+ Reply to Thread
Page 2 of 2 FirstFirst 1 2
Results 11 to 15 of 15

Thread: Windows 7 နှင့် Multi Booting

  1. #11
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ။ ကျွန်တော့်စက်မှာတင်ထားပါတယ်။ x86_64 fedora 10 စနစ်ကိုတင်ထားတာပါ။ ဆိုလိုတာက ၆၄ ဘစ်ကိုထောက်ပံ့တဲ့စက်တွေပေါ်မှာပဲ တင်လို့ရတဲ့ စနစ်ပါ။ သူ့အတွက် partition ကသပ်သပ်လိုပါတယ်။ တကယ်လို့ swap partition ပါထည့်ချင်ရင်တော့ windows ကတစ်ခု fedora ကတစ်ခုပဲတင်လို့ အဆင်ပြေပါမယ်။ swap ကလည်း primary partition ဆိုတော့ အားလုံးပေါင်းရင် primary partition 3 ခုပြည့်သွားလို့ပါ။ harddisk တစ်ခုမှာ primary partition 4 ခု ဒါမှ မဟုတ်ရင် primary partition 3 ခုနဲ့ logical partition တွေပဲ ထားလို့ရလို့ပါ။ ဒါပေမယ့် OS တွေရဲ့ တစ်ချို့ အပိုင်းတွေကိုမသုံးဘူး ဆိုရင်တော့ logical partition ပေါ်မှာ windows XP တော့ တင်လို့ရပါတယ်။ ကျွန်တော်ကတော့ logical ပေါ်မှာ တင်ရင် windows 7 ကို activation လုပ်လို့ မရလို့ မတင်တာပါ။

    တင်ချင်ရင်ဘယ်လို ပုံစံ တင်ရမလဲ ဆိုတော့

    ပထမ system partition (Primary Partition) ကို 2 G လောက်နဲ့ ထားပါ။
    ဒုတိယ Logical partition မှာ windows XP တင်ပါ။ ( Windows 7 ကိုတော့ Logical Partition ပေါ်မှာ တင်မကြည့်ဖူးပါ။ virtual disk file ဆိုရင်တော့ ရပါတယ်။)
    တတိယ swap partition
    စတုတ္ထ EXT 3 partition (for fedora root)

    အဲဒီလိုဆိုရင် swap partition ကိုထည့်ပေးလို့ရတယ်။ fedora အတွက် swap partition က မရှိမဖြစ်မဟုတ်ပါဘူး။ သူက windows မှာ page files နဲ့တူပါတယ်။ အဲဒီလိုတင်ရင် fedora boot loader နဲ့တင် နှစ်ခုလုံးကို boot တက်လို့ရပါတယ်။

    ကျွန်တော်ကတော့ swap partition မပါ ပဲတင်ထားတာပါ။

    ဒီလိုပါ။

    ပထမ system partition (Primary Partition) ကို 20 G နဲ့ Windows 7 64 Bit တင်ပါတယ်။
    ဒုတိယ primary partition ကို Windows XP 32 Bit & 64Bit အတူတူတင်ထားပါတယ်။ ( အဲဒီအတွက် တစ်ချို့ Application တွေသုံးလို့ အဆင်မပြေပါ။)
    တတိယ က logical partition ပါ။ အဲဒီထဲမှာ Windows 7 32 bit ကို virtual disk file (*.vhd) မှာတင်ပြီး boot တက်နိုင်အောင်လုပ်ထားပါတယ်။
    နောက်ဆုံး hard disk free space ကို fedora တင်လိုက်ပါတယ်။


  2. The Following User Says Thank You to herzcthu For This Useful Post:


  3. #12
    Friendly Member minthitpaing
    Join Date
    Feb 2009
    Posts
    42
    Thanks
    0
    Thanked 2 Times in 2 Posts
    Rep Power
    0

    ပြန်စာ -> Windows 7 နှင့် Multi Booting

    အစ်ကိုရေ ကျွန်တော် စက်မှာလည်း windosXP,7,ubuntu တင်ထားပါတယ်။ဒါပေမယ့် အားလုံးတင်ပြီးတဲ့အခါ ubuntu grub loader က windows 7 ကိုဝင်လိုက်ရင်
    starting up...ဆိုပြီးရပ်နေပါတယ်။7 ခွေထည့်ပြီး start up repair လုပ်လည်းဘာမှ မထူးဘူးဗျ။ubuntu က 8 ကော 9 ပါ အဆင်မပြေတာပါ..ဘယ်လိုလုပ်ရမလဲ ပြောပေးပါဦး။

  4. #13
    Junior Member herzcthu
    Join Date
    Dec 2009
    Posts
    57
    Thanks
    0
    Thanked 35 Times in 14 Posts
    Rep Power
    0

    ပြန်စာ -> ပြန်စာ -> Windows 7 နှင့် Multi Booting

    [quote author=minthitpaing link=topic=6115.msg46155#msg46155 date=1266740019]
    အစ်ကိုရေ ကျွန်တော် စက်မှာလည်း windosXP,7,ubuntu တင်ထားပါတယ်။ဒါပေမယ့် အားလုံးတင်ပြီးတဲ့အခါ ubuntu grub loader က windows 7 ကိုဝင်လိုက်ရင်
    starting up...ဆိုပြီးရပ်နေပါတယ်။7 ခွေထည့်ပြီး start up repair လုပ်လည်းဘာမှ မထူးဘူးဗျ။ubuntu က 8 ကော 9 ပါ အဆင်မပြေတာပါ..ဘယ်လိုလုပ်ရမလဲ ပြောပေးပါဦး။
    [/quote]


    Ubuntu Bootloader ကို မသုံးဘဲ Acronis Boot Loader ကို စမ်းသုံးကြည့်ပါလား။ နောက်တစ်ခုက linux base OS တွေသုံးမယ်ဆိုရင် သူ့ရဲ့ boot loader အတွက် bootsector ကို သူ့ partition မှာပဲထားပေးပြီး သုံးမှ ပိုအဆင်ပြေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ Hardisk ရဲ့ MBR မှာသွားရေးရင် Windows 7 လို OS တွေ Boot မတက်နိုင်ပါဘူး။ နောက်တစ်နည်းကတော့ windows 7 ရဲ့ ကိုယ်ပိုင် Vista Boot Loader ကိုသုံးပြီး Boot တက်ခိုင်းတာပါ။ သူ့ ထဲမှာ Ubuntu အတွက် boot loader option ပါထည့်ပေးလို့ရပါတယ်။ ကျွန်တော်ရေးထားတဲ့ CMD ကိုသုံးပြီး boot option မှာ Entry တွေ ထပ်ထည့်တဲ့နည်း နဲ့ စမ်းကြည့်ပါ။ အဲဒါကခက်တယ်ဆိုရင် GUI သုံးထားတဲ့ Nero smart က ထုတ်တဲ့ Easy BCD boot loader ရှိပါတယ်။ သူ့ကိုသုံးရင်တော့ Linux base ရော Mac ရောပါ။ windows 7 ရဲ့ Boot Loader options မှာထည့်လို့ရတယ်။ လွယ်လည်းလွယ်ပါတယ်။ <a href="http://neosmart.net/downloads/softwa...ာ</a> သွားယူလိုက်ပါ။ အလကားရပါတယ်။ သုံးကြည့်ပြီး အဆင်မပြေတာရှိရင် ပြန်မေးလို့ရပါတယ်။

    ကျေးဇူးတင်စွာဖြင့်

    herzcthu

  5. #14
    MEF သင်တန်းနည်းပြ pooh.kglay
    Join Date
    Sep 2009
    Location
    တာမွေ
    Age
    28
    Posts
    404
    Thanks
    22
    Thanked 159 Times in 58 Posts
    Rep Power
    0

    ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ အိပ်နေသုံးလို့ရပြီနော်.

    ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ အိပ်နေရင်း ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုနိုင်


    window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .

    အသုံးပြုနည်း

    * (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
    * (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
    * (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင်
    * Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
    * (၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .


    Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို

    ဒုတိယအဆင့်အသံစမ်းမယ် .

    * (၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
    * (၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
    * (၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ .
    * (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
    * (၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ
    * (၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ ....


    သိချင်လွန်းလို့ ရှာရင်း ရှာရင်း နဲ့ သူငယ်ချင်းရဲ့ စက်ထဲက တွေ့လာတာလေးပါ ....

    [move]ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... Pooh ကောင်လေး... :imm: [/move]
    [img width=131 height=131]http://i.imgur.com/iPOo9.gif[/img]
    [img width=456 height=118]http://i.imgur.com/twBcr.jpg[/img]
    [move] ကြိုးတစ်ချောင်းကို ဖြတ်ဖို့လွယ်ပေးမယ့် သံယောဇဉ်ကြိုးကိုတော့ ဖျက်ဖို့တော်တော်ခက်ခဲတယ် ... [/move]

  6. The Following 2 Users Say Thank You to pooh.kglay For This Useful Post:


  7. #15
    Newbie Talathor is an unknown quantity at this point
    Join Date
    Apr 2011
    Posts
    4
    Thanks
    1
    Thanked 2 Times in 1 Post
    Rep Power
    0
    window vista ကနေ window 7 ပြောင်းတင်လိုက်တယ်. window vista က window old အနေနဲ့ ကျန်နေပါတယ်.
    ကျွန်တော်က window နှစ်ခုလုံးကိုdual boot အနေနဲ့ သုံးချင်ပါတယ်
    ဘယ်လိုပြန်လုပ်ရမလဲသိချင်ပါတယ် .window 7 ပဲသုံးလို့ရတယ်. vista ကို ပြန်ခေါ်လို့မရဘူးဖြစ်နေတယ်
    သိတဲ့လူရှိရင်ကူညီပေးကြပါ.
    Last edited by Talathor; 06-15-2011 at 01:38 PM.

+ Reply to Thread
Page 2 of 2 FirstFirst 1 2

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. booting windows 7
    By tma in forum အခြားအခက်အခဲများ
    Replies: 1
    Last Post: 09-07-2010, 02:35 AM
  2. MOVED: booting windows 7
    By phoelapyae in forum Operating System
    Replies: 0
    Last Post: 09-07-2010, 12:45 AM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts