+ Reply to Thread
Page 1 of 2 1 2 LastLast
Results 1 to 10 of 15

Thread: Windows 7 နှင့် Multi Booting

  1. #1
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    Windows 7 နှင့် Multi Booting

    Windows 7 နှင့် Multi Booting အကြောင်းသိချင်တဲ့ သူတွေ မေးခွန်းတွေ မေးကြပါ။
    သိချင်တဲ့ အပိုင်း ကို သိသလောက် ပြောပြပေးသွား ပါမယ်။
    ကျွန်တော့် စက်မှာ Windows 7 64 bit &32 bit,Windows XP pro 64 bit & 32 bit, Fedora တို့ကို တင်ထားပါတယ်။
    အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး သိသမျှ ပြောပြချင်ပါတယ်။
    အကုန်လုံး ကို ဒီနေရာမှာ တစ်ထိုင်တည်း ပြောဖို့ ကတော့ သိပ်ရှည်နေမှာ စိုးတာကြောင့် ရယ် ကျွန်တော်က အင်တာနက်ဆိုင်မှာ သုံးတာကြောင့် ဘတ်ဂျက်အခြေအနေကြောင့်ရယ် မေး သလောက်ကိုပဲ နည်းနည်းစီပြောပြပေးသွားပါမယ်လို့။
    Windows 7 ကို Virtual Disk ပေါ်မှာတင်ပြီး ကိုယ့် ကွန်ပြူတာမှာ တိုက်ရိုက် Boot လုပ်တဲ့ နည်းကိုလည်း သိချင်တဲ့သူ ရှိရင် ပြောပြပေးသွားပါမယ်။

    ကျေးဇူးတင်ပါသည်။

    herzcthu.

  2. #2
    MEF သင်တန်းနည်းပြ pooh.kglay
    Join Date
    Sep 2009
    Location
    တာမွေ
    Age
    28
    Posts
    404
    Thanks
    22
    Thanked 159 Times in 58 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    ကိုherzcthu ရေ
    window7 နဲ့ ပတ်သက်ပြီး တစ်ခု လောက် မေးစရာရှိလို့ပါ
    window7 မှာ voice control နဲ့ email တွေကို command
    ပေးပြီး ခိုင်းလို့ရတယ် တဲ့ control panel ထဲ မှာလုပ်ရတယ်
    ပြောတယ် ကျွန်တော်လဲ ကျိုးစားကြည့်တာပဲ ဘယ်လို မှ စမ်း
    လို့ မရဘူး သိရင် တစ်ချက်လောက် ကူညီပေးပါ....
    ကျေးဇူးတင်ပါတယ်...
    [img width=131 height=131]http://i.imgur.com/iPOo9.gif[/img]
    [img width=456 height=118]http://i.imgur.com/twBcr.jpg[/img]
    [move] ကြိုးတစ်ချောင်းကို ဖြတ်ဖို့လွယ်ပေးမယ့် သံယောဇဉ်ကြိုးကိုတော့ ဖျက်ဖို့တော်တော်ခက်ခဲတယ် ... [/move]

  3. #3
    Advanced Member ချီးဘူးလေး is an unknown quantity at this point ချီးဘူးလေး's Avatar
    Join Date
    Jul 2008
    Location
    နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြ
    Age
    30
    Posts
    332
    Thanks
    419
    Thanked 195 Times in 42 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    ကို herzcthu ရေ
    သူများမေးတာကို မစောင့်တော့ပဲနဲ့ :2:
    အကိုသိသမျှကို ဒီမှာပြောပြရင် ၀င်ကြည့်တဲ့သူတိုင်း ဗဟုသုတရတာပေါ့ဗျာ
    အမေးကိုစောင့်မနေပါနဲ့တော့ဗျာ ;D
    သိသမျှကို ပြန်လည်ဝေမျှလိုက်ပါတော့ ;D
    စာရိုက်လို့မောရင်ပြော ကော်ကော်တိုက်မယ်သိလား :2:

  4. #4
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> ပြန်စာ -> Windows 7 နှင့် Multi Booting

    [quote author=pooh.kglay link=topic=6115.msg40550#msg40550 date=1260973694]
    ကိုherzcthu ရေ
    window7 နဲ့ ပတ်သက်ပြီး တစ်ခု လောက် မေးစရာရှိလို့ပါ
    window7 မှာ voice control နဲ့ email တွေကို command
    ပေးပြီး ခိုင်းလို့ရတယ် တဲ့ control panel ထဲ မှာလုပ်ရတယ်
    ပြောတယ် ကျွန်တော်လဲ ကျိုးစားကြည့်တာပဲ ဘယ်လို မှ စမ်း
    လို့ မရဘူး သိရင် တစ်ချက်လောက် ကူညီပေးပါ....
    ကျေးဇူးတင်ပါတယ်...

    [/quote]

    အဲဒါနဲပတ်သက်ရင်တော့ ကျွန်တော့ မှာ Mic မရှိလို့ စမ်း မကြည့်ဖူးသေးပါ။
    ဒါကြောင့်မသိသေးပါ။ သိလာရင် ပြောပြပါမယ်။
    ကျွန်တော့်ကွန်ပြူတာကို နောက် ၁လ ၂လ လောက်အတွင်း နည်းနည်းထပ် အဆင့် မြှင့် ဖို့စီစဉ်ထားပါတယ်။ ပြီး တော့ Voice control နဲ့ E-mail တွေကိုပို့ဖို့ဆိုရင် E-mail က Outlook လို Microsoft Application ကိုသုံးရမယ်ထင်ပါတယ်။
    သိသလောက်ပြောရရင် Windows 7 မှာ Ease of Access ဆိုတာရှိတယ်။ အဲဒီမှာ သွားစမ်းကြည့်လိုက်ပါ။

    ကျေးဇူးတင်စွာဖြင့်

    herzcthu

  5. #5
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> ပြန်စာ -> Windows 7 နှင့် Multi Booting

    [quote author=ချီးဘူးလေး link=topic=6115.msg40557#msg40557 date=1260978464]
    ကို herzcthu ရေ
    သူများမေးတာကို မစောင့်တော့ပဲနဲ့ :2:
    အကိုသိသမျှကို ဒီမှာပြောပြရင် ၀င်ကြည့်တဲ့သူတိုင်း ဗဟုသုတရတာပေါ့ဗျာ
    အမေးကိုစောင့်မနေပါနဲ့တော့ဗျာ ;D
    သိသမျှကို ပြန်လည်ဝေမျှလိုက်ပါတော့ ;D
    စာရိုက်လို့မောရင်ပြော ကော်ကော်တိုက်မယ်သိလား :2:
    [/quote]

    ဟုတ်ကဲ့ ခင်ဗျာ အဲဒီလိုပဲလုပ်မယ်လို့စိတ်ကူးထားပါတယ်။
    ကျွန်တော် က အင်တာနက်ဆိုင်မှာ အချိန် အကြာကြီး မထိုင်နိုင်လို့ အိမ်မှာ ခေါင်းစဉ်တစ်ခုချင်းစီ ရေးလာ ပြီးမှ တင်မယ်လို့စဉ်းစားနေပါတယ်။
    ပြီးတော့ ကျွန်တော်က အင်တာနက်ဆိုင်ကို တစ်ပတ်မှာ ၂ရက်လောက် အလွန်ဆုံးထိုင်နိုင်တာ ဆိုတော့ ရတဲ့ အချိန်မှာ ရသလောက်တော့ရေးသွားပေးပါမယ်။
    တစ်ခု ပန်ကြားချင်တာက စိတ်ရှည်ရှည်တော့ထားကြပါလို့။
    အခုတောင် ကျွန်တော် နောက်တစ်ပတ် နေမှ ပဲ အင်တာနက်ဆိုင်ကို ရောက်နိုင်တော့မယ်။

    ကျေးဇူးတင်စွာဖြင့်

    herzcthu

  6. #6
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    Bootloader အကြောင်း အကျဉ်းချုပ် -> Windows 7 နှင့် Multi Booting

    Windows 7 နှင့် Multibooting လုပ်ချင်ရင် အရင်ဆုံး သိရမှာက Vista Bootloader (or) Boot Manager အကြောင်းပါ။
    Vista သုံးနေတဲ့ သူတွေကတော့ Vista Bootloader အကြောင်းသိကြမှာပါ။ သူ့ကို BCDEDIT လို့ခေါ်ပါသေးတယ်။ Command Prompt မှာ bcdedit လို့ရိုက်ရပါတယ်။
    Windows 7 မှာ bcdedit ကိုသုံးမယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက UAC (User Account Control) ကို ပိတ်ထားရပါတယ်။ ပိတ်မထားရင် CMD မှာ Access Denied ဖြစ်ပြီး ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။
    အဲဒီတော့ ဘာမှ မလုပ်ခင် UAC ကို အရင်ပိတ်ပါ။ နောက်ပြီး Windows Logo+R နှိပ်ပါ။ အဲဒီမှာ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။ Command Prompt Windows ပေါ်လာပါမယ်။
    အဲဒီ CMD မှာ bcdedit လို့ ရိုက်လိုက်ပါ။ Bootloader option မှာပါတာတွေကို အသေးစိတ်ဖော်ပြပါလိမ့်မယ်။
    ဥပမာပုံကိုကြည့်ပါ။


    တကယ်လို့ Windows 7 (or) Vista တစ်ခုတည်းတင်ထားရင် အပေါ်ဆုံးက နှစ်ပိုဒ် ဖြစ်တဲ့
    Windows Boot Manager အပိုဒ်နှင့် Windows Boot Loader အပိုဒ်နှစ်ခုပဲ ပေါ်ပါမယ်။
    အခုပုံကတော့ ကျွန်တော့်စက်ရဲ့ BCDEDIT Output မို့ အောက်က သုံးပိုဒ်ပိုလာတာပါ။
    အပေါ်ဆုံးအပိုဒ်က Boot Manager ကို ဘယ်partition မှာတင်ထားတယ်ဆိုတာ ပြောဖို့နဲ့ Default OS ကို သတ်မှတ်ထားတာကို ဖော်ပြဖို့ သုံးတာပါ။ ဒုတိယ အပိုဒ်က Windows ကိုတင်ထားတဲ့ Partition နဲ့ Windows Boot တက်ဖို့လိုအပ်တဲ့ Data တွေထားတဲ့နေရာကိုပြောတာပါ။
    နောက်ထပ် အပိုတင်ထားတဲ့ OS တွေကို အောက်မှာ ဆက်ပြီးဖော်ပြပါတယ်။
    ဒီမှာ ပြထားတဲ့ အချက်အလက်တွေအားလုံးဟာ Windows Boot တက်ဖို့ လိုအပ်တဲ့ အခြေခံ အချက်တွေကိုပြထားတာပါ။

    Windows 7 Boot တက်ဖို့အတွက် အဓိက လိုအပ်တာက Boot Manager ပါ။ Boot Manager တင်ထားတဲ့နေရာကို Windows 7 တင်တဲ့ အချိန်ကတည်းက Harddisk ရဲ့ ပထမဆုံး Sector မှာ ၀င်ရေးထားခဲ့ပါတယ်။ ဆိုလိုချင်တာက MBR ကိုရေးတာပါ။
    အဲဒီအတွက် ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ MBR က Data ကို ကွန်ပြူတာ BIOS ကဖတ်ပြီး MBR မှာပါတဲ့ Boot Manager ကို Run ပါတယ်။ Boot Manager ကတစ်ဆင့် BCD ( Boot Configuration Data) ကို ဖတ်ပြီး Screen မှာ OS Choice Menu ကို ပြပါတယ်။
    အဲဒီမှာ ရွေးလိုက်တဲ့ OS ကိုလိုက်ပြီး လိုအပ်ပတ်သက်တာကိုဆက်လုပ်သွားပါတယ်။
    ဆိုလိုတာက တကယ်လို့ Windows XP ကိုပါတင်ထားပြီး ကိုယ်က Windows XP ကို ရွေးလိုက်တယ်ဆိုရင် Boot Manager ကနေ Windows XP နဲ့သူအရင်က Version တွေရဲ့ Bootloader ဖြစ်တဲ့ ntldr ဆီကို တာဝန်လွှဲပေးလိုက်ပါတယ်။
    အဲဒီမှာ Boot Manager ရဲ့တာဝန်ပြီးသွားပြီး ntldr ရဲ့အလည့်ကိုရောက်ပါတယ်။
    ဒီနေရာမှာ သိထားရမှာက Boot Manager က Vista နောက်ပိုင်း Version တွေအတွက်ဖြစ်ပြီး ntldr ကတော့ Windows XP နဲ့သူ့အရင် Version တွေအတွက်ဆိုတာပါ။
    သေချာသိထားရမှာက Boot Manager က Windows XP ကိုသိတာမဟုတ်ပဲ ntldr ကိုသာသိတယ်ဆိုတာပါ။
    အဲဒီတော့ Windows XP ပဲဖြစ်ဖြစ် သူ့အရင်က Windows တစ်ခုခုပဲဖြစ်ဖြစ် ntldr ကတဆင့် ပဲ Boot လုပ်ပြီး Boot Manager က Boot လုပ်ပေးတာမဟုတ်ဘူးဆိုတာပါ။
    နောက်တစ်ချက်က system မှာ ntldr ဘယ်နှစ်ခုရှိရှိ Boot Loader သိတာက System Partition ပေါ်က တစ်ခုကိုပဲသိပါတယ်။
    အဲဒီတော့ Windows XP နဲ့သူအရင် Windows Version ဘယ်နှစ်ခုပဲတင်တင် Boot Manager ကပြတဲ့ Boot Menu မှာတစ်ခုပဲ ပေါ်ပါမယ်။
    ကျွန်တော့်ရဲ့ Boot Menu ကို Screen Capture လုပ်လို့မရနိုင်တာကြောင့် ဒီတိုင်းပဲရေးပြပါမယ်။

    Windows 7 Ultimate 64 Bit
    Windows 7 VHD 32 Bit
    Windows XP Pro 32Bit & 64Bit Choose 1 {တကယ်တော့ ဒီထဲမှာ Windows XP နှစ်ခုတင်ထားတာပါ}*
    Linux Fedora 10
    ----ဆိုပြီး Boot Menu မှာပေါ်ပါတယ်။
    အဲဒါဆို Windows XP 32 Bit နဲ့ 64 Bit တစ်ခုကိုရွေးချင်ရင်ဘယ်လိုလုပ်မလဲလို့မေးစရာရှိလာပါတယ်။ Vista Boot Loader ရဲ့ Boot Menu မှာပေါ်တဲ့ Windows XP Pro 32Bit & 64Bit Choose 1 ကိုရွေးလိုက်ပါ။ အဲဒါဆို ခါတိုင်း Windows XP မှာ မြင်နေကြ Boot Menu တစ်ခုပေါ်လာပါလိမ့်မယ်။ ကျွန်တော် ပြောခဲ့သလိုပဲ Boot Manager က Windows XP ကိုသိတာမဟုတ်ပဲ သူ့ရဲ့ Boot Loader ကိုပဲသိတာမို့ပါ။

    Linux မှာလဲ XP မှာလိုပဲ Linux ရဲ့ Boot Loader ဖြစ်တဲ့ grldr နဲ့ grub ကိုတာဝန်လွှဲပေးလိုက်တာပါပဲ။
    အဲဒီတော့ Windows 7 ရဲ့ Boot Manager နဲ့ Boot Loader တို့အလုပ်လုပ်ပုံကို အကြမ်းဖြင်းတော့ သိလောက်ပြီထင်ပါတယ်။
    ဆက်ပြီးတော့ BCDEDIT ကို အသုံးချပုံကို ပြောပြသွားပါမယ်။ BCDEDIT နဲ့ပတ်သက်ပြီး သတ်သတ်ခေါင်းစဉ်တစ်ခုဖွင့်တာက လေ့လာတဲ့ သူတွေ ရှာရတာ ပိုလွယ်မယ်ထင်လို့ Windows 7 နှင့် BCDEDIT လို့ ခေါင်းစဉ် အသစ်နဲ့ပြောသွားပါမယ်။ ဒီခေါင်းစဉ်အောက်မှာပဲ ဆက်ပြောနေရင် သိပ်ရှည်သွားပြီးဖတ်ရတဲ့သူတွေပျင်းသွားမှာ စိုးလို့ပါ။ ရှာရတာလည်း ပိုခက်သွားမယ်လေ။

    ကျေးဇူးတင်စွာဖြင့်

    Herzcthu.

    စာကြွင်း(အထူးပန်ကြားချက်)။ ။ဒီနေရာမှာ MBR အကြောင်းနဲ့ Boot Sector တွေအကြောင်းသိတဲ့ သူ ၀င်ရှင်းပြစေလိုပါတယ်။ ကျွန်တော် သိပေမယ့်သိပ်ကျွမ်းကျွမ်းကျင်ကျင် မဟုတ်လို့ မရှင်းပြနိုင်လို့ပါ။

  7. The Following 2 Users Say Thank You to herzcthu For This Useful Post:


  8. #7
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    အခု Multibooting အကြောင်းဆက်ပြောပါမယ်။ Windows 7 နဲ့ Multiboot လုပ်မယ်ဆိုရင် ဒုတိယ အချက် သိထားရမှာက Windows 7 က Multiboot ကို မထောက်ခံပါဘူးဆိုတာပါ။ အထူးသဖြင့် Partition တစ်ခုထဲမှာတင်ဖို့ဆိုရင် လုံးဝ မဖြစ်နိုင်တဲ့ အနေအထားလောက်မှာ ရှိပါတယ်။ သူက Partition တစ်ခုထဲမှာ Windows ဆိုတဲ့ နာမည်နဲ့ folder ရှိရင် Windows.old လို့ အမည်ပြောင်းပစ်ပြီးမှ Windows 7 ကိုတင်ပေးပါတယ်။ အဲဒီတော့ အရင်တင်ထားတဲ့ Windows ရဲ့ Bootloader က Windows ကိုမသိတော့ ပဲ Boot တက်လို့မရဖြစ်ပါတယ်။ ဒါပေမယ့် Partititon တစ်ခုထဲမှာ တင်ဖို့ လုံးဝ မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်တင်ထားတာ Windows XP နဲ့ သူထက် version နိမ့်တဲ့ Windows ဆိုရင် Boot.ini ဖိုင်ထဲမှာ windows အမည် အစား windows.old လို့ပြင်ပေးရင်ဖြစ်ဖြစ် Windows 7 မတင်ခင်ကတည်းက Windows folder ကို ကိုယ်ကြိုက်တဲ့ နာမည်ပြောင်းပြီး အဲဒီနာမည် အတိုင်း boot.ini ဖိုင်ကိုပြင်ပေးရင်တော့ရပါတယ်။ ဒါပေမယ့် Documents and Settings folder နဲ့ Programs Files folder နှစ်ခုကို တော့ အတူတူသုံး တာဖြစ်တဲ့ အတွက် တစ်ချို့ applications တွေတင်တဲ့ အခါနဲ့ သုံးတဲ့အခါအဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီတော့ Multiboot လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ Partition သပ်သပ်ခွဲတင်တာပဲ ဖြစ်ပါတယ်။
    နောက်တစ်ခုက အရင် ၀င်းဒိုးကို အရင်တင်ပါဆိုတာပါပဲ။ ဆိုလိုတာက version နိမ့်တဲ့ Windows ကို အရင်တင်ပါ။ အဲဒီလိုမဟုတ်ပဲ Windows 7 ကို အရင်တင်ပြီးမှ သူ့ထက် version နိမ့်တဲ့ Windows ကိုတင်မယ်ဆိုရင် Windows 7 ကို Boot တက်ခိုင်းလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတဲ့ နောက်မှတင်တဲ့ Windows က Hard Disk Boot Sector မှာ သူ့ရဲ့ bootloader ကို run ဖို့ပြင်ရေးလိုက်လို့ပါ။ အဲဒီတော့ Windows 7 ရဲ့ Boot Loader ကို ကိုယ့် ကွန်ပြူတာရဲ့ BIOS ကရှာမတွေ့ပဲ နောက်မှတင်တဲ့ Windows ရဲ့ Boot Loader ကိုပဲ တွေ့တဲ့အတွက် ကြောင့်ပါ။ ဒါပေမယ့် တကယ်လို့ Windows 7 ကိုအရင်တင်ပြီးမှ တစ်ခြား Windows ကိုတင်မယ်ဆိုရင်တော့ တစ်ခြား Windows ကိုတင်ပြီးတဲ့ အခါ Windows 7 installation ခွေကို ပြန် run ပြီး repair လုပ်ရပါမယ်။ ဒါဆိုရင်တော့ Windows 7 ကိုပြန် Boot လုပ်နိုင်မှာပါ။ ဘယ်လိုပြန်ပြင်ရမလဲဆိုရင်တော့ Windows 7 installation ခွေကို ကိုယ့်ရဲ့ စီဒီ drive မှာထည့် ပြီး CD ကနေ boot လုပ်ပါ။ ပြီးရင် repair my computer ကိုရွေးပေးလိုက်ရင် သူ့ဖာသာ start up error dectect လုပ်ပြီး ပြင်ပေးပါတယ်။ ပြင်ပြီးတာနဲ့ finish ကိုနှိပ်လိုက်ရင် အလိုလို restart ချပြီးပြန်ဖွင့်ပေးပါတယ်။ တကယ်လို့ အဲဒါမှ မရသေးရင်ဖြစ်ဖြစ် သူ့အလိုလို ပြင်မပေးရင်ဖြစ်ဖြစ် ကိုယ့်ဖာသာ start up repair ကို နှိပ်ပြီး ပြင်ခိုင်းရင်လည်းရပါတယ်။ ပြင်ပြီးလို့ ဘာပျက်နေတာလဲ အသေးစိတ်သိချင်ရင် show detail start up error ကိုနှိပ်ပြီးကြည့်လို့ရပါတယ်။ အဲဒီမှာ ဘယ်နှစ်ခုပျက်နေပြီး ဘာတွေပြင်ပေးလိုက်တယ်ဆိုတာ ပြပါတယ်။ ဒီနေရာမှာတော့ MBR corrupted လို့ ပြောပါလိမ့်မယ်။ အခုပြောခဲ့တာတွေကို သတိထားပြီးမှ Windows 7 Mulitboot လုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ကျွန်တော် Multiboot ကိုစ စမ်းတုန်းကတော့ အခက်အခဲတွေ အများကြီးပါ။ ဒါပေမယ့် အခုတော့ အဲဒီအခက်အခဲတွေက ပြောပြစရာမရှိလောက်အောင်ကို အသေးအမွှားကိစ္စလေးတွေ ဖြစ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော့်လိုပဲ စစမ်းတဲ့သူတွေ အခက်အခဲတွေ ရှိမယ်ဆိုရင်တော့ မေးသာမေးလိုက်ပါ။ သိရင်ဖြေပေးပါမယ်လို့။

    ကျေဇူးတင်စွာဖြင့်
    herzcthu

  9. The Following User Says Thank You to herzcthu For This Useful Post:


  10. #8
    Friendly Member သရဲ
    Join Date
    Dec 2009
    Location
    မြစ်ကြီးနား
    Age
    31
    Posts
    30
    Thanks
    0
    Thanked 3 Times in 3 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    ညံ့ တယ်လို့ဘဲ ပြောရမလား UAC ကို ဘယ်လိုပိတ်ရတာလဲဟင် ပို့မယ့်ပို့ ကုတို့ရောက်အောင်ပို့ပါဟယ်.............. :? M;

  11. #9
    Friendly Member Min Aung Naing Tun Min Aung Naing Tun's Avatar
    Join Date
    Jan 2009
    Posts
    22
    Thanks
    0
    Thanked 10 Times in 5 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    ကို သရဲရေ UAC ပိတ်ဖို့ကတော့
    user account ကိုဖွင့်လိုက်ပါ။ပြီးရင် change user account control setting ကို နှိပ်ပါ။
ိပေါ်လာတဲ့ box ပေါ်က bar လေးကို never notify ထိအောက်ကိုဆွဲချလိုက်ပါ။
    OK ပေးလိုက်ပါ။ restart ပြန်ကျသွားမယ်ထင်တယ်။ :4: :4: :4:
    ကိုသရဲ mutibooting လုပ်ဖို့လား။အဆင်ပြေရင်ဟြေပြလေ။
    ကျွန်တော်လဲ စိတ်ဝင်စားလို့။ :O :O :O
ှ

  12. #10
    Noble Contributor စပိုင်ချစ်သူ is on a distinguished road စပိုင်ချစ်သူ's Avatar
    Join Date
    Sep 2009
    Location
    Myanmar
    Posts
    849
    Thanks
    444
    Thanked 584 Times in 205 Posts
    Rep Power
    10

    ပြန်စာ -> Windows 7 နှင့် Multi Booting

    [quote author=herzcthu link=topic=6115.msg40538#msg40538 date=1260966850]

    ကျွန်တော့် စက်မှာ Windows 7 64 bit &32 bit,Windows XP pro 64 bit & 32 bit, Fedora တို့ကို တင်ထားပါတယ်။
    [/quote]

    ကျွန်တော်သိချင်တာလေး မေးပါရစေ။ စက်တစ်လုံးထဲမှာ Windows ရော Fedora နှစ်ခု တင်လို့ရပါသလား? :? :? :?
    ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏

+ Reply to Thread
Page 1 of 2 1 2 LastLast

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. booting windows 7
    By tma in forum အခြားအခက်အခဲများ
    Replies: 1
    Last Post: 09-07-2010, 02:35 AM
  2. MOVED: booting windows 7
    By phoelapyae in forum Operating System
    Replies: 0
    Last Post: 09-07-2010, 12:45 AM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts