+ Reply to Thread
Page 4 of 5 FirstFirst ... 2 3 4 5 LastLast
Results 31 to 40 of 49

Thread: အင်းစိန်G.T.I

  1. #31
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I

    Quote Originally Posted by soemmtzn View Post
    ကျီုး စား ပါ မယ်။ ကျွန် တော့် မှာ အား နည်း ချက် ၂ ခု ရှိ ပါ တယ်, Typing skill and lack of IT knowledge ပါ။ မ တော် တ ဆ အ မှား အ ယွင်း ပါ ပြီး Forum ကို အ နှောက် အ ယှက် ဖြစ် မှာ လည်း စီုး လို့ ပါ။ 1994 လောက် က အင်း စိန် GTI MP ဆင်း U Zaw Tun Naung အခု Singapore Polytechnic , Singapore Maritime Academy , Marine Engineer ဌာ န မှာ Lecturer လုပ် နေ ပါ တယ်။ ကျွန် တော် Junior Engineer တုံး က သူ က 2/E ပါ (1986)။ စာ မေး ပွဲ ဖြေ မယ့် ညီ တွေ အ တွက် အ ကျီုး ရှိ မ လား လို့ အ ဆဲ ခံ ချင် လဲ ခံ ရ ပါ စေ ဆို ပြီး ဖော် ကောင် လုပ် လိုက် ပါ တယ် ဗျာ။
    အကိုရေ အခုလိုသိရတာ ဝမ်းသာပါတယ်။ စာမေးပွဲဖြေမယ့် ညီတွေအတွက် ကူညီတဲ့အနေနဲ့ Marine နဲ့ပက်သက်ပြီး ရေကြောင်းအင်ဂျင်နီယာဘာသာရပ် ခေါင်းစဉ်အောက်မှာ ဝေမျှပေးပါဦး။ ကျွန်တော် SMA Singapore Maritime Academy မှာ တက်ခဲ့ဖူးပါတယ်။ အခု Myanmar Maritime Association မှာ EC အဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေရင်း Shipping Line တစ်ခုမှာ Technical Superintendent လုပ်နေ ပါတယ်ခင်ဗျား။
    Last edited by ကိုထွန်း; 07-11-2011 at 02:53 PM.

  2. The Following User Says Thank You to ကိုထွန်း For This Useful Post:


  3. #32
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9

    အင်းစိန် G.T.I

    အင်းစိန် GTI ကို ၁၉၈၇ မှာ စရောက်ပြီး ၁၉၉၃ မှ ကျောင်းဆင်းခဲ့ပေမယ့် ပထမနှစ်ကို တစ်လ၊ ဒုတိယနှစ် ၂ လ နဲ့ နောက်ဆုံးနှစ် ၆ လသာတက်ခွင့်ရပြီး၊ ကျောင်းဆင်းခဲ့ပါတယ်။ ပထမနှစ်အတန်းကို ၁၉၉၀ မှာပြန်ဖွင့်တဲ့အခါ အခြားသော တက္ကသိုလ်၊ ကောလိပ် နဲ့ သိပ္ပံ တွေလို ခဏတက်ကာစာမေးပွဲစစ်မှာမဟုတ်ပဲ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွေက (၁) နှစ် အပြည့် တက်မှသာ အတန်းတင်စာမေးပွဲ စစ်မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။

    အဲဒီအခါ ကျောင်းသူ ကျောင်းသားတွေစုပြီး နိုင်ငံတော်အကြီးအကဲတစ်ဦးဖြစ်တဲ့ ပညာရေးကော်မတီဥက္ကဌ ထံကို နစ်နာပါတယ်ဆိုပြီး၊ စာရေး တောင်းဆိုခဲ့ ကြပါတယ်။ အဲဒီလက်မှတ်တွေ စုထိုးထားတဲ့ စာရွက်ရှည်ကြီးကို ကိုင်လို့ ဆရာကြီးဦးသိန်းဇံဟာ တစ်ခန်းဝင် တစ်ခန်းထွက် သားတို့၊ သမီးတို့လို့ အစချီကာ ဖြောင်းဖျခဲ့ပါတယ်။

    ဆရာကြီးရဲ့ နိုင်ငံခြားပညာတော်သင်ဘဝ အတွေ့အကြုံတွေနဲ့ ဥပမာပေးရင်း အင်ဂျင်နီယာတစ်ယောက်ဟာ သိသင့်သိထိုက်တဲ့ ပညာမပြည့်စုံပဲ လုပ်ငန်းခွင်ဝင် လို့ အမှားလုပ်ခဲ့ရင် လူအများဒုက္ခ ရောက်တတ်ကြောင်း ရှင်းလင်းပြောပြခဲ့တာကို မှတ်မိနေပါသေးတယ်။

    အဂ်လိပ်စာဌာနက ဆရာ၊ ဆရာမတွေကို လည်းအမှတ်ရမိပါတယ်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ အဂ်လိပ်စာ အတန်းထက် အင်းစိန် GTI အဂ်လိပ်စာအတန်းဟာပို စိတ်ဝင်စားစရာကောင်းသလို ဆရာ၊ ဆရာမတွေတော်တော် များများက Australia က အဂ်လိပ်စာသင်ကြားမှုဘွဲ့လွန် ဒီပလိုမာ Post Graduate Diploma in English Language Teaching ဆိုတဲ့ Dip. in ELT ယူလာခဲ့ သူတွေဖြစ်ပါတယ်။

    လှိုင်နယ်မြေမှ ကိုထွန်းတို့ အဂ်လိပ်စာအတန်းမှာ သင်တဲ့ ဆရာ၊ ဆရာမတွေဟာ တော်ကြပေမယ့် စိတ်မကောင်း စရာ တစ်ခု ဖြစ်ခဲ့ဘူးပါတယ်။ ကိုထွန်းတို့အတန်းက P 1 ဆိုတော့ ရူပဗေဒ ဘာသာမှာ ဌာနမှူး ဆင်းသင်တဲ့ အတန်း ဖြစ်သလို၊ ချွန် ဆိုတဲ့ ရူပဗေဒ ပညာချွန်ဆုရ ကျောင်းသား ကျောင်းသူတွေလည်း ရှိပါတယ်။ အချောအလှများကလည်း ပေါသမို့ တရုန်းရုန်းနဲ့ လူစည်တဲ့ အတန်းပါ။

    တနေ့ အတန်းထဲမှာ အမြင်မတော်လို့ အဂ်လိပ်စာ ဆရာမက ဆုံးမတာကို ကျောင်းသူက ပြန်ပြောတာကို စိတ်မကောင်းစရာ အဖြစ်ကြုံတွေ့ခဲ့ရသလို ဆရာမဟာလည်း အရှက်ကြီးရှက်ခဲ့ရပါတယ်။ ကျောင်းဆင်းလို့ ကိုထွန်းတစ်ယောက် သဘော်ကျင်း လုပ်သက်ယူရင်း အဝေးသင်တက္ကသိုလ်ပြန်တက်တဲ့ အခါ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) မှာ၊ ဆရာမကို ပြန်ပြောခဲ့တဲ့ အတန်းဖော် ကျောင်းသူအား ရူပဗေဒ ဓါတ်ခွဲခန်းရဲ့ သရုပ်ပြဆရာမ အဖြစ်နဲ့ ပြန်ဆုံရပါတယ်။

    အင်းစိန် GTI အဂ်လိပ်စာဌာနက ရန်ကုန်တက္ကသိုလ်ထွက် ဆရာ၊ ဆရာမ ဇနီးမောင်နှံ ကိုလည်း သတိရမိပါတယ်။ ဆရာ၊ ဆရာမ ဇနီးမောင်နှံ ဟာ ကလော GTI မှပြောင်းလာတာ ဖြစ်ပြီး၊ စာသင်ကောင်းကြပါတယ်။ ကိုထွန်းတို့ တစ်သိုက်ကို ကလေးတွေလို ဆုံးမတဲ့အပြင် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ကန်တင်းကို ခဏ ခဏေ ခါါခေါါ သွားတတ် ပါတယ်။ တောင်ငူဆောင်ကန်တင်း မှာ အင်းစိန် GTI က ကိုထွန်းတို့တသိုက် ဆရာ၊ ဆရာမ ဇနီးမောင်နှံ နဲ့အတူထိုင်ရင်း ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကြည်နူးအားကျစရာ လွမ်းမောဖွယ်ပုံရိပ်တွေကို ကူးစက်ခံစားခဲ့ရ ပါတယ်။

    ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသူဘဝ ကနေ မဟာတန်းပြီးတဲ့အထိ တောင်ငူဆောင်မှာ တက်ခဲ့သူနဲ့ အိမ်ထောင်ကျတဲ့အခါ၊ သဘော်ကဆင်းလာတိုင်း ဇနီးသည်ကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရင်း တောင်ငူဆောင် ကန်တင်း မှာ မကြာခဏ ထိုင်ဖြစ်ပေမယ့်၊ ဆရာ၊ ဆရာမ ဇနီးမောင်နှံ နဲ့ အင်းစိန် GTI က ကိုထွန်းတို့တသိုက် အတူ ထိုင်ခဲ့ စဉ် တုန်းက အရသာ အငွေ့အသက်မျိုး အစားပြန်မရခဲ့တော့ပါဘူး။

    အင်းစိန် GTI ဟာ သူ့ရင်သွေးတွေအတွက် ခိုင်မာရင့်ကျက်တဲ့စိတ်ဓါတ်အမွေ ကိုလက်ဆောင်ပေးခဲ့ တယ်လို့ယူဆပါတယ်။ ရိုးရှင်းအေးဆေးပြီး ပကာသနမပါတဲ့ အင်းစိန် GTI ရဲ့ရင်ခွင်မှာ ခိုလုံတဲ့အခါ မောင်ရင်းနှမလို ချစ်ခင်စည်းလုံးမှု၊ အပင်ပန်းခံကာ ရောင့်ရဲနိုင်မှု၊ ဆရာ၊ ဆရာမတွေအပေါါ လေးစားဂါရဝထားမှု၊ ကြီးစဉ်ငယ်လိုက် ရိုသေလေးစားမှု တွေ ကနေ ပုံမှန်သမရိုးကျအတွေးအခေါါမှ ရုန်းထွက် ထိုးဖောက်ကာ တွေးတတ်နိုင်ဖို့အထိ တိတ်ဆိတ်စွာ လေ့ကျင့်ပေးခဲ့ပါတယ်ခင်ဗျာ။း
    Last edited by ကိုထွန်း; 07-11-2011 at 02:59 PM.

  4. The Following User Says Thank You to ကိုထွန်း For This Useful Post:


  5. #33
    Newbie tunnaioo
    Join Date
    Jun 2009
    Posts
    2
    Thanks
    0
    Thanked 2 Times in 1 Post
    Rep Power
    0

    Re: အင်းစိန်G.T.I

    :'(I'm also from 1997Batch, but from MP(B). I see your post only now and thank you very much indeed for your writing. 'Cos I miss frequently our Old School n my friends from MP( B ) but I haven't got time to go and see it. After I read your post, I became remember our old school life of Insein because of your good writing. I'll say again THANK YOU.
    My name is Tun Naing Oo. :4:My school nick name is Ah-Theye-Lay. :4:Can contact me tunnaioo@gmail.com , if you wish.

  6. The Following 2 Users Say Thank You to tunnaioo For This Useful Post:


  7. #34
    Newbie Aung Myo Than
    Join Date
    May 2009
    Posts
    1
    Thanks
    0
    Thanked 2 Times in 1 Post
    Rep Power
    0

    Re: ပြန်စာ -> အင်းစိန်G.T.I

    [quote author=Hla Min Maung link=topic=1276.msg22855#msg22855 date=1239364370]

    Nice to meet every body.
    I'm Mechanical Power 1986 G.T.I {insein}
    My name is Hla Min Maung.
    Thanks a lot for all.
    Thanks to this forum.

    [/quote]

    Hello KoHlaMinMaung !!!!

  8. The Following 2 Users Say Thank You to Aung Myo Than For This Useful Post:


  9. #35
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9
    မကြာခဏ အလည်ရောက်ဖြစ်တဲ့ အင်းစိန် GTI ဆင်းတွေရဲ့ Blog စာမျက်နှာတချို့ကို သိသလောက်ဖော်ပြလိုက်ပါတယ်။ အခြားသော အင်းစိန် GTI ဆင်းများရဲ့ Blog များကိုလည်း ဖြည့်ပေးကြပါ ခင်ဗျား။

    မချို (ပန်းခရမ်းပြာ) http://pan-khayan-pyar.blogspot.com/
    ကိုနိုင် http://shwebrunei.blogspot.com/
    တူးတူးသာ http://tututha.blogspot.com/

  10. The Following 3 Users Say Thank You to ကိုထွန်း For This Useful Post:


  11. #36
    Newbie joutjet is on a distinguished road
    Join Date
    Feb 2011
    Posts
    3
    Thanks
    0
    Thanked 15 Times in 3 Posts
    Rep Power
    0
    ကျေးဇူးလဲတင်ပါတယ်..လေးလဲလေးစားပါတယ်ဗျာ...ကျနော့ဘ၀ရဲအပျော်ရွှင်ဆုံးကာလကိုပြောပါဆိုရင် အင်းစိန်ဂျီတီအိုင်မှာတက်ခဲ့ရတဲ့ကာလတွေဟာဘာနဲ့မှအစားထိုးလို့မရနိုင်ဘူးလို့ဆိုချင်ပါတယ်...ကျနော်လေးစားမြတ်နိုးရတဲ့ကျောင်းတော်မဟာကြီးရဲ့အကြောင်းကိုအသေးစိတ်၇ှာဖွေတင်ပြပေးတာဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ပါဘူး....အခြေအနေအမျိုးမျိုးကြောင့်နေရာအနှံရောက်နေပေမဲ့ကျောင်းတော်ကြီးဆီတခါတခါအလည်ရောက်ဖြစ်တိုင်း...ရွှေနယားရဲ့ချိုကျတခွက်ကိုလွမ်းမောစွာပြန်သောက်မိတိုင်း....အမြဲမျက်ရည်စို့ခဲ့ရပါတယ်...သြော်..သင်္ခါရတရားအတိုင်းအစဉ်အလာကြီးခဲ့တဲ့ကျောင်းတော်ကြီးရဲ့ဘ၀ပျောက်ကွယ်ခါနီးပေးမဲ့သူမွေးထုတ်ပေးခဲ့တဲ့ကမ္ဘာအရပ်ရပ်ကသားသမီးများရဲ့ရင်ထဲမှာတော့ဘယ်တော့မှပျောက်ကွယ်တော့မှာမဟုတ်တော့ပါဘူး။.....ကျေးဇုရှင်ကျောင်းတော်ကြီးနှင့်ကျေးဇူးရှင်ဆရာ၊ဆရာမကြီးများအားလက်စုံအုပ်မိုးရှစ်ခိုးကန်တော့ရင်း..........ဂျောက်ဂျက်(မလေးရှား)
    ---------------------------- ps (ကျနော်ကတော့ ၁၉၉၆ မှာကျောင်းဆင်းခဲ့တဲ့ EP မှကျောင်းပျော် ဂျောက်ဂျက်ပါခင်ဗျာ....joutjet.ep96@gmail.com)

  12. The Following 4 Users Say Thank You to joutjet For This Useful Post:


  13. #37
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9
    Quote Originally Posted by joutjet View Post
    ကျေးဇူးလဲတင်ပါတယ်..လေးလဲလေးစားပါတယ်ဗျာ...ကျနော့ဘ၀ရဲအပျော်ရွှင်ဆုံးကာလကိုပြောပါဆိုရင် အင်းစိန် ဂျီတီအိုင်မှာ တက်ခဲ့ရတဲ့ကာလတွေဟာ ဘာနဲ့မှအစားထိုးလို့မရနိုင်ဘူးလို့ဆိုချင်ပါတယ်... ကျနော် လေးစားမြတ်နိုးရတဲ့ကျောင်းတော်မဟာကြီးရဲ့အကြောင်းကိုအသေးစိတ်၇ှာဖွေတင်ပြပေးတာ ဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ပါဘူး.... အခြေအနေအမျိုးမျိုးကြောင့် နေရာအနှံရောက်နေပေမဲ့ ကျောင်းတော်ကြီးဆီ တခါတခါ အလည်ရောက် ဖြစ်တိုင်း ... ရွှေနယားရဲ့ချိုကျတခွက်ကိုလွမ်းမောစွာပြန်သောက်မိတိုင်း.... အမြဲမျက်ရည်စို့ခဲ့ရပါတယ်...သြော်..သင်္ခါရတရားအတိုင်း အစဉ်အလာကြီးခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ဘ၀ ပျောက်ကွယ်ခါနီးပေးမဲ့ သူမွေးထုတ်ပေးခဲ့တဲ့ ကမ္ဘာအရပ်ရပ်ကသားသမီးများရဲ့ရင်ထဲမှာတော့ဘယ်တော့မှပျောက်ကွယ်တော့မှာမဟုတ်တော့ပါဘူး။.....ကျေးဇုရှင်ကျောင်းတော်ကြီးနှင့်ကျေးဇူးရှင်ဆရာ၊ဆရာမကြီးများအားလက်စုံအုပ်မိုးရှစ်ခိုးကန်တော့ရင်း..........ဂျောက်ဂျက်(မလေးရှား)---------------------------- ps (ကျနော်ကတော့ ၁၉၉၆ မှာကျောင်းဆင်းခဲ့တဲ့ EP မှကျောင်းပျော် ဂျောက်ဂျက်ပါခင်ဗျာ....joutjet.ep96@gmail.com)
    အင်းစိန် GTI ကျောင်းဆင်းတယောက်နဲ့ မြန်မာအင်ဂျင်နီယာဖိုရမ်မှာ အခုလို ပြန်လည်ဆုံစည်းခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ် ကိုဂျောက်ဂျက်ရေ..... မြန်မာအင်ဂျင်နီယာဖိုရမ် ကိုယ်စား လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ပြောပါရစေ။ ဖိုရမ် မှာ ပျော်ရွှင်စွာလည်ပတ်ရင်း အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါဦးခင်ဗျား။

  14. The Following 3 Users Say Thank You to ကိုထွန်း For This Useful Post:


  15. #38
    Senior Member Veronica will become famous soon enough Veronica's Avatar
    Join Date
    Aug 2010
    Location
    Singapore
    Posts
    186
    Thanks
    252
    Thanked 636 Times in 131 Posts
    Rep Power
    7


    '95 EC တွေပါ.... အေခန်းက ကျောင်းသားတွေပေါ့...
    ဒီထဲမှာ Veronica က ဘယ်တစ်ယောက်လဲ.......ဆိုတော့..........
    ဘယ်တစ်ယောက်မှ မဟုတ်ပါဘူး.. ဟီး.. အဲ့တုန်းက ကျွန်တော်က ၆ တန်းပဲ ရှိသေးတယ်...
    ဒီပုံလေးထဲမှာ ပါတဲ့ ကျွန်တော့်အစ်မဆီမှာ ဒီဓာတ်ပုံလေးတွေ့လို့ ... ဖိုရမ်ထဲမှာများ '95 EC တွေ ရှိခဲ့ရင် အမှတ်ရစေဖို့ ရည်ရွယ်ပြီး စကင်န်ဖတ်တင်ပေးလိုက်တာပါ...
    We only part to meet again.

  16. The Following 2 Users Say Thank You to Veronica For This Useful Post:


  17. #39
    Senior Member skhaung is on a distinguished road skhaung's Avatar
    Join Date
    May 2010
    Location
    မြေကမ္ဘာ တစ်နေရာပေါ့ ( အတည်တကျ မရှိခြင်းပါ)
    Age
    42
    Posts
    144
    Thanks
    310
    Thanked 395 Times in 79 Posts
    Rep Power
    8
    Quote Originally Posted by joutjet View Post
    (ကျနော်ကတော့ ၁၉၉၆ မှာကျောင်းဆင်းခဲ့တဲ့ EP မှကျောင်းပျော် ဂျောက်ဂျက်ပါခင်ဗျာ....joutjet.ep96@gmail.com)
    Ep 96 ဆိုတော့ မေဂျာတူ နှစ်တူ ပါပဲ၊ ဘယ်သူပါလိမ့်နော်၊ အမည်ရင်းလေးများ သိခွင့်ရရင် (pm ပို့ပေးစေချင်ပါတယ်)
    ခင်မင်လျှက်
    စိုင်းခမ်းခေါင်
    နေရောင်ခြည် မဟုတ်လဲလေ ..... ကြယ်စင်လောက်လောက်တော့ ငါ့ရဲ့လက်တစ်ကမ်းကို ...... ကိုယ်တတ်စွမ်းသလောက် ....... အလင်းရောင် ... အနွေးဓါတ် ပေးခဲ့တယ်

  18. The Following 3 Users Say Thank You to skhaung For This Useful Post:


  19. #40
    Moderator ကိုထွန်း will become famous soon enough ကိုထွန်း's Avatar
    Join Date
    Oct 2009
    Location
    ကျွန်းကလေး
    Age
    47
    Posts
    1,469
    Thanks
    10,367
    Thanked 6,323 Times in 1,123 Posts
    Rep Power
    9
    Quote Originally Posted by Veronica View Post
    '95 EC တွေပါ.... အေခန်းက ကျောင်းသားတွေပေါ့...
    ဒီထဲမှာ Veronica က ဘယ်တစ်ယောက်လဲ.......ဆိုတော့..........
    ဘယ်တစ်ယောက်မှ မဟုတ်ပါဘူး.. ဟီး.. အဲ့တုန်းက ကျွန်တော်က ၆ တန်းပဲ ရှိသေးတယ်...
    ဒီပုံလေးထဲမှာ ပါတဲ့ ကျွန်တော့်အစ်မဆီမှာ ဒီဓာတ်ပုံလေးတွေ့လို့ ... ဖိုရမ်ထဲမှာများ '95 EC တွေ ရှိခဲ့ရင် အမှတ်ရစေဖို့ ရည်ရွယ်ပြီး စကင်န်ဖတ်တင်ပေးလိုက်တာပါ...
    Veronica ရေ...
    အင်းစိန် GTI ရဲ့၊ အမှတ်တရ ဓါတ်ပုံအတွက် ကျေးဇူးအထူးတင်ပါတယ်။
    GTI ရဲ့ EC သင်တန်းတွေကို ၁၉၅၂ - ၅၃ ပညာသင်နှစ်မှာ အင်းစိန် GTI, ၁၉၅၅-၅၆ ခုနှစ် ပညာသင်နှစ်မှာ မန္တလေး GTI နဲ့ ၁၉၈၄-၈၅ ပညာသင်နှစ်မှာ ပြည် GTI တို့မှာ စပြီးဖွင့်ခဲ့တယ်လို့သိရပါတယ်။

    အင်းစိန် GTI ကျောင်း နောက်ဆုံးနှစ်စာမေးပွဲမဖြေခင်မှာ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျေင်းသာတွေ Group Photo ရိုက်ပြီး၊ သက်ဆိုင်ရာဌာနတွေမှာ ချိတ်ထားလေ့ရှိပါတယ်။ အင်းစိန် GTI E.C (အီလက်ထရောနစ် နဲ့ ဆက်သွယ်ရေး) အင်ဂျင်နီယာ သင်တန်းရဲ့ Group Photo တွေကို၊ ၁၉၅၅ ခုနှစ်က စပြီး EC Lab လို့ခေါါတဲ့၊ ပင်မ အဆောင်ကြီးရဲ့ အီလက် ထရောနစ်လက်တွေ့စမ်းသတ်ခန်းမှာ နှစ်အလိုက် ချိတ်ထားပါတယ်။

    ကိုထွန်းတယောက် သိမ်ဖြူသဘော်ကျင်းမှာ ပညာသင် လုပ်သက်ပြည့်တဲ့ အခါ၊ သဘော်ကျင်းကအထွက် လူတွေ့စာမေး ပွဲမေးခွန်းက အင်းစိန် GTI ကျောင်း နောက်ဆုံးနှစ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ Group Photo နဲ့ပက်သက်ပါတယ်။

    CME Chief Mechanical Engineer လို့ခေါါတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်မှုအင်ဂျင်နီယာဌာန ဒုတိယအထွေထွေ မန်နေဂျာ ဆရာကြီး ကိုတွေ့ပြီး လူတွေ့စာမေးပွဲမဖြေခင်၊ သက်ဆိုင်ရာ အင်ဂျင်နီယာမှူး ဆရာကြီးတွေထံမှာ အရင် ဖြေရ ပါတယ်။ အဲဒီအပါတ်စဉ် ၁၆ မှာ ပညာသင် လုပ်သက်ယူတဲ့ သူငယ်ချင်း ၁၁ ယောက်ထဲက ကိုထွန်းနဲ့အတူ လူတွေ့စာမေး ပွဲ ဖြေရ မယ့်သူက ရန်ကုန် စက်မှုတက္ကသိုလ်ဆင်းတဦးဖြစ်ပြီး၊ အခုတော့ စက်ာပူက ST Marine ဆိုတဲ့၊ Singapore Technology Marine Engineering ပိုင် သဘော်ကျင်းတခုမှာ Senior Project Engineer အဖြစ်အလုပ်လုပ်နေ သူဖြစ်ပါ တယ်။

    လူတွေ့စာမေးပွဲမဖြေခင် သတင်းပို့တဲ့အခါ၊ CME ရုံးက အမကြီးမှ အင်ဂျင်နီယာမှူး ဆရာကြီးတဦး ထံမှာဖြေဆိုဖို့ စီစဉ်ပေးပါတယ်။ အဲဒီအမကြီးကလည်း မြန်မာမိန်းခလေးတွေထဲမှာ ရှားရှားပါးပါး M.O.T 2nd Class Part (A) ကိုအောင်မြင် ထားသူဖြစ်ကာ အင်းစိန် GTI ကျောင်းဆင်းလဲဖြစ်ပါတယ်။ ကိုထွန်းနဲ့ အတူဖြေတဲ့ သူငယ်ချင်းကို၊ Technical Related မေးခွန်းတွေမေးပြီး၊ ကိုထွန်းအလှည့်မှာ အင်ဂျင်နီယာမှူး ဆရာကြီး မေးတဲ့၊ မေးခွန်းကတော့ EC ဌာနက အင်းစိန် GTI ကျောင်း နောက်ဆုံးနှစ် ကျောင်းသူ၊ ကျောင်းသား တွေရဲ့ Group Photo တွေကို၊ ဘယ်မှာချိတ်ထားသလည်း လို့ မေး ခဲ့ ပါတယ်။

    EC Lab မှာချိတ်ထားပါတယ်လို့ဖြေတဲ့အခါ..." ငါလည်း အင်းစိန် GTI က EC နဲ့ဆင်းတာကွ...." လို့ တိုင်းရင်းသားပီပီ ရိုးရိုး ရှင်းရှင်းပြောရင်း သဘော်လိုက်ရင် ကြိုးစားဖို့၊ စာမေးပွဲတွေ ဖြေဖို့ ဆုံးမအမှာ စကား ပြောကာ၊ လူတွေ့ စာမေးပွဲကို အအောင် ပေးလိုက် ပါတယ် ခင်ဗျား။
    Last edited by ကိုထွန်း; 07-11-2011 at 03:03 PM.

  20. The Following 5 Users Say Thank You to ကိုထွန်း For This Useful Post:


+ Reply to Thread
Page 4 of 5 FirstFirst ... 2 3 4 5 LastLast

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts