+ Reply to Thread
Results 1 to 5 of 5

Thread: ပညာရှင်များ ပညာနှင့်လုပ်ကိုင်နိုင်ရန်

  1. #1
    Junior Member zayzay681 is on a distinguished road zayzay681's Avatar
    Join Date
    Feb 2011
    Location
    Singapore
    Posts
    62
    Thanks
    161
    Thanked 318 Times in 61 Posts
    Rep Power
    7

    ပညာရှင်များ ပညာနှင့်လုပ်ကိုင်နိုင်ရန်

    seminor တခုမှာဒေါက်တာအောင်ထွန်းသက်ပြောသွားပါတယ်။ ပညာရှင်တွေမြန်မာနိုင်ငံပြန်လာဖို့ လခ၊အခွင့်အရေးတွေများများပေးရုံနဲ့မရနိုင်ဘူး..ပညာနဲ့အသက်မွေးနိုင်တဲ့အခွင့်အလမ်းတွေလိုတယ်လို့.....ဒါပေမယ့် ၀န်ထမ်းအများစုကတော့ ပညာနဲ့ကင်းလွတ်တဲ့မလုပ်သင့်တဲ့ မပြောသင့်တဲ့ဟာတွေကိုမစွန့်နိုင်ကြပါဘူး.....ကိုယ့်အထက်ကမဖြစ်နိုင်တဲ့မဖြစ်သင့်တဲ့ဟာတွေခိုင်းနေရင် မဖြစ်နိုင်၊မဖြစ်သင့်ကြောင်းကိုယ့်ရာထူးစည်းစိမ်နဲ့လဲပြီးပြောရဲတဲ့နေ့ရောက်ရင်...ပညာနဲ့အသက်မွေးတဲ့ခေတ်ရောက်လာမှာပါ။
    Last edited by zayzay681; 12-31-2014 at 08:39 PM.
    Thank you,


  2. #2
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    10
    Good government ဆိုတာ အပြောပဲရှိပါသေးတယ်.. ခုတော့ ပဲ့နင်း ဦးထောင် ဦးနင်းပဲ့ထောင် .. ဖြစ်နေတုန်းပါပဲ။ ခု တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နေတဲ့သူတွေကို ကြည့်လိုက် အကုန် နီးပါး တပ်ကပဲမဟုတ်လား .. ပြည်ထောင်စုဝန်ကြီးတွေရော တစ်ကယ် သက်ဆိုင်ရာနယ်ပယ်အလိုက် International Class Experienced ဖြစ်ကြတဲ့သူတွေဟုတ်ကြပါသလား။ သက်ဆိုင်ရာ ညွှန်ချုပ် Level တွေကရော ပညာရှင်ကို တစ်ကယ်မြှောက်စားတဲ့၊ မိုးကျရွှေကိုယ် မဟုတ်တဲ့၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ်တစ်ကယ်နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ ဘယ်နှစ်ယောက် အစားထိုးနိုင်ပြီလဲ။ အထက်ကမဖြစ်နိုင်တဲ့မဖြစ်သင့်တဲ့ဟာတွေခိုင်းနေတာကို ရာထူးစည်းစိမ်နဲ့လဲပြီး မဖြစ်နိုင်ကြောင်း ပြောဝံ့တဲ့သူတွေ ဆိုတာ တစ်ယောက်တစ်လေထွက်လာဖို့တောင် အတော်ခက်တာ အများကြီး ပေါ်လာဖို့ မျှော်လင့်နေမယ့်အစား ကျွန်တော်ကတော့ မဖြစ်နိုင်တာတွေ မဖြစ်သင့်တဲ့ဟာတွေကို ခိုင်းနေတဲ့ လူနည်းစုကိုပဲ အစားထိုးပစ်နိုင်ဖို့ မျှော်လင့်ချင်တယ် ... (ဆရာအောင်ထွန်းသက်ကိုလဲ ပြောခွင့်ရရင်ပြောချင်ပါတယ်)
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်

  3. The Following 6 Users Say Thank You to konge For This Useful Post:


  4. #3
    Special Member NayNyo is on a distinguished road NayNyo's Avatar
    Join Date
    Aug 2008
    Location
    Myanmar
    Age
    33
    Posts
    520
    Thanks
    522
    Thanked 810 Times in 175 Posts
    Rep Power
    10
    ကျမ တို့ဆီက ပညာရှင် ၊ ပညာတတ် တွေကလည်း ရဲရင့်ဖို့ လိုပါသေးတယ် လို့ထင်ပါတယ်။
    ပုံစံခွက် တစ်ခုထဲမှာ နှစ်ပေါင်းတော်တော်များများ ကျင်လည်ရင်း၊
    အားနာတတ်သော ၊ လေးစားတတ်သော ၊ ရိုသေတတ်သော မြန်မာ့ယဉ်ကျေးမှု့မှာ
    အသေအချာကို စီးမြောနေပါတယ်။
    နေရာ ၊ အာဏာ ရလာရင်လည်း ကောင်းကောင်းအသုံးချတတ်သော စိတ်ဓါတ်ကလည်း
    အံ့မခန်းပါပဲ။
    ပညာတတ်တွေမှာ ကိုယ်ချင်းစာ စိတ် ရှိမှသာ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တယ် ဆိုတဲ့
    ဆရာတော်တွေ ဟောကြားမှု့ကို အသေအချာ ယုံကြည်မိပါတယ်။
    “နက္ခတ်ကို မျှော်လင့်စောင်းဆိုင်းနေတဲ့ လူမိုက်ကို ကောင်းကျိုးတွေက ကျော်လွန်သွားတယ် ၊

    ကိုယ်ရှာဖွေနေတဲ့ ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်တယ် ၊

    ကောင်းကင်က နက္ခတ်တာရာ တွေက ဘာအကျိုးကို ပြီးစေနိုင်မှာလဲ “

    (ဇာတက ၊ ဧကက ။ ၅- အတ္ထကာမ၀ဂ္ဂ ၊ ၉-နက္ခတ္တဇာတက)

  5. The Following 6 Users Say Thank You to NayNyo For This Useful Post:


  6. #4
    Special Member konge will become famous soon enough konge's Avatar
    Join Date
    May 2008
    Location
    ရန်ကုန်
    Age
    41
    Posts
    771
    Thanks
    230
    Thanked 1,116 Times in 272 Posts
    Rep Power
    10
    ပညာရှင်တွေကို " ကြောက်ရကောင်းမှန်းသိအောင် အသိပညာပေးထားသော " မြန်မာ့ယဉ်ကျေးမှု တစ်ခေတ်ထွန်းကားခဲ့သေးတာလဲ ပါတာပေါ့လေ
    လိုချင်တာတွေကိုနည်းနည်းလျော့လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်

  7. The Following 3 Users Say Thank You to konge For This Useful Post:


  8. #5
    Special Member NayNyo is on a distinguished road NayNyo's Avatar
    Join Date
    Aug 2008
    Location
    Myanmar
    Age
    33
    Posts
    520
    Thanks
    522
    Thanked 810 Times in 175 Posts
    Rep Power
    10
    တိုက်​ဆိုင်​စွာ ဒီ​နေ့မှာ ကိုယ်​​ရေးထားတာပြန်​ဖတ်​မိပြီး ရီမိပါတယ်​။
    မှန်​လား မှားလား ​သေချာမသိ
    အထက်​လူကြီးက ခိုင်းတာကို ယုတ္တိမရှိ မှန်းသိသိကြီးနဲ့
    လုပ်​​ပေးမိတယ်​..(​စကားဦးသမ်းတုန်းရှိ​သေး)
    .ရလာဒ်​က​တော့ ပါးလှည့်​နားရိုက်​​နေတာလား တဲ့..

    ပြန်​​တော့​ပြောမိတယ်...
    ကျမသူ​ဌေးကိုလည်းဒီလို​ပြောပါလို့ 
    ဖုန်း​ပေးလိုက်​​တော့ ​အော်​ ဒီလိုလား ပဲ​ပြောတယ်

    သတ်​တိ ဆိုတာ ရှိဖို့မရဲ​တော့ပြီ။
    “နက္ခတ်ကို မျှော်လင့်စောင်းဆိုင်းနေတဲ့ လူမိုက်ကို ကောင်းကျိုးတွေက ကျော်လွန်သွားတယ် ၊

    ကိုယ်ရှာဖွေနေတဲ့ ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်တယ် ၊

    ကောင်းကင်က နက္ခတ်တာရာ တွေက ဘာအကျိုးကို ပြီးစေနိုင်မှာလဲ “

    (ဇာတက ၊ ဧကက ။ ၅- အတ္ထကာမ၀ဂ္ဂ ၊ ၉-နက္ခတ္တဇာတက)

  9. The Following User Says Thank You to NayNyo For This Useful Post:


+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts