သတ္ထုအင်ဂျင်နီယာပညာရပ်ရဲ့ အခွဲ တခုလို့ဆိုကြတဲ့ Corrosion အကြောင်း ရှိသင့်တဲ့အတွက် ဒီ Topic ကို စလိုက်ပါတယ်။ တကယ်တော့ Corrosion ဟာ အလွန်ကျယ်ဝန်းလှပြီး သီးခြား Engineering နယ်ပယ်တခုအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ Material Science ရဲ့ ပညာရပ်ခွဲတခုပဲဖြစ်ပါတယ်။
Corrosion ဟာ ဒီနေ့ကမ္ဘာမှာ အလွန်အရေးပါလာနေပါတယ်။ Oil & Gas လောကမှာ၊ Aircraft နယ်ပယ်မှာ၊ Marine Engineering မှာ အထူးအရေးပါတဲ့ ပညာရပ်တခုပါ။ မြန်မာအင်ဂျင်နီယာတွေအနေနဲ့ ဒီအပိုင်းမှာ အတော်လေး အားနည်းနေကြသေးတာကို ၀မ်းနည်းဖွယ် တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း Corrosion နယ်ပယ်ရဲ့ အရေးပါမှုတွေကို သိပ်မသိကြသေးသလို အသုံးချပညာရပ်ပိုင်းဆိုင်ရာ မှာလည်း အလွန် အားနည်း နေသေးတာဝမ်းနည်းစရာပါပဲ။ တကယ်တော့ Corrosion ဆိုတာ သံချေးတက်ခြင်းတခုတည်းမဟုတ်ပါဘူး။ အများကြီးပါ။ အဲဒီတော့ Corrosion နဲ့ စတင် မိတ်ဆက်ပေးပါ့မယ်။
Corrosion
Corrosion ရဲ့ Definition အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် လူသိအများဆုံးနဲ့ အထင်ရှားဆုံးအဖွဲ့အစည်းဖြစ်ပြီး သူ့ရဲ့ Standard တွေကို ကမ္ဘာတ၀ှန်းလုံးက အသိအမှတ်ပြုထားခြင်းခံရတဲ့ National Association of Corrosion Engineers (NACE) ရဲ့ Definition ကတော့ ဒီလိုပါတဲ့ ...
"The deterioation of a material, usually a metal, that results from a reaction with its environment"
ဒီတော့ Corrosion ဆိုတာဟာ Material တခု၊ များသောအားဖြင့် သတ္ထုတခုဟာ သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ ဓါတ်ပြုပြောင်းလဲပြီး မူလဂုဏ်သတ္တိတွေ ယိုယွင်း ပျက်သုဉ်းလာခြင်းပဲဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဗမာစကားဖြစ်တဲ့ သံချေးတက်ခြင်းလို့ မသုံးပဲ Corrosion လို့ပဲ ဆက်သုံးသွားမှာဖြစ်ပါတယ်။ အရပ်အခေါ်အနေနဲ့တော့ သံချေးတက်တယ်ဆိုတာ မှန်သင့်သလောက်မှန်ပေမယ့် Engineering မှာတော့ Corrosion ဟာ သံချေးတက်ခြင်းတခုထဲမဟုတ်ပဲ အလွန်ကျယ်ဝန်းတဲ့ ပညာရပ်ဖြစ်နေလို့ပါပဲ။
Types of Corrosion ကို အောက်မှာ စပြီးကြည့်ကြရအောင် ...
Uniform Corrosion (General Corrosion)
Pitting (Localized Corrosion)
Crevice Corrosion (Localized Corrosion)
Filliform Corrosion (Localized Corrosion)
Galvanic Corrosion
Lamellar Corrosion
Erosion Corrosion (Velocity-induced Corrosion)
Cavitation (Velocity-induced Corrosion)
Impingement Corrosion (Velocity-induced Corrosion)
Fretting Corrosion
Intergranular Corrosion
Exfoliation
Dealloying
Stress Corrosion Cracking (Environmental Cracking)
Corrosion Fatigue (Environmental Cracking)
Sulfide Stress Cracking (Environmental Cracking)
Hydrogen-induced Cracking (Environmental Cracking)
Hydrogen Embrittlement (Environmental Cracking)
High-temperature Corrosion (Creep)
အစရှိတာတွေပဲဖြစ်ပါတယ်။ အဓိက အဖြစ်များတဲ့ Corrosion Type တွေကို ပြောပြတာပါ။ ကျန်တာတွေလည်း ရှိပါသေးတယ်။
အချိန်ရရင် ရသလို ကြိုးစားပြီး ဆက်လက်တင်ပြပါမယ်။ သိချင်တာလေးတွေရှိရင်၊ ဆွေးနွေးချင်တာလေးတွေရှိရင်လည်း ရေးထားခဲ့ကြပါခင်ဗျား။ ကျနော် အချိန်သိပ်မရလို့ အများကြီးမရေးနိုင်တာရယ်၊ ခဏခဏမရေးနိုင်တာရယ်တော့ ခွင့်လွှတ်ကြစေလိုပါတယ်ခင်ဗျား ...
ဟယ်ရီ
Bookmarks