+ Reply to Thread
Results 1 to 2 of 2

Thread: windows 7 နှင့် blue screen of death ပြသနာ

  1. #1
    Noble Contributor ချင်းတွင်းသား will become famous soon enough ချင်းတွင်းသား's Avatar
    Join Date
    Oct 2008
    Location
    Singapore
    Posts
    842
    Thanks
    1,420
    Thanked 1,970 Times in 444 Posts
    Rep Power
    11

    windows 7 နှင့် blue screen of death ပြသနာ

    တနေ့ တုန်းက galaxy nexus ဖုန်းလေးကို CyanogenMod လေးတင်မယ်ဆိုပြီးတော့ Team Win Recovery လေးနဲ့  wipe လုပ်လိုက်တာ stock ROM လေး ပျောက်သွားရုံတင်မကပဲ CyanogenMod ဖိုင်လေးပါ ပါသွားရော။ ဖိုင်ကို SD Card အောက်မှာ သိမ်းထားရင် ဘာမ မဖြစ်ပါဘူး။ ကျွန်တော်က / အောက်မှာ သွားသိမ်းလိုက်တော့ wipe လုပ်တဲ့အထဲ ပါသွားတာ။
    ဇာတ်လမ်းက အဲဒီမှာ စတာပဲ။
    CyanogenMod အကြောင်းသိချင်တယ်ဆိုရင် http://www.cyanogenmod.org/ မှာ လေ့လာနိုင်ပါတယ်။
    အင်တာနက်ကနေ ဖိုင်တွေဒေါင်းတဲ့အခါ တစ်ခုသတိပြုသင့်တာက
    တချို့ သောဖိုင်တွေ(အထူးသဖြင့် iso, installer) တွေက
    ဒေါင်းပြီးရင် verify လုပ်ဖို့ အတွက် md5sum တွေ ပေးထားတက်တယ်။
    အဲလိုမျိုးတွေ့ တယ်ဆိုရင် winMD5 software လေးနဲ့ စစ်ကြည့်နိုင်ပါတယ်။
    ကိုယ်ဒေါင်းလိုက်တဲ့ဖိုင်က အကုန်ရော ဒေါင်းပြီးသွားလား။ အထူးသဖြင့်ကွန်နက်ရှင်
    သိပ်မကောင်းတဲ့အခါ ကြုံရတက်ပါတယ်။
    အကုန်ဒေါင်းမပြီးသေးပဲနဲ့ ဒေါင်းပြီးသလိုမျိုးပြတက်တယ်။
    ဆော့ဝဲလိုချင်တယ်ဆိုရင်တော့ http://www.winmd5.com/ မှာ ဒေါင်းနိုင်ပါတယ်။
    freeware လေးပါပဲ။
    ဖုန်းကို ကွန်ပျူတာမှာတပ်လိုက်ရင် detect တော့သိတယ်။ ဒါပေမယ့် driver installation လုပ်လိုက်ရင် failed ပဲဖြစ်နေတယ်။
    MTP USB Drive ဆိုပြီး device manager မှာ အဝါရောင် icon လေးနဲ့  error တက်နေတယ်။
    အဲဒီတော့ Google မှာ လိုက်ရှာရင်း driver တွေ တခုပြီးတခုတင်ကြည့်ရင်းနဲ့  ကွန်ပျူတာက blue screen error တက်ပြီးဒေါင်းသွားရော။
    နောက်တော့ လမ်းစကို အောက်ကလင့်ကနေ တွေ့ သွားတယ်။
    Code:
    http://goo.gl/455Oig
    အဲဒီမှာပြောထားတဲ့အတိုင်းလိုက်လုပ်ပြီး page 2 ပြီးတော့ သူပေးထားတဲ့ command နဲ့ စမ်းကြည့်လိုက်တော့ ကွန်ပျူတာနဲ့ ဖုန်းနဲ့ အဆက်အသွယ်ရသြွားတယ်။ ဒါပေမယ့် command ကနေပဲ။ My computer မှာ မတွေ့ ဘူး။
    အဲဒီတော့ ထပ်ရှာရပြန်တယ်။ ADB mode ကနေ ဖိုင်ဘယ်လိုကူးထည့်ရမလဲဆိုပြီးတော့။
    ကူးထည့်ချင်တဲ့ဖိုင်ကို platform tools အောက်ကိုကူးထည့်။ (တကယ်တော့ ဘယ်နားထားထားရပါတယ်။ အဆင်ပြေအောင်အဲဒီမှာပဲ ထားလိုက်တယ်။)
    ပြီးတော့ အောက်က ကွန်မန်းနဲ့ ဖိုင်ကူးထည့်လိုက်တယ်။
    Code:
    adb push romname.zip /sdcard/
    ပြီးတော့ ဖုန်းကို recovery mode ကနေ ဝင်ပြီး စောစောက ကူးထားတဲ့ဖိုင်ကနေ အင်စတောပြန်လုပ်လိုက်တာ အဆင်ပြေသွားတယ်။
    ဖုန်းအဆင်ပြေသွားတော့ ကွန်ပျူတာဘက်ကို ပြန်လှည့်ရတော့တယ်။
    လိုက်ရှာကြည့်လိုက်တော့ အောက်မှာတွေ့ တယ်။
    Code:
    http://support.microsoft.com/kb/981833
    အဲဒီမှာပြောသလို တခြား boot cd နဲ့ တက်ပြီးတော့ bootcat.cache ဖိုင်ကိုဖျက်ပြစ်တော့လဲ မရဘူး။
    Code:
    Note The Bootcat.cache file is located at %SystemRoot%\system32\codeintegrity\
    အဲဒါနဲ့  recovery DVD ကို လိုက်ရှာကြည့်တော့ အောက်ကလင့်မှာ ဒေါင်းလို့ ရတယ်။
    Code:
    http://www.windowsreinstall.com/winre/createfromiso/#.UjiQwD9ptC4
    အဲဒီကနေ Windows 7 Recovery Environment ISO X64 version (64 bit) ကိုဒေါင်း DVD Burn ပြီးတော့ အဲဒါနဲ့  Boot တက်ပြီးတော့ Startup repair လုပ်လိုက်တာ ပြန်အဆင်ပြေသွားတယ်။
    ဒီတစ်ခေါက်ဖြစ်လိုက်တာ ပညာလဲရလိုက်တယ်။
    အသိတစ်ခုလဲ ရလိုက်တယ်။ ၅ ရက်လောက်တော့ အိပ်ရေးပျက်သွားတာပေါ့။ ညညဆိုရင် ၁ နာရီခွဲမပဲ အိပ်ဖြစ်တော့တယ်။
    ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတွေ့ ပြီဆိုရင် အရင်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ်
    ပြီးအောင် မဖတ်တော့ဘဲ သူတို့ ပြောတဲ့အတိုင်းပဲ အစကနေ လိုက်လုပ်ဖြစ်တယ်။
    ဖြစ်သင့်တာက ဘာမမလုပ်ခင် သူတို့ နည်းလမ်းကို တစ်ခေါက်လောက် ဖတ်သင့်တယ်ဆိုတာပဲ။
    လေ့လာရင်း စမ်းသပ်ရင်း အိပ်ရေးပျက်တဲ့ဘေးကနေ ကင်းဝေးကြပါစေ :P
    ကျွန်တော့် page မှာ ရေးဖြစ်တာလေးကို ပြန်ရှယ်လိုက်တာပါ။
    Last edited by ချင်းတွင်းသား; 12-10-2013 at 11:57 AM.
    လေးစားစွာဖြင့်
    ချင်းတွင်းသား

    အွန်လိုင်း File Sharing လုပ်ဖို့အတွက် ဒီနေရာလေးကနေ 2GB Space ရှိတဲ့Dropbox Account ကိုရယူနိုင်ပါတယ်...

  2. The Following 3 Users Say Thank You to ချင်းတွင်းသား For This Useful Post:


  3. #2
    Noble Contributor ချင်းတွင်းသား will become famous soon enough ချင်းတွင်းသား's Avatar
    Join Date
    Oct 2008
    Location
    Singapore
    Posts
    842
    Thanks
    1,420
    Thanked 1,970 Times in 444 Posts
    Rep Power
    11
    ဒီနေ့ လိုအပ်လို့ Windows 7 Recovery Environment ISO X86 version (32 bit) ကိုဒေါင်းမလို့ ကြည့်လိုက်တော့ လင့်တွေကို copyright ကြောင့်ဖျက်ပြစ်လိုက်တယ်ဆိုတဲ့
    စာကိုပဲဖတ်ရတယ်။ လင့်မတွေ့ တော့ဘူး။ ဒါနဲ့ လိုက်ပြန်လိုက်ပြန်တော့ အောက်ကလင့်မှာ ဒေါင်းလို့ ရပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
    လေးစားစွာဖြင့်
    ချင်းတွင်းသား

    အွန်လိုင်း File Sharing လုပ်ဖို့အတွက် ဒီနေရာလေးကနေ 2GB Space ရှိတဲ့Dropbox Account ကိုရယူနိုင်ပါတယ်...

  4. The Following 3 Users Say Thank You to ချင်းတွင်းသား For This Useful Post:


+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Bookmarks

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts