+ Reply to Thread
Results 1 to 2 of 2

Thread: MYANMAR IT DEVELOPMENT

  1. #1
    Advanced Member cy is an unknown quantity at this point cy's Avatar
    Join Date
    Aug 2008
    Location
    ချစ်သူနဲ.ဝေးတဲ့နေရာမှာ :e
    Age
    27
    Posts
    391
    Thanks
    185
    Thanked 682 Times in 195 Posts
    Rep Power
    0

    MYANMAR IT DEVELOPMENT


    www.mmitdev.com

    MMITD ၀က်ဆိုက်ဟာ ဆိုရှယ်နက်ဝက်ဖြစ်တဲ့ Ning ပေါ်တွင်တည်ထောင်ထားသောလူငယ် ၀က်ဆိုက်လေးတခု ဖြစ်ပါတယ် ..အိုင်တီနည်းပညာသာမက ..လူမူရေး စီးပွားရေး နှင့် ပညာရေးဆိုင်ရာများကို စုဝေးဆွေးနွေးနိုင်သော ဖိုရမ်တခုအဖြစ်ရပ်တည်သလို .မိမိကိုယ်ပိုင်ခံစားချက်များ ဆောင်ပါးများ ဗီဒီယိုများ သီချင်းများ ကဗျာများ စသည်ကဏ္ဍပေါင်းစုံ အဖြစ် မြင်တွေ့နိုင်ပါသည်။မိမိကိုယ်ပိုင် စာမျက်နှာဖြင့် မိမိ စိတ်ကြိုက်လွတ်လပ်စွာရေးသားနိုင်သော မြန်မာဘာသာသုံး website တခုဖြစ်ပါတယ် .. ထူးခြားချက်များ မိမိဝါသနာပါရာအသင်းများကိုစုပေါင်းတည်ထောင်နိုင်ပြီး ၊ကျောင်းများ၊ဘောလုံးအသင်းများ ။ စီးပွားရေးအသင်းများ ၊ နည်းပညာဆိုင်ရာအသင်းများကို ၀ါသနာတူများကိုလဲဖွဲ့ ထားရှိနိုင်ပါတယ် နိုင်ငံရေး စာပေးများမပါရှိခြင်း ..တင်ခွင့်မပြုချင်း ၊ ညစ်ညမ်းကိစ္စများ ၊ ညစ်ညမ်းစာပေများ ၊ညစ်ညမ်းဗီဒီယိုများကိုလည်းတင်ခွင့်ပြောဆို ရေးသားခွင့် မပြုပဲ လူငယ်များအနာဂတ်အကျိုးအတွက် အသိပညာ၊ နည်းပညာများကိုမျှဝေနေသော Website တခုအဖြစ်ရပ်တည် ထားပါတယ် .. ကွန်ပြူတာနဲ့ ပတ်သတ်သော ပြသနာများကိုအဓိကဖြေရှင်းပေးရုံသာမက ..ပညာဆိုင်ရာ ၀ါသနာတူအသင်းများဖွဲ့ပေးဖြင်း ပြသနာများကိုစုပေါင်းဖြေရှင်းခြင်း ..အသိပညာရရှိစေရန် နည်းပညာ စာအုပ်များကို အခမဲ့ အသုံးပြုခွင့်ပေးထားခြင်း . အသုံးဝင်သောဆော့လ်ဝဲလ် များထားရှိခြင်းစသည်တို့ကိုလဲ လုပ်ဆောင် ထားသော website တခုဖြစ်ပါတယ် ။
    ရည်ရွယ်ချက်

    (၁) မြန်မာ့ IT လောက ဖွံဖြိုးတိုးတက်စေရန့် နှင့် မြန်မာနိုင်ငံသားများအနေဖြင့် IT နည်းပညာများနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိစေရန်။
    (၂) နည်းပညာ အခက်အခဲများကို ပူပေါင်း ဖြေရှင်းနိုင်ရန် နှင့် မသိနားမလည်သူများကို တတ်နိုင်သလောက် ပူးပေါင်း၍ အကူအညီပေးနိုင်ရန်။
    (၃) မြန်မာ လူမျိုး အချင်းချင်း သွေး စည်းပြီးIT နည်းပညာ အတွက် အတူ တကွ ပူပေါင်း ဆောင်ရွက်နိုင်ရန်။
    (၄) ကိုယ်သိထားသော IT နည်းပညာ ဗဟုသုတ များကို အသင်းဝင် အချင်းချင်း အလွယ် တကူ ဆွေးနွေး ဖလှယ်နိုင်စေရန်။


    ဒီမှာဘာတွေရေးထားတာလဲ

    ဒီနေရာမှာ နည်းပညာနှင့်ပတ်သတ်သောသောဆွေးနွေးချက်များရှာဖွေ ဖတ်ရှုနိုင်ပါတယ်
    ဒီနေရာလေးမှ မြန်မာဝက်ဆိုဒ်နှင့် အခြားပညာရပ်ဆိုင်ရာ ၀က်ဆိုဒ်များနှင့်ချိတ်ဆက်ထားပါတယ်
    ဒီနေရာလေးမှဆော့ဝဲများအကြောင်း နက်ဝက်များနှင့် အခြားသောပညာရပ်ဆိုင်ရာများကိုလည်းရေးသားထားပါတယ်
    သိပ္ပံဆိုင်ရာ အချက်လက်များ အင်ဂျင်နီယာဆိုင်ရာ အချက်လက်များကိုလည်းရေးသားထားရှိပါတယ်
    ကွန်ပြူတာဆိုင်ရာပြသနာများ ဗိုင်းရပ်ဆိုင်ရာပြသနာများကိုလည်းဖြေရှင်းထားပါတယ်


    ဒီနေရာလေးမှာဘာတွေ လုပ်နိုင်လဲ

    ဒီနေရာလေးကနေ သင့်အားအိုင်တီနဲ့ ပတ်သတ်သောအသိပညာ များစွာပေးနိုင်ပါတယ်
    ဒီနေရာလေးကနေသင့်အားမိတ်ကောင်း ဆွေကောင်းအဖော်မွန်တွေ ရှာပေးနိုင်ပါတယ်
    ဒီနေရာလေးကနေ တိုင်းပြည်အကျိုးကိုတထောင့်တနေရာမှာပါဝင်ကူညီနိုင်ပါတယ်
    ဒီနေရာလေးကသင့်အားနည်းပညာနယ်ပယ်ထဲသို့ခြေတလှမ်းအဖြစ်ပို့ပေးနိင်ပါတယ်
    ဒီနေရာလေးကနေ ၀ါသနာတူသောလူများစုစည်းပေးနိုင်ပါတယ်
    ဒီနေရာလေးကနေနည်းပညာအခက်ခဲများရှိပါကအကူညီတောင်းနိုင်ပါတယ်


    မြန်မာအိုင်တီလောက ဖွံဖြိုးရေးအတွက်အသင်းသားများ ၏ အိုင်တီနည်းပညာဆွေးနွေးဖလှယ်ရန် တွေ့ဆုံ ပွဲ


    တွေ့ဆုံ ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်
    ကျွန်တော်တို့လူငယ်များစုပေါင်းတည်ထောင်ထားသော MYANMAR IT DEVELOPMENT အမည်ခံ Problem clean ၀က်ဆိုဘ်သည် ယခုအခါ အသင်းသားအရေအတွက်မှာ နှစ်သောင်းနီးပါးရှိနေပြီ ဖြစ်ပြီး စတင်ခဲ့သည်မှာလဲ (၂) နှစ်ကာလ ကျော်ခဲ့ပြီ ဖြစ်သည် ။စတင်ခဲ့သည့် သက်တမ်းနှင့်အမျှ အသင်းသားများ၏ ခင်မင်ရင်းနှီးမှုမှာလဲ မြန်မာနိုင်ငံသူ/သား ဆိုသည့် ခေါင်းစဉ်အောက်တွင် စည်းလုံး လျက်ရှိသည်။ ထိုကြောင့် webside၏ အသင်းဝင်များ အွန်လိုင်းပေါ်တွင် သာမက ပြင်ပတွင်ပါ တွေ့ဆုံခြင်း၊ နည်းပညာ ဖလှယ်ခြင်း (လက်တွေ့၊ သရုပ်ပြ)ဖြင့် အသင်းဝင် အချင်းချင်းရင်းနှီးချစ်ကြည် ရင်းနှီးစွာဖြင့် နည်းပညာ၊ လူမှုရေး ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် နောင် ဖြစ်ပေါ်လာမည့် အိုင်လောက အနာဂတ် ပိုမိုဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။

    ရည်ရွယ်ချက်များ
    ၁ ။ အသင်းသူ/အသင်းသားများIT Media နည်းပညာဖြင့် ပြောဆိုဆက်ဆံ ရင်းနှီးနေမှုမှ သည် ပြင်ပတွင်လည်း မိတ်ဆွေကောင်းများအနေဖြင့် ရင်းနှီးမှုရှိစေရန်
    ၂ ။ နည်းပညာနှင့် သက်ဆိုင်သောအခက်အခဲများအား ပူးပေါင်းဖြေရှင်းမှု အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်။
    ၃ ။ မိမိလေ့လာထားသော ပညာရပ်ပိုင်းဆိုင်ရာများကို Sharing လုပ်ခြင်းဖြင့် ၀ါသနာရှင်များအား IT Knowledge တိုးတက်လာစေရန်။ ၄ ။ အသင်းများအချင်းချင်းမိသားစုပမာ ရင်နှီးချစ်ကြည်မူရရှိစေရန်
    ၅ ။ MMITD အသင်းဝင်းများအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် အကျိုးပြု သော အသုံးဝင်သော Software များရေးသားမှု အားစတင်မှု ပြုလုပ်ရန်။
    ၆ ။ ပြည်သူအကျိုးပြု၊ ဘာသာ၊သာသနာ၊ လူမှုရေး ကိစ္စများဖြစ်သော ပရဟိတ လုပ်ငန်းများဆောင်ရွက်နိုင်ရန်။

    ဆွေးနွေး ပွဲ ခေါင်းစဉ်များ

    မြန်မာအိုင်တီဝက်ဆိုက်ရည်ရွယ်ချက်နှင့်တကွ ဆိုက်ရပ်တည်ပုံများအကြောင်း
    အသင်းသားများလုပ်ဆောင်ချက်နှင့် နောက်ပိုင်း ဆိုက်ရပ်တည်မူအခြေအနေများ

    အိုင်တီ နှင့် စီးပွားရေးလုပ်ငန်းများ ဆက်စပ်မူ
    ဆိုရှယ်နက်ဝက် များအသုံးပြုပြီး သတင်းအချက်လက်များ များရရှိပုံ
    အွန်လိုင်းမှနည်းပညာနှင့် အဆက်သွယ် ရရှိရေး
    တိုးတက်နေသောခေတ်၏ Technology အသစ်ဆန်းများအကြောင်း
    အွန်လိုင်းမှ E marketing
    လည်းကောင်းအစီစဉ်များကိုမြန်မာအိုင်တီ မှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပီး
    နောက်ပိုင်းအစဉ်များ

    Sharing နှင့် IT knowledge
    အိုင်တီဆိုင်ရာ နည်းပညာများကြောင်း များကိုအသင်းသားများ
    စိတ်ဝင်စားသူများဆွေးနွေးကြမည်

    အိုင်တီနည်းပညာဆွေးနွေးဖလှယ် တွေ့ဆုံ ပွဲ ကို မြန်မာနိုင်ငံအရပ်ရပ်မှ အသင်းသူ အသင်းသားများ တက်ရောက် ပါဝင်နိုင်ရန်အတွက် အမည်စာရင်းများ ကောက်ခံသော စာမျက်နှာကို ဖွင့်လှစ်ကောက်ခံသွားမည်ဖြစ်ပြီး ပွဲတက်ရောက်မည့် အသင်းသားများမှာ ခန့်မှန်း 300 မှ 400 ထိရှိပါမယ် မြန်မာအိုင်တီအသင်းသားများသာမက အခြားသော ၀က်ဆိုက်ဘ် ဖိုရမ် များမှ နည်းပညာသမားများကိုပါ ဖိတ်ခေါ်ထားရှိပါတယ် .. ဒီပွဲလေးဟာ MMITD website ၏ အသင်းသားများအတွက် ပထမဆုံးသော တွေ့ဆုံပွဲလေးအဖြစ် မှတ်တမ်းထားရှိသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဤကဲ့သို့ ဖြစ်မြောက်စေရန် ကြိုစားချင်စိတ် ပေါ်ပေါက် လာမှုကို ဦးတည်ရည်ရွယ်ကာ အစပြုခဲ့ခြင်းဖြစ်ပါသည်။ ..
    ထိုံကြောင့် အသင်းသားများအနေဖြင့်တွေက ဆုံ ပွဲ သို့ မပျက်မကွက်တက်ရောက်ကြပါရန်
    နိုးဆော်အသိပေးအပ်ပါသည်

    သင်ပါဝင်မှုဖြင့် တွေ့ဆုံပွဲဖြစ်မြောက်စေရန် ကူညီပါ

    www.mmitdev.com
    The Middle Ways of Life

    1. Right Speech

    2. Right Action

    3. Right Livelihood

    4. Right Effort

    5. Right Mindfulness

    6. Right Concentration

    7. Right Understanding

    8. Right Thought

  2. #2
    Advanced Member cy is an unknown quantity at this point cy's Avatar
    Join Date
    Aug 2008
    Location
    ချစ်သူနဲ.ဝေးတဲ့နေရာမှာ :e
    Age
    27
    Posts
    391
    Thanks
    185
    Thanked 682 Times in 195 Posts
    Rep Power
    0

    ပြန်စာ -> MYANMAR IT DEVELOPMENT

    အသေးစိတ်သိရှိလိုသူများ မြန်မာအိုင်တီတွေ့ဆုံပွဲဖြစ်မြောက်ရေးအသင်း -

    http://www.mmitdev.com/group/volunteerMMIT

    သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
    The Middle Ways of Life

    1. Right Speech

    2. Right Action

    3. Right Livelihood

    4. Right Effort

    5. Right Mindfulness

    6. Right Concentration

    7. Right Understanding

    8. Right Thought

+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. Seminar @ Software Development Experience in UK
    By manawphyulay in forum အထွေထွေသတင်းများ
    Replies: 0
    Last Post: 02-18-2010, 10:19 AM
  2. Personal Development
    By Luminox in forum အခြား စာအုပ်များ
    Replies: 0
    Last Post: 12-27-2009, 10:28 AM
  3. The Java SE development kits
    By Bunny in forum Applications
    Replies: 4
    Last Post: 01-15-2009, 07:05 PM
  4. နေရာရွှေပြီး။: The Java SE development kits
    By ရာမညဖိုးလပြည့် in forum Java
    Replies: 0
    Last Post: 01-15-2009, 03:40 AM
  5. Agile Software Development
    By kosonnyo in forum Programming/Web Programming ဆိုင်ရာစာအုပ်များ
    Replies: 0
    Last Post: 05-31-2008, 02:13 AM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts