+ Reply to Thread
Page 4 of 5 FirstFirst ... 2 3 4 5 LastLast
Results 31 to 40 of 41

Thread: Video / VCD editing

  1. #31
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    11
    Video Editing မှာ HD Edit လုပ်ရတာနဲ့ SD Edit လုပ်ရတာ တော်တော်လေး ကွာပါတယ်။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ၄နှစ်ကျော်က အဖြစ်ဆင်ထားတဲ့ စက်ကလေးနဲ့ ဆော်နေတာ တော်တော်လေး စိတ်ရှည်ရပါတယ်။ ကျွန်တော့်စက်က Pentium D Dual Core 3.0Gb 2GB Ram နဲ့ Graphic က Asus ATI 512 MB ပါ။ 720P HD video Rendering မှာ ၁ နာရီစာဆို ၄ နာရီလောက် ကြာပါတယ်။ အပေါ်က skhaung အကြံပေးတဲ့ configuration တွေကကောင်းပါတယ်။ လုပ်ချင်တာကို အသေးစိတ်ပြောရင်တော့ ပိုပြီး အသေးစိတ်တဲ့ Configuration Setup ကို အကြံပေးနိုင်ကောင်းပါတယ်။ Capture ဖမ်းတာ ဘယ်ကနေဖမ်းတာလဲ ပြောမှဝိုင်းစဉ်းစားပေးလို့ရမယ်ထင်တယ်။ Tape ကနေလား Broadcast ကနေလား Live screen ကနေလား ဆိုတာမျိုးပေါ့။
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်


  2. #32
    Friendly Member Kyaw Jone is on a distinguished road
    Join Date
    Jan 2011
    Posts
    47
    Thanks
    2
    Thanked 53 Times in 25 Posts
    Rep Power
    0
    ဟုတ်ကဲ့ပါခင်ဗျား ကျွန်တော် capture ဖမ်းတာက JVC camcorder GZ-MG750BEK (Video Camera) ကနေ ကျွန်တော့ရဲ့ Laptop (emachine D725)ပါ။ HDD က 250 GB၊ Memory ကတော့ 2GB အဖြစ် ထပ်ထည့်ထားပါတယ် ခင်ဗျား။
    အဲဒါ ကျွန်တော်မှာထားတဲ့ adobe premier ကနေ capture ဖမ်းတာ ဖမ်းမတတ်ပဲဖြစ်နေလို့ အကူအညီတောင်းတာပါ ခင်ဗျား။

    ကျေးဇူးအထူးတင်လျက်
    သိန်းဇော်ဦး(ခေတ္တ ယိုးဒယား)

  3. The Following 4 Users Say Thank You to Kyaw Jone For This Useful Post:


  4. #33
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    11
    အဲဒီ JVC Camera Manual မှာပါတဲ့ copy to Computer process လေးကိုတင်ပေးလိုက်ပါတယ်။





    ကွန်ပျူတာပေါ် အရင်ရောက်သွားပြီဆိုမှ Premiere ထဲကို တစ်ခါပြန်ပြီး Import လုပ်ရင်ပိုအဆင်ပြေပါတယ်။ တစ်ကယ်လို့ အဆင်မပြေသေးရင် ဆက်ပြောကြသေးတာပေါ့ခင်ဗျာ။
    Last edited by konge; 12-04-2011 at 11:29 PM.
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်


  5. #34
    Friendly Member Kyaw Jone is on a distinguished road
    Join Date
    Jan 2011
    Posts
    47
    Thanks
    2
    Thanked 53 Times in 25 Posts
    Rep Power
    0
    ဟုတ်ကဲ့အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် စမ်းကြည့်ပြီး အကြောင်းပြန်ပါ့မယ်
    Thank you so much for your help

  6. The Following 3 Users Say Thank You to Kyaw Jone For This Useful Post:


  7. #35
    Friendly Member Kyaw Jone is on a distinguished road
    Join Date
    Jan 2011
    Posts
    47
    Thanks
    2
    Thanked 53 Times in 25 Posts
    Rep Power
    0
    အစ်ကိုရေ
    ကျွန်တော်က play on PC နှိပ်လိုက်တော့ သူက MOD File အဖြစ်ပဲ ပေါ်လာပါတယ်။ တစ်ကယ်လို့ ကိုယ်က MPEG FILE တို့ ဘာတို့အဖြစ်လိုရင် converter နဲ့ပြောင်းရင်တော့ရတယ်။ ဒါပေမယ့် ပုံကနဂိုကထက် မှုံဝါးသွားပါတယ် ခင်ဗျား။

  8. The Following 3 Users Say Thank You to Kyaw Jone For This Useful Post:


  9. #36
    Senior Member skhaung is on a distinguished road skhaung's Avatar
    Join Date
    May 2010
    Location
    မြေကမ္ဘာ တစ်နေရာပေါ့ ( အတည်တကျ မရှိခြင်းပါ)
    Age
    43
    Posts
    144
    Thanks
    310
    Thanked 395 Times in 79 Posts
    Rep Power
    9
    Quote Originally Posted by Kyaw Jone View Post
    အစ်ကိုရေ
    ကျွန်တော်က play on PC နှိပ်လိုက်တော့ သူက MOD File အဖြစ်ပဲ ပေါ်လာပါတယ်။ တစ်ကယ်လို့ ကိုယ်က MPEG FILE တို့ ဘာတို့အဖြစ်လိုရင် converter နဲ့ပြောင်းရင်တော့ရတယ်။ ဒါပေမယ့် ပုံကနဂိုကထက် မှုံဝါးသွားပါတယ် ခင်ဗျား။
    pinnacle studio 15 ကိုပြောင်းသုံးကြည့်ပါလား၊ သူက MOD format လည်းသိတယ်၊ အဲ MOD format ဆိုရင်တော့ mpeg ကို export လုပ်ရတာ ပိုကြာတယ်၊ ပြီးမှ premire ကိုသုံးချင် သုံးပေါ့
    နေရောင်ခြည် မဟုတ်လဲလေ ..... ကြယ်စင်လောက်လောက်တော့ ငါ့ရဲ့လက်တစ်ကမ်းကို ...... ကိုယ်တတ်စွမ်းသလောက် ....... အလင်းရောင် ... အနွေးဓါတ် ပေးခဲ့တယ်

  10. The Following 6 Users Say Thank You to skhaung For This Useful Post:


  11. #37
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    11

    .mod ဖိုင်များကို Adobe Premiere Pro ပေါ်တွင် Native Editing ပြုလုပ်နည်း

    ကိုသိန်းဇော်ဦးရေ.. တစ်ကယ့် Format နဲ့တွေ့တာကိုးဗျာ..။ အဲဒီ Format က JVC Panasonic နဲ့ Canon တစ်ချို့ Brand အနည်းငယ်လောက်ပဲသုံးပါသတဲ့ခင်ဗျ။ ခင်ဗျားအခက်အခဲကို ကူညီဖို့ ကျွန်တော် ရှာဖွေဖတ်ရှုကြည့်တော့ ကျွန်တော် နည်း ၂ နည်း သွားတွေ့ပါတယ်။ ပထမတစ်နည်းကတော့ Adobe Premiere ကနေ ဖိုင်တွေကို Edit လုပ်လို့ရအောင် (Premiere ကနေသိသွားအောင်လုပ်ယူတဲ့နည်းပါ) နောက်တစ်နည်းကတော့ ခင်ဗျားပြောသလို ဖိုင်တွေကို Convert လုပ်လိုက်တဲ့နည်းပေါ့ဗျာ။ ကဲ ပထမနည်းကိုပြောရအောင်ဗျာ..

    ၁) ဒီနေရာမှာ >>>Download <<< (ad2ac3dec.dll) ဆိုတဲ့ဖိုင်လေးကို ဆွဲချလိုက်ပါ။ ပြီးရင် အဲဒီဖိုင်ကို C:\Program Files\Adobe\Adobe Premiere Pro CS3 (သို့မဟုတ်) ခင်ဗျား Installation Folder ထဲကို ကူးထည့်လိုက်ပါ။

    ၂) ပြီးရင် ကွန်ပျူတာထဲမှာ Folder တစ်ခုတည်ဆောက်ပြီး ကင်မရာထဲကကူးယူလာတဲ့ .MOD ဖိုင်တွေကို ထည့်သွင်းထားလိုက်ပါ။
    ဥပမာအနေနဲ့ ဖော်ပြပါပုံကိုကြည့်ပါ။ (ခုပြုလုပ်မဲ့ လုပ်ငန်းစဉ်က .MOD ဖိုင်တွေကို .M2V ဆိုပြီးတော့ File Extension ပြောင်းမှာဖြစ်ပါတယ်။ တစ်ကယ်တော့ အဲလိုပြောင်းပြီးသွားရင် Premiere ထဲမှာ Edit လုပ်လို့ ရပြီဖြစ်ပါတယ်။ ဖိုင်တွေကို extension ပြောင်းခြင်းဟာ DOS နဲ့ပြုလုပ်ခြင်းက ပိုမိုလွယ်ကူတာမို့ တစ်ကယ်လို့ DOS နဲ့သိပ်မရင်းနှီးရင် အောက်ပါအတိုင်း လိုက်လုပ်ကြည့်ပါ။ ပုံပါအတိုင်း တည်ဆောက်ထားတဲ့ Folder Path ကို Select လုပ်ပြီး copy ကူးထားပါ။ ဥပမာမှာတော့ PRG001 ဆိုတဲ့ Folder ထဲမှာကူးထည့်ထားတာ တွေ့ရမှာပါ။



    ၃) ပြီးရင် RUN> cmd (Window key + R> cmd) လို့ရိုက်ထည့်ပါ။ ပြီးရင် cd လို့ရိုက် space တစ်ချက်ခြားပြီး Right click နှိပ်ပြီး Paste ကိုနှိပ်လိုက်ပါ။ ပြီးရင် Enter နှိပ်ပါ။ ပုံကိုကြည့်နိုင်ပါတယ်။





    ကိုယ့်ရဲ့ folder path ကိုရောက်ပြီဆိုရင် command prompt မှာ rename<space>*.mod<space>*.m2v လို့ရိုက်ပြီး Enter နှိပ်ပါ။

    ဒါဆိုရင် ကိုယ့်ရဲ့ Folder ထဲမှာရှိတဲ့ .mod ဖိုင်အားလုံး .m2v ပြောင်းပြီးဖြစ်သွားပါပြီ။

    ၄) Adobe Premiere CS3 မှာ Project အသစ်တစ်ခုကို Create လုပ်ပါ။ Load Preset မှာ DV - NTSC -> Widescreen 48kHz ကိုရွေးပါ။ Folder Location ဆိုတဲ့ နေရာမှာ ခုနက File တွေရှိတဲ့ Path ကို ပြန်ထည့်ပေးလိုက်ပါ။ Name ဆိုတဲ့ နေရာမှာတော့ Folder ရဲ့ Name ကိုပဲထည့်ပေးလိုက်ပါ။ ပုံမှာလည်းကြည့်နိုင်ပါတယ်။





    ပြီးရင်တော့ OK ကိုနှိပ်ပါ။

    ၅) ပြီးရင် File ->Import ကိုနှိပ်ပြီး file တွေကို Arrange icons by Modified နဲ့စီလိုက်ပါ။ ပြီးရင် နောက်ဆုံး file ပေါ်မှာကလစ်ထောက်ပြီး Shift ကိုနှိပ်ထားကာ ပထမဆုံးဖိုင်ကို ကလစ် ထပ်နှိပ်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။



    ၆) Premiere က Pre processing လုပ်တာခဏစောင့်ပြီးသွားရင် Import လုပ်ထားတဲ့ file တွေကို Select all (Shift + click top to bottom) လုပ်ပြီး ကြိုက်တဲ့ file ပေါ်မှာ Right click နှိပ်ပြီး Interpret footage ကိုနှိပ်ပါ။





    Interpret footage dialog box ပေါ်လာရင် Pixel aspect ratio ဆိုတဲ့ အကွက်မှာ conform to >> D1/DV NTSC Widescreen 16:9 (1.2) ဆိုတာကို ရွေးပြီး OK ကိုနှိပ်ပါ။

    ကဲဒါဆိုရင် စပြီး Edit လုပ်လို့ရပါပြီ..။ Reference : Turkov's Blog

    နောက်တစ်နည်းဆက်ပါဦးမည်။

    ကိုငယ်
    Last edited by konge; 12-23-2011 at 08:06 AM.
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်

  12. The Following 5 Users Say Thank You to konge For This Useful Post:


  13. #38
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    11
    နောက်တစ်နည်းကို ရှာကြည့်တော့ http://www.modconverter.net/ မှာ အခမဲ့ ဒေါင်းလုပ်ယူနိုင်တဲ့ MOD Converter ကိုတွေ့ပါတယ်။ သူကတော့ Converting Fast and High Quality လို့ပြောထားပါတယ်။ Dedicated MOD Converter ဖြစ်လို့ စမ်းသုံးကြည့်သင့်တယ်လို့ထင်ပါတယ်။ mod ကနေ video format တော်တော်များများကို ပြောင်းနိုင်တာတွေ့ပါတယ်။



    တစ်ကယ်လို့ လုပ်ရတာ အခက်အခဲရှိနေရင်လည်းပြောပေါ့ဗျာ။
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်

  14. The Following 6 Users Say Thank You to konge For This Useful Post:


  15. #39
    Friendly Member Kyaw Jone is on a distinguished road
    Join Date
    Jan 2011
    Posts
    47
    Thanks
    2
    Thanked 53 Times in 25 Posts
    Rep Power
    0
    ကျေးဇူးပဲ အစ်ကိုရေ ကျွန်တော် လုပ်ကြည့်ပြီးရင် အကြောင်းပြန်ပါ့မယ် ခင်ဗျား

  16. The Following 2 Users Say Thank You to Kyaw Jone For This Useful Post:


  17. #40
    Friendly Member neonmgmg is an unknown quantity at this point
    Join Date
    Jan 2012
    Age
    31
    Posts
    16
    Thanks
    17
    Thanked 139 Times in 16 Posts
    Rep Power
    0

    cyberlink power director အတွက် lighting effect များရနိုင်မလားလို.

    အစ်ကိုတို.ရေ ကျွန်တော်ကတော. cyberlink power director ကို ဝါသနာပါလို.သုံးလေ့ရှိတယ် အဲဒီမှာ lighting effect မရှိဘူး full frame မဟုတ်ဘဲ သတ်မှတ် frame ဖြစ်ဖြစ် Lighting effect သုံးတဲ့ပုံစံ သိချင်လို.ပါ သိတဲ့သူများရှိရင် မျှဝေပေးပါဦး
    ကျေးဇူးတင်လျက်
ီနီယွန်မောင်မောင်

  18. The Following 2 Users Say Thank You to neonmgmg For This Useful Post:


+ Reply to Thread
Page 4 of 5 FirstFirst ... 2 3 4 5 LastLast

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. Video Editing ဆိုင်ရာ အထောက်အကူပြု ဆော့(ဖ)၀ဲများ
    By konge in forum ရုပ်ရှင်နှင့်အသံဖမ်းအင်ဂျင်နီယာပညာ
    Replies: 30
    Last Post: 10-11-2012, 03:17 PM
  2. Replies: 4
    Last Post: 11-29-2011, 12:42 PM
  3. Ulead Video Studio 6 (Video Editing သင်ခန်းစာ) (မြန်မာလို)
    By phoeko in forum အထွေထွေ E-book & Tutorials စာအုပ်များ
    Replies: 3
    Last Post: 08-30-2010, 08:58 PM
  4. How abt video editing??
    By Yoe Yar in forum အကြံပေးရန်
    Replies: 5
    Last Post: 05-05-2008, 11:03 AM

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts