.bknd.com/cc5x) ရှိတယ်။ PicBasic compiler ရှိသလို၊ PicBasic Pro Compiler (www.rentron.com)လည်းရှိပါတယ်။ တစ်ခြား compiler များလည်း ရှိပါသေးတယ်။

    assembly language ပုံစံ



    Code:
     IFDEF  _DONT_USE_LFSR                   ;If LFSR instruction is not
                                                ;supported
            movlw    LOW(vADCIntBuffer)         
            movwf   FSR0L
            movlw    HIGH(vADCIntBuffer)        ;Load FSR0 with buffer start address
            movwf   FSR0H
                                     
        ENDIF
    C language ပုံစံ

    Code:
    main()
    {
        // disable JTAG port
        DDPCONbits.JTAGEN = 0;
    
        // 3.1 variable declarations
        int i;           // i will 
    
    serve as the index
    
        // 3.2 initialization
        TRISA = 0;      // all PORTA as output
        T1CON = 0x8030; // TMR1 on, 
    
    prescale 1:256 PB
    
        // 3.3 the main loop
        while( 1)
        {
            // 3.3.1 display loop, hand moving to the right
            
    
    for( i=0; i<30; i++)
            {	// 3.3.1.1 update the LEDs
                PORTA = bitmap[i];

    Basic ပုံစံ

    Code:
    DEFINE LOADER_USED  1  ' uses a bootloader
    define OSC          20 ' *** SET THE CORRECT SPEED ***
    
    CR     con 13       ' carriage return
    Char   var byte     ' character input
    
    hserout ["Program Starting...",CR]
    ProgramStart:
    
       ' read in a character, timeout after 5 seconds
       hserin 5000, Timeout, [Char]
       hserout ["Value = '", Char,"', ASCII = $",hex2 Char,CR]
       goto ProgramStart
    
    Timeout:
    
    
       hserout ["Trying again...",CR]
       goto ProgramStart

    ဘယ်လို editor တွေသုံးမလဲ
    ====================
    assembly, C အတွက် MPLAB IDE ကိုသုံးနိုင်တယ်။ basic code များအတွက် micro code studio ကို သုံးနိုင်ပါတယ်။

    Download လုပ်ရန်အတွက် google မှာ ရှာနိုင်ပါတယ်။

    (ပုံများ)



    Chip အတွင်းသို့ ကွန်ပျူတာမှရိုက်သွင်း၇န်အတွက် programmer board များ
    ========================================
    ပရိုဂရမ်မာဘုတ်တွေကတော့ တော်တော်များပါတယ်။ RS232 သုံးတဲ့ serial port programmer board နှင့် LTP port

    သုံးတဲ့ parallel port programmer board ရယ် USB port သုံးတဲ့ ပရိုဂရမ်ဘုတ်ဆိုပြီး အကြမ်းအမျဉ်းခွဲခြားနိုင်ပါတယ်။

    Hex code ပုံစံ

    code

    Code:
    29B800A6083C0084300900A71003200D0CA60BA728071403280D13841DB9281C0800043A1D39063A00801784080
    
    0043A1C03063A008028270800043A1C03063A1939063A00801784093A058028270D39390600A0203000A10AA0203

    - 3DIP8, ART2003, ETT, GTP ,JDM ,OzPIC, Pablin, PG3B, Pic_School, Pic800, PicBurner,

    Polivalente, PP2, ProPic2, Protopic2, TE20, Trainer, WILIEM စရှိသည်ဖြင့် programmer board

    အမျိုးအစားတော်တော်များများရှိပါတယ်. မြန်မာအနေအထားအရ ရှာရလွယ်ပြီး အသုံးများတဲ့ ပရိုဂရမ်မာဘုတ်နှစ်ခုတွေ့ရပါတယ်။ တစ်ခုက JDM programmer board ပါ။ serial ကြိုးနဲ့ချိတ်ပြီး သုံးရပါတယ်။ နောက်တစ်ခုက GTP USB Lite ပါ။ နှစ်ခုစလုံးကို ကိုယ့်ဟာကိုယ် ပြုလုပ်နိုင်ပါတယ်။ internet ပေါ်မှာလည်း ပြုလုပ်ပုံ၊ circuit diagram များ ရှာဖွေရရှိနိုင်ပါတယ်။


    ပုံများ





    Chip အတွင်းသို့ ကွန်ပျူတာမှရိုက်သွင်း၇န်အတွက် softwares များ
    ===================================
    MPLAB IDE နှင့် တစ်ချို့ IDE software များဖြင့် တိုက်ရိုက်သွင်းနိုင်သလို winpic800, PICprog4u ကဲ့သို့သော softwares များဖြင့်လည်း သွင်းနိုင်ပါတယ်။ အသုံးများတာကတော့ winpic800 ဖြစ်ပါတယ်။

    (ပုံများ)





    PICmicro chip များအား ပရိုဂရမ်မရိုက်သွင်းမီ စမ်းသပ်သော simulator များ
    =========================================
    National instruments ကထုတ်တဲ့ MultiSim, PICsimulatorIDE, PIC18SimulatorIDE, proteus electronics suites စသဖြင့်ရှိပါတယ်။ လွယ်ကူုတာကတော့ PicsimulatorIDE ပဲဖြစ်ပါတယ်။




    လုပ်ရမယ့်အဆင့်များ
    ===============

    ၁။ မိမိလိုချင်သည့် application အကြမ်းမျဉ်း circuit diagram
    ၂။ source code ရေးသားခြင်း (c,asm,basic)
    ၃။ compile လုပ်ခြင်း (hex ဖိုင်ရမယ်)
    ၄။ programmer software ဖြင့် hex ဖိုင်အားဖွင့်
    ၅။ programmer board အား ကွန်ပျူတာနှင့်ဆက်သွယ်ပါ (with usb or serial ကြိုး)
    ၆။ prorammer software မှ မိမိအသုံးပြုသော programmer board အား ရွေးချယ်၍ write code to Chip လုပ်ပါ။
    ၇။ တစ်ကယ်အသုံးပြုမယ့် circuit အားဆင်ပါ။

    အဲဒါပါပဲ။ overview လေးပေါ့ နောက်များမှပဲ ထပ်ရေးပါမယ်။
    အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ

    စေတနာဖြင့်
    ရေခါး


    No Friends, No Keep in Touch! No Keep in Touch, No Disscussions! No Disscussions, No Forum! No Forum, No MEF!

  12. The Following 14 Users Say Thank You to yeakharr For This Useful Post:


  13. #7
    Friendly Member okker123 is on a distinguished road
    Join Date
    Dec 2010
    Posts
    13
    Thanks
    46
    Thanked 30 Times in 8 Posts
    Rep Power
    0
    thanks you, ကိုရေခါးရေ။ PIC/PLC တွေကို စိတ်ဝင်စားတဲ့သူစားရင်းထဲမှာအနော်လဲပါတယ်။ ကိုရေခါးရဲ post တွေကိုလဲစိတ်ဝင်စားတယ်။ဒါပေမယ့် ကျွန်တော်က နည်းနည်းဝေးတယ်။ အခြေခံလု့းဝမရှိလို့ပါ။

  14. The Following 5 Users Say Thank You to okker123 For This Useful Post:


  15. #8
    ရေခါး yeakharr has disabled reputation
    Join Date
    May 2008
    Location
    ကနက်သီရိ(ထားဝယ်)
    Posts
    744
    Thanks
    1,106
    Thanked 1,717 Times in 396 Posts
    Rep Power
    10
    =====================================================
    လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ အပိုင်း-၃[အခြေခံ]
    =====================================================

    အပိုင်း(၂) မှာ လုပ်ရမယ့်အဆင့်များလို့ စာရေးသူဆွေးနွေးခဲ့ပါတယ်။ မျက်လုံးထဲ ပိုမြင်အောင်လို့ အောက်ပါ ပုံဖြင့်တွဲကြည့်ပါ။

    ပုံမှာ မြင်ရတာကတော့ programmer board အပေါ်မူတည်ပြီး Serial port (or) parallel port (or) USB port များဖြင့် ချိတ်ဆက်နိုင်ရန် နှစ်မျိုးပြထားပါတယ်။ ကျနော်တို့မှာရှိမယ့် programmer board ဟာ serial ကြိုးဖြင့် PC ကိုချိတ်ဆက်အသုံးပြုရမယ့် board ဖြစ်ခဲ့ရင် ဘယ်ဘက်က ပုံစံအတိုင်းပြုလုပ်ပါ။ Serial port ဟာ အများအားဖြင့် Desktop Computer တွေမှာသာ ပါတတ်ပါတယ်။ အရင်ခေတ်က engineering laptop တွေမှာလည်း serial port ကိုတွေ့ရှိနိုင်ပြီး ဒီဘက်ခေတ် laptop တော်တော်များများကတော့ Serial port မပါရှိတော့ပါဘူး။ GTP USB Lite programmer board ဆိုပါက desktop ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ် USB host port ရှိတဲ့ မည်သည့် ကွန်ပျူတာမဆို တပ်ဆင်လို့ရနိုင်ပါတယ်။ driver တင်လို့ရနိုင်သော windows ဖြစ်ဖို့လိုပါတယ်။ တစ်ချို့ USB programmer board တွေရဲ့ driver ဟာ winxp လောက်ပဲ အဆင်ပြေပါတယ်။ မြန်မာပြည်မှာ ရနိုင်တဲ့ GTP USB Lite ဟာလည်း xp မှာပဲ driver ကိုတင်ပြီးအသုံးပြုနိုင်ပါတယ်။ စမ်းသပ်ချက်အရ win vista or win7 မှာ မရပါ။
    Source code(Asm,C,basic) ကို သက်ဆိုင်ရာ compiler များဖြင့် compile လုပ်ပြီးပါက hex code ထွက်လာပါတယ်။ အဲဒီ hex code ကို PicWin800 ကဲ့သို့သော program သွင်းမယ့် software မှ ဖွင့်ထားရပါမယ်။ ပုံမှာ မြင်ရတဲ့ Programmer board ရဲ့ ZIF socket အတွင်းသို့ မိမိပရိုဂရမ်သွင်းလိုသော PICmicro chip (PIC16Fxxxx,PIC18Fxxxx,etc) ကို ပင်အနေအထားမှန်ကန်အောင် အရင် တပ်ဆင်ထားရပါမယ်။ ထို့နောက် programmer board ရဲ့ ကေဘယ်ကြိုး (Serial, parallel or usb) ဖြင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။ WinPIC800 တွင် မိမိရဲ့ compile လုပ်ပြီးသား hex file အားဖွင့်လျက်အနေထားဖြင့် Write program tool bar ကို နှိပ်လိုက်ပါက မိမိသွင်းလိုသော Chip အတွင်းသို့ ပရိုဂရမ်များ ရောက်ရှိသွားပါလိမ့်မယ်။ ပရိုဂရမ်သွင်းပြီးပြီဆိုပါက programmer board မှ PIC chip အား မိမိတစ်ကယ်အသုံးပြုမည့် circuit တွင် တပ်ဆင်အသုံးပြုရမည် ဖြစ်တယ်။ ဒါက အကြမ်းအမျဉ်းပြောတာပါ။ နောက်များမှ အသေးစိတ်ကို ဆွေးနွေးပေးပါဦးမယ်။

    သင်ရင်းနှီးထားရမယ့် ဗဟုသုတများ

    ၁။ အီလက်ထရောနစ်အခြေခံ (အုမ်းစ်လော, ဗို့၊ အင်ပီယာ၊ ခုခံအား စသည်ဖြင့်)
    ၂။ အီလက်ထရောနစ် components များအကြောင်း (resistors,capacitors,transitors,etc)
    ၃။ programming အခြေခံ (for PIC and PC software interfacing)
    ၄။ ကွန်ပျူတာအခြေခံအသုံးပြုနိုင်ခြင်း။
    သင်ကြုံတွေ့လာရမယ့် ပစ္စည်းများ
    ဆင်ဆာများ(sensors)၊ မော်တာများ၊ ဂီယာများ၊ circuit board များ၊ LCD modules များနှင့် LED မီးလုံးများ၊ ဓါတ်ခဲများ၊ adapter များ၊ မီတာ ၊ အီလက်ထရောနစ်ခလုတ်များ၊ အိုင်စီများ၊ ခဲဂဟေဆော်ပစ္စည်းများနှင့် တစ်ခြားလိုအပ်သောပစ္စည်းများဖြစ်ပါတယ်။



    PIC များဖြင့် အသုံးပြုနိုင်သေသာ LCD module




    ပီအိုင်စီဖြင့် ပြုလုပ်ထားသော toys


    servo motors



    လက်တွေ့တည်ဆောက်လျှင် သင့်တွင်ရှိထားရမယ့် ပစ္စည်းများ
    ၁။ အရေးကြီးဆုံး -- ပိုက်ဆံ
    ၂။ မာလ်တီမီတာ
    ၃။ ပီအိုင်စီ (ဝယ်ထားရမည်။ လက်ဆောင်ရပါက ပိုကောင်းသည်။)
    ၄။ Microcode studio softwares (အခု ဒီပို့စ်များအတွက်။ http://www.mecanique.co.uk/ )
    ၅။ Basic Pro Compiler (ကျနော့်ဥပမာများအတွက် ၎င်း compiler အားအသုံးပြုမည်။ စာရေးသူမှ ဒေါင်းလင့်ပေးမယ်)
    ၆။ WinPic800 (ပရိုဂရမ်သွင်းပေးမယ့် software) (http://www.winpic800.com/ )
    ရ။ Programmer Board( JDM or GTP USB Lite) (စာရေးသူမှ မဝယ်ပေးနိုင်ပါ။)
    ၈။ PIC Simulator IDE (စာရေးသူမှ ဒေါင်းလင့်ပေးမယ်)
    ၉။ စာအုပ်များ (တတ်နိုင်သလောက် ရှာပေးပါမယ်။)
    (စာရေးသူမှ ဒေါင်းလင့်ပေးမယ်ဆိုပေမယ့် အဆင်ပြေသူတစ်ယောက်ယောက် တင်ထားပေးလျှင် အလွန်အမင်းဆီလျှော်ပါသည်။)

    စေတနာဖြင့်
    ရေခါး


    No Friends, No Keep in Touch! No Keep in Touch, No Disscussions! No Disscussions, No Forum! No Forum, No MEF!

  16. The Following 14 Users Say Thank You to yeakharr For This Useful Post:


  17. #9
    ရေခါး yeakharr has disabled reputation
    Join Date
    May 2008
    Location
    ကနက်သီရိ(ထားဝယ်)
    Posts
    744
    Thanks
    1,106
    Thanked 1,717 Times in 396 Posts
    Rep Power
    10
    လက်တွေ့တည်ဆောက် PIC microcontroller ပရောဂျက်များ အပိုင်း-၄-၁[အခြေခံ]
    =====================================================
    PIC chipset ထဲမှာ ဘာတွေပါလဲလို့တော့ အကြမ်းအမျဉ်းသိထားရမယ်။ PLC မှာဆို Processor, Ram, Rom , Programming interface အကုန်ပါတယ်။ PIC မှာတော့ Processor, Ram, Rom ပဲပါပါတယ်။ Programming interface အတွက် ပြင်ပ programmer board တစ်ခုခုကို အသုံးပြုရပါတယ်။ အောက်ကပုံကတော့ PICF1684 ရဲ့ components တွေကို ဘလောက်ဖြင့် ပြထားတာပါ။ ကျန်တဲ့ ချစ်ပ်တွေလည်း အတူတူပါပဲ။ တစ်ချူိ့နေရာလေးတွေ နဲနဲကွဲတာကလွဲလို့ပေါ့။ PIC processor က ဘယ်ကပရိုဂရမ်ကို ဘယ်လိုဖတ်လဲဆိုတာကို အနည်းအကျဉ်းဆွေးနွေးပေးပါ့မယ်။ ကွန်ပျူတာအသေးစားလေးတစ်လုံးဆိုလည်း မမှားပါ။ processor ဟာ Binary code(010101)တွေကိုနားလည်ပါတယ်။ သူနားလည်တဲ့ဘာသာစကားကို ကျနော်တို့ တိုက်ရိုက်ရေးဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့အလုပ်ပါ။ အဲဒီတော့ လူနားလည်လွယ်တဲ့ assembly, C, Basic ကုဒ်များဖြင့် အရင်ရေးသားရပါတယ်။ဒါကို compiler က စက်နားလည်အောင်ပြောင်းပေးပါတယ်။ အဲဒီပြောင်းပေးတဲ့ code ကိုပဲ Program Memory သွင်းရန်ထည့်ထားသော PIC chip အတွင်းက Flash EPROM (လျှပ်စစ်ဖြင့် ရေးနိုင်ဖျက်နိုင်သော Read Only Memory) အမျိုးအစား မမ်မိုရီအတွင်းသို့ Programmer board အား ကြားခံပြီး ထည့်ပေးလိုက်ရပါတယ်။ ဒီလို ရေးနိုင် ပြန်ဖျက်နိုင်တယ်ဆိုပေမယ့် Chip အပေါ်မူတည်ပြီး အကြိမ်ရေ ကန့်သတ်ချက်ရှိပါတယ်။ ၁၀၀၀ လို့သတ်မှတ်ထားရင် အကြိမ်တစ်ထောင်ရေးလိုက်ဖျက်လိုက်လုပ်ပြီးပါက မှန်မှန်ကန်ကန်အလုပ်လုပ်တော့မည် မဟုတ်ပါ။
    ရေးသွင်းပြီးသွားတဲ့ ပရိုဂရမ်ဟာ ပြန်မဖျက်မချင်း EPROM ထဲမှာ အမြဲတမ်းရှိနေမှာပါ။ PIC chip အား voltage မှန်မှန်ကန်ကန်သွင်းပြီး power on လိုက်ပါက CPU သည် EPROM ထဲတွင်ထည့်ထားသော Program များကို ယူပြီးတွက်ချက်ပါလိမ့်မယ်။ အမြန်နှုန်းကတော့ Clock Speed အပေါ်မှီခိုပါတယ်။ အဲဒီလောက်နဲ့ပဲ သီအိုရီခဏရပ်ပြီး လက်တွေ့သွားရုံအောင်။



    လက်တွေ့တည်ဆောက်ဖို့ ပစ္စည်းတွေ မရှိသေးဘူးပဲ ထားပါတော့။ ကျနော်တို့ လုပ်နိုင်တာရှိသေးတယ်။ Program ရေးနည်းလေ့လာလို့ ရတယ် ဆာ့ကစ်တွေ တည်ဆောက်ပြီး Simulator နှင့် Run ကြည့်လို့ရတယ်။ အခုဒီပို့စ်မှာ ပရိုဂရမ်တစ်ပုဒ်၊ဆာ့ကစ်တစ်ခု ကိုတည်ဆောက်ပြီး simulation လုပ်ကြည့်ရအောင်။ အရင်ပို့စ်က ရှိထားရမယ့် ပစ္စည်းများအားလုံး စုဆောင်းထားပြီး ဖြစ်ရပါမယ်။ အခုဒီပို့စ်မှာ လိုတဲ့ softwares များကတော့-
    ၁။ microcode studio
    ၂။ PicBasic Pro Compiler
    ၃။ PIC simulator IDE

    ပရောဂျက်(၁)
    လိုလားချက်။ ။ သင့်အား Customer တစ်ယောက်ယောက်က LED မီးလုံးတစ်လုံးအား မှိတ်တုတ်မှိတ်တုတ်ဖြစ်ရန် ပြုလုပ်ပေးပါလို့ အလုပ်လာအပ်ပါပြီ။
    ဖြေရှင်းချက်။ ။ ပရောဂျက်မန်နေဂျာမှ မောင်အေ အား Circuit schemetic လုပ်ခိုင်းပါတယ်။ မောင်ဘီအား ပရိုဂရမ်ရေးပြီး chipset အတွင်းသို့ ထည့်ခိုင်းပါတယ်။ မောင်စီအား PCB (printed circuit board) လုပ်ခိုင်းပါတယ်။ မောင်ဒီအား circuit ဆင်ခိုင်းပါတယ်။ PIC16F84A အားသုံးခိုင်းသည်။
    (မှတ်ချက်။ အလုပ်ကြီးကြီးဆိုပြီး သတ်မှတ်ပါ။ လက်တွေ့အတိုင်း ချဉ်းကပ်နေသည်ဟု ခံစားပါ။)

    မောင်အေ အလုပ်
    ===========
    မောင်အေသည် PIC16F84A ချစ်ပ် Datasheet အားဖတ်ပါတယ်။ သူ့ရဲ့ပင်အနေအထားကိုမှတ်ပါတယ်။အောက်ပါပုံသည် မောင်အေကြည့်သော PIC16F84A ၏ ပင်အနေအထားပါ။


    ပင်အနေအထားကြည့်ပြီးပြိဆိုတာနဲ့ ဆာ့ကစ် schemetic diagram ဆွဲပါတယ်။ မောင်အေဆွဲသော ပုံမှာ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။ ( ပါဝါပေးတာတွေ clock speed ပေးတာတွေ နားမလည်ရင်လည်း ခဏမေ့ထားပါ။simulation project များပြီးလို့ လက်တွေ့ဆင်တဲ့အခါ ပြောပြသွားပါ့မယ်။ )

    OSC1 နှင့် OSC2 သည် ပင်၁၅ နှင့် ပင် ၁၆ ဖြစ်ပါတယ်။ အဲဒီနေရာမှာ resonator or crystal အားတပ်ဆင်၇န်ဆွဲထားပါတယ်။ ၎င်းသည် clock speed ပေးသော oscillator ဖြစ်သည်။ PORTB7 (RB7) ပင်သည် In/Out ပင်ဖြစ်သည်။ ၎င်းပင်မှ output ကိုယူသုံးရန်ဖြစ်သည်။ ပင်နံပါတ်၁၃ နေရာတွင် RB7 ရှိပါတယ်။ Vdd(ပင်၎) သည် အပေါင်း ၅ဗို့ကျွေးရန်ဖြစ်ပါတယ်။ Vss(ပင်၅)သည် အနှုတ်ဗို့အားလိုင်းနှင့် ချိတ်ရန်ဖြစ်ပါတယ်။ ရှေ့က regulator IC က 7805 ဖြစ်ပြီး ၅ဗို့အား မှန်မှန်ကန်ကန်ထိန်းပေးနိုင်ရန် တပ်ဆင်ထားခြင်းဖြစ်ပါတယ်။ ပင်နံပါတ်များနှင့် ဆိုင်ရာ specification များသည် datasheet ကိုဖတ်၍ သိနိုင်ပါတယ်။ တစ်ချို့ပီအိုင်စီများမှာ တစ်ခြားပင်နံပါတ်များ ဖြစ်နိုင်ပါတယ်။
    အနှစ်ချုပ်မှာ ကျနော်တို့ ဆက်လုပ်မယ့်
    - မည်သည့် PIC မဆို Vdd အား အပေါင်းဗို့ပေးရန်
    - မည်သည့် PIC မဆို Vss အား အနှုတ်လိုင်းဖြင့် ချိတ်ရန်
    - မည်သည့် PIC မဆို External clock အား အသုံးပြုပါက OSC1 နှင့် OSC2 ပင်များအား oscialltor များဖြင့်ချိတ်ပေး၇န်
    ဤသည်မှာ ဘာမှမလုပ်ခင် PIC ကိုသုံးမယ်ဆိုတာနဲ့ ချိတ်ကိုချိတ်ပေးထားရမယ့် ပင်များဖြစ်ပါတယ်။ ၎င်းပင်များချိတ်ထားမှသာ ပီအိုင်စီအလုပ်လုပ်မှာဖြစ်ပါတယ်။ ကျန်တာကတော့ Input/Output ပင်များ ကိုင်တွယ်ခြင်းပဲဖြစ်ပါတယ်။

    မောင်အေမှ Task1 အားပြုလုပ်ပြီးသွားပါပြီ။ မောင်ဘီလုပ်ရန်မှာ မောင်အေချိတ်ထားပေးသော RB7 ရှိ LED အား မီးမှိတ်တုတ်မှိတ်တုတ်( flusing LED) ဖြစ်ဖို့ ပရိုဂရမ်ရေးပေးရန် ဖြစ်သည်။ မောင်ဘီ Task2 အား နောက်ပို့စ်မှာ ဆက်ဆွေးနွေးပေးပါ့မယ်။



    စေတနာဖြင့်

    ရေခါး


    No Friends, No Keep in Touch! No Keep in Touch, No Disscussions! No Disscussions, No Forum! No Forum, No MEF!

  18. The Following 10 Users Say Thank You to yeakharr For This Useful Post:


+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. Replies: 36
    Last Post: 10-08-2016, 09:28 AM
  2. Microcontroller အကြောင်း
    By npaero0172 in forum နည်းပညာဆိုင်ရာတွေ မေးမြန်းကြရအောင်
    Replies: 4
    Last Post: 01-27-2012, 08:15 PM
  3. pic microcontroller 25T80 24C
    By soelinnkyaw in forum နည်းပညာဆိုင်ရာတွေ မေးမြန်းကြရအောင်
    Replies: 1
    Last Post: 10-24-2011, 02:32 AM
  4. တိုက်ခိုက်ရေးစက်ရုပ် တစ်ခု တည်ဆောက်ခြင်း စာအုပ်
    By ရိုမီယို in forum အင်ဂျင်နီယာဆိုင်ရာ စာအုပ်များ
    Replies: 9
    Last Post: 09-08-2009, 07:11 PM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts