+ Reply to Thread
Results 1 to 6 of 6

Thread: transformer

  1. #1
    Newbie Ju Jue is on a distinguished road Ju Jue's Avatar
    Join Date
    Jan 2011
    Posts
    1
    Thanks
    0
    Thanked 5 Times in 1 Post
    Rep Power
    0

    transformer

    potential transformer, current transformer, surge arresters နဲ့ lightning arrester အကြောင်းများကို ဖြေကြားပေးစေလိုပါတယ်

  2. The Following 5 Users Say Thank You to Ju Jue For This Useful Post:


  3. #2
    Noble Contributor အေ၇ာ will become famous soon enough အေ၇ာ's Avatar
    Join Date
    Feb 2010
    Location
    Nanchong, China
    Posts
    801
    Thanks
    1,100
    Thanked 3,912 Times in 670 Posts
    Rep Power
    8
    Quote Originally Posted by Ju Jue View Post
    potential transformer, current transformer, surge arresters နဲ့ lightning arrester အကြောင်းများကို ဖြေကြားပေးစေလိုပါတယ်
    ပိုတင်ရှယ်ထရန်စဖေါ်မာဆိုတာက ပတ်ဝန်းကျင်မှာ အလွယ်တစ်ကူတွေ့နိုင်တဲ့ အသုံးများတဲ့ ရိုးရိုးထရန်စဖေါ်မာတွေပါပဲ။
    အရွယ်သေးသေးလေး လက်မ၀က်လောက်ကနေ လူတစ်ရပ်ကျော်သည်အထိကြီး မားတဲ့ထရန်စဖေါ်မာတွေအထိရှိနေတာကို (သတိထားကြည့်တတ်လျှင်) ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။
    PT အမျိုးအစားမှာ လျှပ်စစ်ဗို့အား အ၀င်ကြိုးဆက်သွယ်ငုတ်နှင့် အထွက်ဆက်သွယ်ငုတ်တွေရယ်လို့ပါရှိပြီး အ၀င်ဗို့အားပြောင်းလဲတိုင်း အထွက်ဗို့အားဟာ အချိုးတစ်ခုဖြင့် ပုံသေပြောင်းလဲပါတယ်။ အချိုးတွေကတော့ ထရန်စဖေါ်မာ ကွိုင်ကြိုးပတ်ထားပုံ အပတ်ရေအချိုးကိုလိုက်ပြီး အမျိုးမျိုး ရှိနိုင်ပါတယ်။ မူရင်းကွိုင်ပတ်လမ်းနှင့် တစ်ဆင့်ခံကွိုင်ပတ်လမ်းတို့ ရောနှောဆက်သွယ်ထားတာရှိသလို သီးခြားစီခွဲထားတာမျိုးလည်းရှိပါတယ်။

    ကားရင့်ထရန်စဖေါ်မာ CT ဆိုတာကတော့ ပရိုင်မာရီပတ်လမ်းအပိုင်းမှာ စီးဆင်းတဲ့လျှပ်စီးအပြောင်းအလဲကိုလိုက်ပြီး ပတ်လမ်းပြည့်အောင် ဆက်သွယ်ထားတဲ့ စကင်နရီကွိုင်မှာလည်း အချိုးကျ လျှပ်စီးလိုက်ပြောင်းနိုင်တာမျိုးဖြစ်ပါတယ်။
    တွေ့ဖူးသလောက် အများစုမှာ အ၀င်အပိုင်းတွင် ကွိုင်ရယ်လို့သီးသန့်မပါရှိပါဘူး။ လျှပ်စစ်စီးဆင်းနေတဲ့ ကွန်ဒတ်တာ တစ်ခုခုဆီကို CT က လာရောက်တပ်ဆင်တိုင်းတာတာမျိုးဖြစ်ပါတယ်။
    နောက်ပြီးတော့ အ၀င်လျှပ်စီးက ပုံသေကြီးမားလေ့ရှိပြီး တဆင့်ခံကွိုင်ဖက်မှာ လျှပ်စီးက အတော်ငယ်လေ့ရှိပါတယ်။ ဥပမာ ၁၀၀၀ အချိုး ၅ စသည်ဖြင့်တွေ့တတ်တာပါ။ အဲဒါအပြင် လျှပ်စီးပတ်လမ်းနှစ်ခုဟာ လျှပ်ကူးဆက်သွယ်မှုလုံးဝမရှိစေရပဲ အစဉ်သဖြင့် သီးသန့်စီဖြစ်ပါတယ်။

    ခင်မင်စွာဖြင့်
    အေ၇ာမေ

  4. The Following 13 Users Say Thank You to အေ၇ာ For This Useful Post:


  5. #3
    Newbie kophyowai is an unknown quantity at this point
    Join Date
    Apr 2011
    Posts
    1
    Thanks
    0
    Thanked 10 Times in 2 Posts
    Rep Power
    0
    ကျွန်တော်သိတဲ. lightning arrester ဆိုတာကိုဆွေးနွေးပါရစေ။ အသုံးပြုရတဲ. အဓိက ရည်ရွယ်ချက်ကတော. taransformer ကိုကာကွယ်ချင်လို.ပါပဲ။မိုးကြိုးပစ်တဲ.အခါ လျှပ်စီးလက်တဲ.အခါမျိုးမှာ လိုင်းပေါ်မှာ voltage တက်သွားပါတယ်။ဥပမာ 11kv လိုင်းဆိုရင် မိုးကြိုးပစ်လိုက်ရင် 11kv ထက်ကျော်ပြီး 12kv လောက်ဖြစ်သွားတတ်ပါတယ်။အဲဒီလိုဖြစ်တဲ.အခါမျိုးမှာ transformer က 11kv/0.4kv အချိုးဖြစ်ခဲ.ရင် secondary voltage က 0.4 မကတော.ဘဲ များလာပြီး load side က ပစ္စည်းတွေကို ပျက်စီးစေပါတယ်။အဲဒီလိုမဖြစ်ရအောင် အ၀င်လိုင်း မှာ မြေကြီးထဲကနေ ကြိုးတွေထုတ်ပြီး air gap နဲ. လိုင်းကိုချိန်ထားပါတယ်။ပုံမှန်အချိန်မှာ air gap ကိုမကျော်ဖြတ်နိုင်ပါဘူး။တစ်ကယ်လို. lightning affect ကြောင်. ဗို.အားတက်လာပြီဆိုရင်တော.air gap ကိုဖြတ်ပြီး ground ကျသွားပါတယ်။ဒါဆိုရင် အ၀င်ဗို.အားဟာ transformer ဆီကိုမရောက်တော.ဘဲ ဓါတ်အားခွဲရုံမှာရှိတဲ.fuse ကို ဖြတ်ပစ်လိုက်ပါတယ်။
    ကျေးဇူးတင်ပါတယ်။

    ( လိုအပ်တာရှိရင်ဖြည်.စွက်ဆွေးနွေးပေးကြပါ။ )

  6. The Following 9 Users Say Thank You to kophyowai For This Useful Post:


  7. #4
    Newbie akhtin is an unknown quantity at this point
    Join Date
    Jan 2012
    Posts
    5
    Thanks
    82
    Thanked 18 Times in 5 Posts
    Rep Power
    0
    Isolation Transformer အကြောင်းလေးပါ သိတဲ့ အကို အမ များ ဝင်ရောက်ဆွေးနွေး ပေးစေလိုပါတယ် ခင်ဗျာ......
    data center တွေ telecom တွေမှာ အသုံးများတယ်လို့ သိရပါတယ်...အသိတယောက် အကြမ်းမျဉ်းပြောပြတာတော့ secondary side မှာ pure neutral လိုချင်လို့တဲ့...
    ဘာကြောင့်လဲဆိုတော့ အဝင်လိုင်းမှာ harmonic တွေ inrush current တွေကို လျှော့ချပြီး အထွက်မှာ load ကိုမထိခိုက်အောင်လို့တဲ့....

    အမှားပါရင် ခွင့်လွတ်ပါ... စပြီးတော့ ဆွေးနွေးဖြစ်လို့ပါ..

    ခင်မင်စွာဖြင့်

  8. The Following 5 Users Say Thank You to akhtin For This Useful Post:


  9. #5
    Noble Contributor အေ၇ာ will become famous soon enough အေ၇ာ's Avatar
    Join Date
    Feb 2010
    Location
    Nanchong, China
    Posts
    801
    Thanks
    1,100
    Thanked 3,912 Times in 670 Posts
    Rep Power
    8
    Power Transformer များအနေနဲ့ Input winding နဲ့ Output winding တို့ တိုက်ရိုက် လျှပ်ကူးမှုမရှိစေဘူး၊ တနည်းအားဖြင့် တိုက်ရိုက် အဆက်အသွယ်မရှိအောင်တည်ဆောက်လျှင်ပဲ Isolation ဖြစ်နေပါပြီ။
    ဒါက အခြေခံသဘောတရားရှုထောင့်က အမြင်ဖြစ်ပြီး Isolation ဖြစ်စေလိုတဲ့ အသေးစိတ်ရည်ရွယ်ချက်တွေကတော့ အသုံးချတဲ့နေရာအပေါ်မူတည်ကွဲပြားနေမယ်လို့ထင်ပါတယ်။
    အထက်မှာ မေးမြန်းထားသူရဲ့ လိုအပ်ချက်ကိုလေ့လာကြည့်မယ်ဆိုလျှင် Inverter/ UPS စသည်တို့မှ ရရှိလာတဲ့ AC 3 phase Power ကို ဒီအတိုင်း ရယူအသုံးမချပဲ Source နဲ့ Load ရဲ့ကြားမှာ Isolation Transformer အဖြစ် ရိုးရိုး Two windings Transformer တစ်ခုကို ထည့်သွင်းတည်ဆောက်ပေးတာမျိုးပဲဖြစ်တာတွေ့ရပါတယ်။ (Two windings လို့ သုံးစွဲတာက Primary winding အုပ်စုနဲ့ Secondary winding အုပ်စု ကွဲပြားတည်ရှိတာကြောင့်ဖြစ်ပြီး 3 Phase Transformer Type ဖြစ်တာကြောင့် စုစုပေါင်း winding တွေ ၆ထုပ်တောင်ရှိနေမှာဖြစ်ပါတယ်။)
    နောက်ပြီးတော့ 3 Phase System မှာ Neutral wire မပါဝင်တဲ့ 3 Phase 3 wire system နဲ့ Neutral Point နဲ့ Neutral wire ပါရှိတဲ့3 Phase 4 wire system ရယ်လို့ ရှိတာ သိကြပြီးဖြစ်မှာပါ။
    စနစ်တွေ ကွာရတာက ဓါတ်အားကို အဝေးမှ သွယ်ယူရတာဆိုလျှင် ကြိုးနဲတော့ ကုန်ကျစားရိတ်သက်တယ်လို့ပဲတွက်တွက် သူ့နေရာနဲ့သူ အားသာချက်တွေရှိလို့ဖြစ်ပါတယ်။
    Two winding Transformer သုံးစွဲပြီး စနစ်တစ်မျိုးမှ ကျန်တဲ့တစ်မျိုးသို့ အလွယ်တကူပြောင်းပေးနိုင်ပါတယ်။ အထက်မှာ မေးမြန်းသူရဲ့လိုအပ်ချက်မှာ Pure Neutral Point ရရှိလိုကြောင်းလဲ တွေ့ရပါတယ်။
    Isolation Transformer ကို မိမိရလိုအပ်တဲ့ လျှပ်စစ်ဗို့အား ရရှိပြီးဖြစ်နေပါလျှက် ထပ်ထည့်သုံးရတာမျိုးဆိုလျှင် အပိုထပ်ဆောင်းထည့်သွင်းပေးရတာဖြစ်နေတော့ စားရိတ်ပိုကုန် နေရာပိုယူကာ အလေးချိန်များမှာစတဲ့ အားနည်းချက်တွေကြုံတွေ့ရမှာဖြစ်ပါတယ်။
    အားသာချက်အပိုင်း အသေးစိတ်ကိုတော့ သက်ဆိုင်ရာနယ်ပယ်က ပညာရှင်များ ၀င်ရောက်ရှင်းပြပေးကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။


    စိတ်ဝင်စားသူတွေ လေ့လာဖတ်ရှုနိုင်ဖို့ ရုတ်တရက် ရှာတွေ့တဲ့ PDF ဖိုင် ဒေါင်းယူနိုင်တဲ့ Link တစ်ခု ဖေါ်ပြလိုက်ပါတယ်။
    http://www.apcmedia.com/salestools/N...B2FG_R0_EN.pdf

    လေးစားစွာဖြင့်
    အေ၇ာမေ

  10. The Following 7 Users Say Thank You to အေ၇ာ For This Useful Post:


  11. #6
    Newbie PoeHack is an unknown quantity at this point
    Join Date
    May 2011
    Age
    32
    Posts
    2
    Thanks
    1
    Thanked 4 Times in 1 Post
    Rep Power
    0
    မင်္ဂလာပါ။ ကူညီဖြေကြားပေးပါဦးဗျာ။ ကျနော်တို့ရွာမှာ transformer အသစ်တစ်လုံးတပ်ဆင်ပါတယ်။ transformer output ကို တိုင်းကြည့်ရင် output 220 ဖြစ်သော်လည်း ရွာထဲက အိမ်တွေရဲ့ မီတာ မှာ တိုင်းကြည့်တဲ့အခါ 140 V or 150 V လောက်သာ ရှိနေတယ်ဗျ။ အိမ်တိုင်းအိမ်တိုင်း အဲ့လိုဖြစ်တယ်ပြောတယ်ဗျ။ အဲ့ဒါ ဘာကြောင့်ဆိုတာသိချင်လို့ပါ။ အိမ်တိုင်း 220V အပြည့်ရအောင် လုပ်လို့ရလားဗျ။ ရွာကလူတွေကတော့ transformer မကောင်းလို့ပဲ ပြောနေကြတယ်။ သိတဲ့ အကို အမများ ကူညီဖြေကြားပေးပါဦးနော။ ရွာက အိမ်လေးတွေ အကုန်လုံး မီးအားကောင်းကောင်းသုံးစေချင်လို့ပါ။

+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts