Last Shout - not visible
You are not authorized to view Shouts.
နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏

မြန်မာအင်ဂျင်နီယာဖိုရမ်တစ်ခုစတင် မွေးဖွားလိုက်ပါပြီ..ပျော်ရွှင်မှုပေါင်းခညောင်းကြပါစေ! မြန်မာအင်ဂျင်နီယာဖိုရမ် သင့်ဖိုရမ် ၂၀၀၈ မေလ ၁ ရက်နေ့ တွင် စတင်တည်ထောင်သည်.

 နွေးထွေးစွာ ကြိုဆိုပါသည် ဧည့်သည်တော်....

            ဤနေရာသည် မြန်မာ့ပညာရေးလောကအတွက် တတပ်တအား အားဖြည့်ပေးဖို့ ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။

ဘယ်နိုင်ငံမှ ဘယ်တက္ကသိုလ်မှ ဆင်းတယ် . ဘာဘွဲ့ရတယ်လို့မဆိုလိုပါ ။ အင်ဂျင်နီယာ သို့မဟုတ် ပညာရေး နှင့် သက်ဆိုင်သော စိတ်ဝင်စားသော သူအားလုံးကို

ရည်ရွယ်ပါသည်။ တစ်ဦးတစ်ယောက်ကောင်း ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ အသင်းဝင်တိုင်း၏ အင်အားဖြင့် ရှင်သန်နေခြင်းဖြစ်သည်။

           အသင်းဝင်ထားခြင်းမရှိပါက သင့်အား အသင်းဝင်အဖြစ် မှတ်ပုံတင် ရန် လှိုက်လှဲစွာ ဖိတ်ခေါ်ပါရစေလား။ မှတ်ပုံတင်ပြီးပါက ဤဖိုရမ်သည်

သင်၏ ဖိုရမ်အဖြစ် မှတ်ယူပြီး  ရေရှည်တည်တံ့အောင်   ပါဝင်လုပ်ဆောင်ပေးလိမ့်မည် ဟု မျှော်လင့်နေကြပါသည်။ အသင်းဝင်အသစ်အနေအဖြင့်

မိတ်ဆက်ရန်ကဏ္ဍတွင် သွားရောက် မိတ်ဆက်ပေးခြင်းဖြင့် ဖိုရမ်နှင့် ရင်းနှီးသွားပါလိမ့်မည်။  မရှင်းလင်းသည်များကို အကူအညီ တွင် ဖတ်ရှုနိုင်ပြီး

အခက်အခဲများ တွင်လည်း မေးမြန်းနိုင်ပါသည်။   အကောင်းဆုံးကတော့  မြန်မာအင်ဂျင်နီယာဖိုရမ်လမ်းညွနကို အရင်ဖတ်ပါ။ 


ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

        ကျေးဇူးတင်လျက်

           မှ
                  မြန်မာအင်ဂျင်နီယာဖိုရမ် သင့်ဖိုရမ်

 
MEF ၂ နှစ်ပြည့် နှစ်ပတ်လည်အစီအစဉ်များ

လေးစားအပ်ပါသော မြန်မာအင်ဂျင်နီယာဖိုရမ် အသင်းဝင်များခင်ဗျာ ..

ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာဖိုရမ်ဟာ အခုလာမယ့် မေလ(၁)ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

ဒီ ၂ နှစ် အတွင်းမှာ ဖိုရမ်လေးဟာ အသင်းဝင်တို့ရဲ့ စေတနာ ၊ မေတ္တာနဲ့ အချင်းချင်း ကူညီမှုကြောင့် ဘာပဲလိုလို ဖိုရမ်ထဲမှာ အကုန်နီးပါးရှိလာပြီး ဖြစ်ပါတယ်။

လာမယ့် ၂ နှစ်ပြည့်မွေးနေ့နဲ့ အတူ ယခင်နှစ်များက ပြုလုပ်ကျင်းပခဲ့ကြသလိုပဲ ယခုနှစ်မှာလဲ အောက်ပါအစီအစဉ်တွေနဲ့ ဖိုရမ်နှစ်ပတ်လည်အစီအစဉ်ကို ကျင်းပသွားမှာဖြစ်ပါတယ်။     

၁။ နှစ်ပတ်လည်ဂျာနယ် ထုတ်ဝေခြင်း၊

                    ၂။ နှစ်ပတ်လည် ဖိုရမ်အလှူမင်္ဂလာ တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖိုရမ်ကြော်ငြာလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနဲ့ အခြားသော အစီအစဉ်များကိုလဲ ထပ်မံဖြည့်စွက်ဖို့ရှိပါတယ်။

MEF ၂ နှစ်ပြည့်နှစ်ပတ်လည်အစီအစဉ်အသေးစိတ်ကို   ဒီလင့်  မှာ ဖတ်ကြည့်နိုင်ပါတယ်ခင်ဗျာ။

 
Member of the Month(February)

လေးစားအပ်ပါသော မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

ဖေဖော်ဝါရီလအတွက် Member of the Month ဆုကို အသင်းဝင် Nway Oo Ko ကပဲ ထပ်မံရရှိသွားပါတယ်ခင်ဗျာ ..

ယခုလို ဖိုရမ်မှာ သံယောဇဉ်ရှိရှိ စေတနာထားလုပ်ဆောင်ပေးခဲ့သော Nway Oo Ko အား မြန်မာအင်ဂျင်နီယာဖိုရမ်မှ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေ ..

အဲဒီအတွက် မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့ ဖေဖော်ဝါရီလအတွက် Member of the Month ဆုရှင် Nway Oo Ko အား

Rapidshare Premium Account ကို တစ်လစာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်ခင်ဗျာ ။

နောက်လများမှာလဲ ဖိုရမ်အတွက် အကောင်းဆုံးအကျိုးပြုနိုင်မယ့်သူများကို ဆက်လက်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ် ။

 

 
မြန်မာအင်ဂျင်နီယာဖိုရမ်သင်တန်း

မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့  မြန်မာ့ပညာရေးလောကအတွက် တစ်ထောင့်တစ်နေရာက အားဖြည့်ကူညီနိုင်ရန်အတွက် တတ်နိုင်တဲ့နေရာကနေ ကူညီဆောင်ရွက်လျက်ရှိပါတယ် ။

အခုဆိုရင် မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့  တစ်နှစ်ခွဲကျော်ကျော်သက်တမ်းရှိပြီးဖြစ်ပါတယ် ။ 

ဖိုရမ်အတွင်း အသင်းဝင်အချင်းချင်း နည်းပညာဖွံ့ ဖြိုးတိုးတက်စေရန် မိမိတို့ တတ်သိသမျှကို ပြန်လည်ဝေမျှခြင်း ၊ မိမိတို့ မသိသေးသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ ဖြင့်

အချင်းချင်း အပြန်အလှန်ကူညီကြသည်မှာ အရမ်းကြည်နုးဝမ်းမြောက်ဖို့ ကောင်းလှပါတယ် ။

အခုလဲ မိမိတို့ တတ်သိနားလည်သလောက် ပြန်လည်ဝေမျှလိုသော အသင်းဝင်များ၏ စေတနာဖြင့် ဖိုရမ်သင်တန်းကို ဖွင့်လှစ်လိုက်ပါတယ် ။ 

အခုလို မိမိတို့ တတ်သိနားလည်သလောက် အသေးစိတ်ပြန်လည်ဝေမျှဖို့ ဆိုတာက တော်ရုံစေတနာဖြင့်မလွယ်ကူပါဘူး ။

အချိန် ၊ ငွေကြေး စသည်တို့ကိုရင်းနှီးပြီး အခြားသူများလဲ မိမိသိသလို သိကြပါစေဆိုတဲ့ ကုသိုလ်စေတနာဖြင့် ဝေမျှလို့သာ အခုလို ဖိုရမ်တွင်းသင်တန်းဆိုတာဖြစ်ပေါ်လာရတာပါ ။ 

အသင်းဝင်များအနေဖြင့်လဲ အခုလို ဝေမျှတဲ့သူတွေ ရှိတုန်း သင်ကြားလိုက်မယ်ဆိုရင် မိမိဘ၀အတွက် တစ်ခုခုကျန်ပါတယ် ။

အသင်းဝင်များအနေနဲ့ ဖိုရမ်သင်တန်းသို့ ဆက်သွယ်လိုပါ က ဒီလင့်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်ခင်ဗျာ ။

 
နောက်ဆုံးဆွေးနွေးချက်ခေါင်းစဉ်
  Themes Last topic Answers Visits Board
မာတိကာ - MEF ဖိုရမ်နှင့်သက်ဆို...
Hoy 14:52
por zawwinhtet01
1 109 ထွေရာလေးပါးပြောကြမယ်
Radar အကြောင်းဆွေးနွေးကြရအောင...
Hoy 14:44
por William Paul
60 731 အီလက်ထရောနစ်အင်ဂျင်နီယာပညာ
"MEF"မှာ ဗျာ ... .. .
Hoy 14:31
por manawphyulay
16 170 ထွေရာလေးပါးပြောကြမယ်
လုပ်ငန်းရှင်တွေက အလွန်တော်...
Hoy 14:25
por manawphyulay
0 8 ဇဝန မှ ဟဒယ
ကူညီကြပါ
Hoy 14:12
por sai thiha
7 88 အီလက်ထရောနစ်အင်ဂျင်နီယာပညာ
ကိုယ်တော့မပိုင်ဘူး မေးလ်ကရ...
25 170 ထွေရာလေးပါးပြောကြမယ်
မိမိချစ်သူ ဘာလုပ်နေလဲဆိုတာ ...
13 237 ထွေရာလေးပါးပြောကြမယ်
ဖိုရမ် အလှူအကြောင်းလေးပြော...
52 1046 ထွေရာလေးပါးပြောကြမယ်
အာဆင်နယ် လေထန်ကုန်း
Hoy 13:06
por chit tee
86 495 အားကစားကဏ္ဍ
Marine Engineering
Hoy 12:54
por Ko Tun
41 721 ရေကြောင်းအင်ဂျင်နီယာပညာ
 

MKPortal ©2003-2008 mkportal.it
Page generated in 0.04672 seconds with 47 queries