+ Reply to Thread
Page 5 of 5 FirstFirst ... 3 4 5
Results 41 to 49 of 49
Thread: အင်းစိန်G.T.I
  1. #41
    Friendly Member agzaya
    Join Date
    Jul 2008
    Posts
    18
    Thanks
    2
    Thanked 5 Times in 2 Posts
    Rep Power
    0
    အင်း ဟုတ်ပါ့ဗျာ။ '95 EC တွေပဲ။ EC Queen က နောက်တန်းရောက်နေလို့ မနည်းကြည့်ရတယ်။ ပုံကလည်း သေးတာကိုးဗျ။ ကျောင်းကြီးကို သတိရလိုက်တာ။ ဥတ္တရ နဲ့ ဗဟို ဆောင်အကူး ကတ္တရာလမ်းအနက်ပေါ်မှာ စိန်ပန်းနီနီတွေ ရဲနေအောင် ကြွေကျထားတဲ့ ရှုခင်းကို မျက်စေ့ထဲက မထွက်သေးဘူး။ ရွှေနယားမှာ ကျဆိမ့်လေးတစ်ခွက်နဲ့ သီချင်းသံလေးကို မျက်စေ့မှိတ်ပြီး နားထောင်ချင်လိုက်တာ။ ဒါနဲ့ စကားမစပ် ကျွန်တော်တို့ '95 MP တွေရော ဘယ်မှာလဲဗျာ။
  2. The Following 3 Users Say Thank You to agzaya For This Useful Post:
  3. #42
    Newbie ဟန်ထူးဇော်
    Join Date
    Jun 2009
    Posts
    3
    Thanks
    2
    Thanked 12 Times in 3 Posts
    Rep Power
    0
    GTI အင်းစိန် ရဲ့ နှစ်တစ်ရာပြည့်တဲ့နှစ် ၁၉၉၆ ဂျူလိုင် ကဆင်းတာပါ.....ကျနော်လည်း အကိုတို့ရဲ့ပြန်ပြောင်းအောင့်မေ့ဘွယ်လေးတွေဖတ်ပြီး တစ်ချိန်က ပျော်ရွှင်စရာ အချိန်လေးများကို တမ်းတမိပါတယ်.....
    ကျေးဇူးရှင် ဆရာဆရာမ များကို နေ့စဉ် ညတိုင်း လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အမြဲ ရှစ်ခိုးဦးခိုက် ကန်တော့လိုက်ပါတယ်.......ကျနော်က Machine tools & Design (MT-116) ပါ... သူခယ်ချင်းများဆက်သွယ်နိုင်ပါတယ်
    ကျနော် ရဲ့ မေးပါ..zazaw73@gmail.com.
  4. The Following 2 Users Say Thank You to ဟန်ထူးဇော် For This Useful Post:
  5. #43
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,324 Times in 1,123 Posts
    Rep Power
    10
    ဒီနေရာမှာ AGTI ဆင်းတွေရဲ့ web page ရှိပါတယ်။ ကမ္ဘာအနှံ့ရောက်နေကြတဲ့ မြန်မာတနိုင်ငံလုံးက AGTI ကျောင်းဆင်းတွေအတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျား။
    လာမယ့် အောက်တိုဘာလ (၉) ရက်နေ့မှာ ဒုတိယအကြိမ်တွေ့ဆုံပွဲလုပ်ကြမှာဖြစ်ပါတယ်။ အချိန်က ညနေ (၄) နာရီ မှ (၈) နာရီ အထိ ဖြစ်ပြီး၊ နေရာကတော့ 159 Jaln Loyang Besar, Aloha Loyang terrace11(T11), Singapore မှာပါ။ BBQ party ဖြစ်ပါတယ်။ AGTI ဆင်းတွေရဲ့ web page မှ တဆင့် ဆက်သွယ်နိုင်သလို၊
    ဦးစိုးဟန် +(65) 97384457, ကိုဌေး (အင်းစိန် GTI) +(65) 84159477, ကိုသိန်း (အင်းစိန် GTI ၁၉၈၂, M.T) +(65) 98004706, ကိုမင်းဇော် (မန္တလေး GTI) +(65) 96922327, ကိုတင်မိုး (အင်းစိန် GTI ၁၉၈၂, M.T) +(65) 92785289, ကိုထိပ်တင်စိန် (မန္တလေး GTI ၁၉၈၁, M.P) +(65) 97898640, ကိုဌေးဝင်း (ချောက် GTI ၁၉၈၆, M.T) +(65) 96366560, ကိုထွန်းထွန်းအောင် (တောင်ငူ GTI ၁၉၉၅, M.P) +(65) 90181442, ကိုထင်ပေါါအေး (မော်လမြိုင် GTI ၁၉၉၃, M.P) +(65) 81586102 နဲ့ ကိုမောင်မောင်ကျော်သက် (ပြည် GTI ၁၉၉၅, E.P) +(65) 82685744 တို့ကိုဆက်သွယ်နိုင်ပါတယ်။
    မြန်မာအင်ဂျင်နီယာဖိုရမ်မှ ကျွန်တော် ကိုထွန်း (အင်းစိန် GTI ၁၉၉၃ E.C) +(65) 91779033, tunthu@paradigmships.com.sg နဲ့ မြန်မာအင်ဂျင်နီယာဖိုရမ်မှ အကိုဒိ (Deepblue) (ဆရာ ကိုနေမျိုးအောင်) (ချောက် GTI ၁၉၈၇, E.P) +(65) 97250599 တို့ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
    main sponsors တွေကတော့ ကိုသိန်း၊ ကိုဌေး နဲ့ ကိုထိပ်တင်စိန် တို့ဖြစ်ပါတယ်။ ရန်ကုန်မှ member (၉) ဦး လည်းတက်ရောက်မှာဖြစ် သလို၊ စက်ာပူကိုရောက်နေတဲ့ အငြိမ်းစားဆရာ၊ ဆရာမတွေကိုလည်း ကန်တော့ကြမှာဖြစ်ပါတယ်။
    Last edited by ကိုထွန်း; 10-26-2011 at 11:53 AM.
  6. The Following 3 Users Say Thank You to ကိုထွန်း For This Useful Post:
  7. #44
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,324 Times in 1,123 Posts
    Rep Power
    10
    AGTI ဆင်းတွေရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲ (၂၀၁၁၊ အောက်တိုဘာ)
    တနဂ်နွေ့ညနေက AGTI Society ရဲ့ တွေ့ဆုံပွဲကိုသွားခဲ့ပါတယ်။ လူ (၁၀၀) ကျော်တက်ရောက်တဲ့ပွဲဖြစ်သလို၊ ကိုထွန်းတို့ မမွေးခင်ကတည်းက GTI တက်ခဲ့သူ နောင်တော်၊ အမတော် များနဲ့ ကိုထွန်းတို့ နောက်နှစ်မှ GTI တက်ခဲ့သူ ညီငယ်၊ ညီမငယ်တွေကို ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရခဲ့ ပါတယ်။ အကိုတော်တချို့၊ သူငယ်ချင်းတချို့နဲ့ ညီငယ်၊ ညီမငယ်တချို့က မြန်မာအင်ဂျင်နီယာဖိုရမ်မှ members တွေဖြစ်နေတာကို၊ သိရသလို မြန်မာအင်ဂျင်နီယာဖိုရမ်မှာ တင်ပေးထားတဲ့ software တွေနဲ့ post တွေတော်တော်များများဟာ၊ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်ထိရောက် တဲ့ အကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောကြပါတယ်။
    အကိုကိုတင်စိုး (ချောက်/ အင်းစိန် GTI, ၁၉၈၄ M.P) နဲ့ ကိုထွန်း
    အကိုကိုတင်စိုး(ချောက်/ အင်းစိန် GTI ) နဲ့ ကိုမောင်မောင်ကျော်သက်(ပြည် GTI, ၁၉၉၅ E.P )
    အင်းစိန် GTI, ၁၉၉၃ M.P က ငယ်သူငယ်ချင်းနဲ့ အင်းစိန် GTI, ၁၉၉၄ E.C က သူငယ်ချင်း
    အကိုကြီးဦးစိုးဟန် (အင်းစိန် GTI, ၁၉၆၈) နဲ့ GTI မျိုးဆက်သစ်များ
    GTI မျိုးဆက်သစ်များ
    main sponsor အကိုများစီစဉ်ထားတဲ့ အစားအသောက်တွေအပြင်၊ တက်ရောက် လာသူများကလည်း တပိုင်တနိုင် ဝီစကီနဲ့ ဝိုင်၊ အသီးအနှံတွေ ကို ယူလာခဲ့ကြသလို၊ GTI ကျောင်းသားဟောင်း အကို ကိုတိုနီ ကလည်း၊ သူဖွင့်ထား တဲ့ ပင်နယ်ဆူလာပလာဇာ - ဇေယျာ ဆိုင်မှ ထောပတ် ထမင်း၊ ကြက်သားဟင်းနဲ့ sponsor ထပ်ပေးပါတယ်။
    ဆရာကြီးဦးစံလင်း
    ဆရာကြီးဘာကိုကြည့်နေပါလိမ့်...ဖွက် ထားတာမလုံလို့လား...
    ကိုဗလ (မန္ထလေး GTI, ၁၉၈၀ E.P) ရဲ့ အသီးတရာ အညှာတခုမှ ' အော်...မင်းတို့တတွေက မြို့ကြီးတွေရောက်နေ...' ဆိုဟန်
    GTI ဆင်း ညီမငယ်တဦးနဲ့ အကနဲ့ ရှမ်းပဲပုပ်ကလေး ကျွန်တော်ပါပဲ...ဆိုတဲ့ GTI ဆင်း အကိုတော်တဦးရဲ့ အဆို
    မန်းတောင်ရိပ်ခိုကြမယ် ဆိုတဲ့ GTI ဆင်း အကိုတွေ၊ အကျီ်အမဲနဲ့ အကို က ကိုဇော်မင်းနိုင် (အင်းစိန် GTI, ၁၉၈၆ M.P) ပါ။
    GTI ဆင်း အမတော်များ
    ခင်ဇော်ရဲ့ အက
    ချောက် GTI မှ ဂီတပညာရှင် အကိုတော်တွေ
    ဓါတ်ပုံဆရာကတော့ ကိုထွန်းသူငယ်ချင်း မင်းသူ ( အင်းစိန် GTI, ၁၉၉၃ M.P) ဖြစ်ပါတယ်။
    တချို့က ဝိုင် ပဲသောက်ပါတယ်။ တချို့က "Shisha" မရှူခင် ထောပတ်ထမင်းကို အဝ စားထားပါတယ်။
    ကိုထွန်း နဲ့ အကိုဒိ
    ဘော်ဒါတွေစုံလာပြန်ရင်...ဆိုတဲ့ GTI ဆင်း အကိုတော်တွေ
    အဖျော်ယမကာစုံလင်တဲ့ ပွဲဖြစ်တဲ့အပြင် ချောက် GTI မိသားစုရဲ့ ဂီတလက်သံတွေနဲ့မို့ ပွဲဟာမြိုင်ဆိုင်သွား ပါတယ်။ အင်းစိန် GTI ဆင်း လုပ်ငန်းရှင် တဦးဖြစ်သူ အကို ကိုဗလ က၊ အသီး တရာအညှာတခုသီချင်းနဲ့ စဖွင့်ပြီး၊ လူချွန်လူကောင်း သီချင်းကိုဆိုတဲ့အခါ၊ အားလုံးလိုက်ဆိုကြ သလို၊ ကိုထွန်းသူငယ်ချင်း ခင်ဇော် (အင်းစိန် GTI, ၁၉၉၃ M.P) ရဲ့ အက မှာ တဝါးဝါးပွဲကြခဲ့ရပါတယ်။
    အကို ကိုထိပ်တင်စိန် ရဲ့ နောက်မှာရပ်နေသူတွေကတော့ အကိုကိုတိုနီ (မန္ထလေး GTI, ၁၉၈၁ E.P) နဲ့ ဆရာမ ဒေါါမြင့်မြင့်အေး (မြို့ပြ) တို့ ဖြစ်ပါတယ်။
    အကိုကိုထိပ်တင်စိန် (မန္တလေး GTI ၁၉၈၁, M.P) ၊ AGTI Society EC members များနဲ့ ရန်ကုန်မှ တက်ရောက်လာတဲ့ GTI ဆင်း ကိုယ်စားလှယ်များ၊ GTI ဆရာကြီးများ ဖြစ်ပါတယ်။
    အကို ကိုထိပ်တင်စိန် က အရေးကြီးတာလေးတွေပြောပါ့မယ်ဆိုပြီး၊ အလွတ်သဘောဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။ လက်ရှိ စုဆောင်းရရှိထားတဲ့အလှူငွေဟာ သိန်း (၇၀၀) ရှိပြီး၊ အရင်းကိုမထိပဲ အတိုးထဲမှ အငြိမ်းစားဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြပါသတဲ့။
    ရန်ကုန်မှ တက်ရောက်လာတဲ့ GTI ဆင်း အမတော်တဦးမှ ဘဏ္တွာရေးအခြေအနေကို၊ ရှင်းလင်းပြပါတယ်။
    ပြောတဲ့လူတာဝန်ယူကြေး..
    အသက် (၇၀) နှစ်နဲ့ အထက်ကို တလ (၂) သောင်းနှူံး၊ အသက် (၇၅) နှစ်နဲ့ အထက်ကို တလ (၃) သောင်းနှူံး နဲ့ အသက် (၈၀) နှစ်နဲ့ အထက်ကို တလ (၅) သောင်းနှုံးသတ်မှတ်ပြီး၊ (၃) လတကြိမ်၊ အိမ်တိုင်ရာရောက်ထောက်ပံ့ ခဲ့တာ ၁၉၉၅ ခုနှစ်၊ အင်းစိန် GTI နှစ်တရာပြည့်ပွဲ ပြီးကတည်းကလို့၊ သိရပါတယ်။ အလွတ်သဘောဆွေးနွေးပွဲမှာ အကြံဝင်ပေးသူဟာ၊ အစအဆုံး ကိုယ်တိုင်တာဝန်ယူရမယ်လို့ တာဝန်ပေးကြ ပါတယ်။
    ကိုအောင်သူ (မအူပင် GTI, ၁၉၉၈ E.C - Field Engineer, Schlumberger, Shenzhen, China), ကိုဇော်မင်းနိုင် (အင်းစိန် GTI, ၁၉၈၆ M.P - Technical Superintendent, Australian Steam Shipmanagement, Australia), ကိုထွန်းသူ (အင်းစိန် GTI, ၁၉၉၃ E.C - Technical Superintendent, Paradigm Shipping, Singapore) နဲ့ ကိုသက်လွင်သော် (မအူပင် GTI, ၁၉၉၈ E.C - Commissioning Engineer, Kepple Shipyard, Singapore)
    တက်ခဲ့တဲ့ကျောင်းမခွဲခြားပဲ၊ GTI ဆင်းအားလုံး၊ ပျော်ပျော်ပါးပါး တစုတဝေးတည်းဆုံခဲ့ရတာဖြစ်သလို၊ နောင်ဆို ရင်လည်း (၃) လတကြိမ် AGTI ဆင်းတွေရဲ့ တွေ့ဆုံပွဲကို၊ ကျင်းပဖို့ရည်ရွယ်ထားကြပါတယ်။
    Shisha
    အပြန်မှာ ကိုဇော်မင်းနိုင်၊ အကိုဒိ၊ ကိုအောင်သူ၊ ကိုသက်လွင်သော် နဲ့ ကိုထွန်း တို့ Arab Street မှာ "Shisha" သွားရှူကြရင်း ည လယ်စာ ထပ်စားကျပါတယ်။ "Shisha" ရှူ တဲ့ ပုံတွေကိုတော့မတင်ပေးတော့ပါဘူး။ "Shisha" ရှူပြီးတော့ ကိုဇော်မင်းနိုင် က တယောက်မကျန် အိမ်ပြန် လိုက်ပို့ပါတယ် ခင်ဗျား။
    Last edited by ကိုထွန်း; 10-12-2011 at 04:59 PM.
  8. The Following 5 Users Say Thank You to ကိုထွန်း For This Useful Post:
  9. #45
    Newbie Maung Maung
    Join Date
    Aug 2008
    Posts
    8
    Thanks
    0
    Thanked 6 Times in 3 Posts
    Rep Power
    0
    ကျွန်တော် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာ သချာင်္အဓိကနဲ့ ၉၃ မှာစတက်ရတယ်ဗျ။ ဂျီတီအိုင် ကလဲ မခေါ်သေးဘူးရယ်။ ကျောင်းတက်နေတုန်း ၀င်ခွင့်ခေါ်သံကြားလို့  သွားဖြေတယ်။ ၉၃ က ဖြေတာပေါ့။ နတ်မောက်ကျောင်း မှာသွားဖြေ
    ရတယ်။ ဒါနဲ့  တက္ကသိုလ် ပထမနှစ်စာမေးပွဲ ပြီးတော့ ဂျီတီအိုင် အောင်စာရင်းထွက်လာတယ်။ အဲဒီနှစ်က မပါဘူး။ လှိုင်နယ်မြေ မှာတော့ တက္ကသိုလ် ကျောင်းသား ဆိုတော့ အချိန်တန်ဘွဲ့ တစ်ခုရပေမယ့် အသက်မွေးဝမ်းကျောင်းပညာအခြေ
    ခံက မပါဘူး။ သူက Academic သက်သက်လိုက်စားပြီးတော့ ၀ါသနာပါယင်တော့ တက္ကသိုလ်ဆရာပြန်လုပ်။ ဒါပေမယ့် ကိုယ်က ငယ်ငယ်ကတည်းက အင်ဂျင်နီယာဖြစ်ချင်သူ ဆိုတော့ ဆယ်တန်းအောင်တဲ့အချိန်မှာ အမှတ်က ချော်သွားတယ်။ သိပ်မများပါဘူး ၁၉ မှတ်ကြီးများတောင်။ ဒါနဲ့ပဲ GTI တက်မယ်ကွာပေါ့လေ။ အဲ ၀င်ခွင့်ဖြေတော့လည်း တစ်နှစ်က မပါ။ မပါပါအောင်ဖြေမယ် ဆိုပြီးတော့ တစ်ခါ ၉၄ မှာပါလာတယ်။ အင်းစိန် ကျောင်းရယ်၊ မြို့ ပြရယ်။ လှိုင်နယ်မြေက ကျောင်းထွက်လက်မှတ်မပါယင် ကျောင်းအပ်မခံဘူး ဆိုလို့  မော်ကွန်းထိန်းဆီက နေ မထုတ်ချင်ပဲ ကျောင်းပြောင်းလက်မှတ်ထုတ်ပြီးတော့ အင်းစိန်ဂျီတီအိုင်မှာ
    သွားအပ်ရတာပေါ့။ ကျောင်းအုပ်ကြီး ဦးအောင်ဝင်း၊ ဌာနမှူး ဒေါ်နီနီလွင် တို့ ဖြစ်ပါတယ်။ ဆရာ၊ဆရာမ နာမယ် တစ်ချို့ မေ့နေလို့ အပြည့်အစုံ မရေးနိုင်ပြန်ဘူး။
    ၉၄ ရှေ့ မှာ တော့ ၉၃ အသုတ်တွေရှိတယ်။ သူငယ်ချင်းတွေ တစ်ချို့ ဒုတိယနှစ်တက်နေပြီ။ ဆယ်တန်းတုန်း က တခန်းတည်း ၊နေခဲ့ ဖူးတဲ့ ကောင်မလေး တစ်ယောက် လည်းတွေ့ တယ်။ သူကလည်း ရှိးတိုး
    ရှန်းတန်း နဲ့  ဘယ်ဟုတ်မတုန်း ဆယ်တန်းတုန်း က စာလိုက်ပေးဖူးတာ မှတ်မိလို့ နေမှာ။ ရန်ကုန်ကျောင်းသား ဆိုတော့ အဆောင်မရပါဘူး။ ဗဟိုဆောင်၊ ဥတ္တရဆောင် နဲ့ သပြေ ဆောင်တွေ ရှိပါတယ်။ သပြေ ဆောင်
    ကတော့ သိတော်မူကြတဲ့အတိုင်း ပျိုပျိုမေတွေ ချည်းပါပဲ။ ဗဟိုဆောင် ရတဲ့ သူငယ်ချင်းတွေက တစ်ချို့ လိပ်စာလိမ်ထားသူတွေ လည်းတွေ ပါရဲ့ ။ လှိုင်နယ်မြေ ကို တီ တကိုင်ကိုင် နဲ့  သွားကြွားဖူးပါသေးတယ်။
    ခက်တာက Drawing ကို Basic ပဲသင်ရသေးတာမို့  ထုတ်ကြွားစရာ Drawing ပုံ အကောင်းမရှိလှပါဘူး။
    ကျွန်တော့်အိမ်ကနေ ဆိုယင် ကျောင်း ကို ၄၄ ဒိုင်နာ စီးရတယ်။ ဘီအိုစီမှာဆင်း ၊ ပြီးယင် ဂုံးတံတားအောက် က ၅၇ ဗိုက်ပူ စီးယင်စီး ၅၇ ဟိုင်းလတ်စီး ယင် ပြည်တော်သာမှာဆင်းပေါ့ဗျာ။ ရွှေနယား ပေါက်က
    ကားခ က ဒိုင်နာက ၂ ကျပ်၊ ပြည်တော်သာကို တစ်ကျပ် ပေးရပါတယ်။ လဖက်ရည် သောက်ယင်တော့ ငါးကျပ် လောက်တော့ကုန်တယ်။ ငွေတောင် ဆေးပေါ့လိပ်သောက်တယ်။
    တက္ကသိုလ်တုန်းက မုန့်ဖိုး က ၂၅ ကျပ်ရတယ်။ အင်းစိန် GTI တက်တော့ မုန့်ဖိုး ကလည်း မတိုးလာပေမယ့် မိခင်ကြီး က သနားယင် တစ်ခါတစ်လေ သုံးလေး ငါးဆယ် ရတတ်တယ်။ အဖေ့ ဆီမှာလဲ လက်ဝါးဖြန့်
    တတ်သေးတယ်။ ထမင်းစားတော့ ပထမ တော့ အပြင်ထွက်စားတယ်။ မှန် ဆောင် နဲ့ လမ်းခြား တဲ့ ဖက်မှာ ထမင်းဆိုင် ခပ်ကောင်းကောင်းတစ်ဆိုင်ရှိတယ်။ တစ်ဆယ် ကျတယ်။ ပထမ တော့ ယောင်နန နဲ့  အဲဒီဆိုင်
    စားတယ်။ နောက် ဗိုလ်မှူးရွာ နားက ဆိုင်မှာ စားတယ်။ နည်းနည်းကြာလာတော့ အခန်းထဲ က ဘော်ဒါ ကနေပြီး ဆောက်လုပ်ရေးဝင်း ယန္တယား တောင် မှာ ၀င်စားလို့ ရတယ် ၅ ကျပ်ပဲ ပေးရတယ် ဆိုတာ နဲ့  ၀င်စား
    ပစ်လိုက်တယ်။ ပုံထည့်ပေးတာပေါ့။ ယန္တယားတောင် ဌာနခွဲမှူး က လဲ ကျွန်တော်တို့  ကျောင်းကပြောင်းသွားတဲ့ ဆရာမ ၊ Mechanical Power က ဆရာမ ပဲ။
    ကျောင်းမှာ ကျွန်တော် တို့ အဖွဲ့  ကျောင်းတော့မပြေး ကြဘူး။ ပထမ နှစ် ဆိုတာ က တော့ သိတဲ့အတိုင်း အင်ဂျင်နီယာ ရဲ့ အစ ပေါက်စနလေးတွေပဲ မိတ်ဆက်တွေ သင်တာပေါ့လေ။ ပုံဆွဲယင် ဗဟိုဆောင်က
    ထောင့်ခန်းမှာဆွဲရပါတယ်။ ဆရာကြီး ဦးထွန်းခင်သင်ပေးတာပါ။ ဦးငွေထွန်းရှိန် က Science 1 သင်ပါတယ်။ BMC က ဒေါ်နီနီလွင်သင်ပါတယ်။ APPLY သင်တာက ဆရာမ ဒေါ်ခင်ဆွေမြင့်ပါ။ Carpenter Shop က
    တော့ ဆရာကြီး ဦးကြည် ရယ် နောက် ဆရာ ဦးမြင့်ဆွေ ထင်ပါတယ်။ ဆရာဦးကြည် က မွတ်စလင်ဘာသာဝင်မှန်းမသိလို့  ၀က်အူလှည့်တောင်းယင် သိပ်စိတ်ဆိုးပါတယ်။ Screwdriver လို့ ပြောရပါတယ်။
    Masonry ဆရာ ကတော့ ဆရာကြီး........ ပါ သဘောကောင်းပါတယ်။ ပျော်စရာကောင်းတာက Shop အချိန်တွေ မှာပါ။ စစချင်း Shop မှာလက်တွေ လက်ခိုင်းတာကတော့ နှစ်တစ်လက်မ ချောင်း ၉ လက်မ အရှည်ကို
    လက်ရိုက် လုပ်ဖို့  ထွင်းခိုင်းတာပါ။ တစ်ချို့ သူငယ်ချင်းတွေ ထုယင်းထွင်းယင်း နှစ်တစ်လက်မ ကတော့ သွားကြားထိုးတံ ဖြစ်သွားပါတယ်။ သစ်လဲပေါ၊ ၀ါးလဲပေါ ၊ စက်တွေက လဲ ပေါ ပါတယ်။ သူ့ အချိန်တိုင်း မှာ
    Job တွေ လုပ်ရတာကို က စိတ်ဝင်စားစရာပါပဲ။ Masonry အချိန်ဆိုယင်တော့ ခါးညောင်းမယ်သာ ပြင်ပေရော့။ အုတ်ရိုးတွေ ကို သဲ နဲ့ စီရတာပါ။ လေးလက်မခွဲ အုတ်ရိုး၊ အတည့်၊ ကျင်တွယ်၊ ကြက်ခြေခတ် ပြီးယင်
    ကိုးလက်မ အုတ်ရိုး ၊တစ်ခြမ်း ကို သဲ နဲ့  ပလာစတာ ချောရပါတယ်။ မျဉ်းတံ၊ ချိန်သီး၊ နှာသဓါး၊ သံလက် အစရှိတာတွေ ကို ကိုင်တွယ်ခဲ့ရတာပေါ့။ အုတ်ရိုးတစ်ဖက် က ဆိုယင် နှာသ ထားယင် နှာတံလေး ကို စင်းနေ
    တာပါပဲ။
    ပုံဆွဲချိန်ကတော့ နေ့ လည် ၁ နာရီကနေ ၄ နာရီအထိ မတ်တတ် မတ်တတ်ပဲ။ ဆရာကြီး ပေးထားတဲ့ ပုံတွေ ကိုဆွဲပေတော့။ ပျော်စရာလဲ ကောင်းပါတယ်။ ဒုတိယ နှစ်ရောက်တော့ ဆာဗေး ဘာသာရပ်
    Structure ဘာသာရပ်ပါလာပြီ။ ဆာဗေး လုပ်မယ်ဆိုယင် ချိန်းကြိုးတွေ နဲ့  ကျောင်းတပတ် တိုင်းလိုက်ရတာ။ BM ဘယ်နားမှာတုန်း ရှာစမ်းပါဦး ပေါ့။ ဘယ်ဟုတ်မလဲ စာကြည့်တိုက် လမ်းကြားကနေ ထွက်ယင်
    အိမ်သာထောင့်နားလေးမှာ သံပြားဖုံးထားတာ BM တဲ့။ သံကြိုးတချွင်ချွင် နဲ့  တော့ ထောင်သားတွေလား လို့ တောင် နောက်ကြပြောင်ကြပါသေးတယ်။
    ဌာနမှူး ဒေါ်ခင်ငြိမ်းက တတိယနှစ်မှာပြောင်းလာပါတယ်။ ဦးမြင့်အောင်က အယင် ရောက်တာပါ။ ဆရာကြီး ဦးမြင့်အောင် က နောက်ဆုံးနှစ်မှာ Structure သင်ပါတယ်။ သူ့ အတန်း ပျက်လို့  tutorial
    ဖြေချိန်မှာ နောက်ကျလို့  မင်း ငါကြည့်ရတာ နောက်ဆုံးနှစ်ကျမယ့်ကောင်ပဲ တဲ့  ဆူခံရပါတယ်။ ကျွန်တော် တို့ အင်းစိန်ဂျီတီအိုင် ရဲ့  အနာဂတ် ကို ကြိုမသိခဲ့ တော့ ၉၆ မြို့ ပြကျောင်းသားတွေ စု ပြီးတော့ ယင်
    ဆရာဆရာမတွေ နားနေဖို့  အဲကွန်းခန်း ဆောက်ရအောင် ဆိုပြီးတော့ ဆရာကြီး ဦးမြင့်အောင် ကို တင်ပြပြီး မြို့ ပြ အေဘီစီ သုံးခန်းပေါင်း လှူငွေ တွေ နဲ့  နားနေခန်းဆောက်ဖြစ်ပါတယ်။ ကျွန်တော် တို့  မြို့ ပြအေ
    ဘီစီ သုံးခန်းက အီးစီ အားလုံး တည်ဆောက်ရေး မှာ လုပ်အားပေးရပါတယ်။ အခု မဟာမြိုင်ဆေးခန်းပိုင်ရှင် ဖုန်းကျော်စိုး ကလည်း အများဆုံးအလှူရှင်ပေါ့။ အဲဒီ နားနေခန်းဆောက် တော့ ကျောင်းစာမေးပွဲ နီး
    တော့ စာသင်ချိန်မှန်မှန်မရောက်ခဲ့ လို့ ဆရာကြီးဆူပါတယ်။ ဟုတ်လဲဟုတ်ပါတယ်။ ကျွန်တော် တို့ တွေ အဲဒီ နားနေခန်း ဆောက်ပြီး လို့ ဆရာကြီး ကို လွှဲပြောင်းပေးခဲ့ပါတယ်။ အခန်းအနားမှာ ဒံပေါက်ထမင်း
    ကျွေးပါတယ်။ နောက်ဆုံး နှစ်လေ့ လာရေး ခရီးကတော့ ဧရာဝတီတံတားပြည် နဲ့  တောင်န၀င်းဆည် တို့  ကို သွားရောက်ခဲ့ ကြတာဖြစ်ပါတယ်။
    အင်းစိန်ဂျီတီအိုင် က အောင်လက်မှတ်ရတဲ့ အချိန်ဟာ ၁၉၉၆ ခုနှစ်ကပါ။ ဒီဇင်ဘာ ကို ရောက်တော့ အရေးအခင်း ဆိုပြီးတော့ ကျောင်း ပိတ်ခံလိုက်ပါတော့တယ်။ အခုတော့ ကျောင်းရှေ့ ကို ဖြတ်
    သွားတိုင်း ကြည့်ရင်း နဲ့ ရင်နာမိလေရဲ့ ။
    မှတ်မိတဲ့ အကြောင်းလေးတွေတင်ပြလိုက်တာပါ။
  10. The Following 3 Users Say Thank You to Maung Maung For This Useful Post:
  11. #46
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,324 Times in 1,123 Posts
    Rep Power
    10
    ကိုမောင် အင်းစိန် G.T.I ကျောင်းအကြောင်းကို၊ ရေးတာဖတ်ရတော့ ကျွန်တော့် အသက်လည်း၊ အနှစ် (၂၀) လောက်၊ ပြန်ငယ်သွား ပါတယ်။ ကျွန်တော့်ရဲ့ အင်းစိန် G.T.I အမှတ်တရလေးတွေကိုလည်း၊ ရေးချင်ပါသေးတယ်။
    Civil မှာ၊ Drawing သင်တဲ့ ဆရာကြီးဦးထွန်းခင် သမီးက၊ တီချယ် ဒေါါကြည်ကြည်ထွန်းပါ။ ဆရာမက E.C မှာ၊ Line Communication သင်ပါတယ်။ တီချယ့်ကို ကျွန်တော်တို့ စာမကြိုးစားတဲ့ အုပ်စု က၊ ကြောက်ရပါတယ်။ တီချယ်က စာမရရင် လက်ဆစ်ကို ပေတံနဲ့ခေါက်လို့ပါ။ ဟိုတနေ့က AGTI Society တွေ့ဆုံပွဲမှာ ဆရာမရဲ့ အမျိုးသားနဲ့ဆုံလို့ အဲဒီအကြောင်းကို၊ ပြောဖြစ်ပါသေးတယ်။ အခုတော့ ဆရာကြီး ဦးထွန်းခင်မြေး၊ တီချယ် ဒေါါကြည်ကြည်ထွန်းတို့ သားလေးတောင် လေကြောင်းတက္ကသိုလ်တက်နေပြီလို့၊ သိရပါတယ်။
    ယန္တယားပင်မအလုပ်ရုံ (တောင်) က၊ ဌာနခွဲမှူးက တီချယ်စန္ဒာ လို့ခေါါတဲ့ တီချယ်ဒေါါစန္ဒာမြင့် ပါ။ တီချယ်က ကျွန်တော်တို့ E.C အတန်းတွေကို၊ Strength of Materials သင်ပေးပါတယ်။ စာသင် အရမ်းကောင်း သလို၊ အမြဲပြုံးနေတဲ့ တီချယ့်ကို E.C က၊ ကျောင်းသူ၊ ကျောင်းသားတွေက ချစ်ကြပါတယ်။ ကျွန်တော်တို့ E.C မှာ၊ Mechanical Drawing နဲ့ Electronic Circuit Drawing ဆိုပြီး၊ အပိုင်း (၂) ပိုင်းပါ ပါတယ်။ တီချယ်က Strength သင်ရင်း၊ Drawing အပိုင်းတွေကိုပါ၊ ထည့်သင်သွားတာမို့၊ ကျွန်တော်တို့အတွက် Mechanical Drawing ဆွဲတဲ့အခါ၊ လွယ်သွားပါတယ်။
    တီချယ်ပြောင်းသွားတော့ ညနေဖက်တိုင်း အဆောင်ကနေ အလုပ်ရုံ(တောင်) ရဲ့ ကန်တင်းမှာ၊ ထမင်းသွားစားကြပါတယ်။ တီချယ် ကတော့ နေ့လည်စာကို၊ ကျောင်းမှာပဲ လာစားပါတယ်။ နောက်ဆုံးအဆက် အသွယ်ရခဲ့တာက၊ တီချယ်စန္ဒာ စက်ာပူမှာ သင်တန်းတခု လာတက်စဉ် ၁၉၉၆ လောက်ကပါ။ (၁၉၉၃) မှာ၊ ကျောင်းဆင်းပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသဘော်ကျင်းရဲ့ လစာမဲ့ပညာသင် Un-paid apprentice အနေနဲ့၊ သဘော်ကျင်းလုပ်သက်ယူစဉ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေယာဉ်စုဌာနရဲ့ သောင်နိုင်ရေးနဲ့ ကြံ့ခိုင်ရေးဆိုတဲ့ သောင်တူးသဘော် Bucket Dragger တွေပေါါမှာ၊ တီချယ်စန္ဒာနဲ့အတူ စက်မှုတက္ကသိုလ်အတူတက်ခဲ့တဲ့၊ အင်ဂျင်နီယာအကိုတွေနဲ့ ပြန်ဆုံခဲ့ရပါတယ်။ တီချယ်စန္ဒာ့ တပည့်ဆိုပြီး၊ သဘော်ပေါါက အင်ဂျင်နီယာအကိုတွေကို၊ ပြောပြခဲ့သလို၊ သဘော်ပေါါမှ၊ ပြန်တမ်းဝင် အရာရှိ အဆင့် အကိုတွေကလည်း၊ ဆရာစားမချန်သင်ပေးခဲ့ပါတယ်။ အခုတော့လည်း တီချယ်စန္ဒာနဲ့ပြန်မဆုံတော့ပေမယ့်၊ Facebook ကတဆင့် Plastic & Rubber Technology က၊ တီချယ်ညို နဲ့ E.C က တီချယ် မသိဂ်ီတို့နဲ့ ကျောင်းတုန်းက၊ အကြောင်းတွေပြောဖြစ်ပါတယ်။
    အရေးအခင်းအပြီး၊ ကျောင်းတွေပြန်ဖွင့်တော့၊ ဆရာဦးအေးလွင်ဦး နဲ့ ဆရာဦးဝင်းဦးတို့ နိုင်ငံခြားထွက်သွားသလို၊ E.C ဌာနမှူး ဆရာကြီး ဦးမျိုးလွင်လည်း မော်လမြိုင် G.T.I ကို၊ ကျောင်းအုပ်ကြီး အနေနဲ့ ပြောင်းသွားတာမို့၊ E.C မှာ သရုပ်ပြဆရာ ဦးရီးတယောက်ပဲ၊ ကျန်ခဲ့ပြီး၊ ဆရာမတွေနဲ့သာ သင်ခဲ့ရပါတယ်။ Radio Communication ကို တီချယ်ရွှေလို့ ခေါါ တဲ့ တီချယ်ယဉ်ယဉ်ရွှေသင်ပါတယ်။ Practical ကို တီချယ်စောယုနွယ် သင်ပါတယ်။ ကျွန်တော်က စာတော်တော့ တီချယ်စောယုနွယ်သင်တဲ့ Radio Communication Practical မှာ၊ ဘဲဥ မကွဲခဲ့ ပါဘူး။ တီချယ်ရွှေနဲ့ တီချယ်စောယုနွယ် တို့ ကောင်းမှုကြောင့်သာ၊ အောင်သွားတာပါ။
    ကျွန်တော်တို့အုပ်စု ကလည်းဆိုးပါတယ်။ တီချယ်ကြီးသင်တဲ့ Integrated Electronics နဲ့ Electronic Circuit Theory အတန်းတွေသာ တက်တာပါ။ ဒါတောင် တီချယ်ကြီး ကို၊ ကြောက်လို့ တက်တာပါ။ တီချယ်ကြီးကိုသာ ကြောက်တယ်ပြောပေမယ့်၊ စတိုင်ပင်စာရွက်ပြပြီး၊ ပိုက်ဆံချေးပါတယ်။ စတိုင်ပင်က တလ (၇၅) ကျပ်ရပြီး၊ အဆောင်ဖိုးနဲ့ ထမင်းဖိုးက တလ (၆၀) ပါ။ တီချယ်ကြီးဆီက တလ (၅၀) လောက် အလှည့်နဲ့ ပတ်ချေးပြီး၊ ကျောင်းနားက၊ နန်းသီတာဆိုင်မှာ အရည်ဖျော်ကြပါတယ်။ (၃)၊ (၄) ခါလောက်ဆောင်ရွက်ပြီးတဲ့အခါ၊ တီချယ်ကြီးလည်း၊ မယုံလို့၊ ရုံးခန်းမှာသွားမေးမှ၊ စတိုင်ပင် ထုတ်ပြီးသား စာရွက်တွေမှန်းသိသွားရပါတယ်။ စာမရရင်နဲ့ အတန်းမတက်ရင်သာ၊ မိုးမီးလောင် မ တတ် ဆူပေမယ့်၊ ဒါမျိုး ကိစ္စကို မဆူပဲ နင်တို့ တော်တော်ဆိုးတဲ့၊ အကောင်တွေလို့သာ ပြုံးပြုံးကြီးပြော ပါတယ်။ အမြဲတမ်း မျက်နှာတင်းထားတဲ့၊ တီချယ်ကြီးပြုံးရင် အရမ်းချစ်စရာကောင်းပါတယ်။
    အတန်းထဲမှာ THS ကတည်းက၊ တီချယ်ကြီးတပည့်တွေလည်းရှိပါတယ်။ ထိမှတ်မိနေတာက အခု၊ ဒုတိယအင်ဂျင်နီယာအဆင့်နဲ့ သဘော်လိုက်နေ တဲ့ ကိုဝင်းနိုင် ကိုပါ။ တီချယ်ကြီးက သူ့ကို၊ မျက်နှာမသာ မယာနဲ့မို့ "မသာ" လို့ခေါါပါတယ်။ THS ကတည်းက၊ ဒုက္ခပေးခဲ့တာ G.T.I အထိ လိုက်၊ ဒုက္ခပေးတုန်းလို့ပြောပါတယ်။ ကိုဝင်းနိုင်ကြီးကလည်း ကျွန်တော်တို့လို အတန်း မတက်၊ စာမကြိုးစားတဲ့ အုပ်စုကပါ။ နောက် တယောက်က ကိုလှဌေးပါ။ ကုန်သွယ်လယ်ယာက တန် (၁၀၀) ဆန်စက်တခုမှာ လက်ထောက်စက်ရုံမှူးနဲ့ အလုပ်ဝင်သွားပြီး၊ ကွယ်လွန်သွား ပါတယ်။ တီချယ်ကြီး သံလျှင်ကျောင်းကိုပြောင်းသွားပြီးမှ၊ သွားကန်တော့တဲ့အခါ၊ ကိုလှဌေး မဆုံးခင် ကျောင်းတုန်းက၊ ချေးထားတဲ့ ငွေ (၄၀၀) ကို၊ လာဆပ်သွားတဲ့ အကြောင်း၊ ဝမ်းပမ်း တနည်းပြောရှာပါတယ်။
    အတန်းမတက်တဲ့ ကျွန်တော်တို့ အုပ်စုက၊ အတန်းထဲက စာတော်ပြီးလက်ရေးလှတဲ့ ခင်ခင်မိုး၊ သက်ကလေးနဲ့ စန္ဒာနှင်းတို့ Notes တွေကို၊ Photo Copy ကူးပြီး၊ စာမေးပွဲဖြေကြပါတယ်။ ခင်ခင်မိုးဟာ (၁၉၉၃) မှာ၊ Roll 1 နဲ့ All D Credits ရခဲ့ပါတယ်။ သက်ကလေးက All D Credits Roll 2 ပါ။ စာညံ့တဲ့ ကျွန်တော်က၊ 4 D Credits နဲ့ Roll 8 ရခဲ့ပါတယ်။ E.C က၊ ခင်ခင်မိုး၊ သဇင်၊ သက်သက်နဲ့ ထွန်းနေလင်းတို့ စက်မှုတက္ကသိုလ်ဆက်တက်ကြပါတယ်။ ခင်ခင်မိုးကျောင်းပြီးတော့ သက်ကလေးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ခင်ခင်မိုး နဲ့ သက်ကလေးရဲ့ မဂ်လာဆွမ်းကျွေးကို၊ ကျွန်တော်တို့ အုပ်စုသွားလေရာမှာပါတဲ့၊ သန္တာ၊ ဂေါါဂေါါ၊ ရွှေမိ နဲ့ ဌေး တို့လည်း၊ ပျော်ပျော်ပါးပါးသွားခဲ့သလို၊ တီချယ်ကြီးဒေါါတင်တင်အေးလည်း၊ လာခဲ့ပါတယ်။
    ကျွန်တော်တို့ အုပ်စုဟာ အတန်းမတက်တဲ့အပြင်၊ တောင်းစား၊ လုစား၊ ပေါင်စား၊ ခိုးစားတဲ့ အုပ်စုပါ။ တောင်းစားတာကတော့ ထမင်းဘူးတွေကိုပါ။ စန္ဒာနှင်း ထမင်းဘူးကို အမြဲတောင်း စားသလို၊ သဇင့် ထမင်းဘူးကို လုစား ပါတယ်။ သဇင်ဟာ အထက်တန်းကတည်းက သူငယ်ချင်းမို့၊ ခွင့်လွှတ်ထားပုံရပါတယ်။ ပေါင်စားတာကတော့ မိုးရွာရင် သန္တာ၊ ဂေါါဂေါါနဲ့ ရွှေမိတို့ဆီက ထီးတွေ ဌားပြီး၊ အင်းစိန်ဈေးမှာ သွားပေါင်ကာ၊ အရည်ဖျော်ပြစ်တာကိုပြောတာပါ။ တခါတလေလည်း ဂဏန်းပေါင်းစက်တွေဌားပြီး၊ ပေါင်ခဲ့ သလို၊ တခါမှလည်း ပြန်ရွေးမပေးခဲ့ပါဘူး။
    ခိုးစားတဲ့ အကြောင်းကို၊ ဖောက်သည်ချရရင်တော့ Calculus သင်တဲ့၊ ပုသိမ်ဇာတိ ဆရာဦးတင်ငွေ ပါ ပါလာပါလိမ့်မယ်။ အတန်းထဲမှာ အသေကြောက်ရတဲ့ ဆရာဦးတင်ငွေ ဟာ၊ အပြင်မှာ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူပါ။ တရက် ဗဟိုဆောင်က ဆရာ ဦးငွေထွန်းရှိန် အခန်းမှာ၊ ဂဏန်းတွက်တော့၊ ဆရာဦးတင်ငွေ ပါလာတွက်ပေးပါတယ်။ ဂဏန်း တွက်တဲ့အခါ အရှူံးများနေလို့ ဝေဖြိုးက၊ ဆရာ ဦးတင်ငွေ ရဲ့ ကတ္တီပါဖိနပ်အသစ်ချက်ချွတ်ကို၊ စီးသွားပြီး ဒက္ခိဏက လိပ်ပု အခန်းမှာ၊ သွားထားလိုက်ပါတယ်။ နောက်တနေ့မနက် မိုးလင်းတော့ ခိုးလာတဲ့ ဖိနပ်ကို၊ ဖိနပ်ကသေးနေလို့ ဆိုပြီး၊ လျှော့ဈေးနဲ့ အခု ဆက်သွယ်ရေးမှာ တာဝန်ခံအင်ဂျင်နီယာလုပ်နေတဲ့၊ လိပ်ပုကို၊ ရောင်းပါတယ်။ အင်းစိန်ဈေးမှာ ဖိနပ်သွား ဝယ်မယ့် တောသူဌေးသား၊ လိပ်ပု ကလည်းဝယ်ပါတယ်။
    လိပ်ပုကို ဖိနပ်ရောင်းပြီး အေးဆေးမှာ သွားထိုင်တော့၊ ဆရာဦးတင်ငွေလည်း လက်ဖက်ရည်လာသောက်ရင်း၊ ညက ဂဏန်းတွက်ပွဲမှာ၊ ဖိနပ်ပျောက်တဲ့အကြောင်း ရင်ဖွင့်ပါတယ်။ ဆရာပြန်သွားမှ၊ ဖိနပ် အကြောင်း ဖွင့်ပြောလိုက်တာ၊ ရီရမလို၊ ငိုရမလိုနဲ့ လိပ်ပု ဖြစ်သွားပုံကို၊ ခုထိ သတိရနေမိပါတယ်။
    ကျွန်တော်တို့ အုပ်စုသွားလေရာမှာပါတဲ့၊ သန္တာ၊ ဂေါါဂေါါ၊ ရွှေမိ နဲ့ ဌေး တို့လည်း၊ အရက်ဆိုင်မှာအမြည်းထိုင်စားတတ်အောင်၊ သင်ပေးခဲ့ ပါတယ်။ အခု အစ္စရေးပြန်၊ တာဝန်ခံအင်ဂျင်နီယာတွေဖြစ်ကြတဲ့၊ သန္တာ၊ ဂေါါဂေါါ၊ ရွှေမိ နဲ့ ဌေး တို့နဲ့ပြန်ဆုံတိုင်း၊ အိမ်ထောင်တွေ အသီးသီး ကျနေပေမယ့် ခလေးတွေလို ပြန်ဖြစ်သွားရပါတယ်။ ကျွန်တော်တို့ အုပ်စုဆိုတာ ဝေဖြိုး၊ အဖီ၊ လိပ်ပု၊ ကျော်ကြီး၊ ဂေါက်နဲ့ ကျွန်တော်တို့ပါ။
    ဝေဖြိုးက မကွေးဒီဂရီကောလိပ်မှာ သချာ်အဓိကနဲ့ တတိယနှစ်အထိတက်ပြီးမှ၊ အင်းစိန် G.T.I ကျောင်းကိုပြောင်းလာသူပါ။ ကျောင်းပြောင်းတက်ရခြင်းကတော့ ဒုတိယနှစ်စာမေးပွဲမှာ ဂုဏ်ထူးတန်း မဝင်လို့ပါတဲ့။ အားလုံးထက် အသက်ပိုကြီးလို့ ဘဲကြီးရယ်လို့၊ အမည်တွင်သလို၊ ဆံပင်တိုတို၊ လည်ကတုံးလက်ရှည်နဲ့ ပုဆိုးအရောင်ရင့်ရင့်တွေဝတ်ပြီး၊ သတ်သတ်ရပ်ရပ်နေတတ်သူပါ။ ဂေါါဂေါါကတော့ ဘဲကြီးပုံက၊ ဇာတ်မင်းသားပုံပေါက်နေတယ်လို့ မှတ်ချက်ပေးပါတယ်။ ဘဲကြီးကျောင်းစတက်ရင်၊ အက်ျီ်အဝတ်အစား၊ ထီး၊ အပြည့်အစုံအပြင်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ မွေ့ယာကအစ၊ အသစ်တွေနဲ့ လာသူပါ။ ပိုင်ဆိုင်သမျှရှိသမျကို အင်းစိန်ဈေးရှေ့က၊ အပေါင်ဆိုင်မှာ၊ သွားသွာအပ်ရင်း၊ ကျောင်းပိတ်တဲ့အခါ အဝတ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်-အောင်လံကားကို၊ တက်စီးပြီးပြန်သွားပါတယ်။
    ဝေဖြိုးရဲ့ ချစ်စရာအကျင့်ကတော့၊ သူငယ်ချင်းတွေအတွက်ဆို ဘာပဲလုပ်ပေးရ၊ လုပ်ပေးရဆိုတဲ့ အကျင့်ပါ။ ထန်းရည်စစ်စစ်သောက်ခြင်တယ်လို့ပြောလိုက်တာနဲ့၊ ထန်းသမားတွေမလာခင် ကျောင်းထဲက ထန်းပင်ပေါါတက်ပြီး၊ မြူအိုးတွေ ဆွဲချလာပါတယ်။ သန္တာ၊ ဂေါါဂေါါ၊ ရွှေမိ နဲ့ ဌေး တို့အတွက် အလုပ်ရုံရှေ့ ကံကော်ပင်ပေါါက၊ ကံ့ကော်ပန်းတွေ ခူးပေးသလို၊ မနက်စောစောရွှေတိဂုံဘုရား ဖူးချင်တယ် ဆိုလည်း၊ မညည်းမငြူ ပို့ပေးရှာပါတယ်။ အရက်တလုံးလောက်ကို တယောက်တည်းသောက်တာ၊ မမူးတဲ့အပြင်၊ အချက်အပြုတ်လည်းကောင်းပါတယ်။
    ကျောင်းဆင်းကြပြီး အလုပ်မဝင်ခင် (၆) လလောက်၊ ကျွန်တော်တို့ ခြံထဲမှာ ကျွန်တော်တို့ အုပ်စု၊ အတူနေကြတော့မှ အရည်အချင်းတွေထုတ်ပြပါတော့တယ်။ ကျွန်တော်တို့ ခြံက အလျားပေ (၁၈၀) နဲ့ အကျယ် ပေ (၈၀) ရှိပြီး၊ အုတ်တံတိုင်းအပြည့်ခတ်ထားတာပါ။ အုတ်တံတိုင်းကျော်နည်း၊ ညဖက်ဆိုင်ပိတ်ချိန်မှ အရက်ဝယ်နည်း၊ ကားကိုစက်မနိုးပဲတွန်းထုတ်ကာ၊ အပြင်ထွက်နည်းတွေကို၊ ပို့ချပေးသလို၊ ညကြီးမင်းကြီး ထင်းကောက်ကာ ငါးလိပ်ကျောက်မဆလာချက်၊ လိပ်အရည်သောက်၊ ဖားနဲ့ ကင်ပွန်းချဉ်အစပ်ချက်နည်းတွေကို သင်ပေးပါတယ်။
    ကားမောင်းကောင်းသလို၊ ကားတိုက်လည်းတော်ပါတယ်။ မူးလာရင် ကျွန်တော့်ကို စိတ်မချလို့ဆိုပြီး၊ ကိုယ်တိုင်မောင်းပါတယ်။ တခါက ညဖက်ကြီး ရှေ့က စက်ဘီးစီးပြီးသွားနေသူကို၊ တိုက်မိမလို ဖြစ်ဖူး ပါတယ်။ ကျွန်တော်က ဘေးကနေ စတီယာရင်ကို ဆွဲကွေ့မှ၊ ကားကိုလမ်းလည်ခေါင်မှာ ထိုးရပ်ပြီး၊ ငါ ဟွန်းတီးရင်ကောင်းမလား၊ ကျော်တက်ရင်ကောင်းမလားစဉ်းစားနေတာကို၊ မင်းလုပ်လို့ အာရုံပျက် သွားပြီ၊ ဘာညာနဲ့ ထကောပါတယ်။ အဲဒီတုန်းက နစ်ဆန်းဘလူးဘတ်လေးနဲ့ပါ။ ကျွန်တော့်အဖေရဲ့ တံခါးငါးပေါက် လင့်ရိုဘာ ဗိုက်ဖောင်း (၁၁၀)ကို ဖရိမ်ကျိုးအောင် လည်ကွင်းထဲ ဆင်းမောင်းပါသေးတယ်။ အကြောင်းပြချက်က လင့်ရိုဘာကား အကြမ်းခံမခံ စမ်းကြည့်တာပါတဲ့။ မီးပွိုင့်မှာ ဆန်နီဆူပါဆလွန်းကို နောက်ကနေတွန့်လီမ်သွားအောင်၊ ဝင်တိုက်ပြီးမှ မိုမန်တန်နဲ့ အင်းပက်ဆိုတာ၊ ဒါမျိုးကွလို့ ပြုံးပြုံးကြီးပြောပါတယ်။ အလုပ်ဝင်သွားပြီး၊ ခရိုင်မြို့တခုမှာ တာဝန်ခံအင်ဂျင်နီယာအဆင့်အထိဖြစ်လာသလို၊ ကျွန်တော်သဘော်က ပြန်လာတိုင်း၊ လာတွေ့ရင်း ပုလင်းခွဲတမ်းလာယူပါတယ်။
    တခါက ချေသားစစ်စစ်၊ လတ်လတ်ဆတ်ဆတ်စားချင်တယ်လို့ ပြောလိုက်တာ၊ နောက်တပါတ်နေတော့ အရည်ခွံတောင်၊ မဆုတ်ရသေးတဲ့ ချေပေါင်တဖက်ကို ယူပြီး၊ လာပို့ပေးတဲ့အပြင်၊ မီးဖိုထဲဝင်ပြီး၊ ကိုယ်တိုင်ချက်ပေးသွားပါတယ်။ အခုတော့ ဝန်ထမ်းအလုပ်ကထွက်ပြီး၊ အင်းစိန် G.T.I က၊ အတန်းတူ သူငယ်ချင်းရဲ့၊ ကုမ္မဏီ တခုမှာ၊ ဝင်လုပ်နေပါတယ်။
    အဖီက ဝါးခယ်မသားပါ။ ရှေ့သွားလေးခေါနေလို့ အဖီ အဖြစ်အမည်သညာတွင်ရစ်သလို၊ အဂ်လိပ်စာအဓိကနဲ့ ဒုတိယနှစ်အထိ ရန်ကုန်တက္ကသိုလ်မှာ၊ တက်ပြီးမှ၊ အင်းစိန် G.T.I ကျောင်းကိုပြောင်းလာသူပါ။ အဖီ အင်းစိန် G.T.I ကျောင်းကိုတက်ရတဲ့၊ ရည်ရွယ်ချက်က သဘော်သားလုပ်ဖို့ပါတဲ့။ ဦးလေးတွေက သဘော်သားတွေမို့၊ အဂ်လိပ်စာအဓိကယူပြီး၊ လှိုင်နယ်မြေမှာ ကျောင်းတက်ကာ၊ ရွှေဘိုဆောင် မှာနေခွင့် ရသူ အဖီဟာ၊ ဦးလေးတွေ မြှောက်ပေးလို့ G.T.I ရောက်လာသူပါ။ အဖီ G.T.I ရောက်တာ၊ ကျွန်တော်တို့ထက်၊ တနှစ်စောပေမယ့် ကျောင်းခေါါချိန်မပြည့်လို့၊ စာမေးပွဲဖြေခွင့်မရပဲ ကျွန်တော်တို့နဲ့ အတန်းတူ သွားပါတယ်။ ကျွန်တော်တို့ အင်းစိန် G.T.I ပထမနှစ်မှာ၊ တနှစ်ကျဖြစ်သူ အဖီ အဆောင် မရတော့ပါဘူး။ အဆောင်မရတဲ့ အဖီဟာ၊ ကျောင်းနားက၊ နန်းသီတာဆိုင် အနောက်ဖက်၊ ဝါးဆောင်လို့ ခေါါတဲ့၊ အပြင်ဆောင်မှာနေရပါသေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နဲ့ အတူ၊ ပထမနှစ်အောင်သွားပေမယ့်၊ အဖီ အဆောင်ပြန်မလျှောက်တော့ပါဘူး။
    ကျောင်းအဆောင်ပြန်လျှောက်တာ၊ အလုပ်ရှုပ်တယ်ဆိုပြီး၊ ဒက္ခိဏဆောင်က၊ လိပ်ပု ရဲ့ အခန်းမှာ၊ ကျောင်းဆင်းတဲ့အထိ အဖီ နေသွားပါတယ်။ လိပ်ပု ရဲ့ အခန်းဖော်သူငယ်ချင်းက၊ M.P ယူတဲ့ ရခိုင်သား ဘာသာခြားပါ။ သူလည်းအခန်းပြောင်းသွား သလို၊ နောက်ထပ် E.C က၊ မအူပင်သား အခန်းဖော်သူငယ်ချင်း ဇော်ကြီးလည်း၊ လိပ်ပု အခန်းမှာ၊ စာရင်းသာပြပြီး ကျောင်းဆင်းတဲ့အထိ၊ မနေတော့ပါဘူး။
    ဇော်ကြီးဟာ၊ ကုန်သွယ်လယ်ယာက၊ ဖွဲနုဆီစက်တခုမှာ လက်ထောက်စက်ရုံမှူးနဲ့ အလုပ်ဝင် သွားပြီးကတည်းက၊ ခုထိ မဆုံဖြစ်တော့တဲ့ သူငယ်ချင်းပါ။ မှတ်မှတ်ရရ G.T.I နောက်ဆုံးနှစ် စာမေးပွဲအပြီး၊ (၁၉၉၃) အောက်တိုဘာလ (၁) ရက်နေ့မှာ၊ ကျွန်တော့် အမက၊ Main Sponsor အနေနဲ့ G.T.I သူငယ်ချင်းအားလုံးအတွက်၊ ခြံထဲမှာ Party ပါတီလုပ်ပေးပါတယ်။ ဇော်ကြီး အဲဒီနေ့က အရောက်လာခဲ့ တာ၊ ရွှေပြည့်ကား ဓါတ်ဆီကုန်နေတာကို၊ မသိပဲ ဝိုင်းတွန်းကျတာ၊ ဂျော်နီဝါကားရက်လေဘယ်လ်ဟာ၊ ပိုးဟပ်ချေးစော်နံတယ်ဆိုပြီး၊ အဖီ ကျွန်တော့် အမကို၊ ရစ်တာကိုလည်း မှတ်မိနေပါသေးတယ်။
    အဖီ့ကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ အဆောင်ညတွေကို၊ ကြုံဖူးခဲ့ရသလို၊ ဆယ်တန်းအောင်ပြီးစက၊ ထောင်ခဲ့တဲ့ ကျွန်တော်တို့ တီးဝိုင်းလေးကို၊ ပြန်အသက်သွင်းနိုင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးစက၊ ထောင်ခဲ့တဲ့ တီးဝိုင်းလေးရဲ့ အမာခံအတီးသမား၊ သူငယ်ချင်းတွေဟာ စက်မှု တက္ကသိုလ်၊ စစ်တက္ကသိုလ်၊ အင်းစိန် G.T.I နဲ့ ရန်ကုန်တက္ကသိုလ်ဆိုပြီး၊ ကျောင်းတွေ ကွဲသွားရာကနေ၊ သိပ်မဆုံဖြစ်ခဲ့တော့ပါဘူး။ ကျွန်တော် အင်းစိန် G.T.I ရောက်မှ၊ မူလတန်းကတည်းကသူငယ်ချင်းတွေဖြစ်တဲ့၊ ဝိုင်းထဲက ဝှီးကျက် (အင်းစိန် G.T.I, M.P) တို့ ရွာစားကျော်စိန်သန်းဌေး (စက်မှုတက္ကသိုလ်) တို့နဲ့ ပြန်စုမိခဲ့သလို၊ ရန်ကုန်တက္ကသိုလ်ရဲ့ အဆောင်ညတွေတင်မက၊ အင်းစိန် G.T.I ရဲ့ ညတွေမှာဖြတ်သန်းနိုင်ခဲ့ပါတယ်။
    ရွာစားကျော်စိန်သန်းဌေး ကတော့၊ စက်မှုတက္ကသိုလ်မှဘွဲ့ရပြီးတဲ့အခါ၊ အသံဖမ်းစတူဒီယို ဆက်ဖွင့်သလို၊ ဒီနေ့အထိ ဝိုင်းတွေတော်တော် များများမှာ၊ တီးနေဆဲပါ။ (၂၀၁၀) တုန်းက စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ စွယ်တော်ရိပ်အငြိမ့် အတွက်၊ ရွာစားကျော် ကျွန်းကလေးကို လာတော့၊ ကျွန်တော်နဲ့ တွေ့ဖြစ်ပါတယ်။ ရွာစားကျော်ကို ပင့်လာသူက တီးဝိုင်းလေးရဲ့ ဒရမ်မာ ရတ်ချတ်ပါ။ ရတ်ချတ်တို့ ဇနီးမောင်နှံနဲ့အတူ ထမင်းစားကြရင်း အင်းစိန် G.T.I ရဲ့ ညတွေအကြောင်း၊ ရွာစားကျော်က သတိတရပြောခဲ့ပါသေးတယ်။
    တကယ်တော့ ရွာစားကျော်ဟာ၊ စွယ်စုံရသူပါ။ (၄) တန်းကတည်းက ရေဆေးကို၊ ပိုင်ခဲ့သလို၊ (၆) တန်းမှာ ဆီဆေးစကိုင်နေပါပြီ။ (၉) တန်းမှာ ရန်ကုန်ပန်းချီပန်းပုကျောင်းကို၊ ညနေပိုင်းတက်ပြီး၊ ပန်းပုသင်ခဲ့ပါတယ်။ တဖက်ကလည်း ဂီတာတီးသလို၊ တယောကိုလည်း ကျွင်းကျင်သူပါ။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝတလျှောက်လုံး၊ ကျွန်တော်နဲ့ ရွာစားကျော် ပန်းချီတွေအတူဆွဲခဲ့သလို၊ ကျောင်းက နံရပ်ကပ်စာစောင်၊ ပြခန်းနဲ့ ပြပွဲတွေအပြင်၊ တိုင်းအဆင့်ပြိုင်ပွဲတွေအထိ၊ ဝင်ပြိုင်ခဲ့ကြပါတယ်။
    တခါက အင်းလျှားမှာ ကျောင်းပြေးပြီးရေကူးနေတုန်း၊ စုတ်တံ၊ ဆီဆေး၊ ရေဆေးတပွေ့တပိုက်နဲ့ တင်ကျီး (ယခု Chief Officer, PIL Shipping) လိုက်လာတာကို မှတ်မိပါသေးတယ်။ ပန်းချီတာဝန်ခံဆရာမက တယောက် (၁၅) ကျပ်ပေးပြီး၊ စနေနေ့မှာ မြို့တော်ခန်းမက ပြိုင်ပွဲတခုကို၊ ဝင်ပြိုင်ဖို့လွှတ်လိုက်တာပါ။ ကျောင်းကိုလည်းမှန်မှန်မတက်တော့ ကျွန်တော်တို့ရှိမယ့်နေရာအတိအကျသိတဲ့၊ ရဲကြီး (ယခု ဒု-ဗိုလ်မှူးကြီး) ကိုမေးပြီး၊ ကြောက်တတ်တဲ့ တင်ကျီး ကိုလွှတ်လိုက်တာပါ။ ရဲကြီးကိုသာ၊ လွှတ်ရင် အဲဒီနေ့မှာတင်၊ ဆီဆေး၊ ရေဆေးတွေ လေဟာ ပြင်ဈေးရောက်သွားမှာ ပန်းချီတာဝန်ခံဆရာမ သိပါတယ်။ ကျွန်တော်တို့က ပန်းချီဆေးတွေကို၊ ပြိုင်ပွဲပြီးတိုင်း ကျောင်းကိုပြန်မသယ်ကြပါဘူး။ သယ်ရမှာ လေးတဲ့အပြင်၊ ပြန်သိမ်းရတဲ့အခါ၊ ပန်းချီတာဝန်ခံဆရာမ အလုပ်ရှုပ်မှာစိုးရိမ်လို့၊ လေဟာပြင်ဈေးကို ပို့ထားနေကြဖြစ်ပါတယ်။
    ရွာစားကျော် နဲ့၊ ပြန်တွေ့တဲ့နေ့က ပန်းချီပြန်ဆွဲကြမယ်ဆိုပြီး၊ ဆေးတွေ၊ စုတ်တံတွေနဲ့ ကင်းဗတ်စ်တွေပါဝယ်ကြပါသေးတယ်။ ဒါပေမယ့် (၁) နှစ်သာ ကြာသွားပါတယ်။ ဆးတွေ၊ စုတ်တံတွေနဲ့ ကင်းဗတ်စ်တွေသာအဖတ်တင်ပြီး၊ မဆွဲဖြစ်သေးပါဘူး။
    Civil မှာ သူငယ်ချင်းတွေရှိပါတယ်။ အမှတ်အရဆုံးသူငယ်ချင်းကတော့ စိန်ကုလားပါပဲ။ စိန်ကုလားဟာ မူကြိုကတည်းက၊ သူငယ်ချင်းဖြစ်ပြီး၊ ငယ်နာမည်က မော့စပစ်လေးကျိုးပါ။ သူ့အဖေက 'ဝ' ပြီး၊ မူကြိုကနေ အလယ်တန်းအထိ မော့စပစ်ကားနဲ့ ကျောင်းတက် သူမို့ မော့စပစ်လေးကျိုး လို့ခေါါတာပါ။ G.T.I ကို၊ မော့စပစ်လေးကျိုးက၊ စောရောက်ပြီး၊ တနှစ် အကျခံကာ အတန်းတူအောင်စောင့်ပေးခဲ့ ပါတယ်။ စိန်ကုလားဟာ ရေတိမ်နစ်ပြီး၊ ကွယ်လွန်ခဲ့သူပါ။
    ကျောင်းပြီးပြီးခြင်း ဆည်မြောင်းမှာ ဒု-ဦးစီးမှုးအဆင့်နဲ့ အလုပ်ဝင်စဉ်၊ မူးယစ်ဆေး over dose ဖြစ်ပြီး၊ ရေအိုင်ငယ်လေးထဲ မျက်နှာမှောက်ကာ၊ ကွယ်လွန်ခဲ့ပါတယ်။ ဒုတိယနှစ်မှာ သူငယ်ချင်းတွေစုပြီး၊ စိန်ကုလားကို ဆေးဖြတ်ပေးကြပါသေးတယ်။ စိတ်ရောဂါကုဆေးရုံက ဆရာဝန်ကြီးတွေက၊ ကျွန်တော့်မိဘတွေနဲ့ ရင်းနှီးလို့ကူညီပေးပါတယ်။ စိန်ကုလားက ပုံမှန်ထိုးနေကြ dose ထက်ပိုပြော ပြီး၊ ဆေးပြားတွေတောင်းသောက်တာ စိန်ကုလားကနေ နတ်ကုလား အဖြစ်၊ ဘဝပြောင်းတော့ မလိုဖြစ်သွားလို့၊ ရှင်းရပါသေး တယ်။
    နောက် Civil က သူငယ်ချင်းကတော့ မွန်မွန်နဲ့ မယုပါ။ မွန်မွန်ကလည်း အထက်တန်းကတည်းက သူငယ်ချင်းဖြစ်ပါတယ်။ မယု ကတော့ ရွှေပြည်တို့၊ ဖိုးညီတို့နဲ့ ကတဆင့် ခင်ခဲ့ရ သူတွေပါ။ မြေတိုင်း Survey အချိန်တွေမှာ Theodolite လိမ္မော်ရောင် ဗူးတွေကိုကိုင်ကာ ထွက်လာတဲ့၊ မယု တို့တတွေကို အလှဖန်တီးရှင်အန်တီတို့လာပြီ ဆိုပြီး၊ နောက်ခဲ့တာ သတိရမိပါသေးတယ်။
    Last edited by ကိုထွန်း; 11-09-2011 at 02:43 PM.
  12. The Following 2 Users Say Thank You to ကိုထွန်း For This Useful Post:
  13. #47
    Newbie yintun69 is an unknown quantity at this point
    Join Date
    Dec 2011
    Posts
    1
    Thanks
    0
    Thanked 3 Times in 1 Post
    Rep Power
    0
    ကျွန်တော် ကတော့ မြို့ပြအင်ဂျင်နီယာဘာသာရပ်နဲ့ ၁၉၉၄ ခုနှစ်မှာ အေဂျီတီအိုင် ဒီပလိုမာ ကို အစိုးရစက်မှုလက်မှုသိပံ(အင်းစိန်) မှ ရရှိခဲ့ပါတယ်။ အကယ့်ဒမစ်နှစ်ကတော့ ၁၉၈၆-၁၉၉၄ ဖြစ်ပါတယ်။
  14. The Following 3 Users Say Thank You to yintun69 For This Useful Post:
  15. #48
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,324 Times in 1,123 Posts
    Rep Power
    10
    Teacher's Day မှာ (၁၉၉၃) အင်းစိန် GTI အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာသင်တန်း section (B) မှ ကိုနေထွန်း (ယခင် အသံဖမ်းအင်ဂျင်နီယာ၊ နဝရတ်စတူဒီယို၊ ယခု Co-founder, Upright Co, Ltd) ဦးဆောင်ပြီး၊ အင်းစိန် GTI အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာသင်တန်း (အငြိမ်းစား) ဌာနမှူး တီချယ် ဒေါါသန္တာညွန့်ကို ကန်တော့်ခဲ့ကြပါတယ်။ (၁၉၉၃) အင်းစိန် GTI အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာသင်တန်း section (A) နဲ့ section (B) မှာပါ၊ နံမည်ကျော်တဲ့ ညီညီဆွေ (ဖိုးညီ) နဲ့တကွ၊ section (B) မှ ကိုသူရမြတ်လှဦး၊ အောင်ကျော်ဦး၊ ဝင်းမိုးအောင်နဲ့ ကျောင်းသား အတော်များများ၊ စုပေါင်းကန်တော့ကျတယ်လို့ သိရပါတယ်။ တီချယ်နေမကောင်းဖြစ်နေစဉ်၊ တပည့်ဟောင်းတွေရောက်လာလို့၊ ဝမ်းသာမိရပါတယ်တဲ့။ နေမကောင်းဖြစ်တာ ကိုလျောက်ပြောလို့ဆိုပြီး 'ကိုနေထွန်း' ကိုဆူပါသေးတယ်။ တပည့်တွေကို မစိုးရိမ်စေချင်ဘူးလို့ပြောပါတယ်။ ဖိုးညီရောက်လာပြီး ထုံးစံအတိုင်းပေါက်ကရတွေပြောတဲ့အခါ၊ ရီနေပါတယ်။ တီချယ် ဒေါါသန္တာညွန့်ဖုန်း နံပါတ်က (၀၉ ၇၃၀၃၆၀၂၀) ဖြစ်ပါတယ်။
    Last edited by ကိုထွန်း; 09-16-2012 at 08:34 PM.
  16. The Following User Says Thank You to ကိုထွန်း For This Useful Post:
  17. #49
    Newbie Chole Win is an unknown quantity at this point
    Join Date
    Dec 2013
    Age
    42
    Posts
    3
    Thanks
    0
    Thanked 2 Times in 1 Post
    Rep Power
    0
    96 MT ကပါ
    ခုတော့ စက်မှုသင်တန်းကျောင်း ဆင်တဲမှာ စာပြန်သင်နေရတယ်လေ
    ကျောင်းတုန်းက ဆရာ၊ ဆရာမတွေရဲ့ စေတနာ သွန်သင်မှုတွေကို ကိုယ်တိုင် ဆရာဘ၀ရောက်တော့မှ သေချာနားလည်သွားတယ်
    ကျောင်းတုန်းက စာမသင်ချင်ခဲ့တာတွေ drawing နဲ့ workshop ချိန်တွေဆိုရင် LCR ထဲ ၀င်ပုန်းနေတာတွေ ခုတော့ ကျောင်းကြီးကို တင်မဟုတ်ဘူး ဆရာ၊ဆရာမ တွေကိုပါ လွမ်းတာ...
    ကိုယ်စာသင်ပေးနေရတဲ့ခလေးတွေကို မြင်တိုင်း ကျောင်းကြီးထဲကို ပြန်ပြန်ပြေးပစ်ချင်တာ...
+ Reply to Thread
Page 5 of 5 FirstFirst ... 3 4 5
Thread Information
Users Browsing this Thread
There are currently 1 users browsing this thread. (0 members and 1 guests)
Bookmarks
Posting Permissions
  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts