Results 1 to 10 of 11

Thread: OpenFoam နဲ့ပတ်သက်၍

Threaded View

  1. #1
    Friendly Member NayYanNaing is an unknown quantity at this point NayYanNaing's Avatar
    Join Date
    Nov 2012
    Location
    My Home or My School
    Posts
    11
    Thanks
    18
    Thanked 42 Times in 10 Posts
    Rep Power
    0

    Smile OpenFoam နဲ့ပတ်သက်၍

    OpenFoam က CFD tool တစ်မျိုးပါပဲ။ C++ အပေါ်မှာ အခြေခံထားပါတယ်။ CFD တွေမှာ Computation Code တွေကို Fortran, C or Mathlab တွေသုံးပြီး ကိုယ်ပိုင်ရေးရင်ရေး၊ ဒါမှမဟုတ် Fluent, Star CCM တွေလိုမျိုး Commercial Code တွေကို ၀ယ်ပြီး သုံးရင်သုံး ဆိုပြီး ရှိပါတယ်။ OpenFoam ရဲ့ အားသာချက်ကတော့ Code တွေရေးရသလိုလည်း မခက်ခဲသလို ၀ယ်ပြီးလည်း သုံးစရာမလိုပါဘူး။ သူက Open Source ပါ။ ကြိုက်သလို ယူသုံးနိုင်ပါတယ်။

    သူက Linux os သုံးဖြစ်ပါတယ်။ Linux ရဲ့ သဘောက command line တွေအဓိကထားပြီး သုံးရတာမို့ Linux နဲ့တော့ ရင်းနှီးဖို့လိုပါတယ်။ ကွန်ပျူတာတစ်လုံးမှာ Window နဲ့အပြိုင် linux os တစ်ခုခုတင်ထားနိုင်သလို Window ထဲမှာကိုပဲ Virtual Box သုံးပြီးလည်း တင်နိုင်ပါတယ်။ အဆင်ပြေသလို သုံးနိုင်ပါတယ်။ Linux မှာလည်း အမျိုးအစားပေါ်မူတည်ပြီး OpenFoam ကလည်း ကွဲပါတယ်။ ကျွန်တော်က Ubuntu ကိုသုံးလေ့ရှိတာမို့ Ubuntu version ကိုယူလေ့ရှိပါတယ်။ သွင်းရတာလည်း မခက်ခဲပါဘူး။ အသုံးပြုတာ လက်ယဉ်ဖို့တော့ ကျူတိုရီယယ်နာနာလုပ်ဖို့လိုပါတယ်။ (CFD သမားတွေကိုပြောတာပါ)

    ကျွန်တော်တို့ Code ရေးရင် တစ်ခုခုကို ဆွဲသုံးချင်ရင် Function, Subroutine တစ်ခုခုသတ်မှတ်ပြီး အဲဒီမှာ ကုဒ်အပြည့်ပြန်ရေးရပါတယ်။ OpenFoam ရဲ့အားသာချက်က Library တွေရှိပါတယ်။ တခုခုလိုချင်ရင် ဆွဲသုံးလိုက်ရုံပါပဲ။ ဒါကြောင့် အတော်သက်သာပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင် စမ်းသုံးကြည့်စေလိုပါတယ်။ ကိုယ်လေ့လာလိုတဲ့ Geometry က ရှင်းရှင်းလေးဆိုရင် အဆင်ပြေပါတယ်။ Flow in the pipe လိုမျိုး၊ NACA Profile တွေလိုမျိုး၊ နောက်သင်္ဘောမှာဆိုရင် Wigley Hull လိုပုံစံမျိုးဆိုရင် လွယ်လွယ်ကူကူ လေ့လာနိုင်ပါတယ်။ သင်္ဘောမှာတော့ နည်းနည်းရှုပ်တဲ့ Hull Type မျိုးကိုတော့ ကျွန်တော်လည်း မစမ်းဖူးသေးတော့ မသိသေးဘူး။ ခုလောလောဆယ် OpenFoam ထက် တခြားကုဒ်တွေကိုသုံးပြီး လုပ်နေရတာမို့ OpenFoam ဘက်မလှည့်နိုင်သေးတာပါ။ သူငယ်ချင်းတို့ စမ်းသပ်လို့ရရင်လည်း လက်တို့ပါဦး။ OpenFoam တွေကို လေ့လာဖို့ အောက်ကလင့်ခ်ထဲမှာ OpenFoam software, tutorial အကုန်ရှိပါတယ်။ အဆင်ပြေပါစေဗျာ။

    http://www.openfoam.org/

  2. The Following 6 Users Say Thank You to NayYanNaing For This Useful Post:


Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts