+ Reply to Thread
Page 3 of 5 FirstFirst 1 2 3 4 5 LastLast
Results 21 to 30 of 49

Thread: အင်းစိန်G.T.I

  1. #21
    Newbie Ko Naing
    Join Date
    Dec 2008
    Location
    Brunei
    Posts
    4
    Thanks
    0
    Thanked 10 Times in 4 Posts
    Rep Power
    0

    Re: အင်းစိန်G.T.I

    ကိုထွန်းခင်ဗျာ..
    93, Sept, (EC)ဆိုလို့စိတ်ဝင်စားလို့ပါ.
    နံမယ်အပြည်အစုံလေးသိပါ၇စေ...
    သန်းသန်းဆွေ(ရွှေမင်းသမီးစတီုး)ဆိုတာ...ဟဲသော၇ဲ့မိန်းမလား ?
    noksulay@gmail.comသို့ပြန်ပေးပါခင်ဗျာ

  2. The Following 2 Users Say Thank You to Ko Naing For This Useful Post:


  3. #22
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ၁၉၉၃ သူငယ်ချင်းတွေ နဲ့ အင်းစိန်G.T.I

    ဆွေ့ အမျိုးသားက ဟဲသော မဟုတ်ဘူးလေ၊ EP က။ ဟိုက ကြားရင် သတ်တော့မှာပဲ။ ဒါပေမယ့်ပြသနာ မရှိပါဘူး။ ဆွေ က နာမည်ကြီးချင်နေတဲ့အပြင် သူ့ဆိုင်ကို ကြော်ငြာပေးလို့ဆိုပြီး ဘီယာတောင် တိုက်ရင် တိုက်ဦးမှာ။

    ဟဲသော က ဝါဝါ နဲ့ လက်ထပ်ပြီး၊ အခု ရန်ကုန်မှာ Security နဲ့ပက်သက်တဲ့ Company တစ်ခုဖွင့်ထားပါတယ်။ Fire Detecting တို့ CCTV တို့တွေကို ရောင်းပြီး၊ ဆင်ပေးနေတယ်ကြားရပြီး၊ အောင်မြင်နေတယ်ဆိုသဗျ။ ဖိုးညီလည်းသဘော်မလိုက်၊ ဝေဖြိုးလည်း ဆက်သွယ်ရေးက ထွက်ပြီး ဟဲသော နဲ့ အတူ ပူးကာ မူး နေကြသတဲ့ ......

    ကိုနိုင့်ကို ကျွန်တော် သိမှာပါ။ ကျွန်တော်က E.C သာယူပေမယ့် Mechanical က ခိုင်ဝင်း၊ ပလုံ၊ ဝီးကြက်၊ လင်းလင်း၊ ခွန်ကြီး တို့နဲ့ E.P က အဖွဲ့တွေ နဲ့ ပိုတွဲဖြစ်တယ်။ E.C Section A က ဝေဖြိုးတို့ စန်းယုတို့ အုပ်စုကလေ။ ထီကနဲဆို ဒီမောင်တွေပဲ။ ဖော့ကန် နဲ့ ရွာမ တစ်ဝိုက်မှာဆို အကြွေးမသောက်ဖူးတဲ့ ဆိုင်၊ ပစ္စည်းပေါင်ပြီး မရွေးခဲ့တဲ့ဆိုင်တွေလည်း လက်ညှိုးထိုးမလွဲရှိခဲ့တဲ့အပြင်၊ ပိုမှတ်မိအောင်ပြောရရင် E.C Section A ရဲ့ အချောအလှတွေဖြစ်တဲ့ စန္ဒာ(အခု စွမ်းအင်ဝန်ကြီးရုံး)၊ အစ္စရေးပြန်များဖြစ်ကြတဲ့ သန္တာ(အခု တာဝန်ခံ အင်ဂျင်နီယာ၊ မြန်မာ့ဆက်သွယ်ရေး)၊ ရွှေမိ (အခု တာဝန်ခံအင်ဂျင်နီယာ၊ မြန်မာ့ဆက်သွယ်ရေး)၊ ဂေါါဂေါါကြီး (အခု တာဝန်ခံအင်ဂျင်နီယာ၊ မြန်မာ့ဆက်သွယ်ရေး) နဲ့ ဌေး (အခု တာဝန်ခံအင်ဂျင်နီယာ၊ မြန်မာ့ဆက်သွယ်ရေး) တို့တစ်တွေနဲ့ လည်း တစ်အုပ်စုတည်းပေါ့။

    ဖိုရမ်မှာ EP က ဆရာတစ်ယောက်လည်းရှိတယ်။ ကိုဒိဘလူး ဆိုပြီးရေးနေတယ်။ ဖိုရမ်က ကြိုဆိုပါတယ် ကိုနိုင်ရေ။

    အချိန်ရရင် ဘရူနိုင်းက အကြောင်းလေးတွေနဲ့ Mechanical ဘာသာရပ်နဲ့ ပက်သက်တာလေးတွေကို ရေးပါဦးခင်ဗျား။
    သူငယ်ချင်းတွေအကြောင်းပြောရင်းနဲ့ အင်းစိန် G.T.I ကိုလွမ်းလာပြီ။
    Last edited by ကိုထွန်း; 07-11-2011 at 03:06 PM.

  4. The Following User Says Thank You to ကိုထွန်း For This Useful Post:


  5. #23
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန်G.T.I

    ကိုနိုင်ရေ

    ကျွန်တော်တို့ကို Radio Communication ဘာသာရပ်သင်ကြားပေးခဲ့တဲ့၊ တီချယ် ဒေါါစောယုနွယ်ကတော့ ကိုနိုင် နဲ့ မိုးမိုးတို့ နဲ့ အတူတူ တစ်နိုင်ငံတည်း တစ်မြို့တည်းနေခဲ့တဲ့ အကြောင်းကို၊ အမြဲပြောပါတယ်။ တီချယ်လည်း အခု ကျွန်းကလေး မှာပါ။ တီချယ့်အမျိုးသားကလည်းကလည်း ကျွန်တော်တို့ E.C ဌာနကဆရာ မဟုတ်မဟုတ်ပေမယ့် Mechanical ဘာသာရပ်တွေကို ကျောင်းမှာတုန်းက၊ သင်ကြားပေးခဲ့ပါတယ်။ အခု ဆရာလည်း ကျွန်းကလေး က အစိုးရပိုင်ဆိပ်ကမ်းတစ်ခုမှာ၊ စီမံခန့်ခွဲမှု အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

    အကို ကိုဒိ ကနေတစ်ဆင့် တီချယ်နဲ့ပြန်အဆက်အသွယ်ရခဲ့တာပါ။ အကို ကိုဒိကြောင့်ပဲ ဟိုတစ်လောက Mechanical က ခင်ဇော် နဲ့ ပြန်ဆုံခဲ့ရပါသေးတယ်။ တီချယ့် အပြင် အင်းစိန် GTI က ဆရာ၊ ဆရာမတွေ ကျွန်တော်တို့ ကျွန်းကလေး မှာ တော်တော်များများရှိကြပါတယ်။ CATERPILLAR တို့၊ LIEBHERR နဲ့ REXOTH BOSCH တို့လို ကအစ၊ စီမံခန့်ခွဲမှု အဆင့်တွေမှာ နေရာရယူထားကြပါတယ်။ E.C က ဆရာတစ်ဦးဆိုရင် ချန်ဂီလေဆိပ် ရဲ့ လေယာဉ် အတက်အဆင်း အချက်ပြစနစ်တွေအတွက် စီမံခန့်ခွဲမှု အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

    အခုလို ဝေးမြေရပ်ခြားက နိုင်ငံတစ်ခုမှာ စီမံခန့်ခွဲမှု နဲ့ သင်ကြားရေးကဏ္တွတွေ မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုနိုင် နဲ့ မိုးမိုးတို့ အတွက် ဂုဏ်ယူမိပါတယ်။ မိုးမိုး နဲ့ ကျွန်တော်က လူနည်းပေမယ့် Section A နဲ့ B မို့ မသိခဲ့ကြပါဘူး။ ဒါပေမယ့် တီချယ်ကြီး ဒေါါတင်တင်အေး နဲ့ ဆရာမ ဒေါါသန္တာညွန့် တပည့်တွေမို့၊ မောင်နှမတွေပါပဲ။ နိုင်ငံတကာမှာ Technical နဲ့ပက်သက်လို့ စီမံခန့်ခွဲမှုအဆင့်ကို ရောက်ရှိ နေရာယူနိုင်ခဲ့တဲ့ အင်းစိန် GTI ဆင်းများအတွက် ဂုဏ်ယူဝမ်းသာရပါ တယ်ခင်ဗျား။
    Last edited by ကိုထွန်း; 07-11-2011 at 03:07 PM.

  6. The Following 2 Users Say Thank You to ကိုထွန်း For This Useful Post:


  7. #24
    Newbie Ko Naing
    Join Date
    Dec 2008
    Location
    Brunei
    Posts
    4
    Thanks
    0
    Thanked 10 Times in 4 Posts
    Rep Power
    0

    Re: အင်းစိန်G.T.I

    ကိုထွန်းေ၇....
    စာပြန်နောက်ကျတာSorryပါခင်ဗျာ....
    ကိုထွန်း၇ဲ့စာတွေဖတ်၇လို့ကျောင်းကိုသတိ၇လွမ်းမိပါတယ်။
    တော်တော်အမှတ်အသားကောင်းတာပဲနော်။
    အေးဗျာ....ခဏလေးလိုပါပဲ။၁၇ နှစ်တောင်ကြာသွားပြီနော်။
    ကျွန်းကလေးဆိုတာမကြာခဏေ၇ာက်တဲ့နေ၇ာတခုပါ။
    တွေ့ကြတာပေါ့ဗျာ...


  8. The Following 2 Users Say Thank You to Ko Naing For This Useful Post:


  9. #25
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    ၁၉၆၂ မှ ၁၉၉၃ အင်းစိန် G.T.I

    Quote Originally Posted by Ko Naing View Post
    အေးဗျာ....ခဏလေးလိုပါပဲ။၁၇ နှစ်တောင်ကြာသွားပြီနော်။
    အင်းစိန်G.T.I က ထွက်လာခဲ့တာ ၁၇ နှစ်တောင်ရှိခဲ့ပြီတဲ့လား.......ပြန်တွေးမိရင် မနေ့တနေ့ကလိုပါပဲ။ ကံ့ကော်ပင်တန်းကိုလွမ်းတယ်။ ရေတမာပင်တန်းကို သတိရတယ်။ အုတ်တိုက်နီနီကြီး ကိုမြင်ယောင်မိနေတယ်။ ဆရာ၊ ဆရာမတွေရဲ့ စေတနာတွေ၊ နွေးထွေးပွင့်လင်းတဲ့ ကျောင်းတက်ဖော်တွေ၊ သူငယ်ချင်းတစ်သိုက် မရှိအတူ ရှိအတူနဲ့ ဝေမျှ စားကာ၊ အတူတူ ပျော်ခဲ့ဘူးတာတွေ...............အခုတော့လည်း အရာအားလုံးဟာ ဟိုး..အဝေးမှာ ပြန်အစားမရနိုင်လောက်ကျန်ခဲ့ပါပြီ။

    ၁၉၆၂ မတ်လ မှာ တော်လှန်ရေးအစိုးရတက်လာပြီး အင်းစိန်G.T.I ကို၊ စက်မှုဝန်ကြီးဌာနကြီးကြပ်မှု မှ ပညာရေး ဝန်ကြီး ဌာန အောက်သို့ပြောင်း လည်းဖွဲ့စည်းခဲ့ပြီး၊ အင်းစိန်G.T.I ကျောင်းသားဟောင်း အလုပ်သမားဝန်ကြီးဌာန အတွင်းဝန် ဦးမျိုးမြင့် (နောင်တွင် သံအမတ်ကြီးဟောင်း)၊ စက်မှု လက်မှုပညာသင်ကြားရေးဝန် ဆရာကြီး ဦးခင်မောင်၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးထွန်းရီ ၊ တို့က ကမကထလုပ်ကာ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှာ ပထမဆုံးအကြိမ် A.G.T.I အောင်လက်မှတ် ပေးပွဲအခမ်း အနားကို ကျင်းပခဲ့ပါတယ်။

    အောင်လက်မှတ်ပေးပွဲအခမ်းအနားအပြီး ညစာ စားပွဲမှာတော့ ထိုအချိန်က နာမည်ကြီး ဒေါနွဲ့နွဲ့စန်း အငြိမ့်နဲ့ ဧည့်ခံခဲ့ပြီး၊ အင်းစိန်G.T.I ကျောင်းသားဟောင်းများဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဆွေနဲ့ ဟာသ သရုပ်ဆောင်ဦးသော်တာ တို့ပါ တက်ရောက်ခဲ့ကြပါတယ်။

    ပထမဆုံးအကြိမ် A.G.T.I အောင်လက်မှတ်ပေးပွဲအခမ်းအနားဟာ ၁၉၅၄ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း သင်တန်းဆင်းခဲ့သူ ၁၀၇၂ ဦးတို့အတွက် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ၃၄၀ ဦး အခမ်းအနား တက်ရောက်ကာ အောင်လက်မှတ်ရယူခဲ့သလို၊ အခမ်းအနားအတွက် ကုန်ကျစားရိတ်အားလုံး ကို ကျောင်းသားထောက်ပံ့ငွေ Caution Money ထဲမှသာ သုံးစွဲခဲ့ကြောင်း သိရပါတယ်။ အောင်လက်မှတ် ပေးပွဲအခမ်းအနားမှာ ဆရာကြီးဦးခင်မောင် မှ အလုပ်ခွင်ထဲရောက် အင်းစိန် G.T.I ကျောင်းဆင်းများကို တီထွင်မှုများကိုလည်း လုပ်စေဖို့ တိုက်တွန်း အမှာ စကား ပြောခဲ့သလို၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးထွန်းရီ ကလည်း စစ၊ တတ၊ ညည ဆိုတဲ့ စေတနာထားကာ စိတ်ဓါတ်ကြံ့ခိုင်စေဖို့၊ တတ်ကျွမ်းမှု နဲ့ တီထွင်မှုရှိစေဖို့၊ ညှိနှိုင်းမှု နဲ့ ညီညွတ်ရေးရှိစေဖို့ တိုက်တွန်း အမှာစကား ပြောခဲ့ပါတယ်။

    နတ်မောက်စက်မှုလက်မှုအထက်တန်းကျောင်းမှာ ၁၉၅၆ ခုနှစ် မေလ ၂၃ ရက်နေ့မှစပြီး၊ ၃ နှစ်သင်တန်းအဖြစ်၊ ဖွင့်လှစ်ခဲ့တဲ့ ETEC Evening Technical Engineering Course ကို အတူယူကာ၊ ၄ နှစ် တက်ရောက်သင်ယူရတဲ့ ညနေပိုင်း E.G.T.I သင်တန်းကို ၁၉၆၉ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ကိုထွန်းတို့ ဆရာတစ်ဦးက လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာက အလုပ်ရုံလက်တွေ့ ဘာသာရပ်ကို သင်ကြားပေးသူဖြစ်ပြီး စာသင်ကောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာဟာ သင်ကြားမှု နဲ့ လက်တွေ့ အတွေ့အကြုံများသူမို့ တစ်ချိန်တည်းမှာ ပထမနှစ်၊ ဒုတိယနှစ် နဲ့ နောက်ဆုံးနှစ် လျှပ်စစ်စွမ်းအား နဲ့ အီလက် ထရောနစ် အတန်းတွေကို၊ အလုပ်ရုံ ထဲမှာ အပ် ကျသံတောင် မကြားရအောင် ထိမ်းထားနိုင်သူပါ။

    စက်မှုလက်မှုအထက်တန်းကျောင်းဆင်းမို့ ညနေဆို ဆရာ့ခမျာ နတ်မောက်စက်မှုလက်မှုအထက်တန်းကျောင်းမှာ ETEC Evening Technical Engineering Course ကိုသွားတက်ရပါ သေးတယ်။ နေ့မှာ ဆရာ ညမှာ ကျောင်းသားလို့ စတဲ့အခါ၊ ဆရာက စိတ်မဆိုးပဲ ဟိုကျောင်းမှာလည်း စာပြန်သင်ပေးနေရတဲ့အကြောင်း ရယ်ရယ်မောမောနဲ့ ပြောပြရှာပါ တယ်။

    ကျောင်းအုပ်ကြီး ဆရာကြီးဦးစိုးမောင် ၁၉၇၂ ဇူလိုင်လ မှာ မန္တလေး GTI သို့ ကျောင်းအုပ်ကြီးအဖြစ်ပြောင်းရွှေ့သွား တဲ့ အခါ၊ ကလော GTI မှ ဆရာကြီးဦးအုန်းမောင်ပြောင်းရွှေ့လာပါတယ်။ ဆရာကြီး ဦးအုန်းမောင် လက်ထက်မှာ ကျောင်းသူတွေ အတွက် သပြေဆောင် ကိုစတင်ဆောက် လုပ်ခဲ့ပြီး၊ ၁၉၇၇ မှာ ဆရာကြီး ဦးခင်မောင်သွင်က ၁၉၇၇ မှာ ကျောင်းအုပ်ကြီး အဖြစ် ဆက်လက် တာဝန်ယူခဲ့ပါတယ်။

    ကျောင်းအုပ်ကြီးအဖြစ် လအနည်းငယ်သာ အမှုထမ်းဖြစ်ခဲ့သူ ဆရာကြီး ဦးခင်မောင်သွင်နေရာမှာ ကိုထွန်းတို့ သိမှီခဲ့ရတဲ့ ဆရာကြီးဦးမြင့်ဆွေ ဟာ ကထိကဌာနမှုးအဖြစ်မှ ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ပါတယ်။

    ဆရာကြီးဦးမြင့်ဆွေ ဟာ ၁၉၆၀ ခုနှစ်မှာ B.O.C ကောလိပ်မှ B.Sc. Engg; ဘွဲ့ရဖြစ်ပြီး၊ အင်းစိန်ဒိစတြိတ်ကောင်စီရုံး မှာ အင်ဂျင်နီယာအဖြစ် ၆ နှစ်ခန့် ဝင်ရောက်လုပ်ကိုင်ပြီးမှ၊ သင်ကြားရေးကို ဝါသနာ ပါသူမို့ မန္တလေး GTI မှာ လက်ထောက် ကထိက အဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာကြီးဦးမြင့်ဆွေလက်ထက် ၁၉၇၇ နဲ့ ၁၉၇၈ မှာ နိုင်ငံခြားမှ ဆရာများ ကိုလံဘိုစီမံကိန်းအရ အင်းစိန်G.T.I မှာ သင်တန်းများကို လာရောက်ပို့ချပေးခဲ့ပါတယ်။

    ဆရာကြီးဦးလှမြင့် စက်မှုဆရာဖြစ်သင်ကျောင်း T.T.T.I မှာ ကျောင်းအုပ်ကြီး အဖြစ်ပြောင်းရွှေ့ တာဝန်မယူမှီ အထိ၊ ဆရာကြီး ဦးမြင့်ဆွေဟာ တွဲဖက်တာဝန်ယူခဲ့ပါတယ်။ ဆရာကြီးဦးမြင့်ဆွေ ဟာ ၁၉၉၀ ခုနှစ်မှာ လက်ထောက် ညွှန်ကြားရေးမှုးအဖြစ် ပြောင်းရွှေ့သွားခဲ့ပြီး၊ ၁၉၉၁ မှာ အငြိမ်းစားယူခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။

    ကိုထွန်းတို့ ခေါါတ်က အင်းစိန် G.T.I မှာသင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့

    ၁။ Civil Engineering မှာ English, Mathematics, Science I, Science II, Applied Mechanics, Building Materials and constructions, Theory of Structure, Hydraulics, Roads and Bridges, Surveying, Reinforced Concrete, Water Supply and sanitation, Estimating and Specification, Railways and Irrigation, Engineering Drawing နဲ့ Carpentry နဲ့ Masonry အပါအဝင် အလုပ်ရုံလက်တွေ့ ဘာသာ ရပ်တွေ ဖြစ်ကြပါတယ်။

    ၂။ Electrical (Electronics & Communication) မှာ English, Mathematics, Science I, Science II, Applied Mechanics, Basic Electricity & Electronics, Electronic Circuit Theory, Electronic Measurements & Measuring Instruments, DC Machines & Controls, AC Machines & Controls, Strength of Materials, Electro-Technology, Radio communication, Line Communication, Integrated Electronics, Industrial Electronics, Engineering Drawing နဲ့ Electrcal, Electronic, Industrial စတဲ့ အလုပ်ရုံလက်တွေ့ ဘာသာရပ်တွေ နဲ့ Radio Communication & Morse Code လက်တွေ့ဘာသာရပ်တွေ ဖြစ်ကြပါတယ်။

    ၃။ Electrical (Power) မှာ English, Mathematics, Science I, Science II, Applied Mechanics, Basic Electricity & Electronics, Electrical Measurements & Measuring Instruments, Strength of Materials, Electro-Technology, Electrical Estimating, Transmission & Distribution, Power wiring & Installation, Hydraulics, Electrical Machines & Control, Engineering Drawing နဲ့ Electrical, Electronics, Machine Control & House Wiring, Motor, Generator Appliances & Control စတဲ့ အလုပ်ရုံလက်တွေ့ ဘာသာရပ်တွေဖြစ်ကြပါတယ်။

    ၄။ Mechanical (Power) မှာ English, Mathematics, Science I, Science II, Applied Mechanics, Work Shop Technology, Strength of Materials, Electro-Technology, Hydraulics, Heat Engines & Thermodynamics, Automotive Technology, Automotive Electricity, Petrol Engines, Diesel Engines, Refrigeration & Airconditioning, Theory of Machines, Engineering Drawing နဲ့ Welding, Machines, Fitting & Blacksmith, Electrical & Petrol Engines, Diesel Engines, Air Cond', Automotive Technology & Electricity စတဲ့ အလုပ်ရုံလက်တွေ့ ဘာသာရပ်တွေ ဖြစ်ကြပါတယ်။

    ၅။ Mechanical (Machine Tools & Design) မှာ English, Mathematics, Science I, Science II, Applied Mechanics, Work Shop Technology, Strength of Materials, Electro-Technology, Hydraulics, Heat Engines & Thermodynamics, Theory of Machines, Metallurgy, Production Technology, Estimating & Work Shop Management, Strength of Materials & Testing Laboratory, Engineering Drawing, Machine Drawing & Design နဲ့ Welding & Machines, Machine, Foundry & Pattern စတဲ့ အလုပ်ရုံလက်တွေ့ ဘာသာရပ်တွေဖြစ်ကြ ပါတယ်။
    Last edited by ကိုထွန်း; 07-11-2011 at 03:13 PM.

  10. The Following User Says Thank You to ကိုထွန်း For This Useful Post:


  11. #26
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I နိဂုံး

    တော်လှန်ရေးအစိုးရလက်ထက် နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက် ၁၉၇၂ ခုနှစ်အထိ၊ Boys Army ခေါါ တပ်မတော်မှ သင့်လျှော်သူ များကို အင်းစိန်G.T.I သို့ရွေးချယ်စေလွှတ်ကာ သင်တန်းတက်စေခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွင် ဆရာကြီးဦးမြင့်ဆွေ လက်ထောက် ညွှန်ကြား ရေးမှုးအဖြစ်ပြောင်းရွှေ့သွားတဲ့အခါ၊ ဆရာကြီးဦးညွန့်မောင်မှ ၁၉၉၁ ခုနှစ်အထိ တာဝန်ယူကာ၊ ဆရာကြီးဦးသိန်းဇံ သို့ လွှဲပြောင်းပေးခဲ့ပါတယ်။

    ဆရာကြီးဦးသိန်းဇံ လက်ထက်၊ ၁၉၉၃ ခုနှစ်မှာ Food & Chemical Technology အင်ဂျင်နီယာသင်တန်း နဲ့ Plastic & Rubber Technology အင်ဂျင်နီယာသင်တန်းတို့ကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ပထမဆုံးဌာနမှူးများကတော့ ဆရာမကြီးဒေါါခင်ဝင်းကြည် နဲ့ တီချယ်ဒေါါတိုးတိုးသန်း တို့ဖြစ်ကြပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဆရာကြီးဦးသိန်းဇံ ပြောင်းရွှေ့ သွားတဲ့အခါ၊ ၁၉၉၃ မှ ၁၉၉၅ ခုနှစ်အထိ ဆရာကြီးဦးအောင်ဝင်း မှလွှဲပြောင်း တာဝန်ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှာ ဆရာကြီး ဦးမြင့်အောင်က ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ၁၈၉၅ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ မြန်မာနိုင်ငံမှာကျောင်းတစ်ကျောင်းအဖြစ်၊ ပထမဆုံး စက်မှု အတတ်ပညာများ သင်ကြားပေးရာ အင်းစိန် GTI ဟာ ၁၉၉၅ ခုနှစ် စက်တင်ဘာလ မှာ သက်တမ်းအရနှစ် ၁၀၀ ပြည့်ခဲ့ပါတယ်။ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ်၊ သံဃာတော်အပါး ၁၀၀ ကိုပင့်ဖိတ်ကာဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း၊ ကျောင်းရှေ့တွင် နှစ် ၁၀၀ ပြည့် ထိမ်းအမှတ်ကမ္မည်းကျောက်စာတိုင်စိုက်ထူခြင်း နဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မဂ္ခဇင်းထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။

    ၁၉၉၄ ခုနှစ်မှာ ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူများဟာ ၁၉၉၅ ~ ၉၆ ပညာသင်နှစ်မှာ ဒုတိယနှစ်သင်တန်းတွေကို၊ သံလျှင် GTI သို့ ပြောင်းရွှေ့သင်ယူခဲ့ပြီး၊ ၁၉၉၈ ခုနှစ်မှာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့တာမို့ အင်းစိန် GTI ရဲ့နောက်ဆုံး အသုတ်လို့ခေါါဆိုနိုင်ပါတယ်။ ဖိုရမ်က ကိုယ်ချစ်တို့ ကိုနဂါးတို့ အသုတ် ဖြစ်မယ်ထင်ပါတယ်။

    ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ၄၁ ဒသမ ၉၉၇ ဧက အကျယ်အဝန်းရှိတဲ့ အင်းစိန် GTI ကျောင်း ကြီးကို၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွဲပြောင်းပေးအပ်ခဲ့ပါတယ်ခင်ဗျား။
    Last edited by ကိုထွန်း; 07-11-2011 at 03:15 PM.

  12. The Following 2 Users Say Thank You to ကိုထွန်း For This Useful Post:


  13. #27
    Newbie soemmtzn
    Join Date
    Aug 2010
    Posts
    7
    Thanks
    0
    Thanked 10 Times in 6 Posts
    Rep Power
    0

    Re: အင်းစိန်G.T.I


    ကျေး ဇူး အ များ ကြီး တင် ဎါ တယ် ဗျာ့ ကျွန် တော် က ၁၉၇၇ ဝင် ပြီး ၁၉၇၉ မှာ MP နဲ့ အင်း စီန် က ပြီး ခဲ့ ပါ တယ်. ကို ထွန်း နေ တယ့် ကျွန်း မှာ ကျွန် တော် တို့ batch က အ များ ကြီး ဘဲ. နောင် တော်/ ညီ တော်/အ မ/ညီ မ တွေ ရေး ထား တာ တွေ ဖတ် ရ တာ ကျေး ဇုး တင် ပါ တယ်.

  14. The Following 2 Users Say Thank You to soemmtzn For This Useful Post:


  15. #28
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I

    Senior နောင်တော်တစ်ဦးနဲ့ ဖိုရမ်မှာ အခုလိုတွေ့ရတာ ဝမ်းသာဂုဏ်ယူပါတယ် အကိုရေ။ ကျွန်တော်က ၁၉၉၃ က EC နဲ့ ကျောင်းဆင်းတာပါ။ ဖိုရမ်မှာ လည်ပတ်ရင်း အချိန်ရရင် အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါဦးခင်ဗျား။
    Last edited by ကိုထွန်း; 02-13-2011 at 10:27 AM.

  16. The Following User Says Thank You to ကိုထွန်း For This Useful Post:


  17. #29
    Newbie soemmtzn
    Join Date
    Aug 2010
    Posts
    7
    Thanks
    0
    Thanked 10 Times in 6 Posts
    Rep Power
    0

    Re: အင်းစိန်G.T.I

    ကျီုး စား ပါ မယ်။ ကျွန် တော့် မှာ အား နည်း ချက် ၂ ခု ရှိ ပါ တယ်, Typing skill and lack of IT knowledge ပါ။ မ တော် တ ဆ အ မှား အ ယွင်း ပါ ပြီး Forum ကို အ နှောက် အ ယှက် ဖြစ် မှာ လည်း စီုး လို့ ပါ။ 1994 လောက် က အင်း စိန် GTI MP ဆင်း U Zaw Tun Naung အခု Singapore Polytechnic , Singapore Maritime Academy , Marine Engineer ဌာ န မှာ Lecturer လုပ် နေ ပါ တယ်။ ကျွန် တော် Junior Engineer တုံး က သူ က 2/E ပါ (1986)။ စာ မေး ပွဲ ဖြေ မယ့် ညီ တွေ အ တွက် အ ကျီုး ရှိ မ လား လို့ အ ဆဲ ခံ ချင် လဲ ခံ ရ ပါ စေ ဆို ပြီး ဖော် ကောင် လုပ် လိုက် ပါ တယ် ဗျာ။

  18. The Following 2 Users Say Thank You to soemmtzn For This Useful Post:


  19. #30
    Newbie soemmtzn
    Join Date
    Aug 2010
    Posts
    7
    Thanks
    0
    Thanked 10 Times in 6 Posts
    Rep Power
    0

    Re: အင်းစိန်G.T.I

    Sorry my typing error, pls read 1974 instead of 1994.

  20. The Following 2 Users Say Thank You to soemmtzn For This Useful Post:


+ Reply to Thread
Page 3 of 5 FirstFirst 1 2 3 4 5 LastLast

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts