တနဂ်နွေ့ညနေက AGTI Society ရဲ့ တွေ့ဆုံပွဲကိုသွားခဲ့ပါတယ်။ လူ (၁၀၀) ကျော်တက်ရောက်တဲ့ပွဲဖြစ်သလို၊ ကိုထွန်းတို့ မမွေးခင်ကတည်းက GTI တက်ခဲ့သူ နောင်တော်၊ အမတော် များနဲ့ ကိုထွန်းတို့ နောက်နှစ်မှ GTI တက်ခဲ့သူ ညီငယ်၊ ညီမငယ်တွေကို ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရခဲ့ ပါတယ်။ အကိုတော်တချို့၊ သူငယ်ချင်းတချို့နဲ့ ညီငယ်၊ ညီမငယ်တချို့က မြန်မာအင်ဂျင်နီယာဖိုရမ်မှ members တွေဖြစ်နေတာကို၊ သိရသလို မြန်မာအင်ဂျင်နီယာဖိုရမ်မှာ တင်ပေးထားတဲ့ software တွေနဲ့ post တွေတော်တော်များများဟာ၊ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်ထိရောက် တဲ့ အကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောကြပါတယ်။
အကိုကိုတင်စိုး (ချောက်/ အင်းစိန် GTI, ၁၉၈၄ M.P) နဲ့ ကိုထွန်း
အကိုကိုတင်စိုး(ချောက်/ အင်းစိန် GTI ) နဲ့ ကိုမောင်မောင်ကျော်သက်(ပြည် GTI, ၁၉၉၅ E.P )
အင်းစိန် GTI, ၁၉၉၃ M.P က ငယ်သူငယ်ချင်းနဲ့ အင်းစိန် GTI, ၁၉၉၄ E.C က သူငယ်ချင်း
အကိုကြီးဦးစိုးဟန် (အင်းစိန် GTI, ၁၉၆၈) နဲ့ GTI မျိုးဆက်သစ်များ
GTI မျိုးဆက်သစ်များ
main sponsor အကိုများစီစဉ်ထားတဲ့ အစားအသောက်တွေအပြင်၊ တက်ရောက် လာသူများကလည်း တပိုင်တနိုင် ဝီစကီနဲ့ ဝိုင်၊ အသီးအနှံတွေ ကို ယူလာခဲ့ကြသလို၊ GTI ကျောင်းသားဟောင်း အကို ကိုတိုနီ ကလည်း၊ သူဖွင့်ထား တဲ့ ပင်နယ်ဆူလာပလာဇာ - ဇေယျာ ဆိုင်မှ ထောပတ် ထမင်း၊ ကြက်သားဟင်းနဲ့ sponsor ထပ်ပေးပါတယ်။
ဆရာကြီးဦးစံလင်း
ဆရာကြီးဘာကိုကြည့်နေပါလိမ့်...ဖွက် ထားတာမလုံလို့လား...
ကိုဗလ (မန္ထလေး GTI, ၁၉၈၀ E.P) ရဲ့ အသီးတရာ အညှာတခုမှ ' အော်...မင်းတို့တတွေက မြို့ကြီးတွေရောက်နေ...' ဆိုဟန်
GTI ဆင်း ညီမငယ်တဦးနဲ့ အကနဲ့ ရှမ်းပဲပုပ်ကလေး ကျွန်တော်ပါပဲ...ဆိုတဲ့ GTI ဆင်း အကိုတော်တဦးရဲ့ အဆို
မန်းတောင်ရိပ်ခိုကြမယ် ဆိုတဲ့ GTI ဆင်း အကိုတွေ၊ အကျီ်အမဲနဲ့ အကို က ကိုဇော်မင်းနိုင် (အင်းစိန် GTI, ၁၉၈၆ M.P) ပါ။
GTI ဆင်း အမတော်များ
ခင်ဇော်ရဲ့ အက
ချောက် GTI မှ ဂီတပညာရှင် အကိုတော်တွေ
ဓါတ်ပုံဆရာကတော့ ကိုထွန်းသူငယ်ချင်း မင်းသူ ( အင်းစိန် GTI, ၁၉၉၃ M.P) ဖြစ်ပါတယ်။
တချို့က ဝိုင် ပဲသောက်ပါတယ်။ တချို့က "Shisha" မရှူခင် ထောပတ်ထမင်းကို အဝ စားထားပါတယ်။
ကိုထွန်း နဲ့ အကိုဒိ
ဘော်ဒါတွေစုံလာပြန်ရင်...ဆိုတဲ့ GTI ဆင်း အကိုတော်တွေ
အဖျော်ယမကာစုံလင်တဲ့ ပွဲဖြစ်တဲ့အပြင် ချောက် GTI မိသားစုရဲ့ ဂီတလက်သံတွေနဲ့မို့ ပွဲဟာမြိုင်ဆိုင်သွား ပါတယ်။ အင်းစိန် GTI ဆင်း လုပ်ငန်းရှင် တဦးဖြစ်သူ အကို ကိုဗလ က၊ အသီး တရာအညှာတခုသီချင်းနဲ့ စဖွင့်ပြီး၊ လူချွန်လူကောင်း သီချင်းကိုဆိုတဲ့အခါ၊ အားလုံးလိုက်ဆိုကြ သလို၊ ကိုထွန်းသူငယ်ချင်း ခင်ဇော် (အင်းစိန် GTI, ၁၉၉၃ M.P) ရဲ့ အက မှာ တဝါးဝါးပွဲကြခဲ့ရပါတယ်။
အကို ကိုထိပ်တင်စိန် ရဲ့ နောက်မှာရပ်နေသူတွေကတော့ အကိုကိုတိုနီ (မန္ထလေး GTI, ၁၉၈၁ E.P) နဲ့ ဆရာမ ဒေါါမြင့်မြင့်အေး (မြို့ပြ) တို့ ဖြစ်ပါတယ်။
အကိုကိုထိပ်တင်စိန် (မန္တလေး GTI ၁၉၈၁, M.P) ၊ AGTI Society EC members များနဲ့ ရန်ကုန်မှ တက်ရောက်လာတဲ့ GTI ဆင်း ကိုယ်စားလှယ်များ၊ GTI ဆရာကြီးများ ဖြစ်ပါတယ်။
အကို ကိုထိပ်တင်စိန် က အရေးကြီးတာလေးတွေပြောပါ့မယ်ဆိုပြီး၊ အလွတ်သဘောဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။ လက်ရှိ စုဆောင်းရရှိထားတဲ့အလှူငွေဟာ သိန်း (၇၀၀) ရှိပြီး၊ အရင်းကိုမထိပဲ အတိုးထဲမှ အငြိမ်းစားဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြပါသတဲ့။
ရန်ကုန်မှ တက်ရောက်လာတဲ့ GTI ဆင်း အမတော်တဦးမှ ဘဏ္တွာရေးအခြေအနေကို၊ ရှင်းလင်းပြပါတယ်။
ပြောတဲ့လူတာဝန်ယူကြေး..
အသက် (၇၀) နှစ်နဲ့ အထက်ကို တလ (၂) သောင်းနှူံး၊ အသက် (၇၅) နှစ်နဲ့ အထက်ကို တလ (၃) သောင်းနှူံး နဲ့ အသက် (၈၀) နှစ်နဲ့ အထက်ကို တလ (၅) သောင်းနှုံးသတ်မှတ်ပြီး၊ (၃) လတကြိမ်၊ အိမ်တိုင်ရာရောက်ထောက်ပံ့ ခဲ့တာ ၁၉၉၅ ခုနှစ်၊ အင်းစိန် GTI နှစ်တရာပြည့်ပွဲ ပြီးကတည်းကလို့၊ သိရပါတယ်။ အလွတ်သဘောဆွေးနွေးပွဲမှာ အကြံဝင်ပေးသူဟာ၊ အစအဆုံး ကိုယ်တိုင်တာဝန်ယူရမယ်လို့ တာဝန်ပေးကြ ပါတယ်။
ကိုအောင်သူ (မအူပင် GTI, ၁၉၉၈ E.C - Field Engineer, Schlumberger, Shenzhen, China), ကိုဇော်မင်းနိုင် (အင်းစိန် GTI, ၁၉၈၆ M.P - Technical Superintendent, Australian Steam Shipmanagement, Australia), ကိုထွန်းသူ (အင်းစိန် GTI, ၁၉၉၃ E.C - Technical Superintendent, Paradigm Shipping, Singapore) နဲ့ ကိုသက်လွင်သော် (မအူပင် GTI, ၁၉၉၈ E.C - Commissioning Engineer, Kepple Shipyard, Singapore)
တက်ခဲ့တဲ့ကျောင်းမခွဲခြားပဲ၊ GTI ဆင်းအားလုံး၊ ပျော်ပျော်ပါးပါး တစုတဝေးတည်းဆုံခဲ့ရတာဖြစ်သလို၊ နောင်ဆို ရင်လည်း (၃) လတကြိမ် AGTI ဆင်းတွေရဲ့ တွေ့ဆုံပွဲကို၊ ကျင်းပဖို့ရည်ရွယ်ထားကြပါတယ်။
Shisha
အပြန်မှာ ကိုဇော်မင်းနိုင်၊ အကိုဒိ၊ ကိုအောင်သူ၊ ကိုသက်လွင်သော် နဲ့ ကိုထွန်း တို့ Arab Street မှာ "Shisha" သွားရှူကြရင်း ည လယ်စာ ထပ်စားကျပါတယ်။ "Shisha" ရှူ တဲ့ ပုံတွေကိုတော့မတင်ပေးတော့ပါဘူး။ "Shisha" ရှူပြီးတော့ ကိုဇော်မင်းနိုင် က တယောက်မကျန် အိမ်ပြန် လိုက်ပို့ပါတယ် ခင်ဗျား။
Bookmarks