ဒီနေ့ MTZO ပြောလို့ MOST (http://www.most.gov.mm/) ကို မျက်စိလည်ပြီးရောက်သွားပါတယ်...။ ရည်ရွယ်ချက်ကတော့ ကျောင်းစာအုပ်တွေ download လုပ်လို့ရတယ်ဆိုလို့ပါ...။ တကယ်လည်း ရပါတယ်။
B-Tech 2nd year course ကို အောက်က link မှာ ဒေါင်းနိုင်ပါတယ်..။ subject အစုံနဲ့ sample question ဆိုတာပါ ပါတယ်..။
http://www.4shared.com/zip/uHlPjgUe/...il_course.html
B.E course ကို အောက်က link မှာ ဒေါင်းနိုင်ပါတယ်..။ subject အစုံနဲ့ sample question ဆိုတာပါ ပါတယ်..။
http://www.4shared.com/zip/O0ddbrKY/...il_course.html
ကျန်တာတွေ subject အလိုက် ပေါင်းပြီးရင် ထပ်တင်ပေးလိုက်ပါ့မယ်..။ quality ကတော့ သိပ်မကောင်းပါဖူး။ ဖြစ်နိုင်ရင် ဒါကို print ထုတ်မယ့်အစား မူရင်းစာအုပ်ကို အင်းဝ စာအုပ်တိုက်မှာ သွားဝယ်ဖို့ အားပေးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က တစ်သက်လုံး တစ်ချို့ subject တွေက ref လုပ်ဖို့လိုနေတာလေနော်..။
နောက် နားမလည်တာတစ်ခုက အောက်က image မှာပါ..။ တစ်ချိန်တည်းမှာ MTZO နဲ့ ကျွန်တော်နဲ့ download ဆွဲနေတော့ MOST မှာ visitor က အနည်းဆုံး နှစ်ယောက်ရှိနေပါတယ်... ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာက ကျောင်းတွေရဲ့ website မှာ ပုံမှန်ဝင်နေတဲ့ student တွေရှိနေပါတယ်။ အခုတော့ MOST မှာ ex-students နှစ်ယောက်တည်းပေါ့လေ..။ ပြီးတော့ သင်ရိုးစာအုပ်တွေ download ရလိုက်လို့ ပျော်ပါတယ်..။ ဒါပေမယ့် တစ်ဖက်မှာ တကယ်အသုံးပြုမယ့် ကျောင်းသားတွေသာဆို ပိုပျော်မယ်ထင်ပါတယ်..။ နောက် download အလွယ်တကူ ရနေတာ ကောင်းလား မကောင်းလား မသိဖူး။ အခြားနိုင်ငံက ကျောင်းတွေရော ဘယ်လိုလုပ်ကြလည်း မသိဖူး။
ဘာပဲဖြစ်ဖြစ် hardcopy တွေက သယ်ရပြုရခက်ပါတယ်..။ softcopy ရတဲ့အတွက် လိုအပ်သူတွေ လိုအပ်တဲ့အချိန်မှာ လွယ်လင့်တကူ အသုံးချနိုင်မှာ သေချာပါတယ်..။ anyhow, ကိုယ် သင်ခဲ့တဲ့ ဘာသာရပ်ဆိုတော့ ဘယ် chapter, ဘယ် paragraph လဲဆိုတာ လူတိုင်းက မှတ်မိနေကြတယ် မဟုတ်လားလေ..။
အပေါ်က ပုံလေးကတော့ လူကို နည်းနည်း တွေဝေနေမိစေတယ်..။![]()
Bookmarks