[size=10pt][size=10pt][size=10pt]Google, Intel နှင့် Sony တို့ပူးပေါင်း၍ အင်တာနက်ချိတ်ဆက်နိုင်သော smart TV များထုတ်လုပ်မည်[/size][/size][/size]

အင်တာနက်ကုမ္ပဏီကြီး Google နှင့် Intel တို့သည် Sony နှင့်ပူးပေါင်းကာ အင်တာနက်ချိတ် ဆက်နိုင်သည့် Smart TV များထုတ်လုပ်ရေးအတွက် စီမံကိန်းကို ကြေညာရန်ရှိနေကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသုံးခု၏ ပူးပေါင်းဖန်တီးရေးအစီအစဉ်ကို ယခုအပတ်အတွင်း ဆန်ဖရန်စစ္စကိုတွင်ပြုလုပ်မည့် Google ၏ developer ကွန်ဖရင့်တွင်ကြေငြာရန်ရှိကြောင်း သတင်း များကဖော်ပြသည်။ သို့သော် အင်တာနက်ချိတ်ဆက်နိုင်သည့် Smart TV များကို ဈေးကွက်ထဲရောက်နိုင်ရန်အတွက်မူ အချိန်ယူရဦးမည်ဖြစ်သည်။ Sony ၏ Bravia model အပါအ၀င် ယင်းနောက်ဆုံးပေါ် TV များသည် Google ၏ Android OS နှင့် Intel ၏ Atom microprocessor များကို အသုံးပြုမည်ဟုသိရသည်။ Intel ၏အမှုဆောင်အရာရှိချုပ် ပေါလ်အိုတယ်လီနီက “အခုကျွန် တော်တို့ ပူးပေါင်းဖန်တီးနေတဲ့ နည်းပညာတော်လှန်ရေးဟာ ရုပ်သံစက်တွေကို ရောင်စုံဓာတ်ပုံတွေ ပေါ်ပေါက်လာကတည်းကစလို့ အကြီးမားဆုံးအပြောင်းအလဲဖြစ်မှာပါ” ဟုဆိုခဲ့သည်။ အဆိုပါ Smart TV များသည် အင်တာနက် service များဖြစ်သော Netflix, Cinema Now, Hulu နှင့် Vadu ကဲ့သို့သောဆိုက်များမှ movie များကိုတိုက်ခိုက်ကြည့်ရှုခြင်း၊ download လုပ်ခြင်းတို့ကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်ပြီး၊ Facebook နှင့် Twitter တို့တွင်လည်း ဓာတ်ပုံများတင်ခြင်း၊ ၀က်ဘ်ပေါ်တွင် ဂိမ်းဆော့ခြင်းများကိုပါ ပြုလုပ်နိုင်မည်ဟုသိရသည်။

PS.................www.myanmarinternetjournal.com မှ ကူးယူဖော်ပြသည်။
ခင်မင်လေးစာ:စွာဖြင့်
ဝေယံ