[quote author=nyinyi27 link=topic=8718.msg58318#msg58318 date=1278851129]
မြစ်ကြီးနား ဝိစိတ္တသာရဝါဒ ဝိနိစ္ဆယ
ဒီစာအုပ်လေးကတော့ အများသိနေတဲ့ မိုးပြာဂိုဏ်း ဂိုဏ်းချုပ်မဟာယာနဂိုဏ်းဝင် အပြာရောင်ဝတ် ဓမ္မဝိဟာရီ အရှင်ဥာဏရဲ့ တရားတော်အမှားတွေကို အဓမ္မဝါဒအဖြစ်စီစစ်ခဲ့တဲ့ဟာတွေဖြစ်ပါတယ်..ကျေးဇူးတင်လိုပါက မြန်မာကျူးပစ်ဖိုရမ်နဲ့ စာရိုက်ပေးခဲ့သော မန်ဘာဝင်တွေကိုသာ ကျေးဇူးတင်ကြပါခင်ဗျာ..သူတို့က အပင်ပန်းခံရိုက်ပေးပြီး ကျွန်တော်ကဒေါင်းပြီး အခုပြန်တင်ပေးရုံလေးပဲရှိတာပါ..ညီအစ်ကိုတို့ အောက်မှာဒေါင်းလိုက်ပါခင်ဗျာ..
ဒီနေရာလေးမှာဒေါင်းပါ ( ပတ်စ်ဝပ် - အမ်အီးအက်ဖ်)(627.36 KB)
http://ifile.it/l2dxmhn
[/quote]
်မဟာယာနဂိုဏ်းဝင် လို့ သုံးထာတာက တော်တော်လေးကို မှားနေပါတယ်။
အရှင်ဥာဏရဲ့ တရားတော်အမှားတွေကို အဓမ္မဝါဒအဖြစ်စီစစ်ခဲ့တဲ့ဟာတွေ ဆိုတာမှာလည်း ဟုတ်သလိုဖြစ်ပေမယ့် ချော်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆရာတော်တို့ ဖြစ်ခဲ့ တုန်းကနဲ့  မြစ်ကြီးနား ဆရာတော်တို့ ဖြစ်ပုံခြင်းက မတူပါဘူး။ ဘယ်လိုမတူတာလဲ ဆိုတော့ ဆရာတော်တို့ တုန်းက သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာဆိုပြီး ဆက်ကပ်ရင်းကနေ တော်တော်လေး ကို အကြိတ်အနယ်ဖြစ်ခဲ့တာပါ။ ဝိနိစ္ဆယလုပ်ပေမယ့် နောက်ပိုင်း ဗဟိုတရားရုံးက တရားနိုင်ပြန်ပေးလိုက်ရပါတယ်။ အဲ့ဒါကြောင့် ဝိနိစ္ဆယ အထမမြောက်ခဲ့ပါဘူး။ မြစ်ကြီးနား ဆရာတော်ကြတော့ သက်ကာယ ဒိဋ္ဌိ ရှင်းတမ်းဆိုတာ ရေးရင်းကနေ စဖြစ်တာပါ။ ဒါပေမယ့် မြစ်ကြီးနားဆရာတော်ဟာ ဝိနိစ္ဆယ တွေနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုး ၀န်ခံတာ တစိုးတစိမှာ မပြုလုပ်ခဲ့ပါဘူး။ သက်ကာယ ဒိဋ္ဌိ ရှင်းတမ်း ဆိုတာကို သင်္က၀တ် အ၀ါနဲ့ တုန်က တင်ပြတာဖြစ်လို့  အဲ့ဒီ ဝိနိစ္ဆယ ဟာ အ၀ါ ၀တ်ချိန်မှာပင် ကျန်ခဲ့ပါတယ်လို့ ပြောချင်ပါတယ်။
Bookmarks