+ Reply to Thread
Page 4 of 4 FirstFirst ... 2 3 4
Results 31 to 36 of 36

Thread: ငုပ်ဗီဇ....။

  1. #31
    Friendly Member morning-star
    Join Date
    Apr 2010
    Posts
    33
    Thanks
    4
    Thanked 68 Times in 22 Posts
    Rep Power
    0

    Re: ငုပ်ဗီဇ....။


    အစ်ကို Andrew ရေ......
    [size=8pt]မေးခွန်းက ၂ပိုင်းပါ။ ၁ ကအဇြေလွယ်ပေမဲ့ ၂ က ခက်ပါတယ်။ ပေးချက် က အဖေက ဘီ အမေက အေ လို့ ဘဲပြောထားတာ။ တကယ်လို့ အဖေက BB အမေက AA သမီး က O ဆိုရင် ဆောင်းက သမီးအရင်းမဟုတ်ပါ။
    ဆိုတော့ အဖြေ ၁ ကို သဘောတူပေမဲ့ အဖြေ ၂ ကို တော့ ထပ်ဖြည့် ခြင်ပါတယ်။
    [/size]

    ဒီလိုလေးဖြေထားတဲ့ အတွက် အဖြေ က ပိုပြီး ပြည့်စုံသွား ပါတယ်..........ဗျာ

    အဖြေ က.....အိုသွေး ပိုင်ရှင် ဆောင်း က သမီး အရင်း ဖြစ် ပါတယ်..

    ...................
    မောနင်း စတား

  2. The Following 3 Users Say Thank You to morning-star For This Useful Post:


  3. #32
    Friendly Member morning-star
    Join Date
    Apr 2010
    Posts
    33
    Thanks
    4
    Thanked 68 Times in 22 Posts
    Rep Power
    0

    Re: ငုပ်ဗီဇ....။

    [size=8pt]ကြောင်လေးတွေရဲ့ အမေးနဲ့ ပါတ်သက်လို့ ကတော့ recessive gene အဖြေကိုသဘောတူပါတယ်။ sexual partner မှတ်ချက်ကိုသဘောမတူပါ။
    မျိုးဥ တခုကို sperm တကောင်ကသာ fertilize လုပ်လို့ ရပါတယ်။ ဘာလို့ ဆို မျိုးဥတခု polyspermy ဖြစ်ခဲ့ ရင် chromosome အပိုတစုံကြောင့် fetus ဟာ miscarried ဖြစ်တတ်လို့ ပါ။
    sexual partner များတာ အထူးအဆန်းတော့ မဟုတ်ပါ။ Mammal အများစု (လူအပါအ၀င်) ရဲ့ မျိုးပွားစံနစ်က polygamy အတွက် တည်ဆောက်ထားတာမို့ လိုပါ။ [/size]

    ဟုတ်ကဲ့ အစ်ကို Andrew ရေ ... Mammal တွေ ရဲ့ မျိုး ပွားစနစ် ကို ရှင်း ပြပေးထား တာ လက်ခံပါတယ်ဗျာ...
    ဒါပေမယ့် ကြောင်တွေ ၇ဲ့ သဘောသဘာဝ က နည်းနည်းလေး ကွဲပြားမှုရှိလို့ ပါ...
    ဒီလိုပါခင်ဗျာ
    a queen may mate with two or more tom cats over the length of the estrus cycle - up to 21 days, with an average of seven days. Although genetics of the queen may come into play, multi-colored kitten litters will often vividly demonstrate multiple mating. Some breeders of pedigreed cats keep the queen and chosen tom together for multiple matings to ensure that pregnancy will result.
    အောက် က ကိုး ကား ချက်အတွက် လင့် က ဒီမှာ...ပါ[ftp=ftp://en.wikipedia.org/wiki/cat]http://en.wikipedia.org/wiki/cat[/ftp]
    Because ovulation is not always triggered by a single mating, females may not be impregnated by the first male with which they mate.[147] Furthermore, cats are superfecund; that is, a female may mate with more than one male when she is in heat, with the result that different kittens in a litter may have different fathers.[145]
    ဒါမို့ no. of sexual partner ကို ထည့်သွင်း စဉ်း စား ရတာ ပါ အစ်ကို Andrew ရေ...

    မောနင်းစတား

  4. The Following 3 Users Say Thank You to morning-star For This Useful Post:


  5. #33
    Advanced Member AndrewSway is on a distinguished road
    Join Date
    Jul 2009
    Location
    Tampa, Florida, USA
    Posts
    522
    Thanks
    1,792
    Thanked 1,165 Times in 237 Posts
    Rep Power
    8

    Re: ငုပ်ဗီဇ....။

    ရှင်းပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ အဲဒီအထဲမှာပြောတဲ့ ပုံ အရ ကြောင်တကောင်မှာ မျိုးဥတဥထက်မကဆင်းနိုင်တဲ့ပုံဘဲ။ ကြောင်တော့ မသင်ခဲ့ ဘူးဘူး။ ၀က်ပဲသင်ခဲ့ ရတယ်။ ၀က်မှာ တော့ multiple ovulation ရှိတယ်လို့ သင်ခဲ့ မိတယ်ထင်တယ်။

  6. The Following 3 Users Say Thank You to AndrewSway For This Useful Post:


  7. #34
    Noble Contributor ကိုဦး is on a distinguished road ကိုဦး's Avatar
    Join Date
    Dec 2008
    Location
    ချစ်သူ့အိမ်
    Age
    31
    Posts
    1,067
    Thanks
    963
    Thanked 1,347 Times in 401 Posts
    Rep Power
    10

    Re: ငုပ်ဗီဇ....။

    ဒီခေါင်းစဉ်ကို ဖတ်ပြီး ၀င်ဆွေးနွေးမယ် ဆွေးနွေးမယ်နဲ့  ဘာမှမရေးဖြစ်ဘူး...
    ကျွန်တော် မှတ်စုထဲမှာ မျိုးရိုးဗီဇနဲ့ ပါတ်သတ်ပြီး မှတ်ထားတဲ့  ဟာကို ခုမှပဲ ပြန်ဖောက်သည် ချရတော့မယ် ...
    လူရယ်လို့ဖြစ်လာပြီဆိုရင် မျိုးရိုးဆိုတာရှိလာမှာ အမှန်ပါပဲ ....
    ကျွန်တော်တို့ ကိုမွေးဖွားပေးခဲ့တဲ့ အဖေရယ် အမေရယ်ဆီကနေ မျိုးရိုးဗီဇတွေဆက်ခံခဲ့သလို မိမိကိုယ်တိုင်လည်း အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက်ဆီက မျိုးရိုးရယ် ကိုယ့်ရဲ့မျိုးရိုးဗီဇရယ် ၂ ခုပေါင်းပြီး မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာကြမှာပါ ။
    အဲဒီမျိုးဆက်သစ်လေးမှာ မိမိဘက်ကရော ၊ မိမိအိမ်ထောင်ဘက်ကရောပါ မျိုးရိုးဗီဇတွေဆက်ခံကြမှာပါ ။ ဒါကြောင့်မို ရင်သွေးလေးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးပြီး မိခင်ရင်း ၊ ဖခင်အရင်းတွေ ဖော်ထုတ်နိုင်ကြတာပါ ။ မျိုးရိုဗီဇ ( Gene ) ကိုစစ်ဆေးပြီး သွေးသားရင် ဟုတ်မဟုတ် ကိုသိရှိနိုင်ပါတယ် .. ငွေကုန်ကြေးကျ များတာတော့ အမှန်ပါပဲ ...
    ဒါပင်မယ့် တော်တော်များများ က အဲဒီလို စစ်ဆေးမယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် မယုံတာလား.. ဒါမှမဟုတ် သံသာယ ၀င်တာလားဆိုပြီး ပြသာနာလေးတွေနဲ့  အိမ်ထောင်ရှင်တွေမှာ ကြုံတွေ့ ကြရမှာပါ ..
    ယေဘူကျ အားဖြင့်တော့ သွေးအုပ်စုကိုကြည့်ပြီး အကြမ်းဖျဉ်းခန့် မှန်နိုင်ပါတယ် ....
    မိမိရင်သွေးလေးရဲ့သွေးအုပ်စုက ဖြစ်နိုင်တဲ့သွေးအုပ်စုမျိုးနဲ့ လုံးဝလွဲချော်နေရင်တော့ သေချာတဲ့ မှားယွင်းမှူတစ်ခုရှိနေပါပြီ ။

    သွေးအုပ်စု (၄)မျိုးရှိပါတယ် ..ရှေ့မှာလည်းဆွေးနွေးပြီးသာ ဖြစ်မှာပါ ..(လူတိုင်းသိတယ် ... ဆရာလုပ်ကြည့်တာ .. :4
    မိဘတွေရဲ့ သွေးအမျိုးအစားကိုဆက်ခံတဲ့  ရင်သွေးငယ်ရဲ့  သွေးအုပ်စု ကိုကြည့်ပြီး ဘယ်သွေးအုပ်စု အမျိုးအစားဖြစ်မယ်ဆိုတာ ဆုံးဖြတ်သွားတာပါ။
    မိခင် နဲ့ ဖခင်ဆီက မျိုးရိုးဗီဇ တစ်ဝက်ဆီပေါ့ ။
    အလွယ်ပြောရရင် လူတိုင်းလူတိုင်းရဲ့ မျိုးရိုးဗီဇမှာ ခရိုမိုဆုန်း ၄၆ ခုရှိပါတယ် ။
    ၂ ခုတစ်တွဲ အတွဲလိုက်နေတော့ ၂၃ စုံရှိပါတယ် ။
    မိမိရင်သွေးလေးကို မျိုးရိုးဗီဇအမွေပေးတဲ့အခု ခရိုမိုဆုန်း ၂၃ တွဲကနေတစ်ခြမ်းစီဖဲ့ထွက်ပြီး မိမိအိမ်ထောင်ဖက်ရဲ့ ခရိုမိုဆုန်း ၂၃ ခုနဲ့ပေါင်းပြီး ( တစ်ခြမ်း တစ်ခြမ်းစီပေါင်းပြီး ) ခရိုမိုဆုန်း ၂၃ တွဲပြန်ရသွားတာပါ ။
    လူတစ်ယောက်ရဲ့ ခရိုမိုဆုန်း ၂၃စုံ ( ၄၆ ခု ) ကိုအောက်မှာဖော်ပြထားပါတယ် ။


    မျိုးရိုးဗီဇ ခရိုမိုဇုန်းတွေက အပေါ်မှာဖော်ပြထားသလို အတွဲလိုက်နေကြတာပါ ။
    ဒါကြောင့်မို့
    သွေးအုပ်စု အေ ရဲ့ မျိုးရိုှးဗီဇဟာ IA + IA ဒါမှမဟုတ် IA + i ဖြစ်ပါတယ် ။
    သွေးအုပ်စု ဘီ ရဲ့ မျိုးရိုးဗီဇဟာ IB + IB ဒါမှမဟုတ် IB + i ဖြစ်ပါတယ် ။
    အိုင် အကြီးက အိုင်အသေးပေါ်ကို လွှမ်းမိုးတာကြောင့်ပါ ။
    IA ရော IB ရော ၂ ခုလုံးပါတဲ့ IA + IB ရောကတော့ သွေးအုပ်စု အေဘီပါ ။
    IA ရော IB ရော ၂ ခုလုံးမပါတဲ့ i + i ကတော့ သွေးအုပ်စု အို ပဲဖြစ်ပါတယ် ။
    သားသမီးကို ဆက်ခံတာကတော့ အခုတွဲနေတဲ့ အိုင်၂ လုံးက အိုင်တခြမ်းနဲ့ မိမိအိမ်ထောင်ဘက်ဆီက အိုင် တစ်ခြမ်းပေါင်းပြီး ဘယ်သွေးအုပ်စုလဲဆိုတာကို ဆုံးဖြတ်သွားတာပါ ။

    ဥပမာ တစ်ခု ပေါင်းစပ်ပြပါမယ် ။
    အဖေ အေ သွေးအုပ်စုနဲ့ အမေ ဘီ သွေးအုပ်စုပါ ။
    အဖေ့ဆီက အေ သွေး မျိုးရိုးဗီဇဟာ IA + i ဆိုပါစို့ ။
    အမေ့ဆီက ဘီ သွေးမျိုးရိုးဗီဇဟာ IB + i ဆိုပါစို့ ။
    အဖေ့ဆီက တစ်ခြမ်းနဲ့ အမေ့ဆီက တစ်ခြမ်းပေါင်းပါမယ် ။
    ဖြစ်နိုင်တဲ့ အတွဲတွေကအောက်က ပုံလေးနဲ့ ရှင်းပြထားပါတယ် ။

    ပုံမှာဖော်ပြထားတဲ့ allele ဆိုတာတွေက
    A allele = IA
    B allele = IB
    O allele = i
    တွေပဲဖြစ်ပါတယ် ။

    ရင်သွေးလေးမှာ ဖြစ်လာနိုင်တဲ့သွေးအုပ်စုတွေက
    IA နဲ့ I ပေါင်းသွားရင် အေ သွေး ( IA + i )
    IB နဲ့ I ပေါင်းသွားရင် အေ သွေး ( IB + i )
    IA နဲ့ IB ပေါင်းသွားရင် အေဘီ သွေး ( IA + IB )
    I အချင်းချင်းပေါင်းသွားရင် အို သွေး ( ii )
    ဆိုတဲ့ သွေးအုပ်စုလေးမျိုးလုံးဖြစ်လာနိုင်ပါတယ် ။
    အေ သွေး နဲ့ အို သွေး အိမ်ထောင်ပြုကြရင် ကလေးမှာ သွေးအုပ်စု ( ၄ ) မျိုးလုံးဖြစ်နိုင်ပါတယ် ။
    ဒါပေမယ့် အေ သွေးနဲ့ ဘီ သွေး အိမ်ထောင်ဘက်ကလွဲရင် အခြားသွေးအုပ်စုတွေ အိမ်ထောင်ပြုရင် ကလေးမှာ သွေးအုပ်စု အားလုံးမဖြစ်နိုင်တော့ပါဘူး ။

    ဥပမာ နောက်တစ်ခုတွက်ပြပါမယ် ။
    အေ သွေး ဖခင်နဲ့ အိုသွေး မိခင်ပါ ။
    အေသွေးဖခင်ရဲ့ မျိုးရိုးဗီဇက IA + IA ဒါမှမဟုတ် IA + i ဖြစ်နိုင်ပါတယ် ။
    အိုသွေးမိခင်ရဲ့ မျိုးရိုးဗီဇကတော့ i + i တစ်မျိုးတည်းဖြစ်ပါမယ် ။
    သူတို့ ၂ ဦးပေါင်းစပ်ကြရင် ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇအတွဲတွေက IAi ဒါမှမဟုတ် ii ပဲရပါတယ် ။
    ဒါကြောင့် အေ သွေးနဲ့ အိုသွေး မိဘ နှစ်ဦးပေါင်းစပ်ကြရင် အေသွေး ဒါမှမဟုတ် အိုသွေး ဒီ ၂ မျိုးပဲရပါမယ် ။
    ကလေးလေးက ဘီသွေး ၊ အေဘီသွေးဖြစ်နေခဲ့ရင် သေချာတဲ့မှားယွင်းမှုတစ်ခုရှိနေပါပြီ ။
    ဒီိလိုပဲ မိဘ နှစ်ဦးလုံး အိုသွေးရှိတဲ့ မိသားစုမှာ အေ ၊ ဘီ ၊ အေဘီသွေး ရှိတဲ့ကလေးဘယ်လိုမှ မွေးမလာနိုင်ပါဘူး ။
    အလွယ်တကူဖြစ်အောင် မိဘ ၂ ဦးရဲ့ သွေးအမျိုးအစားနဲ့ ကလေးရဲ့ဖြစ်နိုင်တဲ့ သွေးအမျိုးအစားတွေကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ် ။

    ဒီဇယားကြည့်နည်းလေးကတော့ .. ဒေါင်လိုက်အတန်း မိခင်ရဲ့  သွေးအမျိုးအစားဖြစ်ပြီး ..
    အလျားလိုက်အတန်း ဖခင်ရဲ့ သွေးအမျိုးအစားဖြစ်ပါတယ် ။မိခင်က (အို) ဖခင်က (အို) ဆိုရင် ရင်သွေးငယ်က (အို) သွေးပါ .. မိခင်က (ဘီ) ဖခင်က (အေ) ဆိုရင်တော့ ဖြစ်နိုင်ခြေ ရင်သွေးငယ်သွေး အမျိုးအစားက (အို) (အေ) (ဘီ) (အေဘီ) သွေးပါ ....
    ကဲဗျာ ဒီဇယားလေးကိုကြည့်ပြီး အိမ်ထောင်သည်များ ( ယောကျာ်းလေးများပေါ့ အီထူးသဖြင့် :6: ) မိမိရင်သွေးငယ် မှားယွင်းမူ ရှိမရှိ စစ်ဆေးနိုင်ပါတယ် ခင်ဗျာ ...
    လူပျိုတွေ လူပျိုကြီးတွေလည်း မှတ်ထားပေါ့ တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာပါ ... :5:
    မတူဘူးဆိုပြီး အိမ်ရောက်မှာ နှောင်ဂျိမ် မပလေးနဲ့ နော် fight.gif ... တစ်ခါတစ်လေ .. မဖြစ်နိုင်တာတွေလည်း ဖြစ်တက်ပါတယ် ... :imm:

    (မှတ်ချက်။ ကျွန်တော်မှတ်စုထဲက ဆရာဝန်တစ်ယောက် ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ပြန်လည် ကိုးကားခြင်းသာ ဖြစ်ပါတယ် ..
    ဘယ်သူရေးတဲ့  ဆောင်းပါးဆိုတာတော့ ကျွန်တော် မှတ်မထားမိတဲ့ အတွက် မူရင်းစာရေးသူကို မဖေါ်ပြပေးနိုင်တာ ခွင့်လွှတ်ပါ )



    အကောင်းဆုံးကို မျှော်လင့်ရင်း
    အဆိုးဆုံး အခြေနေကို
    ရင်ဆိုင်လျက်။
    ချစ်သူတိုင်း ချစ်ကြသူတိုင်း ချစ်သူနှင့်ကွေ့ကွင်းရခြင်း
    မချစ်မနှစ်သက်သော သူနဲ့ ပေါင်းသင်းနေထိုင်ရခြင်း မှကွေ့ကွင်းကြပါစေဗျာ ...

  8. The Following 3 Users Say Thank You to ကိုဦး For This Useful Post:


  9. #35
    Friendly Member morning-star
    Join Date
    Apr 2010
    Posts
    33
    Thanks
    4
    Thanked 68 Times in 22 Posts
    Rep Power
    0

    Re: ငုပ်ဗီဇ....။

    ဟိုင်း ..မောနင်း ပါ ခင်ဗျာ
    ခရီးတွေ ခဏ ခဏ ထွက်နေရလို့ အုတ်လိုင်းပေါ် မရောက်အားဘူး ဖြစ်ဖြစ်နေတာပါ....

    ကိုဦး ရေ..ခုလိုလေး ပြည့်ပြည့်စုံစုံရေးသားပြီး ၀င်ရောက်ဆွေးနွေးပေးတာ အင်မတန်ကောင်းပါတယ်ဗျာ
    အားလုံးလည်း ဒီဆောင်းပါးလေး ကို ဖတ်လိုက်ရရင် သွေး အုပ်စုတွေ နဲ့ မျိုးဗီဇဆက်ခံပုံ ကို ပိုပြီး သိနားလည်သွားမယ်လို့ထင်ပါတယ်.....
    အစ်ကိုဦး ရေ အပန်းမကြီးဘူးဆိုရင်ဖြင့် Genetic Disorder တွေ နဲ့ Mutation အကြောင်းလေး ပါဖြည့် စွက်ပြီး ဆွေးနွေးပေးစေချင်ပါတယ်ဗျာ....
    မောနင်းစတား

  10. The Following 3 Users Say Thank You to morning-star For This Useful Post:


  11. #36
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation

    Quote Originally Posted by အေး View Post
    ငုပ်ဗီဇနဲ့ပတ်သက်ပြီး သိချင်ပါတယ်..။ အထက်မျိုးဆက် ဘိုးဘေးဘီဘင်မှာ မြုပ်နေခဲ့တဲ့ဗီဇဟာ ဆွေဘယ်နှစ်ဆက်လောက်မှာ ပြန်ပေါ်လာနိုင်လဲဆိုတာ ဆွေးနွေးပေးကြပါလား ခင်ဗျာ..။ တတ်နိုင်သမျှ ဆွေးနွေးပေးနိုင်ကြမယ့်သူတွေကိုလည်း ကျွန်တော်ဖိတ်ခေါ်ကြည့်ပါဦးမယ်...။ သိသလောက်လည်း ၀င်ဆွေးနွေးပေးကြပါဦး ခင်ဗျာ..။
    ခင်မင်စွာဖြင့်

    အေး
    "အေး" နှမရဲ့'ငုတ်ဗီဇ' ဆိုတဲ့ ခေါင်းစဉ်လေးငြိမ်သက်နေတာကြာပါပြီ။ မျိုးရိုးဗီဇအင်ဂျင်နီယာ genetic engineering ပညာရပ်နယ်ပယ်ဖက်မှမဟုတ်ပဲ၊ evolutionary biology ဆင့်ကဲပြောင်းလဲမှုဇီဝဗေဒနဲ့ cognitive psychology သိခြင်းဆိုင်ရာစိတ်ပညာတို့ကို၊ ပေါင်းစပ်ထားတဲ့ လူမှုရေးသိပ္ပံ social science ပညာရပ်ခေါင်းစဉ်အောက်မှ၊ 'ဆင့်ကဲပြောင်းလဲမှု စိတ်ပညာ' ဆိုတဲ့ evolutionary psychology ပညာရပ်နယ်ပယ်အမြင်နဲ့ ဆွေးနွေးကြည့်ပါဦးမယ်။ ရုပ်ကြွင်း fossils နဲ့ ဇီဝသက်ရှိ organic compounds ပညာရှင် palaeontologist တဦးဖြစ်သူ 'Stephen Jay Gould' ကတော့ ဆင့်ကဲပြောင်းလဲမှုစိတ်ပညာဟာ၊ ထင်ကြေးနဲ့ကောလဟာလတွေကို၊ မှန်မမှန် စစ်ဆေးခြင်းမရှိပဲ လိုရာဆွဲယူကာ လက်ခံထားတဲ့ ပညာရပ်လို့ပြောဖူးပါတယ်။ ဒီ post ကိုလည်း၊ လိုရာ ဆွဲယူပြီးရေးထားတဲ့ post အဖြစ်ယူဆကာ၊ ဖတ်ကြပါလို့ ကြိုတင်တောင်းပန်ပါရစေ။


    Fig. Gene

    မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation တို့ကြောင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ဟာ၊ cell ထဲမှာရှိနေပြီး၊ ပုံစံတူစေရန် ညွှန်ကြားပေးတဲ့ အရာတခုဖြစ်ပါတယ်။ molecular unit ဖြစ်တဲ့ gene ဟာ မျိုးရိုးဗီဇ heredity ကိုဖြစ်ပေါါစေတဲ့ သက်ရှိဇီဝခန္စာအဖွဲ့အစည်း living organism လည်းဖြစ်ပါတယ်။ DNA လို့ခေါါတဲ့ gene ရဲ့ ညွှန်ကြားချက်အရ ဆဲလ် cell မှ ပရိုတိန်း protein တွေကိုထုတ်ပေးပါတယ်။ gene ဟာ ဆံပင်အညို၊ ဆံပင်အနက်၊ မျက်လုံးအပြာ၊ မျက်လုံးအနက်၊ အသားအဖြူ၊ အသားအညိုနဲ့ အရည်အတို အရှည်အပါအဝင်၊ စိတ်နေစိတ်ထားတွေကို ညွှန်ကြားပေးတဲ့ အရာဖြစ်ပါတယ်။ သားသမီးတွေ မိဘနဲ့ တူရတာကတော့၊ မိဘထံမှ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ကိုလက်ခံရရှိခြင်းကြောင့်ဖြစ်ပြီး၊ heredity ဆိုတဲ့ 'မျိုးရိုးဇာတိလက်ခံရရှိခြင်း' လည်းဖြစ်ပါတယ်။

    DNA လို့ခေါါတဲ့ gene ဆိုတဲ့ မျိုးစေ့တွေဟာ ကန်ထဲမှာရှိနေသလို အလားသဏ္ဍန်တူပြီး၊ လူရဲ့ မျိုးစေ့တွေဟာ လူမျိုးစေ့ကန်၊ ဆင်ရဲ့မျိုးစေ့တွေဟာ ဆင်မျိုးစေ့ကန်နဲ့ လိပ်ရဲ့ မျိုးစေ့တွေဟာ လိပ်မျိုးစေ့ ကန်မှာ ရှိနေတယ်လို့ ဥပမာပေးပါရစေ။ လူမျိုးစေ့ကန်ထဲမှာ လူရဲ့ပုံသဏ္ဍန်၊ အရွယ်အစားအစရှိတာတွေကို ဖြစ်ပေါါစေတဲ့ လူရဲ့ မျိုးစေ့တွေရှိသလို၊ ဆင်နဲ့လိပ်တို့ရဲ့ လူမျိုးစေ့ကန်တွေထဲမှာလည်း၊ ဆင်နဲ့ လိပ်တို့ရဲ့ ပုံသဏ္ဍန်၊ အရွယ်အစား အစရှိတာတွေကို ဖြစ်ပေါါစေတဲ့ မျိုးစေ့တွေရှိပါတယ်။

    မျိုးစေ့ကန်အတွင်း၊ တူညီတဲ့မျိုးစေ့တွေရှိနေပေမယ့် မျိုးစေ့ တခုတလေ သို့မဟုတ် အချို့ဟာ ကွဲပြားခြားနားနေရာမှ၊ သန္ဓေပြောင်းခြင်း mutation ဖြစ်ပေါါလာရပါတယ်။ တနည်းအားဖြင့် cell တခုထဲ အတွင်းမှာရှိနေတဲ့ မျိုးစေ့ကိုယ်တိုင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ အရပ်ရှည်စေရန်ပြုလုပ်ပေးမယ့် မျိုးစေ့မှ၊ လက်ချောင်းတချောင်း ပိုထွက်လာစေရန် ပြုလုပ်ပေးလိုက်ခြင်းဟာ သန္ဓေပြောင်းခြင်းဖြစ်သလို၊ cell အသစ် ဖြစ်ပေါါလာခြင်းလည်း ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းအများစုဟာ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ ရှင်သန်မှုနဲ့ မျိုးပွားမှုကို အားမပေးလျှင် ကြာကြာမခံသလို၊ ရှင်သန်မှုနဲ့ မျိုးပွားမှုအားကောင်းတဲ့အခါ အခြားမျိုးစေ့တွေကိုပါ၊ ကူးစက်ပြန့်နှံ့သွားပြီး၊ မျိုးစေ့ကန်အတွင်းမှာ မျိုးစေ့အသစ်တွေကိုထပ်မံပေါါပေါက်စေပါတယ်။

    သက်ရှိသတ္တဝါတွေမှာ မျိုးစေ့အသစ်တွေထပ်မံပေါါပြီး၊ cell အသစ်တွေပေါါပေါက်ရာမှတဆင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ ဗြိတိသျှလူမျိုး evolutionary biologist ဆင့်ကဲပြောင်းလဲမှုဇီဝဗေဒပညာရှင် ဝီလျှံဒေါါလ်နယ်ဟယ်လ်မင်တန် 'W.D Hamilton' က ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ ဖွဲ့စည်းပုံဟာအဓိကမဟုတ်ပဲ၊ သက်ဆိုင်ရာမျိုးစေ့ကသာ အဓိက ကျတယ်လို့ (၁၉၆၄) ခုနှစ်လောက်တုန်းက၊ ပြောခဲ့ပါတယ်။ W.D Hamilton ရဲ့ Hamilton's rule နိယာမအကြောင်းကိုလည်း၊ ထည့်ပြောပါဦးမယ်။

    ဆွေမျိုးနီးစပ်သူတွေမှာ၊ တူညီတဲ့မျိုးစေ့တွေရှိကြပြီး၊ သွေးသားတော်စပ်သူတွေကို ကူညီခြင်းဟာ တူညီတဲ့မျိုးစေ့တွေအခြင်းခြင်း အညီပေးခြင်းဖြစ်သလို၊ မိမိရဲ့ ကိုယ်ပွားတွေကို ကူညီခြင်းဖြစ်တယ်လို့ 'ပါမောက္ခ Richard Dawkins' ကဆိုခဲ့ပါတယ်။ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness ကို 'r' ဆိုတဲ့ တိုင်းတာမှု ကိန်းနဲ့ တွက်ချက်နိုင်ပါတယ်။ အမေရိကန်လူမျိုး geneticist မျိုးရိုးဗီဇပညာရှင် 'Sewall Wright' က၊ coefficient of relatedness ကို ပထမဒီဂရီဆွေမျိုး၊ ဒုတိယဒီဂရီဆွေမျိုးနဲ့ တတိယဒီဂရီဆွေမျိုးဆိုပြီး၊ ပိုင်းခြားကာ၊ 'r' တန်ဘိုးကို တိုင်းတာပြခဲ့ပါတယ်။ ပထမဒီဂရီဆွေမျိုးအုပ်စုမှာ မိဘနဲ့ သားသမီးတို့ပါဝင်ပြီး၊ 'r' တန်ဖိုး အနေနဲ့ (၅၀) % ရှိပါတယ်။ ဒုတိယဒီဂရီဆွေမျိုးအုပ်စုမှာတော့ အဘိုး၊ အဘွား၊ ဘကြီး၊ ကြီးဒေါါ၊ ဦးလေး၊ အဒေါါ၊ တူ၊ တူမတို့ ပါဝင်ကာ၊ 'r' တန်ဖိုးအနေနဲ့ (၂၅) % ရှိပါတယ်။ တတိယဒီဂရီဆွေမျိုး အုပ်စုမှာတော့ တစ်ဝမ်းကွဲတွေ ပါဝင်ပြီး၊ 'r' တန်ဖိုးအနေနဲ့ (၁၂. ၅) % ရှိပါတယ်။ သွေးသားတော်စပ်သူတွေအခြင်းခြင်း၊ အပြန်အလှန်အကျိုးကိုမမျှော်ကိုးပဲ၊ ကူညီစောင့်ရှောက်ခြင်း ဖြစ်ပေါါစေရန်၊ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness 'r' ဟာ ကောင်းကျိုးတန်ဖိုးအချိုး cost - benefit ratio ဆိုတဲ့ c/ b တန်ဖိုးထက်ကျော်လွန်ရမယ်လို့၊ "r > c/ b" ဆိုပြီး Hamilton's rule နိယာမကဆိုပါတယ်။

    'ငုတ်ဗီဇ' ဟာ ဆွေမျိုးနီးစပ်သူတွေရဲ့၊ တူညီတဲ့မျိုးစေ့တွေမှတဆင့် သန္ဓေပြောင်းခြင်း heredity မှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ မျိုးစေ့ကန်အတွင်းမှာ cell အသစ်ကို ဖြစ်ပေါါစေခြင်းမရှိပဲ၊ ပုန်းကွယ်နေတတ်ပါတယ်။ တချိန်ချိန်မှာ မျိုးရိုးဇာတိကို လက်ခံရရှိသူရဲ့ မျိုးစေ့ကန်အတွင်းမှာ ငုတ်ဗီဇ ဆိုတဲ့ recessive gene ကြောင့်၊ cell အသစ် ဖြစ်ပေါါလာတတ်သလို၊ နောက်တခါမှာတော့ ငုတ်ဗီဇ အနေနဲ့ ပြန်လည် ပုန်းကွယ်နေတတ်ပါတယ်။

    Reference : ဒေါက်တာခင်မောင်ဝင်း၊ အီဗော်လူးရှင်းစိတ်ပညာ၊ မုံရွေးစာအုပ်တိုက်၊ အောက်တိုဘာ၊ (၂၀၁၀) ခုနှစ်။ Pearson H (2006). "Genetics: what is a gene?". Nature 441 (7092): 398–401,. The Evolution of Desire : Strategies of Human Mating, by David Buss, 1994.

    Image credit to : Gene

    Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
    Last edited by ကိုထွန်း; 11-03-2012 at 11:17 PM.

  12. The Following 3 Users Say Thank You to ကိုထွန်း For This Useful Post:


+ Reply to Thread
Page 4 of 4 FirstFirst ... 2 3 4

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts