စာစောင်ကတော့ လုပ်သင့်တယ်လို့မြင်ပါတယ်
ဖေ့စ်ဘွတ်ကနေ စာမူတောင်းရင်တော့ active ဖြစ်နေတဲ့သူတွေနဲ့ ပိုပြီးထိတွေ့မှုရှိမယ်ထင်တယ်
ကန့်သတ်ချက်တော့ထားရမယ် ဖိုရမ်မှာ မန်ဘာဝင်ပြီးဖြစ်ရမယ်
ပို့စ် အနည်းဆုံးဘယ်လောက်တင်ပြီး စသဖြင့်ပေါ့
နို့မို့ဆို သောင်းပြောင်းထွေလာတွေနဲ့ ဇယားတွေရှုပ်ကုန်လိမ့်မယ်
အဲ့တော့ ဒီမှာတိုင်ပင်ပြီး စည်းကမ်းချက်လေးတွေချပေါ့ဗျာ
ပြီးမှ ဖိုရမ်မှာကော ပေ့ခ်ျမှာကော ဂရုမှာကော ကြော်ငြာချက်လေးထုတ်ပေးပေါ့
ဒါဆိုရင် ခါတိုင်းနှစ်တွေထက်တောင် စာမူအခက်အခဲ ပိုပြေလည်မယ်ထင်ပါတယ်
ဖေ့စ်ဘွတ်မှာ activity တစ်ခုခုလုပ်တာလည်း မဆိုးပါဘူး
အပြင်မှာလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့
သို့သော်လည်း ငွေရေးကြေးရေး၊ အချိန်အခက်အခဲ၊ နေရာအခက်အခဲ၊ လူတိုင်းရဲ့ကိုယ်စီအခက်အခဲလေးတွေကိုလည်း ထည့်စဉ်းစားရမယ်
ဖိုရမ်ကိုပုံမှန်ဝင်ထွက်ဖို့တောင် အဆင်မပြေကြတာဆိုတော့ သိပ်မလွယ်လောက်ဘူးထင်ပါတယ်
လူများလာတဲ့ ဖေ့စ်ဘွတ်ကနေပြီး ဖိုရမ်အကြောင်းချပြနိုင်ရင်ပိုကောင်းမယ်
ဒီမှာရှိပြီးသားဆွေးနွေးချက်တွေကို လူများများသိဖို့ ဖတ်ဖို့လိုသလို ဆွေးနွေးချက်အသစ်အသစ်တွေလည်း ထပ်ထွက်လာစေချင်တယ်
လောလောဆယ်စဉ်းစားမိတာက ဖိုရမ်မှာဆွေးနွေးပြီးသားဆွေးနွေးချက်လေးတွေကိုချပြပြီး ဖေ့ဘွတ်မှာဆွေးနွေးစေချင်တယ်
သက်ဆိုင်ရာ subject အလိုက် အပတ်စဉ်သတ်မှတ်ပြီးတော့ပေါ့
ဥပမာ Mechanical Week အဖြစ်သတ်မှတ်မယ်ဆိုရင် Mechanical ထဲက ဆွေးနွေးချက်တစ်ခုကို ဖေ့ဘွတ်မှာပြန်ချပြမယ်
အဲ့ဒီတစ်ပတ်အတွင်း pin လုပ်ထားမယ် ဖေ့စ်ဘွတ်ဂရုထဲကလူတွေဝိုင်းဆွေးနွေးကြပေါ့
ဒါဆိုရင် နဂိုဆွေးနွေးချက်တွေကို လူတွေပြန်ဖတ်ဖြစ်သွားသလို အသိအမြင်ပညာအသစ်တွေ ဆွေးနွေးချက်အသစ်တွေလည်း ထပ်တက်လာမယ်
တစ်ပတ်နည်းရင် ၂ ပတ်သတ်မှတ်ပေါ့
ပြီးရင် နောက်ခေါင်းစဉ်ကြီးတစ်ခုအလှည့် အဲ့ထဲက လူစိတ်ဝင်စားမယ့် အသုံးဝင်မယ့်အကြောင်းအရာတစ်ခုခုကိုပြန်ရွေးထုတ် pin လုပ် ဆွေးနွေး
အဲ့လိုဆိုရင်ဆွေးနွေးချက်တွေထပ်တက်လာမယ်
စာစောင်အတွက် စာမူအဖြစ်ပြန်သုံးလို့လည်းရမယ်
ဖိုရမ်ကိုလည်းလူပိုသိပြီး ဖိုရမ်ရဲ့အတိမ်အနက်ကိုလည်း နားလည်လာမယ်
အချိန်ကလည်း ၂ လလောက်ဆိုတော့ လုံလောက်မယ်ထင်ပါတယ်
စဉ်းစားမိတာပါ တခြားသူတွေရဲ့အမြင်လေးတွေနဲ့ ဖြည့်စွက်ကြပါဦး
Bookmarks