အင်းစိန်G.T.Iဆိုတာမြန်မာပြည် အင်ဂျင်နီယာလောကရဲ့ပထမဦဆုံးကျောင်းတော်ကြီးပါ။
အင်းစိန်G.T.Iအကြောင်းသိရှိကြသူများ ရေးသားကြပါလို့ဖိတ်ခေါ်ပါတယ်။
အင်းစိန်G.T.Iဆိုတာမြန်မာပြည် အင်ဂျင်နီယာလောကရဲ့ပထမဦဆုံးကျောင်းတော်ကြီးပါ။
အင်းစိန်G.T.Iအကြောင်းသိရှိကြသူများ ရေးသားကြပါလို့ဖိတ်ခေါ်ပါတယ်။
ကျွန်တော့်အထင် ၁၉၉၆ မှာ အင်းစိန် GTI ကျောင်း နှစ် တစ်ရာပြည့်အခမ်းအနားလုပ်ပြီးတော့ ၁၉၉၆ကျောင်းသားလှုပ်ရှားမှုဖြစ်ပြီးနောက် အင်းစိန် GTI ကျောင်း တော်ကြီးပိတ်ပစ်လိုက်တာပါပဲ။အဲဒီမှာ TTTI လို့ခေါ်တဲ့ ဆရာဖြစ်သင်တန်းတွေပဲရှိတော့တယ်လို့ပဲသိရတယ်။
ကျွန်တော်တို့ကျောင်းတက်နေတုန်းက ကျောင်းသားဘဝပျော်ရွှင်မှု့တွေ ၊ အဆောင်မှာနေခဲ့ရတဲ့ပျော်ရွှင်မှု့တွေက အခုတော့လွမ်းစရာလေးတွေပေါ့ဗျာ။
ကျောင်းရှေ့က ကွမ်းယာဆိုင်မှာ အဲဒီတုန်းက ၅၀၀ နဲ့ပေါင်ထားခဲ့တဲ့ ကျွန်တော့် scientific calculator လေးတောင် ကျောင်းသာပြီးသွားတယ် ပြန်မရွေးဖြစ်ခဲ့ဘူး။အဲဒီတုန်းက ၅၀၀ ကိုအထင်မသေးနဲ့နော် အများကြီးလုပ်လို့ရတယ်။အဲဒီတုန်းက အရက် တစ်လုံးမှ ၄၅ကျပ်ပဲပေးရတယ်။
ဒါတောင် ကျောင်းသားဆိုရင် discount ရှိတယ်။အကြွေးလဲ ရတယ်ဗျ။
ကျွန်တော်တို့အင်းစိန် GTIတက်နေတဲ့အချိန်တုန်းကကျောင်းတက်ရတာအရမ်းပျော်ဖို့ကောင်းတယ်ဗျာ။
အဲဒီတုန်းက RC2မှာလည်းကျောင်းသားကျောင်းသူအသစ်လေးတွေစတက်နေတဲ့အချိန်ပေါ့။
RC2 က ကောင်မလေးတွေကလဲအတော်လှကြတာကိုးဗျ၊ကျွန်တော်တို့ကျောင်းကကောင်မလေးတွေနဲ့တော့ဆီနဲ့ရေလိုပါပဲဗျာ။
ကျွန်တော်တို့ဆိုမနက်ပိုင်း တစ်ချိန် နှစ်ချိန် လောက်တက်ပြီးရင် RC2 ကို ဒိုးကြပြီ။
Roll call ခြင်းယှဉ်ကြည့်ရင် RC2မှာကပိုတောင်များမယ်ထင်တယ်။
စာမေးပွဲနီးလို့ Roll call warning ထွက်လာမှကျောင်းမှန်မှန်တက်ကြတော့တာ။
အဲဒီအချိန်ကြမှ75% မပြည့်မှာစိုးလို့ပထမဆုံးအချိန်ကနေကျောင်းဆင်းတဲ့အချိန်ထိအတန်းထဲမှာငုတ်တုပ်ပဲ။
ညဘက်ဆိုရင်ဘော်ဒါတစ်ယောက်ကားနဲ့မာလာဆောင်တို့ဘာတို့ဖက်သွားပြီးဂစ်တာတီး၊ပြီးရင်လှည်းတန်းမှာလက်ဖက်ရည်ဆိုင်ထိုင်၊
တခါတလေမြေနီကုန်းမှာအရက်သောက်၊အခုနေပြန်တွေးကြည့်ရင်လွမ်းစရာလေးတွေပဲ။
ပိုက်ဆံပြတ်ရင်အဆောင်ကကျွေးတဲ့ပဲဟင်းနဲ့တီး ၊အိမ်ကပိုက်ဆံပို့တဲ့အချိန်ဆိုရင်တော့ အဆောင်canteenကိုလှည့်တောင်မကြည့်ဘူး။
အင်းစိန်တို့အောင်ဆန်းတို့ကဖောက်သည်ဆိုင်တွေမှာပဲတီးလိုက်ကြတာပဲ။ပြီးရင် ဂျပန်လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာသွားထိုင်။
ညဘက်အထည်ချုပ်ကအလုပ်ပြန်တဲ့ကောင်မလေးတွေကိုထိုင်ကြည့်၊ပြန်ရင်အဆောင်တံခါးပိတ်သွားလို့အထဲကိုခိုးဝင်။
အဆောင်မှုးဆရာသိသွားလို့နောက်နေ့အဆူခံရ။အားလုံးဟာပြန်မရနိုင်တော့တဲ့လွမ်းစရာလေးတွေပါပဲဗျာ။
GTI ပြီးသွားလို့university ဆက်တက်တော့ အရင်တုန်းကလောက်ပျော်စရာမကောင်းတော့ဘူးဗျ။
universityဆက်တက်တော့မှပဲကျွန်တော်လည်းကျောင်းတော်တော်စုံသွားတယ်။
ပထမနှစ်မှာ RC1 ဗိုလ်တစ်ထောင် ၊ ဒုတိယနှစ်မှာ RC2 လှိုင်နယ်မြေ ၊ တတိယနှစ် နဲ့ ဖိုင်နယ်YEAR မှာအရှေ့ပိုင်းတက်ကသိုလ်(သန်လျှင်)မှာသွားတက်ရတယ်ဗျာ။စာမေးပွဲဖြေတော့လည်း ပထမနှစ်မှာ MAIN ထဲမှာဖြေရတယ်၊ ဒုတိယနှစ် နဲ့ တတိယနှစ် မှာ မြောက်ဥကလာ နဲ့ မြောက်ဒဂုံကအထက်တန်းကျောင်းတွေမှာဖြေရတယ်။အဲဒါနဲ့နောက်ဆုံးနှစ်ကြတော့ ကျွန်တော်လည်း ကမာရွတ်ကတက်ကသိုလ်ဆေးရုံမှာသွားတက်ပြီးဖြေလိုက်တယ်။အဲဒီမှာဆေးရုံတက်ပြီဖြေတဲ့ကျောင်းသားတွေအယောက်၃၀၀လောက်ရှိတယ်ဗျာ။
Blank က insein တစ်ဝက် thanlyinတစ်ဝက်ပါ။
insein တစ်ဝက် thanlyinတစ်ဝက်ဆိုတော့ 1996 မှာ first year စတက်တာဖြစ်မယ်ထင်တယ်။
အဲဒီနှစ်က အင်းစိန်GTI နှစ်တစ်ရာပြည့်အခန်းအနားပြီးတာနဲ့ ကျောင်းကို ရွှေ့သွားတာဗျ။
ကျွန်တော်က1996မှာပြီးတာပါ။
ကျွန်တော်ကတော့ အင်းစိန် G.T.I မှာ 1997 ခုနှစ် မှာစတင် ဖွင့်လှစ်ခဲ့တဲ့ စက်မှုဆရာဖြစ်သင်တန်း တက်ခဲ့တဲ့ သူပါ။ အစ်ကို တို့ ထပ်တူ ကျောင်းတော်ကြီး ကို လွမ်း၊ တမ်းတ နှမြော နေပါတယ်။ ကျွန်တော် က အင်းစိန် ကို ရောက်တော့ MP မေဂျာနဲ့ တက်ခဲရပါတယ်။ အဲဒီအချိန်က ဌာနမှူး က ဦးအုန်းမြင့် (ဒီဇယ်) လေဗျာ ။ ကျောင်းအုပ်ကြီးကတော့ ဦးမြင့်အောင်ဗျ။ အဆောင် ကတော့ ဗဟိုဆောင်ဗျ။ အဆောင်မှူးက ဦးမြညွန့် (EP)ကလေဗျာ..
ဒီ post ကို ရေးနေရင်းတောင် ရွှေနယား က လဘက်ရည် နံ့ ရလာတယ်ဗျာ ။။
နောင်တော်တို့လဲ www.ttti-97.blogspot.com ကို လာလည် အုံးလေဗျာ။
Nice to meet every body.
I'm Mechanical Power 1986 G.T.I {insein}
My name is Hla Min Maung.
Thanks a lot for all.
Thanks to this forum.
My name is Hla Min Maung from Myanmar, Yangon.
Automobile is my favorite . I'm interested in engine management system. But, now I working at construction equipment company. I repair the crawler crane, trench cutter, boring pile and son on... , I'd like to work computerize automobile work shop.
ရန်ကုန်မှာနေပေမယ့် အင်းစိန်GTI ကို ဆယ်တန်းအောင်တဲ့အထိ၊ ဘယ်နေရာမှာရှိမှန်းမသိခဲ့ပါဘူး၊ ၁၉၈၆မှာ ဆယ်တန်းအောင်တဲ့အခါ ရူပဗေဒ အထူးပြုနဲ့ လှိုင်နယ်မြေမှာ တတ်ရင်း၊ အင်းစိန် GTI ကို သွားတက်တဲ့၊ ဆယ်တန်းတုန်းက သူငယ်ချင်းတွေ အလည်ခေါါ်သွားမှ၊ ရောက်ဖူးခဲ့တာပါ။ အဲဒီတုန်းက ကျောင်းဘေး ပြည်တော်သာမှတ်တိုင်ကနေ ဟိုး...ဘိုကုန်းဘက် အထိ ဆွဲတဲ့ မြင်းလှည်းလေးတွေရှိသေးတာကို မှတ်မိနေပါသေးတယ်။
အင်းစိန် GTI မှ၊ သူငယ်ချင်းတွေက ကျောင်းအနှံ့လိုက်ပြတဲ့အခါ၊ လှိုင်နယ်မြေနဲ့ စာရင်အေးဆေးငြိမ်သက်ပြီး၊ ကျောင်းသူ၊ ကျောင်းသားတွေက တယောက်နဲ့ တယောက်၊ တကယ့်မောင်နှမ ရင်းတွေလို၊ ပြောဆိုဆက်ဆံ ကြတာတွေကို၊ သတိထားမိခဲ့ပါတယ်။ ကျောင်းရှေ့ဟိုဖက်ကားလမ်းမှာ လက်ဖက်ရည်ဆိုင်တွေရှိလို့၊ သွားထိုင်ကြရင်း၊ ကျောင်း Canteen မှာဘာလို့မထိုင်တာလည်းမေးကြည့်တဲ့အခါ၊ ဒီအချိန်ဆို ကျောင်းအုပ်ဆရာကြီးရှိတယ်တဲ့..........။
အဲဒီတုန်းက ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးမြင့်ဆွေ ပါ။ ဆရာကြီးက စာသင်ချိန်တွေမှာ Canteen ကိုဆင်းလာပြီး ထိုင်လေ့ရှိပါတယ်။ Canteen က သက်သာဆိုင်မို့ လက်ဖက်ရည်တခွက် ပြား ၆၀၊ အအေးတပုလင်း ၁ ကျပ် နဲ့ ရောင်းပေးပေမယ့်၊ စာသင်ချိန်ဆို ဆရာကြီး နဲ့တိုးမှာကြောက်ပြီး၊ မထိုင်ရဲ ကြတာပါ။ ဆရာကြီးက မဆူပါဘူး။ ကျောင်းသား တွေက အလိုလိုရှိန်ပြီး မဝင်ရဲကြတာမို့လှိုင်နယ်မြေ နဲ့တော့ ကွာတယ်ဆိုရမှာပါ။
ဒီလိုနဲ့ GTI ကသူငယ်ချင်းတွေ တိုက်တွန်းတာနဲ့ ဝင်ခွင့်ဝင်ဖြေပြီး ၁၉၈၇ မှာ စတက်ဖြစ်သွားပါတယ်။ ဟိုးငယ်ငယ် မူကြို၊ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းအထိတွဲခဲ့တဲ့ သူငယ်ချင်းအများစုက နယ် တက္ကသိုလ်တချို့နဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ၊ ဝင်ခွင့်ရသွားတော့ လှိုင်နယ်မြေမှာ သူငယ်ချင်း ၄ ယောက်လောက်ပဲကျန်ခဲ့ပါတော့တယ်။ ကျန်ခဲ့တဲ့ ၄ ယောက်ကလည်း၊ အဓိက ယူတဲ့ဘာသာ မတူကြတဲ့အခါ၊ အရင်လို မတွဲဖြစ်တော့သလို၊ သူငယ်ချင်းအသစ်တွေ ရပေမယ့် မပျော်သလို ခံစားရပါတယ်။
Last edited by ကိုထွန်း; 02-18-2011 at 08:11 PM.
လှိုင်နယ်မြေမှာ ပထမနှစ်ပြီးတဲ့အထိတက်လိုက်တဲ့အခါ အတွေ့အကြုံစုံသွားပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးမှာပါ။ သူငယ်ချင်း တယောက်ရဲ့ အကိုက ကျွန်တော်တို့ကျောင်းကနေ ၂ နှစ်စောပြီး ၁၀ တန်းအောင်ကာ ဆေးတက္ကသိုလ်ကိုရောက်သွားပြီး၊ 1st MB Senior တန်း ရောက်ကာမှ ဓါတုဗေဒ အဓိကနဲ့ ဒုတိယနှစ်ကို လှိုင်နယ်မြေမှာလာပြန်တက်တဲ့အခါ၊ စာသင်တဲ့ အချိန်ကလည်းတူ၊ စာသင်ခန်းခြင်း ကလည်း နီးတော့၊ တွဲဖြစ်သွားခဲ့ပါတယ်။
သူကစပြီး သုံးစွဲနည်းတွေသင်ပေးတဲ့အပြင်၊ ကျွန်တော်တို့ နဲ့တွဲတဲ့ အတန်းထဲက သူငယ်ချင်း ၂ ယောက် ကလည်း ဆရာကြီးတွေဆိုတော့၊ လက်တည့်စမ်းဖြစ်သွားပါတယ်။ အဲဒီတုန်းက လှိုင်နယ်မြေမှာ မူးယစ်ဆေးဝါးက အလွယ်တကူဝယ်လို့ရပါတယ်။ အဲဒီမှာစမ်းပြီး Feeling ကို သိပ်မကြိုက်တာနဲ့ GTI မှာ ဆက်မသုံးဖြစ်တော့ဘူး။ ဒါပေမယ့် အရက်တော့ကောင်းကောင်းသောက်တတ်သွားပါတယ်။
GTI ကို တနှစ်စောရောက်ပြီး Civil နဲ့တက်နေတဲ့ ငယ်သူငယ်ချင်း ကလည်း မူးယစ်ဆေးဝါးသမားပါပဲ။ အခုတော့လည်း သူတို့အားလုံး ငယ်ငယ် ရွယ်ရွယ်နဲ့ လူ့လောကကို ငြီးငွေ့သွားကြလို့ ဘဝတပါးကို ပြောင်းရွှေ့သွားကြပါပြီ။
ကျွန်တော့်အတွက်တော့ လှိုင်နယ်မြေမှာ ငယ်ကခူးတဲ့စပါယ်ဖူး လေးရှိပေမယ့် မပျော်ပါဘူး။ သူကလည်း ငယ်သူငယ်ချင်းပါ။ ၅ တန်းကနေ ၁၀ တန်းအထိတတန်းတည်းနေလာ၊ ကျူရှင်အတူတက်ရင်းနဲ့ လှိုင်နယ်မြေမှာ ပထမနှစ်ကိုအတူရောက်လာကြပြီး၊ သမိုင်အဓိက ယူပါတယ်။ သူ့အတန်းထဲမှာလည်း မူကြိုတုန်းကနေ၊ ၁၀ တန်းအထိတတန်းတည်းနေလာတဲ့ နာမည်ကျော်စာရေးဆရာမကြီးတစ်ယောက်ရဲ့ရဲ့မြေးတော်သူ သူငယ်ချင်းမလေးလည်းရှိပါတယ်။ အခုတော့သူကွယ်လွန်သွားပါပြီ။
ကျောင်းကိုအလာမှာ အိမ်တွေကလိုက်ပို့ပေးပေမယ့်၊ အပြန်မှာ ၃ ယောက်သားအတူတူ ဘတ်စ် ကားနဲ့ပြန်ကျတာများတယ်။ သူငယ်ချင်းမက ၇ မိုင်မှာဆင်းတယ်၊ ကျွန်တော်က ၈ မိုင်မှာနေပေမယ့်၊ စပါယ်ဖူးကို၊ အင်းလျားမြိုင်အထိလိုက်ပို့ရပါတယ်။ မပျော်တဲ့အထဲမှာ၊ အန်မတန်ထူတဲ့ သူတို့နဲ့အတူတူပြန်ရတာရယ်၊ မနက် ၇ နာရီ ၅၅ မီးနစ်အတန်းကိုမှီအောင်တက်ရတာရယ်၊ Organic Chemistry ကို နားမလည်တာရယ်၊ Geology က ဘာတွေသင်မှန်းမသိတာရယ်၊ မုန့်ဘိုး မလောက်တာရယ်ပါတယ်။
GTI သွားတက်မယ်ဆိုတော့ ငယ်ကခူးတဲ့ စပါယ်ဖူးကအဝေးကြီးလားတဲ့၊ အေး ဟိုးအင်းစိန်ဘက်မှာ၊ လို့ဖြေတဲ့အခါ၊ ငါ့ကို ဘယ်သူအိမ်ပြန်လိုက်ပို့ မှာလည်း လုပ်ပြန်ရော။ နင့်ဘာသာပြန်၊ မပြန်ချင်ရင် ရည်းစားထား၊ ပြီးရင် အိမ်ပြန်လိုက်ပို့ခိုင်းဆိုတော့ကောင်းသားပဲ၊ ငါ့ကို ပြန်မတိုင်နဲ့နော်လုပ်သေးတယ်။ ငတိမက ကျွန်တော့်စကားကိုနားထောင်ရှာသူမို့ ဒုတိယနှစ်မှာပဲ ရည်းစား ထားလိုက်ပါတယ်။
ကျောင်းတွေဘာတွေပြီးလို့၊ ကျွန်တော်လည်း သဘော်က ၁ ခေါက်လိုက်ပြီးပြန်လာတဲ့အခါ၊ သူ့ကိုသွားတွေ့တော့ GTI ကနေ နင်သဘော်ပေါ်ါ ဘယ်လိုတက်သွားတာလည်းလို့ မေးပါတယ်။ ငါ Gan Way ကနေတစ်ဆင့် တက်သွားတာဆိုတော့၊ သြော် Gan Way ဆိုတာ နင့်ကို သဘော်တင်ပေးတဲ့ Agent ပေါ့တဲ့။![]()
Gan Way ဆိုတာ သဘော် နဲ့အတက်အဆင်းလုပ်တဲ့ လှေကားပါ။ ဒါပေမယ့်လည်း Gan Way ကိုမသိရှာတဲ့ ငယ်ကခူးတဲ့ စပါယ်ဖူး လေးတော့ ကျွန်တော် သဘော်နောက်တစ်စီးပြန်တက်စဉ် သဘော်သားတစ်ယောက်နဲ့ အိမ်ထောင်ပြုသွားပါတယ်ခင်ဗျား။
Last edited by ကိုထွန်း; 06-19-2011 at 08:41 PM.
GTI ဝင်ခွင့်ဖြေဖို့ ကျူရှင်တက်ရပါသေးတယ်။ အဲဒီတုန်းက ဆရာဦးမြတ်သင်း၊ ဆရာဦးကျော်ညွန့် တို့ကနာမည်ကြီးတွေပါ။ ဆယ်တန်းကို ခ အဆင့်နဲ့ အောင်ရုံနဲ့ အင်ဂျင်နီယာဖြစ်နိုင်တယ် ဆိုပြီး လစဉ်ထုတ် Magazine တွေမှာ မျက်နှာပြည့် ကြော်ငြာတွေထည့်ခဲ့တာပါ။ ကျွန်တော်က GTI ရောက်သွားတဲ့သူငယ်ချင်းတွေအဆက်အသွယ်နဲ့ ရန်ကင်း ၁၂ လုံးတန်းက ဆရာလေးကိုကျော်နိုင်ဆီမှာသွားတက်တယ်။ ဆရာလေးကိုကျော်နိုင်က ၁၉၈၂မှာ GTI The Whole Burma 1st ရခဲ့သူပါ။ ပြည် GTI က E.P နဲ့ဆင်းပြီး ရေကြောင်းသိပ္ပံဆက်တက်ကာ M.O.T 2nd Class Part A အောင်ပြီးသွားပါပြီ။ ပေါင်းကူးစနစ်အရ စက်မှုတက္ကသိုလ် ဆက်တက်ပြီး လျှပ်စစ်စွမ်းအားဘာသာရပ်နဲ့ နောက်ဆုံးနှစ်တက်နေဆဲပါ။ ကျွန်တော် GTI ရောက်ပြီးမကြာခင်မှာ Fiji က တက္ကသိုလ်တခုမှာ ဆရာလုပ်ဖို့ထွက်သွားပါတယ်။ ဆရာလေးညီ ကိုသန့်စင်ကလည်း၊ သင်ပါတယ်။ သူက အင်းစိန် GTI ကဆင်းပြီး စက်မှုတက္ကသိုလ်မှာ လျှပ်စစ်စွမ်းအားဘာသာရပ်နဲ့ စတုထ္တနှစ်တက်နေဆဲပါ။ ဆရာလေးကိုသန့်စင်ကတော့ ကျွန်တော်တို့GTI ရောက်ပြီးတော့လည်း မကြာမကြာကျောင်းကိုလာ လည်ပါတယ်။ ဆရာလေးတို့အဖေက မြန်မာစာနဲ့ အဂ်လိပ်စာသင်ပါတယ်၊ ဆရာကြီးက ရှေးဟောင်းသုတေသနဌာန ကအငြိမ်းစားယူထားတာပါ။ ဆရာကြီး ရန်ကုန်တက္ကသိုလ်က B.Lit ဘွဲ့ရပါ။ ဆရာတွေကျေးဇူးကြောင့် ကျွန်တော် GTI ဝင်ခွင့်ရခဲ့တာပါ။
ဝင်ခွင့်ဖြေတော့ လှိုင်နယ်မြေက ပထမနှစ်စာမေးပွဲကို ကြားရက်တွေမှာဖြေရပြီး၊ စနေ၊ တနဂ်နွေမှာ GTI ဝင်ခွင့်ဖြေရပါတယ်၊ နောက်ဆုံး စက်မှုအထွေထွေဗဟုသုတ ဘာသာဖြေနေရင်းမှာ ၇၅ ကျပ်တန်၊ အရေးအခင်းဖြစ်လို့၊ ဖြေတာတွေရပ်ပြီး အိမ်ပြန်ရပါတယ်။အဲဒီနှစ်မှာ ၁၀ တန်းအောင်လာတဲ့ ညီတဝမ်းကွဲရယ်၊ ကြည့်မြင်တိုင်နယ်မြေမှာ ဒုတိယနှစ်တက်နေတဲ့ အကိုတစ် ဝမ်းကွဲ ရယ် ကျွန်တော်နဲ့အတူတူ ဝင်ဖြေကြပါတယ်။ နောက်မှ ဖြေဖို့ကျန်တဲ့ စက်မှုအထွေထွေဗဟုသုတဘာသာကို ပြန်ဖြေရပါတယ်။ အဲဒီအခါ တက္ကသိုလ်ဝင်ခွင့်တွေကိုလည်းသိရပြီ မို့ ညီတဝမ်းကွဲက တိရိစ္ဆာန်မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်ကို တက်ဖို့ရွေးချယ်ပြီး GTI ဝင်ခွင့်ကိုဆက်မဖြေတော့ပဲ၊ တိရိစ္ဆာန်မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်ကဆင်းတော့ တပ်မတော်ထဲဝင်သွားပါတယ်။
ကျွန်တော်ကတော့ သူငယ်ချင်းတွေအားကိုး နဲ့ GTI ဝင်ခွင့်ရသွားပါပြီ။ သူငယ်ချင်းတွေကလည်း အားကိုးရပါတယ်။ အားလုံး ပထမနှစ်အကျခံပြီး စောင့်ပေးပါတယ်။ ဝင်ခွင့်လျှောက်လွှာ တင်စဉ်တုန်းက အဓိကဘာသာရွေးတဲ့အခါ သူတို့က EC ယူဆိုလို့ယူခဲ့တာပါ။ EC ဆိုတာ ဘာ ဘာသာရပ်မှန်းရည်ရည်လည်လည်မသိခဲ့ပါဘူး။ သူတို့က Civil, EP နဲ့ MP ကိုယူထား ပြီးသားဆိုတော့၊ ဘာသာရပ်အစုံမှာ သူငယ်ချင်းတွေ ရှိအောင်ဆိုပြီး EC ကိုရွေးခိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ ပထမနှစ်စတက်တာနဲ့ စာတွေက လှိုင်နယ်မြေနဲ့မတူပဲ များလှတာမို့၊ စိတ်ညစ်ရပါတယ်။ Applied Mechanics တဲ့၊ သခ်ျာကလည်း အများကြီး၊ Science I, Science II လို့ခေါါတဲ့ Physics, Chemistry အပြင် Electricity ဆိုတာပါသေးတယ်၊ Science Lab ကလည်း လှိုင်နယ်မြေက Lab လိုယောင်နေပြီး၊ သူများလုပ်ပြီးသား အဖြေကို ကူးထည့်လို့မရ၊ EC Lab နဲ့ EP Lab ကလည်း၊ တကယ်လုပ်ရတာ။ အဂ်လိပ်စာကလည်း အများကြီး၊ Drawing ကလည်း မချောင်ဘူး၊ နိုင်ငံရေးသိပ္ပံ ကလည်း Roll call ယူတာမို့၊ လှိုင်နယ်မြေလို အတန်းလစ်လို့ကမရနဲ့ တက်စမှာအတော်ဒုက္ခရောက်ပါတယ်။ အဆင်ပြေတာက ကျွန်တော်ရတဲ့ မုန့်ဘိုးတနေ့ ၁၅ ကျပ်က GTI မှာတော်တော်သုံးလို့လောက်နေသေးတာပါ။
ကျွန်တော်တို့နှစ်မှာ ကျောင်းသား ၁၀၀ လောက် EC ဘာသာနဲ့ဝင်ခွင့်ရလို့ Section A နဲ့ B ဆိုပြီး၊ ၂ ခန်းခွဲပါတယ်၊ အတန်းထဲမှာ ဆယ်တန်း ခ နဲ့အောင်လာသူတွေ၊ ဆယ်တန်းအောင်ပြီး လာသူတွေ၊ THS က လာသူတွေ၊ နယ်တက္ကသိုလ် တက်ပြီးမှ လာသူတွေ နဲ့ ဘွဲ့ရပြီးမှ လာတက်သူတွေ၊ အစုံပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ၉ တန်းတုန်းက သူငယ်ချင်းမ တယောက် ပါလာ ပါ သေးတယ်။ GTI ကဆင်းတော့ သူလည်း စက်မှုတက္ကသိုလ်ဆက်တက်ပါတယ်။ တူရာတူရာစုကြရင်း ကျွန်တော်က နယ်တက္ကသိုလ် တက်ပြီးမှ လာသူတွေ နဲ့အဖွဲ့ကျသွားပါတယ်။ Bacic Electronics & Electricity ကို ဆရာဦးဝင်းဦးကသင်ပြီး၊ EC Lab နဲ့ Drawing ကို ဆရာဦးအေးလွင်ဦး (ယခု Singapore နိုင်ငံ) ကသင်ပေးပါတယ်။ တခါတလေ Lab မှာ ကိုထွန်းတို့ ချစ်တဲ့ တီချယ်ကြီး ဆရာမဒေါါတင်တင်အေး သင်ပါတယ်။ Physics လို့ခေါါတဲ့ Science I ကို ရီစရာတွေပြောတတ်တဲ့ ဆရာဦးငွေထွန်းရှိန်ကသင်ပေးပြီး၊ Science II အတွက်၊ Chemistry ကို၊ ကိုထွန်းနာမည်မမှတ်မိတော့တဲ့၊ ဆရာမတယောက်ကသင်ပေးကာ Electricity ကိုဆရာကြီးတယောက်ကသင်ပါတယ်။ အဲဒီ ဆရာကြီးက အခု ပန်းခရမ်းပြာ Blog ရေးတဲ့ မချိုရဲ့ အဖေပါ။
Last edited by ကိုထွန်း; 02-13-2011 at 10:15 AM.
There are currently 1 users browsing this thread. (0 members and 1 guests)
Bookmarks